Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 23, 2017

မိခင်.......

 
 
မိခင်.......
======

" သူခိုး.....သူခိုးမ ကြည့်စမ်း ဒီလောက် စောင့်ကြည့်နေတာတောင် ရအောင်ခိုးတယ်ပေါ့လေ"

ကျွန်တော်၏ စိတ်ထဲမှ ပြောနေခြင်းပါ။
အ၀တ်စား ခပ်နွမ်းနွမ်းနှင့် အမျိုးသမီးတစ်ယောက်
ပစ္စည်းတွေကိုတစ်ခုပြီး တစ်ခုကိုင်ကြည့်ကာ
ဘေးဘီကို တစ်ချက် မျက်တောင်ဝေ့ပြီး
ပေါင်မုန့်တစ်ထုပ်ကို အိတ်ထဲသို့ ထိုးထည့်လိုက်သည်။
လုံခြုံရေးတာဝန်ကျနေသော ကျွန်တော်
သူခိုးကို မြင်သော်လည်း မအော်မိ မဖမ်းမိပဲ
စိတ်ထဲမှ ထိုအမျိုးသမီးကိုကြည့်ပြီး အမည်ဖော်မရသော
ခံစားမှုတစ်ခု ခိုအောင်းလာသည်။

နောက်ပြီး အမျိုးသမီးလက်ထဲတွင် နို့မှုန့်တစ်ထုပ်ကိုလည်း ထပ်ကိုင်လိုက်သည်။
သည်တစ်ခါပါ ခိုးရင်တော့ သွားဖမ်းလိုက်မည်ဟု
ကျွန်တော်စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။

တစ်ခြားလူတွေကို အာရုံမထားမိ။ ထိုအမျိုးသမီးသူခိုးမကိုသာ မျက်ခြေမပျက်လိုက်ကြည့်နေလိုက်သည်။
သူ့ပုံစံကြည့်ရတာလည်း ကျွန်တော်မြင်သွားသည်ကို
သိပုံမရ။ သို့သော်လည်း ကျွန်တော့်ကိုတော့ သူမြင်သွားသည်။

နို့မှုန့်ထုပ်လေးကိုင်ပြီး ကောင်တာရှိရာသို့
လျောက်လာသည်။
သူ့အိတ်ထဲက ပေါင်မုန့်ထုပ်ကို ဖော်လိုက်ရင်ကောင်းမည်လော။
လုံခြုံရေးဝန်ထမ်းဖြစ်တဲ့ကျွန်တော်က သူခိုးကို မြင်ပါလျက်နဲ့ မဖမ်းပဲ လွတ်ပေးလိုက်ရင် ကျွန်တော် ကိုယ့်ကိုကိုယ်လိပ်ပြာမလုံဖြစ်မိတာတော့ အမှန်ပင်။
သို့သော်လည်း ထိုအမျိုးသမီး သူခိုးမကို ဘာကြောင့်မှန်းမသိ မဖမ်းချင်။

ငွေရှင်းကောင်တာမှာ နို့မှုန့်တစ်ထုပ်ဖိုးသာ ရှင်းပြီး
ပြန်သွားသော အမျိုးသမီးကို လိုက်ကြည့်မိလိုက်သည်။

" ဦးလေး ကျွန်တော် ဟိုဘက်နား ခနလောက်သွားချင်လို့ "ဟု ခွင့်တောင်း ထိုအမျိုးသမီးနောက်ကို မသိမသာ လိုက်ချောင်းလိုက်မိသည်။ ဘာကြောင့်လဲ။
ဘာကြောင့် ဒီအမျိုးသမီး သူခိုးမကို ဘာရည်ရွယ်ချက်နဲ့
လိုက်ချောင်းရသည်။ မဖမ်းရသည်ကို ခေါင်းစဉ်တပ်၍မရ။

လမ်းချိုးတစ်ခုထဲကို ၀င်သွားသော ထိုအမျိုးသမီး၏နောက်ကို ထပ်လိုက်ခဲ့မိပြန်သည်။
ရပ်ကွက်တစ်ခုရဲ့ အစွန်မှာရှိတဲ့ စုတ်စုတ်ပြက်ပြက် အိမ်လေးထဲကို ၀င်သွားသည်။
အိမ်နားထိ ကျွန်တော် ချဉ်းကပ်၍ လိုက်ပါလာခဲ့သည်ကိုတော့ ထိုအမျိုးသမီး သိပုံမရ။

အမျိုးသမီးဝင်သွားသည်နှင့် ကလေးငိုသံတစ်ခုကိုကြားလိုက်ရသည်။
သက်ကြီးရွယ်အိုဖြစ်သူ၏ ချောင်းဆိုးသော အသံတစ်သံကိုလည်းကြားရသည်။

" အိုးးးး တိတ်တိတ် ဒီမှာ အမေမုန့်ပါလာတယ်နော် "
ဟု ကလေးချော့သံ။
" ရော့ရော့ အမေ ဒီမှာ ပေါင်မုန့်လေးစားလိုက်ဦး"
ဟူသော အသံနှင့် ပန်ခွက်တစ်ခုနှင့်ဇွန်းခက်သံကိုလည်း
ကြားလိုက်ရသည်။

ကျွန်တော် ထိုအမျိုးသမီးကို ဘာမှတ်ချက်မှ မပေးချင်။
သို့ပါသောကြောင့် ထိုအိမ်လေးဆီမှ လှည့်ပြန်လာလိုက်သည်။

" ဟိတ်....ကောင်လေး....."

ကျွန်တ်ာကျောခိုင်းလိုက်သည်နှင့်နောက်မှ ခေါ်သံတစ်ခုကို ကြားရ၍ လှည့်ကြည့်လိုက်တော့
ထိုသူခိုးမ အမျိုးသမီး လက်ထဲတွင် ယွန်းအုပ်တစ်လုံးကို ကိုင်ပြီး ကျွန်တော့်ထံသို့ လျောက်လာသည်။

" အမ ခုန မောင်လေးတို့ဆိုင်က ပေါင်မုန့်တစ်ထုပ်ကို ပိုင်ရှင်မသိပဲ ခိုးယူခဲ့ပါတယ် အမအိတ်ထဲကိုထည့်လိုက်တာ မောင်လေးမြင်တယ်ဆိုတာလည်း သိပါတယ် စိတ်ထဲမှာ ထိတ်ကခနဲဖြစ်သွားပေမယ့် မသက်သာတဲ့အဆုံး အမခိုးမိပါတယ် အမနောက်ကို နောက်ယောင်ခံပြီး လိုက်လာတယ်ဆိုတာလည်း သိပါတယ်။ ဘာကြောင့်လိုက်လာတယ်ဆိုတာ မသိပေမယ့်
အမမှာ အပြစ်ရှိပါတယ်...."

ထိုအမျိုးသမီးရဲ့ စကားကိုနားထောင်နေမိသည်။
စိတ်ထဲမှာလည်း ငါသိတယ်ဆိုတာ သူမသိဘူးထင်ခဲ့တာ
သူအားလုံးသိနေတာပဲ ယူ၍လည်း ကောက်ချက်ပေးနေမိသည်။
သို့သော်လည်း ဘာစကားမျှခွန်းတုန့်မပြန်မိ

" ရော့ ဒါ အမတို့ ဘိုးဘွားတွေလက်ထပ်က သုံးခဲ့တဲ့
ရှေးယွန်းထည်လေးပါ ခုန အမခိုးယူခဲ့တဲ့ ပေါင်မုန့်ဖို့းအတွက် လက်ခံပေးပါ အမမှာ ပေးစရာ ပိုက်ဆံမရှိဘူး ဒါမှမဟုတ် အမကို ဖမ်းသွားနိုင်ပါတယ်။"

မျက်ရည်လည်ကာ ပြောနေသော အမျိုးသမီးကိုကြည့်ပြီး ငါလိုက်ချောင်းမိတာ မှားများသွားပြီလားဟုတောင် ပြန်တွေးမိလိုက်သည်။

သူခိုးသွားသော ပေါင်မုန့်က အပေါစားလေးပါ တန်ဖိုးနဲ့တွက်ကြည့်ရင် ဘာမျှမပြောပလောက်။
သိုသော် ကျွန်တော့်တာဝန်ကဆိုင်လုံခြုံရေး
ထို့ကြောင့် သူခိုးကိုမြင်ပါလျက် မဖမ်းသည်မှာလည်း
ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားရသည်။

" ကျွန်တော် အမကို ဖမ်းမလို့လိုက်လာခဲ့တာမဟုတ်ပါဘူး နောက်တစ်ခါ အဲ့လိုမလုပ်ပါနဲ့" ဟုသာပြောမိသည်။
ခေါင်းငိုက်စိုက်ချကာ ငြိမ်နေသောသူ့ကိုကြည့်ပြီး
သနားမိသည်မှာတော့ အမှန်။အိမ်ပေါ်မှ ကလေးငိုသံကိုလည်း ကြားနေရသည်။
နောက်ဆုံးတော့သူ့ဆီက ယွန်းထည်ကိုလည်းမယူ
ကျွန်တော့်တွင်ပါလာသော ငွေအနည်းငယ်ကိုပါ
ထိုအမျိုးသမီးလက်ထဲသို့ ပေးမိလိုက်သည်။

ငယ်ငယ်က အမေပြန်အလာကိုစောင့်မျော်နေတတ်တဲ့
ကိုယ့်ဘ၀ကို ပြန်မြင်ယောင်ရင်း ထိုအိမ်နားမှ ထွတ်ခွာခဲ့လိုက်သည်။

အမေပါလာသော မုန့်တွေကရော ..........
အမည်မပေးရဲ အမေ့မျက်နာကိုတော့ ပြေးမြင်မိလိုက်သည်။

လေးစားစွာဖြင့်
သျှီ(တမာမြေ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။