လောကဓံလှိုင်းအပုတ်ကို အရွယ်နဲ့မမျှခံစားရရင်း ဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ လူတစ်ယောက်။ ကျောင်းထွက်ပြီး စက်ဘီးလေးနဲ့ မြေပဲလှော်ရောင်းခဲ့ရတဲ့ ဆယ်ကျော်သက်လေး။ အလုပ်တွေလုပ်ရင်းကနေ မျက်စိပွင့်နားပွင့်ဖြစ်လာပြီး ကိုယ့်လမ်းကိုယ်ဖောက် ကြိုးစားခဲ့ရသူ။ ဖိလစ်ပိုင်မှာနေထိုင်ပေမယ့် တရုတ်နိုင်ငံကနေ ပြောင်းလာတဲ့သူ။ သူ့နာမည်က ဂျွန်ဂိုကင်ဝေး (John Gokongwei) ။ သူ့ရဲ့ဖခင်က ဖိလစ်ပိုင်-တရုတ်ကပြား။ ၁၉၂၆ခုနှစ် သြဂုတ်လ ၁၁ရက်နေ့ တရုတ်နိုင်ငံ ဖူဂျန်ပြည်နယ် (Fujian) မှာ မွေးဖွားခဲ့တယ်။ သားသမီး၆ယောက်မှာ အကြီးဆုံးသြရဿ။
တရုတ်ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့အတွက် သူတို့မိသားစုဟာ ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့ (Cebu) ကိုပြောင်းခဲ့ရတယ်။ ဆီဘူးမြို့ကို ကြိုရောက်နေတဲ့ သူ့အဖိုးက ရုပ်ရှင်ရုံတွေအများကြီး ပိုင်ဆိုင်ထားတဲ့ သူဌေးကြီးတစ်ယောက်ပါ။ အဖိုးသေတော့ ဂျွန်ဂိုကင်ဝေးတို့မိသားစုဟာ အမွေတွေအများကြီးနဲ့ မပူမပင်မတောင့်မတနေခဲ့ရတယ်။ ကျောင်းသွားရင်လည်း ဇိမ်ခံကားကြီးကိုစီးပြီး သူငယ်ချင်းတွေကြားမှာ မော်ကြွားနိုင်ခဲ့တယ်။ သူတက်နေတာက ဖိလစ်ပိုင်နိုင်ငံမှာ San Carlos University ဆိုတဲ့ အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း။ ကျောင်းမှာဆိုလည်း အတော်ဆုံးကျောင်းသား။ သူငယ်ချင်းတွေဆိုရင် သူတို့ရုပ်ရှင်ရုံမှာ အခမဲ့ခေါ်ပြတယ်။ အားလုံးထဲမှာ လက်မထောင်နိုင်ခဲ့ပါတယ်။
ဂျွန်ဂိုကင်ဝေးဟာ ၁၃နှစ်လောက်ရောက်တော့ သူ့အဖေဟာ အူရောင်ငန်းဖျားရောဂါနဲ့ ရုတ်တရက်သေဆုံးသွားတယ်။ သူတို့မိသားစု မသိခဲ့တာက သူ့ဖခင်ဟာ ရုပ်ရှင်ရုံတွေ ပုံမှန်လည်ပတ်ဖို့ ဘဏ်တွေဆီက အကြွေးယူထားတဲ့အကြောင်းပါ။ ဖခင်သေတာနဲ့ အကြွေးရှင်တွေက သူတို့ပိုင်ဆိုင်သမျှ တိုက်တာအဆောက်အဦး၊ ကားနဲ့ ပရိဘောဂမကျန် အားလုံးကို သိမ်းယူသွားခဲ့တယ်။ သူတို့မိသားစု လမ်းဘေးကို ရောက်ပါပြီ။ ကျောင်းကိုလည်း ဇိမ်ခံကားနဲ့ မသွားနိုင်တော့ဘူး။ သူငယ်ချင်းတွေကြားမှာ အရင်လို မျက်နှာပန်းမပွင့်တော့ဘူး။ မတူသလို မတန်သလို ဆက်ဆံခံခဲ့ရတယ်။ အခန်းကျဉ်းကျဉ်းလေးကို ငှားပြီး မိသားစုတွေ နေခဲ့ရတယ်။ စားဝတ်နေရေးခက်ခဲလွန်းလို့ အငယ်၅ယောက်ကို တရုတ်ပြည်မှာရှိတဲ့ အမျိုးတွေဆီမှာ ပို့လိုက်ရတယ်။ ဂျွန်ဂိုကင်းဝေးပဲ သူ့အမေနဲ့ ဆီဘူးမြို့မှာ ကျန်ခဲ့ပါတယ်။ ဖခင်ဆုံးသွားပြီး ကျောင်းတက်သွားတဲ့ ပထမဆုံးအတွေ့အကြုံကို နာနာကျင်ကျင်ပြောပြရှာတယ်။
“အရင်တုန်းက ကျောင်းသွားရင် ကိုယ်ပိုင်ကားနဲ့မလုပ်တတ်မကိုင်တတ်တဲ့ သူ့အမေဟာ လက်ဝတ်တန်ဆာတွေကို ရောင်းချပြီး စားသောက်ခဲ့ရတယ်။ အဆင်မပြေတော့ ဂျွန်ဂိုကင်ဝေးဟာ အိမ်နောက်ဖေးမှာ မြေပဲလှော်ပြီး မြို့ထဲကိုသွားရောင်းခဲ့ရတယ်။ ဆီဘူးမြို့ကိုသွားပြီး စက်ဘီးလေးနဲ့ မြေပဲလှော်ရောင်းခဲ့ရတယ်။ စီးပွားရေးကြပ်တည်းလွန်းလို့ ၁၅နှစ်မှာပဲ ကျောင်းထွက်လိုက်ရတယ်။ ကျောင်းထွက်တာနဲ့ ဆီဘူးမြို့နဲ့ အတန်ငယ်ဝေးတဲ့ ရွာလေးကိုသွားပြီး ဆိုင်ခန်းခသက်သာတဲ့ နေရာမှာ ဈေးရောင်းတယ်။
သွားရတယ်။ အခုဆိုရင် အိမ်နဲ့၂မိုင်လောက်ဝေးတဲ့
ကျောင်းကို ခြေကျင်သွားရတယ်။ ခြေထောက်တွေ
နာရော။ သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရတယ်။
ကျွန်တော်ဒီအကြောင်းတွေကို အမေ့ကို ပြန်ပြောဖြစ်တော့
အမေက ငါ့သား မင်းကကျောင်းတက်ရတာဆိုတော့
အများကြီး ကံကောင်းပါတယ်။ ကျောင်းမတက်ရတဲ့
ကလေးတွေ၊ ဖိနပ်တောင် မစီးနိုင်တဲ့ကလေးတွေ အများကြီးပဲ။
မင်းအဖေသေတော့ သူ့အိပ်ထဲမှာ ၁ဝပီဆိုပဲ ကျန်တော့တယ်။
အမေဘယ်လိုလုပ်ရမလဲလို့ပြောပြီး ငိုတော့တာ။ ဟုတ်တယ်ဗျ။
အမေလည်း ၃၂နှစ်ပဲရှိသေးတာ။ မုဆိုးမဖြစ်ပြီလေ။”
မနက်၅နာရီမှာ အိပ်ယာထ၊ ပြီးတော့ ဖယောင်းတိုင်၊ ဆပ်ပြာခဲစတဲ့ လူသုံးကုန်တွေကို မြို့ထဲမှာ သွားဝယ်၊ ဈေးကိုသွားပြီး ၃ပေ ×၂ပေလောက်ရှိတဲ့ စားပွဲပေါ်မှာ တင်ရောင်းတယ်။ အခြေခံလူတန်းစားတွေအတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ရောင်းခဲ့ရပါတယ်။ အဲဒီဈေးမှာ သူ့ထက်အရင်ရောက်နေတဲ့ ဆိုင်ခန်းတွေအများကြီးရှိပါတယ်။ တချို့တွေဆို သူ့ထက်အသက်အရွယ်ရော လုပ်ငန်းအတွေ့အကြုံရော သာတဲ့သူတွေ။ ဒါပေမယ့် ဂျွန်ဂိုကင်ဝေးရဲ့ဆိုင်ကပဲ ပိုရောင်းခဲ့ရတယ်။ သူက ပိုသွက်လက်တာကိုး။
“အဖေဆုံးသွားလို့ ဆင်းရဲတယ်ဆိုတဲ့အသိကိုဈေးရောင်းရလို့ တစ်နေ့မှာ ၂ဝပီဆို (၅၄၁ကျပ်) အမြတ်ကျန်ပါတယ်။ ၁၉၄၃ခုနှစ်မှာ ဂျွန်ဂိုကင်ဝေးဟာ ဆီဘူးမြို့ဝန်းကျင်မှာ ရာဘာစေးတွေကို သွားဝယ်၊ မြစ်ကြောင်းအတိုင်း ၅ရက်လောက် စုန်ဆင်းလိုက်တော့ လူစီနာမြို့ (Lucena) ကိုရောက်တယ်။ လူစီနာမြို့ကနေ ရောဘာစေးတွေကို ကုန်တင်ကားနဲ့တင်ပြီး မနီလာမြို့ (Manila) ကို ၆နာရီလောက် မောင်းရတယ်။ ဒုတိယကမ္ဘာစစ်ကြီးမှာ အဲဒီလိုခက်ခက်ခဲခဲ ကြိုးစားခဲ့သူပါ။ အမြတ်အစွန်းလည်း တော်တော်ရလိုက်ပါရဲ့။ စစ်ကြီးပြီးတော့ ဂျွန်ဂိုကင်ဝေးဟာ Amasia Trading Co. Ltd ကို တည်ထောင်လိုက်တယ်။ အမေရိကန်နိုင်ငံကနေ အဝတ်အထည်၊ သတင်းစာဟောင်း၊ ငရုတ်၊ ကြက်သွန်တွေကို တင်သွင်းခဲ့တယ်။ ကုမ္ပဏီထောင်တုန်းက သူ့အသက်က ၂ဝပဲရှိပါသေးတယ်။ ၁၉၄၈ခုနှစ်ရောက်တော့ စီးပွားရေးလည်း အဆင်ပြေလာတာနဲ့ တရုတ်ပြည်က မောင်နှမတွေကို လှမ်းခေါ်ပြီး နှစ်ထပ်အိမ်ကြီးမှာ ဇိမ်ကျကျထားခဲ့တယ်။ အဲလီဇဘတ်ယု (Elizabeth Yu) နဲ့ လက်ထပ်ခဲ့ပြီး သားသမီး၆ယောက် ထွန်းကားခဲ့တယ်။
ခေါင်းထဲကို အပြီးတိုင်ထုတ်ပစ်လိုက်တယ်။
အဲဒီနေရာမှာ ချမ်းသာအောင်လုပ်မယ်ဆိုတဲ့စိတ်ကို
ပစ်သွင်းလိုက်တယ်။ ဒီလိုပဲ ကြိုးစားရတာ”
ဖိလစ်ပိုင်နိုင်ငံမှာ သူဟာ ပြောင်းဖူးစေ့ကနေ အမှုန့်ကြိတ်ပြီး ဟင်းခတ်အမွှေးအကြိုင်ရောင်းချင်လာတယ်။ အဲဒီအချိန်တုန်းက ဆီဘူးမြို့မှာ ပြောင်းဖူးမှုန့်ရောင်းတဲ့ Ludo & Luym Corporation ဆိုတာရှိတယ်။ နောက်အလုပ်အတွက် အရင်းအနှီးလိုတော့ ဂျွန်ဂိုကင်ဝေးဟာ China Bank ကိုသွားပြီး ပီဆို၅သိန်းချေးခဲ့လိုက်တယ်။ Universal Corn Products ကိုတည်ထောင်ပြီး ပြောင်းဖူးမှုန့်ရောင်းတော့ အဓိကပြိုင်ဘက် Ludo & Luym Corporation ကိုနောက်ကောက်ချနိုင်ခဲ့တယ်။ ဒါဟာ အသက်၁၅နှစ်လောက်ကတည်းက ပြိုင်ဘက်တွေကို ဘယ်လိုအလဲထိုးရမလဲဆိုတာ ဈေးရောင်းရင်း ကြိုသိထားတဲ့သဘောပါ။ ၁၉၅၇ခုနှစ်မှာ သူဟာ JG Summit Holdings ဆိုတဲ့ကုမ္ပဏီကြီးကို တည်ထောင်နိုင်ခဲ့တယ်။ JG ကတော့ သူ့နာမည် John Gokongwei ရဲ့အစစာလုံးတွေပါပဲ။
၁၉၇၆ခုနှစ်မှာ Blend 45 ဆိုတဲ့ ကော်ဖီကိုထုတ်လိုက်တော့ အရှုံးပေါ်သွားတယ်။ သတင်းစာတွေက ဈေးကွက်အရှုံးကို လှောင်ပြောင်ကြတော့ သူကတော့ သူ့ကုမ္ပဏီကို အခမဲ့ကြော်ငြာပေးတယ်လို့ပဲ မြင်တယ်။ စီးပွားရေးသမားဆိုတာ အရှုံးနဲ့အမြတ်ဒွန်တွဲနေတဲ့ နိယာမကို ကြိုသိထားတဲ့သဘော။ ပိုက်ဆံတွေရှုံးသွားလည်း စိတ်ဓာတ်မကျပါဘူး။
စိန်ခေါ်မှု အဆင့် (၁)
ဂျွန်ဂိုကင်ဝေးဟာ အမေရိကန်နိုင်ငံမှာ လူတန်းစားမျိုးစုံစီးနိုင်တဲ့ လေကြောင်းလိုင်းတွေကို တွေ့ထားတော့ ဖိလစ်ပိုင်နိုင်ငံမှာလည်း အဲဒီလိုပုံစံမျိုး ထောင်ချင်ခဲ့တယ်။ သတင်းစာတွေ၊ ကော်ဖီတွေ မပေးဘဲနဲ့ Business Class လည်း မပါတဲ့ သာမန်လေကြောင်းလိုင်း။ ဒါမှလည်း လူတန်းစားမျိုးစုံစီးနိုင်မှာပါ။ အဲဒီအချိန်တုန်းက ဆီဘူးနိုင်ငံမှာ Philippine Airlines (PAL) တစ်ခုပဲရှိတာပါ။ ဈေးနှုန်းမြင့်မားတဲ့အတွက် လူတိုင်းမစီးနိုင်ခဲ့ပါဘူး။ ၁၉၉၆ခုနှစ်မှာ ဂျွန်ဂိုကင်ဝေးဟာ Cebu Pacific Airlines ကိုတည်ထောင်ပြီး လေကြောင်းလိုင်းလောကထဲ ဝင်ရောက်ခဲ့တယ်။ လူတန်းစားမျိုးစုံစီးနိုင်လို့ Cebu Pacific Airlines ဟာ Philippine Airlines (PAL) ထက်ပိုပြီး အောင်မြင်ခဲ့တယ်။ ၁၉၉၆ခုနှစ်မှာ မြို့၃မြို့ကို ခရီးစဉ် ၂၄ကြောင်းနဲ့ ပြေးဆွဲရာကနေ ၂ဝဝ၉ခုနှစ်မှာ အာရှ၁၂မြို့နဲ့ ပြည်တွင်း မြို့၂ဝကို ခရီးစဉ် ၁၂ဝပြေးဆွဲနိုင်တဲ့အထိ တိုးတက်ခဲ့တယ်။ ၂ဝဝ၅ခုနှစ်မှာ ဖိလစ်ပိုင်လူမျိုး ၁၂ယောက်မှာ ၁ယောက်သာ လေယာဉ်စီးနိုင်ရာမှ ၂ဝ၁၂ခုနှစ်မှာ လူ၆ယောက်မှာ ၁ယောက်နှုန်း လေယာဉ်းစီးနိုင်လာပါတယ်။ အခုဆိုရင် Cebu Pacific Airlines ဟာ ဖိလစ်ပိုင်နိုင်ငံမှာ အအောင်မြင်ဆုံးလေကြောင်းလိုင်းဖြစ်လာပါပြီ။စိန်ခေါ်မှု အဆင့် (၂)
၂ဝဝ၃ခုနှစ်မှာ ဂျွန်ဂိုကင်ဝေးဟာ Digitel Mobile Philippines ဆိုတဲ့ဆက်သွယ်ရေးကုမ္ပဏီကို တည်ထောင်လိုက်တယ်။ အဲဒီအချိန်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ Philippine Long Distance Telephone (PLDT) ဆိုတဲ့ကုမ္ပဏီကြီးရှိပါတယ်။ ငွေကြေးအင်အားတောင့်တင်းတဲ့ PLDT ကို ဂျွန်ဂိုကင်ဝေး ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ့ရဲ့ Digitel Mobile Philippines ကို နည်းပညာပိုင်းမှာ အဆင့်မြှင့်ထားတဲ့အတွက် ဖုန်းပြောတဲ့အခါ ကြည်လင်ပြတ်သားသလို အင်တာနက်နှုန်းဟာလည်း မြန်ဆန်မှုပိုရှိပါတယ်။ တစ်လလုံးမှာ ဖုန်းကြိုက်သလောက်ပြော၊ အင်တာနက်ကြိုက်သလောက်သုံး ပီဆို၂၅ဝသာ ကောက်ခံခဲ့ပါတယ်။ ဒါကလည်း ပြိုင်ဘက် PLDT ရဲ့၃ပုံ၂ပုံသာရှိတဲ့အတွက် ဈေးနှုန်းသက်သာတဲ့ Digitel Mobile Philippines ဟာ လူကြိုက်များခဲ့ပါတယ်။ စီးပွားရေးလောကမှာ အင်အားကြီးကုမ္ပဏီတွေဟာ နောက်မှပေါက်တဲ့ ရွှေကြာတွေကို ဓနအင်အားနဲ့ အနိုင်ယူတတ်ပေမယ့် ဂျွန်ဂိုကင်ဝေးကတော့ သူ့ထက်အင်အားကြီးတဲ့ပြိုင်ဘက်တွေကို ပညာသားပါပါ အနိုင်ယူခဲ့ပါတယ်။၃။ စိန်ခေါ်မှု အဆင့် (၃)
Blend 45 ကော်ဖီထုတ်တုန်းက အရှုံးပေါ်ခဲ့တာကို သင်ခန်းစာယူပြီး ၂ဝဝ၄ခုနှစ်မှာ C2 လက်ဖက်စိမ်းအေးကို ထုတ်လုပ်လိုက်ပြန်တယ်။ တရုတ်နိုင်ငံမှာသာ လက်ဖက်ရည်သောက်တဲ့အကျင့်ရှိပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုလာတွေ၊ အအေးတွေပဲ သောက်လေ့ရှိပါတယ်။ ဈေးကွက်မှာ အရှုံးပေါ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပေမယ့် ဂျွန်ဂိုကင်ဝေးကတော့ လုပ်ဖြစ်အောင်လုပ်တယ်။ လက်ဖက်စိမ်းရည်ကို သောက်ရင် ကျန်းမာပေါ့ပါးလိမ့်မယ်လို့ ကြော်ငြာပြီး ရောင်းချခဲ့တဲ့အခါ ပထမတစ်လအတွင်းမှာပဲ ပုလင်းပေါင်း ၁သိန်းကုန်သွားခဲ့ပါတယ်။ ၂ဝဝ၇ခုနှစ်မှာတော့ တစ်လမှာ C2 ပုလင်းပေါင်း သန်း၃ဝလောက်အထိ ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးကွက်လိုအပ်ချက်အတိုင်း မလိုက်ဘဲ စားသုံးသူတွေကို နည်းပေးလမ်းပြလုပ်သွားတဲ့သဘောပါ။ အခုဆိုရင် ဂျွန်ဂိုကင်ဝေးရဲ့ပိုင်ဆိုင်မှုတွေက ၆.၂ ဘီလီယံ (သန်း၆၂ဝဝ) အထိရှိလာပါပြီ။စားရမဲ့သောက်ရမဲ့ဘဝကနေ လူချမ်းသာဖြစ်အောင် ကြိုးစာလာခဲ့ရလို့ ပညာရေးဘဝနောက်ကျခဲ့ပေမယ့် စီးပွားရေးအဆင်ပြေလာတော့ ပညာရေးပိုင်းကို ပြန်လုပ်ခဲ့ပါတယ်။ De La Salle University မှာ စီးပွားရေးပညာသင်ရင်းကနေ MBA ဘွဲ့ရရှိခဲ့ပါတယ်။ ပြီးတော့ ဟားဗတ်တက္ကသိုလ် (Harvard University) မှာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်းကိုလည်း ပြီးမြောက်ခဲ့ပါတယ်။ အခုဆိုရင် ဂျွန်ဂိုကင်ဝေးဟာ အသက်၉ဝရှိနေပေမယ့် သူ့ရဲ့စီးပွားရေးအသိပညာတွေကို အဖိုးမဖြတ်နိုင်ပါဘူး။
“ကျွန်တော်ဗေဒင်ကို အယုံအကြည်မရှိပါဘူး။ကျော်စိုးအောင် (အခရာ)
လုံ့လဝိရိယနဲ့ ကြိုးစားအားထုတ်မှုကသာ
ကံကောင်းခြင်းနဲ့ အောင်မြင်မှုကို အရယူပေးနိုင်တာ”
www.akhayar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။