မိဘဆိုတာ လမ်းဘေးက အမှိုက်ကိုကောက်တတ်တဲ့
သားသမီးကို ဖန်တီးနိုင်သလို လမ်းဘေးကို အမှိုက်
လွှင့်ပစ်တတ်တဲ့ သားသမီးကိုလည်း ဖန်တီးနိုင်ပါတယ်။
မိဘဆိုတာ သားသမီးကို ရိုးသားတဲ့ သူတစ်ယောက်
အဖြစ် ဖန်တီးပေးနိုင်သလို လိမ်ညာတတ်တဲ့ သူတစ်
ယောက် အဖြစ်လည်း ဖန်တီးပေးနိုင်ပါတယ်။
အခုရေးမယ့်စာကတော့ သားသမီးကို လိမ်ညာဖြစ်
အောင် ဖိအားပေးနေသော မိဘများအတွက် ဖြစ်ပါ
တယ်။ တကယ်တော့ သားသမီးတွေဟာ ငယ်ငယ်
ကတည်းက ရိုးရိုးသားသား အဖြစ်မှန်တွေကို အိမ်ကို
ပြန်ပြောပြလေ့ရှိပါတယ်။ သူတို့ပြန်ပြောပြတာတွေကို
မိဘတွေက ဆူပူကြိမ်းမောင်း၊ ချုပ်ချယ်မှုတွေကြောင့်
တစ်ဖြည်းဖြည်း သူတို့လိမ်တတ်လာကြပါတယ်။
လူတစ်ယောက်ဟာ လုံလောက်တဲ့ လွတ်လပ်မှုမရ
တဲ့အခါ လိမ်တတ်လာပါတယ်။ မိဘအနေနဲ့လည်း
သားသမီးလိမ်လာပြီဆိုရင် သားသမီးရဲ့အခြေအနေ
ကိုသိနိုင်တော့မှာမဟုတ်ပါဘူး။ သားသမီးက မိဘ
ကိုလိမ်တယ်ဆိုတာ (၁)ကြောက်လို့ (၂) ပြောပြလည်း
ဘာမှ မထူးလို့(၃)မယုံကြည်လို့ ။
ကျွန်တော့်မှာ အမအရင်းလိုခင်ရတဲ့ လုပ်ဖော်ကိုင်ဖက်
အမတစ်ယောက်ရှိပါတယ်။ သူပြောပြတာက သူက
ငယ်ငယ်က နည်းနည်းဆိုးတယ်တဲ့။ သူ့အဖေနဲ့ အမေ
ကိုလည်း "အဖေနဲ့ အမေကို သမီးလိမ်၇မလား၊ အမြဲ
အမှန်ပြောရမလားလို့ပေါ်တင်ေ မးထားပါတယ်တဲ့"
သူမရဲ့ အဖေနဲ့အမေက အမှန်တရားကို ကြိုက်နှစ်သက်
တဲ့သူတွေပါ။ သူမဟာလည်း ကျွန်တော်မြင်ဖူးသမျှ
အမျိုးသမီးတွေထဲမှာ စိတ်ထားကောင်းပြီး လွတ်လွတ်
လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေ တတ်တဲ့ အမျိုးသမီး
တစ်ယောက်ပါ။
သားသမီးတိုင်းကို မျက်လုံးမှိတ်ယုံပေးဖို့ ပြောနေတာ
မဟုတ်ပါဘူး။ ယုံကြည်သင့်တဲ့ သားသမီးကိုတော့
ယုံကြည်ပေးပါ။ သူက အမြဲအရက်သောက်၊ ဖဲ၇ိုက်၊
ကလပ်တက်၊ အိမ်ကို ည၃နာရီလောက်မှ ပြန်တဲ့သူ
မို့လို့မယုံပေးတာကို လက်ခံပါတယ်။ ဒါပေမယ့် သင်
ယုံကြည်လောက်အောင်နေထိုင် ခဲ့ရဲ့သားနဲ့ သူတို့ကို
မယုံပေးတာ သူတို့အတွက်တော့ အရမ်းခါးသက်ပါ
တယ်။ သင့်ရဲ့မယုံကြည်ခြင်း၊ အစိုးရမ်းလွန်ခြင်းတွေ
ဟာ သင့်သားသမီးကို အဆိပ်ခတ်နေတာပါ။ လိမ်ညာ
တတ်တဲ့ သူတစ်ယောက်ဖြစ်အောင် သင်ဖိအားပေး
နေတာပါ။ ဆိုးသွမ်းလာအောင် ဖိအားပေးနေသလို
ပါပဲ။
နောက်ဥပမာတစ်ခုက သူငယ်ချင်းကောင်မလေး
တစ်ယောက်ပါ။ ကျွန်တော့်ညီမအရွယ်လောက်ပဲ
ရှိပါတယ်။ သူမရဲ့ အိမ်က သူမကို တင်းတင်းကြပ်ကြပ်
စောင့်ရှောက်ထားပါတယ်။ သူငယ်ချင်းတွေနဲ့တောင်
ပေးလွှတ်ခဲပါတယ်။ အခုတော့ သူမလိမ်တတ်လာပါ
ပြီ။ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ ကျွန်တော်
ဆိုလည်း လိမ်မှာပါပဲ။ လူသားတစ်ယောက်၊ အထူး
သဖြင့် အရွယ်ရောက်နေတဲ့သူတစ်ယောက်ရဲ့လွတ်
လပ်ခွင့်ကို ချစ်တယ်ဆိုတဲ့ စကားလုံးလှလှလေးနဲ့
အကျဉ်းချထားတာ တကယ်တော့ အနေရခက်လှ
ပါတယ်။ သူမဟာလည်း ယဉ်ကျေးလိမ်မာတဲ့ ကောင်
မလေး တစ်ယောက်ပါပဲ။
ငှက်ကလေးတွေကို သူ့မိဘတွေက အသက်ရှင်တုန်း
အပျံမသင်ပေးရင် မိဘတွေ မရှိတဲ့နေ့ အဲ့ဒိငှက်ကလေး
ဘဝမှာ အခက်အခဲတွေနဲ့ တွေ့ရမှာပါ။ ဖေးမမယ့်သူ
ရှိတုန်း ငှက်ကလေးကို ပေးပျံရင် ဘေးကနေ ထိန်း
ကျောင်းပေးလို့ ရပါတယ်။ ဒီလိုမှ မဟုတ်ပဲ ချစ်တယ်
ဆိုတဲ့ စကားလုံးနဲ့ အသိုက်ထဲမှာပဲ ထားရင်တော့
သူ့ဘဝကို သင်သတ်လိုက်သလိုပါပဲ။
သက်ရှိတစ်ယောက်ကို လူ့လောကထဲခေါ်ပြီး အကျဉ်း
ချထားတာ ၊ချစ်တာ မဟုတ်ပါဘူး။ မိဘကောင်းဆိုတာ
သားသမီးကို အမြန်ဆုံး သူ့ခြေထောက်ပေါ်သူရပ်နိုင်
အောင် လုပ်ဆောင်ပေးသူတွေပါ။
သားသမီးလိမ်ညာတဲ့အခါ မိဘလည်း အခြေအနေမှန်ကို
မသိနိုင်တော့ပါဘူး။ အမှန်တရားကို သိတဲ့နေ့ သားသမီး
ရဲ့ ဘဝကလည်း တော်တော်လေးကို စုတ်ပြတ်နေတတ်
ပါတယ်။
ဒီစာက မိဘတိုင်းကို မဆိုလိုပါ။ အချို့ ချုပ်ချယ်လွန်းသော
မိဘတွေကို ရည်ရွယ်ပါတယ်။ သားသမီးနဲ့ မိဘကြား
အဆင်ပြေလိုသော စိတ်ဖြင့်သာ ရေးသားဖြင်းဖြစ်ပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
သားသမီးကို ဖန်တီးနိုင်သလို လမ်းဘေးကို အမှိုက်
လွှင့်ပစ်တတ်တဲ့ သားသမီးကိုလည်း ဖန်တီးနိုင်ပါတယ်။
မိဘဆိုတာ သားသမီးကို ရိုးသားတဲ့ သူတစ်ယောက်
အဖြစ် ဖန်တီးပေးနိုင်သလို လိမ်ညာတတ်တဲ့ သူတစ်
ယောက် အဖြစ်လည်း ဖန်တီးပေးနိုင်ပါတယ်။
အခုရေးမယ့်စာကတော့ သားသမီးကို လိမ်ညာဖြစ်
အောင် ဖိအားပေးနေသော မိဘများအတွက် ဖြစ်ပါ
တယ်။ တကယ်တော့ သားသမီးတွေဟာ ငယ်ငယ်
ကတည်းက ရိုးရိုးသားသား အဖြစ်မှန်တွေကို အိမ်ကို
ပြန်ပြောပြလေ့ရှိပါတယ်။ သူတို့ပြန်ပြောပြတာတွေကို
မိဘတွေက ဆူပူကြိမ်းမောင်း၊ ချုပ်ချယ်မှုတွေကြောင့်
တစ်ဖြည်းဖြည်း သူတို့လိမ်တတ်လာကြပါတယ်။
လူတစ်ယောက်ဟာ လုံလောက်တဲ့ လွတ်လပ်မှုမရ
တဲ့အခါ လိမ်တတ်လာပါတယ်။ မိဘအနေနဲ့လည်း
သားသမီးလိမ်လာပြီဆိုရင် သားသမီးရဲ့အခြေအနေ
ကိုသိနိုင်တော့မှာမဟုတ်ပ
ကိုလိမ်တယ်ဆိုတာ (၁)ကြောက်လို့ (၂) ပြောပြလည်း
ဘာမှ မထူးလို့(၃)မယုံကြည်လို့
ကျွန်တော့်မှာ အမအရင်းလိုခင်ရတဲ့ လုပ်ဖော်ကိုင်ဖက်
အမတစ်ယောက်ရှိပါတယ်။ သူပြောပြတာက သူက
ငယ်ငယ်က နည်းနည်းဆိုးတယ်တဲ့။ သူ့အဖေနဲ့ အမေ
ကိုလည်း "အဖေနဲ့ အမေကို သမီးလိမ်၇မလား၊ အမြဲ
အမှန်ပြောရမလားလို့ပေါ်တင်ေ
သူမရဲ့ အဖေနဲ့အမေက အမှန်တရားကို ကြိုက်နှစ်သက်
တဲ့သူတွေပါ။ သူမဟာလည်း ကျွန်တော်မြင်ဖူးသမျှ
အမျိုးသမီးတွေထဲမှာ စိတ်ထားကောင်းပြီး လွတ်လွတ်
လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေ
တစ်ယောက်ပါ။
သားသမီးတိုင်းကို မျက်လုံးမှိတ်ယုံပေးဖို့
မဟုတ်ပါဘူး။ ယုံကြည်သင့်တဲ့ သားသမီးကိုတော့
ယုံကြည်ပေးပါ။ သူက အမြဲအရက်သောက်၊ ဖဲ၇ိုက်၊
ကလပ်တက်၊ အိမ်ကို ည၃နာရီလောက်မှ ပြန်တဲ့သူ
မို့လို့မယုံပေးတာကို လက်ခံပါတယ်။ ဒါပေမယ့် သင်
ယုံကြည်လောက်အောင်နေထိုင်
မယုံပေးတာ သူတို့အတွက်တော့ အရမ်းခါးသက်ပါ
တယ်။ သင့်ရဲ့မယုံကြည်ခြင်း၊ အစိုးရမ်းလွန်ခြင်းတွေ
ဟာ သင့်သားသမီးကို အဆိပ်ခတ်နေတာပါ။ လိမ်ညာ
တတ်တဲ့ သူတစ်ယောက်ဖြစ်အောင် သင်ဖိအားပေး
နေတာပါ။ ဆိုးသွမ်းလာအောင် ဖိအားပေးနေသလို
ပါပဲ။
နောက်ဥပမာတစ်ခုက သူငယ်ချင်းကောင်မလေး
တစ်ယောက်ပါ။ ကျွန်တော့်ညီမအရွယ်လောက်ပဲ
ရှိပါတယ်။ သူမရဲ့ အိမ်က သူမကို တင်းတင်းကြပ်ကြပ်
စောင့်ရှောက်ထားပါတယ်။ သူငယ်ချင်းတွေနဲ့တောင်
ပေးလွှတ်ခဲပါတယ်။ အခုတော့ သူမလိမ်တတ်လာပါ
ပြီ။ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ ကျွန်တော်
ဆိုလည်း လိမ်မှာပါပဲ။ လူသားတစ်ယောက်၊ အထူး
သဖြင့် အရွယ်ရောက်နေတဲ့သူတစ်ယောက်ရ
လပ်ခွင့်ကို ချစ်တယ်ဆိုတဲ့ စကားလုံးလှလှလေးနဲ့
အကျဉ်းချထားတာ တကယ်တော့ အနေရခက်လှ
ပါတယ်။ သူမဟာလည်း ယဉ်ကျေးလိမ်မာတဲ့ ကောင်
မလေး တစ်ယောက်ပါပဲ။
ငှက်ကလေးတွေကို သူ့မိဘတွေက အသက်ရှင်တုန်း
အပျံမသင်ပေးရင် မိဘတွေ မရှိတဲ့နေ့ အဲ့ဒိငှက်ကလေး
ဘဝမှာ အခက်အခဲတွေနဲ့ တွေ့ရမှာပါ။ ဖေးမမယ့်သူ
ရှိတုန်း ငှက်ကလေးကို ပေးပျံရင် ဘေးကနေ ထိန်း
ကျောင်းပေးလို့ ရပါတယ်။ ဒီလိုမှ မဟုတ်ပဲ ချစ်တယ်
ဆိုတဲ့ စကားလုံးနဲ့ အသိုက်ထဲမှာပဲ ထားရင်တော့
သူ့ဘဝကို သင်သတ်လိုက်သလိုပါပဲ။
သက်ရှိတစ်ယောက်ကို လူ့လောကထဲခေါ်ပြီး အကျဉ်း
ချထားတာ ၊ချစ်တာ မဟုတ်ပါဘူး။ မိဘကောင်းဆိုတာ
သားသမီးကို အမြန်ဆုံး သူ့ခြေထောက်ပေါ်သူရပ်နိုင်
အောင် လုပ်ဆောင်ပေးသူတွေပါ။
သားသမီးလိမ်ညာတဲ့အခါ မိဘလည်း အခြေအနေမှန်ကို
မသိနိုင်တော့ပါဘူး။ အမှန်တရားကို သိတဲ့နေ့ သားသမီး
ရဲ့ ဘဝကလည်း တော်တော်လေးကို စုတ်ပြတ်နေတတ်
ပါတယ်။
ဒီစာက မိဘတိုင်းကို မဆိုလိုပါ။ အချို့ ချုပ်ချယ်လွန်းသော
မိဘတွေကို ရည်ရွယ်ပါတယ်။ သားသမီးနဲ့ မိဘကြား
အဆင်ပြေလိုသော စိတ်ဖြင့်သာ ရေးသားဖြင်းဖြစ်ပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။