Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 18, 2017

အကျိုးရှိအောင် ဘယ်လိုချီးမွမ်းမလဲ

 
 
အကျိုးရှိအောင် ဘယ်လိုချီးမွမ်းမလဲ
+++++++++++++++++++++++

ကလေးများကို ချီးမွမ်းတဲ့နည်းလမ်းနဲ့ ပျိုးထောင်သင့်တယ်ဆိုတာ မိဘများ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ချီးမွမ်းမတတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိထားမိချင်မှ ထားမိကြပါလိမ့်မယ်။ ဒီတော့ ကလေးများကို အကျိုးရှိအောင် ဘယ်လိုချီးမွမ်းမလဲ၊ ဘာတွေကို ရှောင်ရှားသင့်ပါသလဲ၊ ဆွေးနွေးကြည့်ရအောင်

မိဘများရှောင်ရှားသင့်သော ချီးမွမ်းမူများ
---------------------------------

၁။ အချောအလှကို ချီးမွမ်းခြင်း

“ အမေ့သမီး အရမ်းကို လှတာပဲ” အို..လှလိုက်တာ၊ ချစ်စရာ ကောင်းလိုက်တာ၊ “ အဖေ့သားက လူချောကြီးပဲ” စသည်ဖြင့် ကလေးများကို ချီးမွမ်းကြတာကို မကြာခဏ တွေ့ဖူးကြားဖူးကြပါလိမ့်မယ်။ အနောက်တိုင်းသား သမီးငယ်လေးတစ်ယောက်ကို မိတ်ဆွေတစ်ယောက်က သမီးအရမ်းလှတာပဲ လို့ ချီးမွမ်းတာကို သူ့မိဘများက အဲလိုမချီးမွမ်းပါနဲ့ လို့ တားဆီးတာကို တွေ့ကြုံဖူးပါတယ်။ မိတ်ဆွေက အံ့သြစွာနဲ့ ဘာဖြစ်လို့လဲလို့ မေးတော့ သူအလှဘက်ကို အာရုံပြုသွားမှာ စိုးလို့ပါလို့ ပြန်ဖြေဆိုတော့မှ အော..ဟုတ်သားပဲ လို့ မိတ်ဆွေက ကောက်ချက်ချပါတယ်။

၂။ လိမ္မာမူကို ချီးမွမ်းခြင်း

ဒီကလေး အရမ်းလိမ္မာတာပဲ၊ အရမ်းအေးတာပဲ စသည်ဖြင့်ချီးမွမ်းတတ်ကြပါတယ်။ ပညာရှင်သုတေသီများရဲ့ အဆိုအရ ဒီလိုချီးကျူးမူမျိုးဟာ ယေဘုယျဆန်လွန်းတယ်။ လူကြီးအကြိုက်ကို လိုက်ရင်၊ နာခံတတ်ရင် လိမ္မာတယ်။ အေးအေးနေရင် လူကြီးကြိုက်တယ် ဆိုတဲ့ အသိမျိုး ၀င်သွားစေတယ်လို့ ဆိုပါတယ်။ နာခံရင် လိမ္မာတယ်၊ လိမ္မာရင် မိဘရော၊ ဆရာရော ချစ်တယ်။ သုတေသန စာတမ်းများရဲ့ အဆိုအရ ငယ်ငယ်တုန်းက လိမ္မာတယ်လို့ အသိအမှတ်ပြုခံရတဲ့ကလေး တော်တော်များများဟာ အသက်ကြီးလာရင် သိပ်အဆင်မပြေတတ်ကြောင်း၊ ကိုယ်ပိုင်ဥာဏ်နဲ့ ပြသနာဆုံးဖြတ်တတ်တဲ့ အရည်အချင်း အားနည်းတာကို တွေ့ရကြောင်း ဖတ်ရူ့ ဖူးပါတယ်။

၃။ ဥာဏ်ကောင်းတယ် ဟု ချီးမွမ်းခြင်း

“ ကျွန်တော့သားက အဆော့မက်တာပဲ ရှိတာ၊ အရမ်းဥာဏ်ကောင်းတယ်။ နည်းနည်းလေးကြိုးစားလိုက်ရင် ရပြီ” ဆိုတဲ့ စကားမျိုး မိဘများ စိမ်းကြမှာ မဟုတ်ပါဘူးး။ ကလေးများကို ငါဥာဏ်ကောင်းတယ်။ သိပ်ကြိုးစားစရာ မလိုဘူး ဆိုတဲ့ အသိ ၀င်သွားစေပါတယ်။

ထိရောက်အောင်ချီးမွမ်းတဲ့စကားလုံးများ
--------------------------------

ပညာရှင်များ အကြံပေးတဲ့ ချီးမွမ်းဖို့ အသုံးပြုသင့်တဲ့ စကားများကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘာသာပြန်လိုက်တိုင်း တစ်ခုခု မပြည့်စုံသလိုလို ခံစားရတဲ့အတွက် မူရင်းကိုပါ တင်ပေးလိုက်ပါတယ်။ မိမိများ အခြေအနေနဲ့ ဆီလျှော်တဲ့ စကားလုံးများကို ရွေးချယ်ပြောဆိုနိုင်ပါတယ်။

၁။ ကြိုးစားမူကို ချီးမွမ်းခြင်း

You tried really hard on that.

ကလေးက အိမ်စာဖြစ်ဖြစ်၊ တွက်ချက်ပြီးပုဒ်စာတစ်ခုကိုဖြစ်ဖြစ်၊ပြီးမြောက်သွားတဲ့ ရလဒ်တစ်ခုခုကို မိဘထံလာရောက်ပြသတဲ့အခါမှာ “ သား သင်္ချာမှာ တကယ်ကြိုးစားတာပဲ” လို့ ချီးမွမ်းသင့်ပါတယ်။ အကျယ်ချဲ့ ချီးမွမ်းချင်ရင် “ သားအိမ်စာမှာ တကယ်ကြိုးကြိုးစားစားလုပ်တာပဲ၊ မေမေက ၀မ်းလည်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။” စသည်ဖြင့် ပြောဆိုသင့်ပါတယ်။

၂။ ဇွဲရှိခြင်းကို ချီးမွမ်းခြင်း

You never gave up, even when it was hard.

ကလေးက အားကစားမှာ ဖြစ်ဖြစ်၊ ကျောင်းစာမှာဖြစ်ဖြစ်၊ အခက်အခဲ တစ်ခုကို ခက်ခက်ခဲခဲ ကြိုးပမ်းပြီးမှ အောင်မြင်သွားတဲ့ အခါမျိုးမှာ သူ့ရဲ့ “ ဇွဲ” ကို ပုံဖေါ် ချီးမွမ်းသင့်ပါတယ်။
“ ဒီလောက်ခက်ခဲတာတောင်မှ ငါ့သားက အရူံးမပေးဘူး၊ အဖေဂုဏ်ယူတယ်” စသည်ဖြင့် အခြေအနေနဲ့ ဆီလျော်တဲ့ စကားလုံးများရွေးချယ်ပြီး ချီးမွမ်းနိုင်ပါတယ်။

၃။ စိတ်နေစိတ်ထားကို ချီးမွမ်းခြင်း

You have such a positive attitude.

အခြေအနေတစ်ခုခု အပေါ် ကလေးက အကောင်းမြင်တယ်။ အပြုသဘောဆောင်တဲ့ အခါမျိုးမှာ “ သမီးက အရမ်းအကောင်းမြင်တာပဲ၊ အဲဒီ စိတ်ထားမျိုးကို အမေအရမ်းသဘောကျတယ်။” စသည်ဖြင့် ချီးမွမ်းဖို့ မမေ့ပါနှင့်။

၎။ တိုးတက်မူကို ချီးမွမ်းခြင်း

You have really improved on _________ .

ချီးမွမ်းတဲ့အခါ တိုးတက်တဲ့ အပိုင်းကို အတိအကျ ဖေါ် ပြဖို့လိုပါတယ်။ ဥပမာ သမီးရေကူးတာ လက်အနေအထား တော်တော် မှန်လာပြီ၊ အသက်ရူနည်းလည်း မှန်သွားပြီ၊ ဒီတစ်ပတ်တိုးတက်တာ အရမ်းမြန်တယ်။”

၅။ ဖန်တီးမူကို ချီးမွမ်းခြင်း

What a creative solution to that problem!

ကလေးက တစ်ခုခုကို ဖန်တီးနိုင်တဲ့ အခါမျိုးမှာ ဥာဏ်ကောင်းတယ်။ တော်တယ်ဆိုတာမျိုးကို မချီးမွမ်းမိစေပဲ “ သားဖန်တီးမူစွမ်းရည် တော်တော်ကောင်းတာပဲ” လို့ ချီးမွမ်းလိုက်ပါ။ ကလေးကို ပိုပို ဖန်တီးချင်တဲ့စိတ်ကို အားပေးပြီးသားဖြစ်သွားပါတယ်

၆။ ပူးပေါင်းမူကို ချီးမွမ်းခြင်း

You work very well with your classmates.

အသင်းအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းဟာ လူ့ဘ၀ အတွက် အလွန်အရေးပါတဲ့ အရည်အချင်း တစ်ရပ်ဖြစ်ပါတယ်။ သင့်ကလေးက သူ့အတန်းဖေါ်များနဲ့ တစ်ခုခု ပူးပေါင်းပြီး ဆောင်ရွက်ပြီးစီးသွားတဲ့ အခါမျိုးကျရင် “ အမေ့သားက အပေါင်းအသင်းတော်တော်ဆန့်တာပဲ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းရှိတယ်။” စသည်ဖြင့် ချီးမွမ်းရန် မမေ့ပါနှင့်၊

၇။ ခေါင်းဆောင်မူ စွမ်းရည်ကို ချီးမွမ်းခြင်း

I love you took ownership of that.

“ ဒီကိစ္စမှာ သားတော်တော် ဖိဖိစီးစီးရှိတယ်။” “ ဒီကိစ္စကို သားကိုင်တွယ်တဲ့ပုံစံ တော်တော် စနစ်ကျတယ်။” စသည်ဖြင့် ကလေးများက တာဝန်ယူမူ စွမ်းရည် တစ်ခုခု ပြီးဆုံးတဲ့အခါကျရင် ချီးမွမ်းအားပေးသင့်ပါတယ်။

၈။ သတ္တိကို ချီးမွမ်းခြင်း

You are not afraid of a challenge! I like that!

“ သားက စိန်ခေါ်မူကို မကြောက်တတ်ဘူး၊ အမေ အဲဒါကို အရမ်းသဘောကျတယ်။”

၉ ။ ကူညီတတ်မူကို ချီးမွမ်းခြင်း

You did a great job of helping ______ with her assignment.

“ သားက မနင်းဆီရဲ့ အလုပ်ကို ပြီးဆုံးအောင် ကူညီလိုက်တာ အရမ်းကောင်းတာပဲ”
ကလေးရဲ့ သူများကို ကူညီလိုစိတ်၊ ကူညီချင်တဲ့စိတ် ပျိုးထောင်တဲ့အခါမှာ ပြောဆိုသင့်ပါတယ်။

၁၀။ သိမ်းဆည်းတတ်မူ ကို ချီးမွမ်းခြင်း

You have taken great care of your room/ books.

သားက အခန်းသိမ်းထားတာ တော်တော်သပ်ရပ်တယ်။ စာအုပ်ကို သိမ်းဆည်းတဲ့ပုံစံ တော်တော်ကောင်းတယ်။” စသည်ဖြင့် သင့်တော်တဲ့စကားလုံးများနဲ့ သူတို့ သိမ်းဆည်းတတ်ဖို့ ချီးမွမ်းပျိုးထောင်ပေးနိုင်ပါတယ်။

၁၁။ ယုံကြည်မူကို ချီးမွမ်းခြင်း

I know I can trust you because ___________ .

သားက ဘာကြောင့်ဘာကြောင့်မို့လို့ ဖေဖေက သားဆို အမြဲတမ်းပဲ ယုံကြည်တယ်။

၁၂။ ပါဝင်မူကို ချီးမွမ်းခြင်း

You did a great job of participating today!

ယှဉ်ပြိုင်ခြင်းဟာ အနိုင်ရခြင်းထက် အရေးကြီးသလို၊ ပါဝင်ခြင်းသည် ရလဒ်ထက် များစွာ အရေးကြီးပါတယ်။
“ သားဒီကနေ့ ပူးပေါင်းပါဝင်တာ အရမ်းကောင်းတာပဲ”

၁၃။ လေးစားတတ်မူကို ချီးမွမ်းခြင်း

It is so nice that you value other people’s opinions.

သူများကို လေးစားတတ်မှ သူများရဲ့ လေးစားမူကို ခံရတတ်ပါတယ်။ သူများရဲ့ အမြင် အလေးအနက် ထားတတ်တဲ့အကျင့်ဟာ ပူးပေါင်းဆောင်ရွက်ရတဲ့ Team works လုပ်ငန်းတွေမှာ အလွန် အထောက်အကူ ဖြစ်စေပါတယ်။

“ သားသူများရဲ့ အယူအဆကို တန်ဖိုးထားတတ်တာ သိပ်ဟန်ကျတာပဲ”

၁၄။ ရွေးချယ်တတ်မူကို ချီးမွမ်းခြင်း

I am so proud that you made that choice.

ဘ၀ဆိုတာ ရွေးချယ်ခြင်းလို့တောင် ဥပမာပေးရလောက်တဲ့အထိ ရွေးချယ်ခြင်းဟာ ဘ၀မှာ အလွန်အရေးကြီးပါတယ်။
“ သားရွေးချယ်မူကို ဖေဖေ ဂုဏ်ယူတယ်ဟေ့”

၁၅။ စေ့စပ်မူကို ချီးမွမ်းခြင်း

You remember to ________ ! Great thinking!

စေ့စပ်သေချာခြင်းဟာ ငယ်ရွယ်စဉ် ကတဲက ပျိုးထောင်ပေးထားသင့်တဲ့ အဓိက အရည်အချင်း တစ်ရပ်ဖြစ်ပါတယ်။

“ သားဒါကိုတောင် သတိရတယ်။ သိပ်ကောင်းတဲ့ သတိရခြင်းပဲ ”

ကျွန်တော် ပညာရှင်မဟုတ်ပါ။ ကျမ်းကြီးကျမ်းငယ် များကိုလည်း ဖတ်ရူ့ ထားခြင်းမရှိပါ။ သူများကို ဆရာလုပ်ချင်တဲ့ ဆန္ဒလည်း မရှိပါ။ Reference လုပ်ခြင်းဆိုသည်မှာ ဟိုနားစပ်စပ်၊ ဒီနားစပ်စပ် ဖတ်ရူ့ထားတာ၊ ကြားထားတာတွေ၊ မှတ်မိတားတာလေးတွေကို စုစုပြီး ပြန်ရေးလိုက်တာပါ။ လွတ်လပ်စွာ သဘောကွဲလွှဲနိုင်ပါတယ်။ တစ်ချက်တစ်လေ လောက် ဖတ်ရူ့တဲ့သူများ အတွက် အကျိုးဖြစ်ထွန်းတယ်ဆိုရင် ကျေနပ်လှပါပြီ။ အသုံးဝင်နိုင်ပါစေ။

Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း…. ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့သွားကြစို့….။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။