-လူတွေရဲ့ စိတ်ဓါတ်-
ငယ်ငယ်ကတည်းက ဘဝင်မကျခဲ့ဘူး။ Superman က အင်္ကျီလဲပြီး မျက်မှန်ချွတ်လိုက်ရုံနဲ့ လူတွေ မမှတ်မိဘူးဆိုပဲ။ စဉ်းစားကြည့်။ ကေတောင်မပြောင်းဘူး၊ မျက်မှန်လေး တစ်လက်တည်း။
ဒီလို ဘဝင်မကျဖြစ်နေတာကြာလှပြီ၊ ဒါပေမယ့် ဟိုတစ်နေ့က ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြထားတာလေးသွားတွေ့တယ် ။ ဒါနဲ့ သဘောကျလွန်းလို့ ပြန်ဝေမျှလိုက်ပါတယ်။
တကယ်တော့ မျက်မှန်လေးတစ်လက်က Superman ဘယ်သူဆိုတာ ဖုံးကွယ်ပေးထားတာ မဟုတ်ပါဘူး။ တကယ်ဖုံးကွယ်ပေးထားတာက လူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ မှိုင်းတွေပါပဲ။
- ဒီလောက် သိပ်တော်တာ ဒီကောင်မဖြစ်နိုင်ပါဘူး။
အဲဒီ စိတ်ထား တစ်ခုတည်းကပဲ Superman ဟာ လူတွေကြားမှာ သူဘယ်သူလဲဆိုတာ လူမရိပ်မိအောင် နေခဲ့နိုင်တာပါပဲတဲ့။ ဒီ သီအိုရီဟာ သဘောကျဖို့ကောင်းသလို မှတ်သားစရာလဲ ကောင်းပါတယ်။
ပြီးတော့ နောင်တစ်ချက်စိတ်ဝင်စားဖို့
ကောင်းတာက လူတွေဟာ လူစွမ်းကောင်းကို ဝေးဝေးလံလံ လိုက်ရှာနေတတ်ကျပြီး
ကိုယ့်အနီးနားမှာတင်၊ ကိုယ့်မျက်စိရှေ့မှာတင် ရှိနေရင်တောင်
မမြင်တတ်ကျတာပါပဲ။
ဒီလိုလူတွေထဲမှာ
- သင့် မိဘတွေပါမယ်
- သင့် ညီအစ်ကို မောင်နှမတွေပါမယ်
- ဆရာသမားတွေပါမယ်
- သင့်အပေါ် ပေးဆပ်ချစ်သူတွေပါမယ်
- သင့်ကို နေ့တိုင်းကူညီပေးနေတဲ့ လမ်းထိပ်က ဆိုက်ကား ဆရာကြီးလဲ ပါရင်ပါမယ်
တစ်ခါတစ်လေကျ အတွေးအမှောင် ဖုံးနေရင် မျက်စိရှေ့မှောက်လဲ မမြင်တတ်ကြဘူးမလား။
ဒါလေးကို သတိပြုမိရင်း လူအချင်းချင်း အထင်သေးခြင်း လျော့နည်းသွားရင်ပဲ ရေးရကျိုးနပ်ပါတယ်။
သဘောတူတယ်၊ ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်ဝေမျှနိုင်ပါသည်။
Like the page for daily awesome contents
ငယ်ငယ်ကတည်းက ဘဝင်မကျခဲ့ဘူး။ Superman က အင်္ကျီလဲပြီး မျက်မှန်ချွတ်လိုက်ရုံနဲ့ လူတွေ မမှတ်မိဘူးဆိုပဲ။ စဉ်းစားကြည့်။ ကေတောင်မပြောင်းဘူး၊ မျက်မှန်လေး တစ်လက်တည်း။
ဒီလို ဘဝင်မကျဖြစ်နေတာကြာလှပြီ၊ ဒါပေမယ့် ဟိုတစ်နေ့က ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြထားတာလေးသွားတွေ့တယ်
တကယ်တော့ မျက်မှန်လေးတစ်လက်က Superman ဘယ်သူဆိုတာ ဖုံးကွယ်ပေးထားတာ မဟုတ်ပါဘူး။ တကယ်ဖုံးကွယ်ပေးထားတာက လူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ မှိုင်းတွေပါပဲ။
- ဒီလောက် သိပ်တော်တာ ဒီကောင်မဖြစ်နိုင်ပါဘူး။
အဲဒီ စိတ်ထား တစ်ခုတည်းကပဲ Superman ဟာ လူတွေကြားမှာ သူဘယ်သူလဲဆိုတာ လူမရိပ်မိအောင် နေခဲ့နိုင်တာပါပဲတဲ့။ ဒီ သီအိုရီဟာ သဘောကျဖို့ကောင်းသလို မှတ်သားစရာလဲ ကောင်းပါတယ်။
ပြီးတော့ နောင်တစ်ချက်စိတ်ဝင်စားဖို့
ဒီလိုလူတွေထဲမှာ
- သင့် မိဘတွေပါမယ်
- သင့် ညီအစ်ကို မောင်နှမတွေပါမယ်
- ဆရာသမားတွေပါမယ်
- သင့်အပေါ် ပေးဆပ်ချစ်သူတွေပါမယ်
- သင့်ကို နေ့တိုင်းကူညီပေးနေတဲ့ လမ်းထိပ်က ဆိုက်ကား ဆရာကြီးလဲ ပါရင်ပါမယ်
တစ်ခါတစ်လေကျ အတွေးအမှောင် ဖုံးနေရင် မျက်စိရှေ့မှောက်လဲ မမြင်တတ်ကြဘူးမလား။
ဒါလေးကို သတိပြုမိရင်း လူအချင်းချင်း အထင်သေးခြင်း လျော့နည်းသွားရင်ပဲ ရေးရကျိုးနပ်ပါတယ်။
သဘောတူတယ်၊ ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်ဝေမျှနိုင်ပါသည်။
Like the page for daily awesome contents
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။