Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 29, 2017

ကျွန်တော့်အတွက် ပိုက်ဆံက အသုံးမဝင်တော့ဘူး - ဘီလ်ဂိတ်

Ref: Kumudra
…………………

ကျွန်တော့်အတွက် ပိုက်ဆံက အသုံးမဝင်တော့ဘူး - ဘီလ်ဂိတ်

ဝီလျံဟင်နရီဘီလ်ဂိတ်ဟာ လူချမ်း သာပါ။ သူ့ရဲ့စုစုပေါင်း ပိုင်ဆိုင်မှုက ဒေါ် လာ ၆၅ ဘီလျံလောက်ရှိပြီး အီကွေဒေါနိုင်ငံရဲ့ စုစုပေါင်းဂျီဒီပီပမာဏလောက် ရှိပါ တယ်။ နောက်ပြီး သူ့ချမ်းသာမှုက ခရို အေးရှားနိုင်ငံရဲ့ ဂျီဒီပီထက်နည်းနည်း လေး များပါဦးမယ်။ တက္ကသိုလ်ပညာ ဆုံးခန်းတိုင် အောင် မသင်တဲ့ လူတစ် ယောက်အတွက် တော်တော်မဆိုးဘူးလို့ ပြောရမှာပေါ့။

ဂိတ်ဟာ ရေကုန်ရေခန်း တိုက်ခိုက် တတ်တဲ့လူမျိုးလည်း ဖြစ်ပါတယ်။ ဒါ ကြောင့် အခု သူက သူ့ပိုက်ဆံအားလုံးကို သူ့အတွက်ထက် ကံမကောင်းအကြောင်း မလှတဲ့သူတွေရဲ့ အသက်ကယ်ဖို့အတွက် ပုံအောသုံးစွဲနေတာပါ။
“အစားအစာနဲ့ အဝတ်အထည်တွေနဲ့ ပတ်သက်လို့ ကျွန်တော်ကောင်းကောင်း သုံးပြီးပါပြီ”လို့ သူက ပြောပါတယ်။ “ကျွန်တော့်အတွက် ပိုက်ဆံက အတိုင်းအတာတစ်ခုထက်ပိုပြီး အသုံးမဝင်တော့ပါဘူး။ ဒါကြောင့် ကမ္ဘာမှာ အဆင်းရဲဆုံးသူတွေ ဆီ ရင်းမြစ်တွေပို့ပေးတဲ့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ပိုက်ဆံကို လုံးလုံးလျားလျား သုံးစွဲရမယ်”

ဘီလ်ဂိတ်သုံးတဲ့ အတိုင်းအတာတစ် ခုဆိုတာ ကျွန်မတို့ရဲ့ စံထက်တော့ နည်းနည်းမြင့်ပါတယ်။ ဘီလ်ဂိတ်ဟာ ဝါရှင် တန်ပြည်နယ်မှာ ကန်ပေါင်သာဘေး အိမ်ကြီးတစ်ဆောင်ကို ဆောက်လုပ်ထားပြီး ဒေါ်လာ သန်း ၁၅၀ တန် ပါတယ်။ အဲသည် အိမ်မှာ ရေ အောက်ဂီတစနစ်တပ်ဆင် ထားတဲ့ ရေကူး ကန်တစ်ခုပါပါတယ်။ ဘီလ် ဂိတ်ရဲ့ ငွေကြေးချမ်းသာကြွယ်ဝမှု တစ်ခုတည်းကို ကြည့်ရင်တောင် သူဟာ သမိုင်းတွင်မယ့် လူ တစ်ယောက်ပါ။ တစ်ကိုယ်ရေသုံး ကွန်ပျူတာကို လူတွေရဲ့ နေ့စဉ်သုံးဖြစ်အောင် လုပ်ရတာဟာ သူ့အတွက် ခက်ခဲပေမဲ့ အခု အသက် ၅၇ နှစ်မှာ သူ ဟာ သည်ထက်ပိုခက်ခဲတဲ့အရာကို မရပ် မနား လုပ် ဆောင်နေပါပြီ။ အဲဒါကတော့ အသက် ပေါင်းများစွာကို ဆုံးပါးစေတဲ့ ရောဂါတစ်ခု ဖြစ်တဲ့ ပိုလီယိုကို လုံးဝအ မြစ်ပြတ်သွားအောင် လုပ်ဆောင်နေတာ ပါ။

ကလေးငယ်တိုင်းဟာ ကျန်းမာပြီး ဖြစ်ထွန်းတဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရှိလာရမယ်။ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဟာ သည် ပန်းတိုင်ရောက်ရှိဖို့ ကူညီနိုင်တယ်လို့ သူ က ရှင်းပြခဲ့ပါတယ်။ သူဟာ သူ့စကားအ တိုင်း ကတိတည်သူဖြစ်ပါတယ်။ သူနဲ့ ဇနီးသည်မယ်လင်ဒါတို့ဟာ သူတို့ရဲ့ ပရဟိတ ဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၂၈ ဘီလျံကျော် လှူဒါန်းပြီးဖြစ်ပြီး တစ်ကမ္ဘာလုံး ကျန်းမာရေးတိုးတက်ဖို့အတွက် ဒေါ် လာ ရှစ်ဘီလျံကျော်အသုံးပြုထားပါတယ်။
“ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ကုသိုလ်ကံအကျိုးပေးကြောင့် ရထားတဲ့ ပစ္စည်းဥစ္စာတွေကို ဘယ်လိုသုံးစွဲမလဲ၊ ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်မှု အ များဆုံးဖြစ်အောင် ဘယ်လိုပြန်ပေးဆပ် မလဲလို့ အကြာကြီးဆွေးနွေးခဲ့ကြတယ်” လို့ သူက ဆိုပါတယ်။

“ကျွန်တော့်တို့ နှစ် ယောက်စလုံးက မိုက်ခရိုဆော့ဖ်မှာ အလုပ်လုပ်တာကြောင့် ကိုယ့်အနေနဲ့ တီထွင်မှုတွေလုပ်နိုင်ရင်၊ လူတော်တွေကို စုစည်း နိုင်ရင် အတော် ထိရောက်တဲ့ကိစ္စတွေကို လုပ်နိုင်မယ်လို့ သိခဲ့ကြတယ်၊ ကျွန်တော်တို့က ကမ္ဘာ့အဆင်းရဲဆုံးသူတွေကို ကူညီဖို့ အဓိကထား တယ်၊ ဒါ ကြောင့် ကာကွယ်ဆေးကို အား စိုက်လုပ်နေတာပါ၊ ကာကွယ်ဆေးက ရောဂါတစ်ခုကို မဖြစ်အောင်တားဆီးပြီးတစ်ခါတည်းအ မြစ်ဖြတ်နှိမ်နင်းနိုင်တယ်၊ ပိုလီယို ကာကွယ်ဆေးလိုပေါ့”လို့သူကပြောပါတယ်။

တကယ်တော့ ရောဂါတစ်ခုကို လုံးဝ အမြစ်ဖြတ်နိုင်တာ တစ်ကြိမ်သာရှိဖူးပြီး ၁၉၇၀ နှစ်များက ရေကျောက်ကို အမြစ် ဖြတ် နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

“ပိုလီယိုက ထူးခြားတယ်၊ ဘာကြောင့်ဆို ရောဂါကို တစ်ခါအမြစ်ဖြုတ် သုတ်သင်ပြီးတာနဲ့ ဒီအတွက် ပိုက်ဆံထပ် သုံးစရာမလိုတော့ဘူး၊ ကျန်တဲ့အချိန် တစ် လျှောက်လုံး လက်ဆောင်မွန်အဖြစ် ဆက်တည်ရှိနေပြီ”
သည်ရောဂါဟာ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ အနှံ့အ ပြား ဆက်ဖြစ်နေပြီး ကလေးငယ်တွေ ဆက်လက်သေဆုံးနေရဆဲဖြစ်ပါတယ်။ ဒါတင် မက နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုလည်း ရှိပါသေးတယ်။ အစ္စလာမ် မစ်အုပ်စုတွေက ပိုလီယိုကာကွယ်ဆေးဟာ သား ကြောဖြတ်တာနဲ့ တခြားအ နောက်တိုင်း မကောင်းဆိုးဝါးတွေအတွက် ကနUီးခြေ လှမ်းလို့ ယုံကြည်ကြပါတယ်။ ပါကစ္စတန် က ကျန်းမာရေးလုပ်သားတွေ ဆိုရင် ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်လို့ အသက်ပေးလိုက်ရတာ တွေ ရှိပါတယ်။

ဂိတ်ဟာ မိုက်ခရိုဆော့ဖ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပေမဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဝင်မပါတော့ပါဘူး။ အဲဒါ ကြောင့် အက်ပဲလ်နဲ့ ဂူဂဲတို့နဲ့ယှဉ်ရင် တီထွင်ဆန်းသစ်မှုမှာ နောက်ကောက်ကျနေ ပါတယ်။ တချို့က ဂိတ်ကို ကုမဏီထဲ ပြန် လာပြီး အားသစ်ပြန်လောင်းပေးဖို့ တိုက် တွန်းကြပေမဲ့ သူကတော့ ပြန်မလာပါဘူး။

“ကျွန်တော့်ဘဝရဲ့ ကျန်တဲ့အချိန်တွေကို ဖောင်ဒေးရှင်းအတွက်ပဲ အချိန်ပြည့် လုပ်တော့မယ်˘လို့ သူက ဆိုပါတယ်၊ “ကျွန် တော့ မိုက်ခရိုဆော့ဖ်ကို ကျွန်တော်ချစ်ခဲ့ တာပေါ့၊ ဒီကုမဏီကြီးက ကျွန်တော် အခုလုပ်နေတဲ့အရာတွေအတွက် ကျွန်တော့် ကို ပြင်ဆင်ပေးတယ်လေ၊ ကွန်ပျူတာနဲ့ အင်တာနက်တော်လှန်ရေးဖြစ်လာတော့ ကျွန်တော် ပျော်ရသလို အခုကလေးသေ ဆုံးနှုန်းကျဆင်းလာတာမြင်ရတော့လဲ ဒီ အတိုင်းပဲ၊ ကျွန်တော် ဒီအရာတွေအတွက် အချိန်တွေ အများကြီးပေးပြီး အတတ်နိုင် ဆုံး လေ့လာတယ်၊ ဘာကြောင့်ဆို ကျွန်တော် မွေ့လျော်တဲ့အလုပ်မို့ပါပဲ”

သည်လိုပြောတဲ့ဂိတ်ဟာ သူတော်စင် တစ်ပါးတော့ မဟုတ်ပါဘူး။ သူဟာ မိုက် ခရိုဆော့ဖ်မှာ နိုင်လိုမင်းထက်သူဌေးတစ် ယောက်ဖြစ်ခဲ့ပြီး သူ့ကုမဏီဟာ ဈေးကွက်နေရာရဖို့ ပြိုင်ဘက်ငယ်လေးတွေကို လက်ဝါးကြီးအုပ်အမြတ်ထုတ်တဲ့အလုပ် မျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူနဲ့သူ့ဇနီးဟာ အကျိုးအမြတ်တစ်စုံတစ် ရာမရတဲ့ ပရဟိတလုပ်ငန်းတွေကို လုပ် ရင်း လောဘကို ချွန်းအုပ်နိုင်ခဲ့ကြသလို တခြားသူဌေးကြီးတွေကိုလည်း ဆွဲဆောင် စည်းရုံးနိုင်ခဲ့ကြပါပြီ။ အမြတ်မရှိရင် ဘာမှ မလုပ်တဲ့ ရင်းနှီးမြှုပ်နှံသူကြီး ဝါရင်းဘတ် ဖက်ကိုတောင် ဂိတ်ဖောင်ဒေးရှင်းမှာ ဒေါ် လာ ၁၇့ ၅ သန်း လှူဒါန်းအောင် စည်းရုံးနိုင်ခဲ့ပါပြီ။

ဘီလ်နဲ့ မယ်လင်ဒါဂိတ်တို့ရဲ့ သား သမီးတွေဟာလည်း ဆင်းရဲမွဲတေမှုဆိုတာ ဘာမှန်း တစ်သက်လုံးသိကြတော့မှာ မဟုတ်ပါဘူး။ သူ့သားသမီးတွေအနေနဲ့ သန်းထောင်ပေါင်း ဆယ်နဲ့ရာနဲ့ချီပြီး ချမ်း သာမှာမဟုတ်ပေမဲ့ သူတို့မိဘတွေရဲ့ အ မွေ တွေက ဖောင်ဒေးရှင်းထဲ ရောက်သွားရင်တောင် သားသမီးတစ်ယောက်ကို ဒေါ်လာ သန်း ၁၀ဝ၀ လောက်တော့ ပိုင်ဆိုင်ပါ လိမ့်ဦးမယ်။

ဂိတ်က ‘ကျွန်တော့်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းUစ္စာအများစု ၉၅ ရာခိုင်နှုန်း လောက်က ဖောင်ဒေးရှင်းထဲရောက်မယ်၊ အဲဒီပိုက်ဆံအားလုံးကို ကျွန်တော်တို့ တစ် ယောက်မှ သက်ရှိထင်ရှားမရှိတော့တဲ့ နှစ် ၂၀ အတွင်း အကုန်သုံးနိုင်အောင် စီမံထားတယ်”လို့ ရှင်းပြပါတယ်။

“ဒီပရဟိတက ဘယ်ဘာသာရေးနဲ့မှ မဆိုင်ပါဘူး၊ လူသားတွေရဲ့ ဂုဏ်သိက္ခာ၊ သာတူညီမျှဖြစ်ဖို့အတွက် လုပ်နေတာပါ၊ ကျွန်တော်တို့အကောင်းဆုံးကျင့်သုံးသင့် တဲ့ စည်းမျဉ်းက အသက်တိုင်း အသက် တိုင်းကို တန်းတူတန်ဖိုးထားရမယ်၊ ကိုယ့်ကို ဆက်ဆံစေချင်တဲ့အတိုင်း တခြား သူ ကို ဆက်ဆံပေးရမယ်”လို့ သူက ပြောခဲ့ပါတယ်။



မနောစင် (ref: telegraph)
………………

Ref: Kumudra
http://www.kumudranews.com/idea-impression/ကျွန်တော့်အတွက်-ပိုက်ဆံ/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။