#သင့်ကလေး စာဖတ်ကျင့်ရဖို့ နည်းလမ်း ၁၀ ခု (မိဘများအတွက်)
သင် စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေချိန်မှာ သင့်ကလေးတွေဟာ သင့်အနားမှာ iPhone; iPad စတာတွေနဲ့ ဂိမ်းဆော့နေပါလိမ့်မယ်။ ကလေးတွေ ဂိမ်းဆော့ရင်း ငြိမ်နေလို့ သင် ကောင်းကောင်း အလုပ်လုပ်လို့ရတယ်။ သင့်အတွက် ကောင်းပေမယ့် သင့်ကလေးတွေအတွက် မကောင်းပါ။ ကလေးတွေ ခဏတဖြုတ် ဂိမ်းကစားတာ ကိစ္စမရှိပေမယ့် ကြာရှည်ကစားနေရင် သူတို့လုပ်သင့်တာတွေ လုပ်ဖြစ်မှာ မဟုတ်ဘူး။ ကလေးဆိုတာ စာကြည့်ချိန်မဟုတ်တဲ့ အချိန်မှာ စာအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ အိမ်ပြင်ထွက် ကစားတာတွေ လုပ်နေသင့်ပါတယ်။
ကလေးတွေအတွက် စာဖတ်ခြင်းဟာ စိတ်အပန်းပြေစေသလို အသိဗဟုသုတတိုးစေတယ်။ သူတို့အတွက် စာအုပ်ဝယ်ပေးရတာ ကစားစရာဝယ်ပေးရတာလောက် ဈေးမကြီးပါဘူး။ ကလေးတွေ စာအုပ်ဖတ်ခြင်းဖြင့် သူတို့ဟာ တခြားကမ္ဘာတွေကို ရောက်သွားသလို ခံစားကြရလိမ့်မယ်။ စူးစမ်းလေ့လာချင်စိတ် တိုးလာမယ်။
ကလေးတွေကို စာဖတ်ကျင့်ရစေဖို့ မိဘတွေက လုပ်ပေးရပါမယ်။
ဘယ်လို လုပ်ပေးရမှာလဲ။
၁။ တီဗွီမရှိတဲ့ အခန်းမှာ ကလေးငယ်ကို သိပ်ပါ။ သူ့အနားမှာ စာအုပ်တွေ များများထားပေးပါ။ စာနည်းနည်းနဲ့ ရောင်စုံရုပ်ပုံလေးတွေပါတဲ့ စာအုပ်လေးတွေဆို ပိုကောင်းပါတယ်။ မွေးစကတဲက စာအုပ်ကို နေ့တိုင်း မြင်တွေ့နေရင် ကြီးလာရင် စာအုပ်ဖတ်ချင်စိတ်ဖြစ်နေမယ် ။
၂။ သင်စာဖတ်ရင် ကလေးနားမှာ ဖတ်ပါ။ ကလေးဟာ သင် စာအုပ်ကိုင်ဖတ်တာကို အတုယူပြီး စာဖတ်ချင်စိတ် ပေါ်လာလိမ့်မယ်။
၃။ ကလေးနည်းနည်း ကြီးလာရင် သူ့အတွက် ကိုယ်ပိုင်စာအုပ်စင်လေး ဝယ်ထားပေးပြီး သူကြိုက်တဲ့ စာအုပ်လေးတွေ တင်ထားပေးပါ။ ကလေးစာအုပ်များများ ထားပေးပါ။ ကလေးဟာ သူကြိုက်တဲ့ စာအုပ်ကို ဆွဲယူကြည့်မယ်။ စာဖတ်တတ်လာရင် သူကြိုက်တဲ့ စာအုပ်ကို ဖတ်ပါလိမ့်မယ်။
၎။ ကလေး စာဖတ်ရင် အနားမှာ နေပေးပါ။ သူ နားမလည်တာကို ရှင်းပြပေးရင် ကလေးဟာ စာအုပ်ကို ဆက်ဖတ်ပါလိမ့်မယ်။ ရှင်းပြမယ့်သူ အနားမှာ မရှိရင် ကလေးဟာ စာကို နားမလည်လို့ ဆက်ဖတ်မှာ မဟုတ်တော့ဘူး။
၅။ တချို့မိဘတွေဟာ ညမအိပ်ခင် ကလေးငယ်စဉ်မှာ ပုံပြင်စာအုပ်လေးတွေကို အသံထွက် ဖတ်ပြကြတယ်။ ကလေး နည်းနည်းကြီးလာတော့ ရပ်သွားတယ်။ သုတေသနစမ်းသပ်ချက်တွေအရ ကလေး သူ့ဖါသာ စာဖတ်တတ်တဲ့ အရွယ်အထိ စာကို အသံထွက် ဖတ်ပြခြင်းကို လုပ်သင့်တယ်တဲ့။ ဒါမှ ကလေးကြီးလာရင် စာဖတ်ကျင့်ရသွားမယ်တဲ့။
၆။ ကလေး တစ်ခုခုလုပ်လို့ ချီးကျူးချင်ရင် စာအုပ်ဆုချပါ။ ဆွေမျိုးတွေကို ကလေးကို လက်ဆောင်ပေးချင်ရင် စာအုပ်လက်ဆောင်ပေးဖို့ မှာထားပါ။
၇။ သင့်ကလေးနည်းနည်း ကြီးလာရင် သင်ဖတ်ထားတဲ့ စာအုပ်ထဲက အကြောင်းလေးတွေကို ပြောပြပေးပါ။ သူသိချင်စိတ်ပြင်းပြလာရင် သူ့ဖါသာ စာအုပ်ဖတ်ပါလိမ့်မယ်။
၈။ ကလေး စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း ချီးကျူးပါ။ ကလေးဟာ မိဘရဲ့ ချီးကျူးတာကို ခံချင်လို့ စာအုပ်ကို ပိုဖတ်ပါလိမ့်မယ်။
၉။ စာကြည့်တိုက်၊ စာအုပ်ဆိုင်တွေကို ကလေးကို ခေါ်သွားပါ။ စာအုပ်တွေ အများကြီးတွေ့ရင် ကလေးဟာ စာအုပ်တွေကို စိတ်ဝင်စားလာလိမ့်မယ်။
၁၀။ စာဖတ်ဖို့ ကလေးကို စာတစ်အုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးဆုချတဲ့ အကျင့်လုပ်ပါ။ ဘီလ်ဂိတ် ငယ်ငယ်က စာဖတ်ချင်အောင် သူ့အဖေက စာတစ်အုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးပေးတယ်လို့ ဖတ်ဖူးပါတယ်။
သင့်ကလေးကို ကြီးလာတဲ့အခါ စာမဖတ်လို့ စဉ်းစားဆင်ခြင်ဉာဏ်နည်းတာမျိုး မဖြစ်စေချင်ရင် သင် ဒီလောက်တော့ မပေးဆပ်နိုင်ဘူးလား။ စဉ်းစားပါ။
မှတ်ချက်။ theasianparent.com ဝက်ဆိုက်က ဆောင်းပါးတစ်ပုဒ်ကို အကျဉ်းချုံးရေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၁၃-၁၀-၂၀၁၇
သင် စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေချိန်မှာ သင့်ကလေးတွေဟာ သင့်အနားမှာ iPhone; iPad စတာတွေနဲ့ ဂိမ်းဆော့နေပါလိမ့်မယ်။ ကလေးတွေ ဂိမ်းဆော့ရင်း ငြိမ်နေလို့ သင် ကောင်းကောင်း အလုပ်လုပ်လို့ရတယ်။ သင့်အတွက် ကောင်းပေမယ့် သင့်ကလေးတွေအတွက် မကောင်းပါ။ ကလေးတွေ ခဏတဖြုတ် ဂိမ်းကစားတာ ကိစ္စမရှိပေမယ့် ကြာရှည်ကစားနေရင် သူတို့လုပ်သင့်တာတွေ လုပ်ဖြစ်မှာ မဟုတ်ဘူး။ ကလေးဆိုတာ စာကြည့်ချိန်မဟုတ်တဲ့ အချိန်မှာ စာအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ အိမ်ပြင်ထွက် ကစားတာတွေ လုပ်နေသင့်ပါတယ်။
ကလေးတွေအတွက် စာဖတ်ခြင်းဟာ စိတ်အပန်းပြေစေသလို အသိဗဟုသုတတိုးစေတယ်။ သူတို့အတွက် စာအုပ်ဝယ်ပေးရတာ ကစားစရာဝယ်ပေးရတာလောက် ဈေးမကြီးပါဘူး။ ကလေးတွေ စာအုပ်ဖတ်ခြင်းဖြင့် သူတို့ဟာ တခြားကမ္ဘာတွေကို ရောက်သွားသလို ခံစားကြရလိမ့်မယ်။ စူးစမ်းလေ့လာချင်စိတ် တိုးလာမယ်။
ကလေးတွေကို စာဖတ်ကျင့်ရစေဖို့ မိဘတွေက လုပ်ပေးရပါမယ်။
ဘယ်လို လုပ်ပေးရမှာလဲ။
၁။ တီဗွီမရှိတဲ့ အခန်းမှာ ကလေးငယ်ကို သိပ်ပါ။ သူ့အနားမှာ စာအုပ်တွေ များများထားပေးပါ။ စာနည်းနည်းနဲ့ ရောင်စုံရုပ်ပုံလေးတွေပါတဲ့
၂။ သင်စာဖတ်ရင် ကလေးနားမှာ ဖတ်ပါ။ ကလေးဟာ သင် စာအုပ်ကိုင်ဖတ်တာကို အတုယူပြီး စာဖတ်ချင်စိတ် ပေါ်လာလိမ့်မယ်။
၃။ ကလေးနည်းနည်း ကြီးလာရင် သူ့အတွက် ကိုယ်ပိုင်စာအုပ်စင်လေး ဝယ်ထားပေးပြီး သူကြိုက်တဲ့ စာအုပ်လေးတွေ တင်ထားပေးပါ။ ကလေးစာအုပ်များများ ထားပေးပါ။ ကလေးဟာ သူကြိုက်တဲ့ စာအုပ်ကို ဆွဲယူကြည့်မယ်။ စာဖတ်တတ်လာရင် သူကြိုက်တဲ့ စာအုပ်ကို ဖတ်ပါလိမ့်မယ်။
၎။ ကလေး စာဖတ်ရင် အနားမှာ နေပေးပါ။ သူ နားမလည်တာကို ရှင်းပြပေးရင် ကလေးဟာ စာအုပ်ကို ဆက်ဖတ်ပါလိမ့်မယ်။ ရှင်းပြမယ့်သူ အနားမှာ မရှိရင် ကလေးဟာ စာကို နားမလည်လို့ ဆက်ဖတ်မှာ မဟုတ်တော့ဘူး။
၅။ တချို့မိဘတွေဟာ ညမအိပ်ခင် ကလေးငယ်စဉ်မှာ ပုံပြင်စာအုပ်လေးတွေကို အသံထွက် ဖတ်ပြကြတယ်။ ကလေး နည်းနည်းကြီးလာတော့ ရပ်သွားတယ်။ သုတေသနစမ်းသပ်ချက်တွေအရ ကလေး သူ့ဖါသာ စာဖတ်တတ်တဲ့ အရွယ်အထိ စာကို အသံထွက် ဖတ်ပြခြင်းကို လုပ်သင့်တယ်တဲ့။ ဒါမှ ကလေးကြီးလာရင် စာဖတ်ကျင့်ရသွားမယ်တဲ့။
၆။ ကလေး တစ်ခုခုလုပ်လို့ ချီးကျူးချင်ရင် စာအုပ်ဆုချပါ။ ဆွေမျိုးတွေကို ကလေးကို လက်ဆောင်ပေးချင်ရင် စာအုပ်လက်ဆောင်ပေးဖို့ မှာထားပါ။
၇။ သင့်ကလေးနည်းနည်း ကြီးလာရင် သင်ဖတ်ထားတဲ့ စာအုပ်ထဲက အကြောင်းလေးတွေကို ပြောပြပေးပါ။ သူသိချင်စိတ်ပြင်းပြလာရင် သူ့ဖါသာ စာအုပ်ဖတ်ပါလိမ့်မယ်။
၈။ ကလေး စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း
၉။ စာကြည့်တိုက်၊ စာအုပ်ဆိုင်တွေကို ကလေးကို ခေါ်သွားပါ။ စာအုပ်တွေ အများကြီးတွေ့ရင် ကလေးဟာ စာအုပ်တွေကို စိတ်ဝင်စားလာလိမ့်မယ်။
၁၀။ စာဖတ်ဖို့ ကလေးကို စာတစ်အုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးဆုချတဲ့ အကျင့်လုပ်ပါ။ ဘီလ်ဂိတ် ငယ်ငယ်က စာဖတ်ချင်အောင် သူ့အဖေက စာတစ်အုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးပေးတယ်လို့ ဖတ်ဖူးပါတယ်။
သင့်ကလေးကို ကြီးလာတဲ့အခါ စာမဖတ်လို့ စဉ်းစားဆင်ခြင်ဉာဏ်နည်းတာမျ
မှတ်ချက်။ theasianparent.com ဝက်ဆိုက်က ဆောင်းပါးတစ်ပုဒ်ကို အကျဉ်းချုံးရေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ
၁၃-၁၀-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။