Nwe Thinzar Oo is with Honey Vine.
Passport သက်တမ်းတိုး လျှင်
Passport ရုံးကို ၈ နာရီ မခွဲခင် လောက်အရောက်သွား ပြီး တန်းစီပါ
(Update-သက်တမ်းတိုးရင် တန်းစီစရာမလိုဘူးတော့ဘူး ဒီတိုင်းတန်းဝင်သွားလို့ရပါတယ်တဲ့သက်တမ်းတိုးမယ်ပြောပြီး ရှေ့ဆုံးသာဝင်သွား အဝမှာ Passportကိုသာ ပြလိုက်ရင်ရပြီတဲ့)
၉ နာရီ မထိုးခင် လောက် စပြီး အဝင် ခံ ပါတယ်။
နောက်ကျရင် တခါတလေ agency က လူ တွေ နဲ့  ရှုပ်ယှက်ခက်နေတက် လို့ ပါ။
အိမ်သန်ခေါင်စာရင်း ၊ မှတ်ပုံတင် ၊ passport စာအုပ်အဟောင်း မူရင်း ရယ် မိတ္တူ ၂ စုံ ကူးသွားပါရန်
မပါလျှင် လည်း ရုံးထဲတွင် copy ကူး လို့ ရပါသည် ။
အထဲဝင်ရင် သန်ခေါင်စာရင်း ပြဝင်ရတာ မလို့  အဆင်သင့်ကိုင်ပြီး တန်းစီဝင် သွားပါ။
Immigation လို့  ရေးထား တဲ့ ကောင်တာ မှာ ပိုက်ဆံ ၅၀၀၀ နဲ့  ယူသွားတဲ့ စာရွက်စာတမ်းတွေ အကုန်ပေး လိုက်ပါ။
မိတ္တူ ၁ စုံ သူယူထားပြီး ကျန်တစ် ကို တုန်းထု ပြန် ပေး လိုက် လိမ့်မယ်။
အဲဒါနဲ့  ပုံစံ ယူ ရမယ့် ကောင်တာမှာ ပုံစံ သွားယူ ပြီးဖြည့် ပြီးရင် အဲဒီအထဲမှာပဲ မြန်မာ့စီးပွားရေးဘဏ် ရှိပါတယ် ...အဲဒီမှာ ပိုက်ဆံ ၂၈၀၀၀ ဆောင် ရပါမယ်။ ဖြစ်နိုင်ရင် အတန်ကြီးတွေ ပေး ပါ။ သူတို့ ပိုက်ဆံရေ တာ အရမ်းကြာလို့  မြန်မြန်ပြီးအောင်ပါ ။
သူတို့  ချလန် ပြန်ပေးရင် ဓာတ်ပုံရိုက်တဲ့ အခန်း မှာ ဓာတ်ပုံ သွား
ရိုက် အဲဒီမှာလဲ ယူသွားတဲ့ မူရင်းရော မိတ္တူတွေ ရော အကုန် ထပ်ပြရပါတယ်။ ဓာတ်ပုံရိုက်ခ ၂၀၀၀ ပေးရပါတယ်။
ဓာတ်ပုံရိုက် စစ်ဆေးပြီးရင် passport အဟောင်း ကို ယူထား လိုက်ပြီး ချလန်သေးသေးလေး ၁ ခု ပေးပါတယ်။
သူပြောတဲ့ ရက်ကျရင် ချလန်လေး ပြပြီး စာအုပ်သွားထုပ်ရုံပါဘဲ။
သွားထုတ်တဲ့ နေ့ ကျ ရင်တော့ သန်ခေါင်းသာရင်းမူရင်း တွေ ပြန်ယူသွားပါ ။ ကိုယ့်တုန်း က မလိုဘူး ထင်ပြီး မယူသွား မိတော့ ပိုက်ဆံအပိုထွက်သွား တယ် .... ပုံပြင်လေး က တော့ ဒါပါပဲ ကွယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။