ချက်နည်း ပြုတ်နည်း added 2 new photos.
တုံယမ်းဟင်းရည် ချက်နည်း အမျိုးမျိုးရှိတဲ့အထဲက ငရုတ်နှစ် ထည့်ပြီးချက်တဲ့ Tom Yum Soup ချက်နည်းလေးပါ။ အိမ်မှာ ကိုယ်တိုင် ချက်လို့ ရအောင် တုံယမ်းဟင်းအနှစ်ချက်နည်းလေးပါ ပြောပြထားပါတယ်။ နို့ စိမ်းထည့်ထားတဲ့အတွက် ဆိမ့်ဆိမ့်လေးနှင့် သောက်လို့ အလွန်ကောင်းပါတယ်။
ချက်နည်းလေးကတော့
Ingredients:
ရေ ၁.၅ လီတာ
ပုစွန် ၇ ~ ၁၀ ကောင်
ငါးအသားလွှာ အနည်းငယ်
ကင်းမွန် အနည်းငယ်
မှို ၅ ~ ၁၀ ပွင့်
စပါးလင် ၂ပင်
ပဒဲကော ၁"အရွယ်
ရှောက်ခါးရွက် ၅ ~ ၇ ရွက်
ငရုတ်သီးစိမ်း ၅ ~ ၇ တောင့်
သံပုရာသီး ၁လုံး
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်နီအသေး ၂လုံး
သကြား ဇွန်းသေး ၁ဇွန်း
ဆား အနည်းငယ်
ခရမ်းချဉ်သီး ၁လုံး (optional)
နံနံပင် အနည်းငယ် (optional)
နို့ စိမ်း
Nam Prik Pao - ထိုင်းငရုတ်ဆော့ ထမင်းစားဇွန်း ၂ဇွန်း
Nam Prik Pao- ထိုင်းငရုတ်ဆော့ပြုလုပ်နည်း
ငရုတ်သီးနီအရှည်တောင့် ၅တောင့် (သို့ ) ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်နီအသေး ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ပုစွန်ခြောက်မှုန့် အနည်းငယ်
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
သကြား ထမင်းစားဇွန်း ၂ဇွန်း
မန်ကျည်းရည် ထမင်းစားဇွန်း ၂ဇွန်း
ထိုင်းငရုတ်ဆော့ပြုလုပ်နည်း - ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ ကို ညက်အောင် ထောင်းပါ။ ဒယ်အိုးထဲ ဆီပါလေကာထည့်ပြီး ကြက်သွန်ထောင်းကို ထည့်ပါ။
အနံ့ မွှေးလာလျှင် ပုစွန်ခြောက်မှုန့်၊ သကြား၊ ငါးငံပြာရည်၊ မန်ကျည်းရည်ထည့်ပါ။ မီးအေးအေးဖြင့် ဆီပြန်လာသည်အထိ တည်ပါ။
Preparation Method:
၁) ပုစွန်တွေကို ခေါင်းဖြုတ်၊ အမြီးအဖျားလေးကို နည်းနည်းချန်ထားပြီး အခွံခွာ၊ ကျောလယ်ကို ခွဲ၊ အမည်းကြောင်းကို ထုတ် ရေဆေးပါ။
၂) ငါးအသားလွှာကို အနေတော် လှီးပါ။ ကင်းမွန်ကို သန့် ရှင်းပြီး နှစ်သက်ရာပုံစံ လှီးပါ။
၃) အိုးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် အရင်တည်ပါ။ စပါးလင်တွေကို အပင်လိုက် ထုထောင်းပြီး ထုံးထားပါ။ ရေဆူလာလျှင် စပါးလင်တွေကို ထည့်ပြီး ၂မိနစ်ခန့်  တည်ပါ။
၎) ပဒဲကောကို အနေတော်လှီးပြီး ထည့်ပါ။ ရှောက်ခါးရွက်၊ ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ဆက်ထည့်ပါ။ ငါးငံပြာရည်နဲ့  ဆား အနည်းငယ် ထည့်ပါ။
၅) ကြက်သွန်နီကို အစိပ်လေးတွေ စိပ်ပြီး ထည့်ပါ။ မှို အပွင့်ကြီးလျှင် အဖတ်လေးတွေ ခွာထည့်ပါ။ အပွင့်သေးလျှင် အလယ်မှ ခြမ်းပြီး ထည့်ပါ။ သံပုရာရည် ထည့်ပါ။
၆) ငါးအသားလွှာ၊ ကင်းမွန်၊ နောက်ဆုံးမှ ပုစွန်ထည့်ပြီး ပုစွန်ကွေးပြီဆိုလျှင် ရပါပြီ။
၇) မီးအရှိန်လျှော့ပြီး ထိုင်းငရုတ်ဆော့ လိုသလောက်နှင့် နို့စိမ်းထည့်ပါ။ အရသာ အပေါ့အငန် စိတ်ကြီုက်ပြင်ပြီးလျှင် ရပါပြီ။
ထိုင်းငရုတ်ဆော့ ပိုနေလျှင် ပုလင်းသန့်သန့်ဖြင့် သိမ်းထားပြီး နောက်တစ်ကြိမ်အတွက် သုံးနိုင်ပါသည်။
Credit - KaeKae's FoodPalace
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။