Always Bounce Back!
"Bounce Back" ဆိုတဲ့ စကားလုံးလေးကို ကျွန်တော်
အရမ်းသဘောကျမိတယ်။..တစ်စုံတ စ်ခု ကြမ်းပြင်သို့
မဟုတ် အောက်ကို ပြုတ်ကျပြီးရင် ပြန်လည်ပြီး အမြင့်ကို
ပြန်တက်လာနိုင်တာကို Bounce Back လို့ ခေါ်ပါတယ်။
Bounce Backလုပ်နိုင်ခြင်းဟာ အောင်မြင်သူတိုင်းလိုလို
မှာတွေ့ရလေ့ရှိပါတယ်။ အောင်မြင်သူတွေဟာ ဘယ်လောက်
ပဲ ကျရှုံးပါစေ..ဘာတွေပဲ ဖြစ်နေပါစေ...ဘယ်လိုတံတိုင်းကြီးပဲ
ကာရံထားပါစေ..သူတို့သွားချင်တဲ့ နေရာကို ရောက်အောင်
သွားတတ်ကြတယ်။ လမ်းခရီးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ
တွေရကြတယ်..ကျရှုံးတယ်...ဒါေ ပမယ့် သူတို့အမြဲတမ်း
BounceBack ပြန်လုပ်နိုင်ကြတယ်။ အချိန်အတိုင်းအတာ
တစ်ခုအထိ ဒဏ်ရာကြောင့် ပြန်မထနိုင်တာမျိုးရှိရင်ရှိမယ်။
ဒါပေမယ့် လုံးဝ ပြန်မထတာတော့ မရှိဘူး။ သူတို့ရအောင်
ပြန်ထတယ်။
ဘဝမှာ အောင်မြင်ချင်ရင် Bounce Back လုပ်နိုင်ဖို့လို
တယ်။ မိမိကို ဘယ်လောက်ပဲ ချနင်းကြပါစေ...ချောက်ထဲ
ပစ်ချကြပါစေ...အမြင့်ကို ပြန်တက်လာနိုင်ရမယ်။ အဲ့ဒီလို
လူတွေ ရေငုံနှုတ်ပိတ်ဖြစ်သွားတဲ့ အထိ ကြိုးစားပြရမယ်။
အောင်မြင်သူတွေရဲ့ အကြောင်း စာအုပ်တွေ ဖတ်ဖြစ်တိုင်း
ဒီအလေ့အကျင့်ကို အမြဲတွေ့ရလေ့ရှိတယ်။
သင်လည်း အခက်အခဲတွေတွေ့တဲ့ အခါ အားတင်းပြီးပြန်ထ
ပါ။ Bounce Back လုပ်နိုင်တဲ့ အလေ့အကျင့်ကို မွေးယူပါ။
လောကဓံရဲ့ အလဲထိုးခြင်းကို မခံပါနဲ့။ သူက ၁၀ ကြိမ်လောက်
သင့်ကို အလဲထိုးရင် သင်က ၁၁ကြိမ်လောက် ပြန်ထပြနိုင်
အောင်ကြိုးစားပါ။ အဲ့ဒီလို လောကဓံက ဘယ်လောက်ထိုးထိုး
မလဲပဲ ပြန်ထနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါ။ အဲ့ဒီလို
ပြန်ထနိုင်ရင် သင်ဟာ တကယ့်ကို မာကျောပြီး သင့်ပန်းတိုင်
ကို တစ်နေ့ သေချာပေါက်ရောက်မှာပါ။ ကံမကောင်းလွန်းလို့
ပန်းတိုင်မရောက်ခဲ့ရင်တောင် ကြိုးစားရင်း၊ စွန့်စားရင်း ရင်ခုန်
စွာ ဘဝကို ဖြတ်သန်းရတာ တန်ပါတယ်။ ပြုံးပြုံးလေးနဲ့ အရှုံး
မပေးပဲ ဘဝမှာနေခဲ့တာ ဂုဏ်ယူစရာပါ။
အမြဲ Bounce Back ပြန်လုပ်နိုင်ကြပါစေ....
#မိုးရှင်း (I.M.T) ရေးသားသည်။
"လက်ဆောင်"စာအုပ်ကိုမဖတ်ရေ သးသူတွေအတွက်
စတုတ္ထအကြိမ် ဖြန့်ချီပေးထားပါတယ်။ City mart, Ocean
နဲ့စာအုပ်ဆိုင်ကြီးတိုင်းမှာ ရရှိနိုင်ပါတယ်။
"Bounce Back" ဆိုတဲ့ စကားလုံးလေးကို ကျွန်တော်
အရမ်းသဘောကျမိတယ်။..တစ်စုံတ
မဟုတ် အောက်ကို ပြုတ်ကျပြီးရင် ပြန်လည်ပြီး အမြင့်ကို
ပြန်တက်လာနိုင်တာကို Bounce Back လို့ ခေါ်ပါတယ်။
Bounce Backလုပ်နိုင်ခြင်းဟာ အောင်မြင်သူတိုင်းလိုလို
မှာတွေ့ရလေ့ရှိပါတယ်။ အောင်မြင်သူတွေဟာ ဘယ်လောက်
ပဲ ကျရှုံးပါစေ..ဘာတွေပဲ ဖြစ်နေပါစေ...ဘယ်လိုတံတိုင်
ကာရံထားပါစေ..သူတို့သွားချင
သွားတတ်ကြတယ်။ လမ်းခရီးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ
တွေရကြတယ်..ကျရှုံးတယ်...ဒါေ
BounceBack ပြန်လုပ်နိုင်ကြတယ်။ အချိန်အတိုင်းအတာ
တစ်ခုအထိ ဒဏ်ရာကြောင့် ပြန်မထနိုင်တာမျိုးရှိရင်ရ
ဒါပေမယ့် လုံးဝ ပြန်မထတာတော့ မရှိဘူး။ သူတို့ရအောင်
ပြန်ထတယ်။
ဘဝမှာ အောင်မြင်ချင်ရင် Bounce Back လုပ်နိုင်ဖို့လို
တယ်။ မိမိကို ဘယ်လောက်ပဲ ချနင်းကြပါစေ...ချောက်ထဲ
ပစ်ချကြပါစေ...အမြင့်ကို ပြန်တက်လာနိုင်ရမယ်။ အဲ့ဒီလို
လူတွေ ရေငုံနှုတ်ပိတ်ဖြစ်သွားတဲ့ အထိ ကြိုးစားပြရမယ်။
အောင်မြင်သူတွေရဲ့ အကြောင်း စာအုပ်တွေ ဖတ်ဖြစ်တိုင်း
ဒီအလေ့အကျင့်ကို အမြဲတွေ့ရလေ့ရှိတယ်။
သင်လည်း အခက်အခဲတွေတွေ့တဲ့ အခါ အားတင်းပြီးပြန်ထ
ပါ။ Bounce Back လုပ်နိုင်တဲ့ အလေ့အကျင့်ကို မွေးယူပါ။
လောကဓံရဲ့ အလဲထိုးခြင်းကို မခံပါနဲ့။ သူက ၁၀ ကြိမ်လောက်
သင့်ကို အလဲထိုးရင် သင်က ၁၁ကြိမ်လောက် ပြန်ထပြနိုင်
အောင်ကြိုးစားပါ။ အဲ့ဒီလို လောကဓံက ဘယ်လောက်ထိုးထိုး
မလဲပဲ ပြန်ထနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါ။ အဲ့ဒီလို
ပြန်ထနိုင်ရင် သင်ဟာ တကယ့်ကို မာကျောပြီး သင့်ပန်းတိုင်
ကို တစ်နေ့ သေချာပေါက်ရောက်မှာပါ။ ကံမကောင်းလွန်းလို့
ပန်းတိုင်မရောက်ခဲ့ရင်တောင်
စွာ ဘဝကို ဖြတ်သန်းရတာ တန်ပါတယ်။ ပြုံးပြုံးလေးနဲ့ အရှုံး
မပေးပဲ ဘဝမှာနေခဲ့တာ ဂုဏ်ယူစရာပါ။
အမြဲ Bounce Back ပြန်လုပ်နိုင်ကြပါစေ....
#မိုးရှင်း (I.M.T) ရေးသားသည်။
"လက်ဆောင်"စာအုပ်ကိုမဖတ်ရေ
စတုတ္ထအကြိမ် ဖြန့်ချီပေးထားပါတယ်။ City mart, Ocean
နဲ့စာအုပ်ဆိုင်ကြီးတိုင်းမှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။