Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 15, 2017

အိပ်မက်ကြီးကြီးမက်ကြပါ.. Dream big..

 
 
၁။ အိပ်မက်ကြီးကြီးမက်ကြပါ.. Dream big..

လူငယ်များကို စိတ်ဓါတ်အင်အားမြှင့်တင်ပေးရာမှာ၊ စိတ်ဓါတ်တက်ကျွစေရန် တွန်းအားပေးကြရာမှာ၊ အိပ်မက်ကြီးကြီးမက်ကြဖို့တိုက်တွန်းကြတာဟာ၊ အဓိကကျတဲ့ အခြေခံကျတဲ့ပထမခြေလှမ်းပါ။ ကျနော်တို့ငယ်စဉ်က လူကြီးတွေကမေးတတ်ကြပါတယ်.. ငါ့သားကြီးရင်ဘာလုပ်မလဲ.. လူလေးကြီးရင်ဘာလုပ်မလဲ.. ဆရာဝန်ကြီးလုပ်မယ်.. အင်္ဂျင်နီယာကြီးလုပ်မယ်.. စစ်ဗိုလ်ကြီးလုပ်မယ်.. ရှေ့နေကြီးလုပ်မယ်.... စသဖြင့်ပေါ့လေ... တချို့ ဗဟုသုတကျွယ်ဝတဲ့မိဘများကဆိုရင် မိမိတို့သား သမီးတွေကိုငယ်စဉ်ကပင် ကလေးတွေကို စိတ်ကူးယဉ် ကစားစရာလေးများ ဝယ်ပေးခြင်း ဖန်တီးပေးခြင်း မိမိ ကလေးကို မိမိ လမ်းကျောင်းပေးလိုသော ပတ်ဝန်းကျင်ဖန်တီးပေးခြင်း၊ စသည်ဖြင့် မိမိကလေးကို မိမိဖြစ်စေချင်သော အိပ်မက်အတွင်း ဝင်ရောက်လာစေရန် ဖန်တီးပေးတတ်ကြပါတယ်။

တိုးတက်သောနိုင်ငံများမှာရှိကြတဲ့ မိဘများကဆိုလျှင် မိမိတို့သားသမီးများကို၊ စာကြည့်တိုက်များကိုပို့ပေးခြင်း၊ ပြတိုက်များကိုပို့ပေးခြင်း၊ စိတ်ကူးယဉ်အိပ်မက်များနှင့် ဖန်တီးထားသော ကစားကွင်းများကို ပို့ပေးခြင်း၊ Military shows, Air shows, Formula One ကဲ့သို့သော Car Shows, Scientific Exhibitions, စသည်များကို ပို့ပေးခြင်းဖြင့် ကလေးတွေကို၊ မိမိစိတ်ဝင်စားရာမှာ စိတ်ကူးကြီးကြီးယဉ်နှိုင်အောင်၊ အိပ်မက်ကြီးကြီးမက်နှိုင်အောင်၊ လမ်းကြောင်းပေးခဲ့ကြပါတယ်။

ငယ်စဉ်ကမိဘများကလမ်းကြောင်းမပေးနှိုင်ခဲ့တဲ့ကလေးများအတွက်ကလည်း၊ ကျောင်းများဟာ အိပ်မက်ကြီးကြီးမက်နှိုင်အောင် အိပ်မက်ကမ္ဘာထဲကိုပို့ပေးနှိုင်တဲ့အကောင်းဆုံးသော၊ ပတ်ဝန်းကျင်များပင်ဖြစ်ပါသည်။ ဒါပေမဲ့ ကျောင်းများရဲ့ အန္တရာယ်ရှိတဲ့အချက်က၊ ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းများရဲ့ သက်ရောက်မှု (Influence) ဟာအင်မတန်အရေးကြီးပါတယ်။ နောက်တခုက သင်ကြားပြသ သွန်သင်ဆုံးမပေးနေကြတဲ့ ဆရာများရဲ့ညွှန်ကြားပြသမှု (guidance) ကလဲ အင်မတန်မှအရေးကြီးပါတယ်။

မိဘများကလည်းလမ်းကြောင်းမပေးနှိုင်ခဲ့၊ ကျောင်းများကလည်း အိပ်မက်ကမ္ဘာထဲကို မဆွဲဆောင်နှိုင်ခဲ့ဘူးဆိုရင်တော့၊ အဲဒီလူငယ်လေးများအနေနဲ့ကတော့၊ အိပ်မက်ကြီးကြီးမက်ကြဖို့ရာ၊ စာများများဖတ် ပေးကြပါ။ စာကြည့်တိုက်များ၊ စာအုပ်ဆိုင်များ၊ ပညာပေးရုပ်ရှင်များ၊ ပညာပေး တီဗီများ၊ ဗွီဒီယိုများ၊ အင်တာနက်များ၊ ဟောပြောပွဲများ၊ စသည့်မီဒီယာများမှတဆင့် အိပ်မက်ကြီးကြီးများကိုရှာဖွေနှိင်ကြပါတယ်။ တခုတော့သတိထားရမယ်၊ အဲဒီမီဒီယာများဟာ ကောင်းသောလမ်းကြောင်းများကို ညွှန်ပြနှိင်ကြသလို၊ မကောင်းတဲ့ လမ်းဆိုးများကိုလည်း တွန်းပို့နှိုင်ကြပါတယ်။

အဲဒီမီဒီယာများဟာ၊ ဂျော့ဝါရှင်တန်လို မဟတ္တမဂန္ဒီလို ကမ္ဘာကျော်နိုင်ငံရေးသမားကြီးများ၊ ဘီလ်ဂိတ်လို ဝါရင်ဘူဖေးလို သူဌေးကြီးများ၊ စတိဗဂျော့လို အိုင်ယာကော့ကားလို အောင်မြင်သော ကျွမ်းကျင်သည့်ပညာရှင်များ၊ ဂျက်မားလို ရစ်ချတ်ဘရွန်ဆန်လို အောင်မြင်သောစီးပွားရေးသမားများ၊ အိန်စတိန်းလို စတီဖင်ဟောကင်းလို အတုမရှိ သိပ္ပံပညာရှင်ကြီးများ၊ စသည့် အောင်မြင်ကျော်ကြားထင်ပေါ်သူများကိုဖေါ်ပြလမ်းညွှန်ပေးနှိုင်သလို၊ မကောင်းမှုဒုစရိုက်များ၊ အရက်သမား မူးယစ်ဆေးသမား ခိုးဆိုးလုယက်သူများ အကြမ်းဖက်သမားများအဖြစ်သို့လည်း တွန်းပို့ပေးနှိုင်ပါတယ်။

ဒါတွေဟာ၊ အိပ်မက်ကြီးကြီးမက်ကြဖို့တိုက်တွန်းရာမှာ၊ တိုက်တွန်းသောသူများအနေနဲ့ရော၊ လိုက်နာမဲ့သူများအတွက်ပါ အင်မတန် အလေးအနက်ထား သတိထားကြရမဲ့အချက်တွေပါ။ တိုးတက်လိုသော အောင်မြင်လိုသော လူငယ်များအတွက် အင်မတန်အန္တရာယ် ကြီးပါတယ်။ ဒါကြောင့် မိမိရည်မှန်းမြင်မက်လိုသော၊ အိပ်မက်ကိုရွေးချယ်ရာမှာ သတိထားရွေးချယ်ကြရမဲ့ အရေးကြီးတဲ့အချက်ပါဘဲ။

နောက်တခုကတော့၊ အိပ်မက်ကိုရွေးချယ်ရာမှာ၊ ကိုယ်စိတ်ကူးချင်တာကို ကိုယ်နှစ်သက်ရာကို ကိုယ်စိတ်ဝင်စားရာကို၊ ရွေးချယ်ပြီး၊ လွတ်လွတ်လပ်လပ်ကြီး အားရပါးရ စိတ်ကူးယဉ်ပစ်လိုက်ပါ။ စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဘာမှအရင်းစိုက်စရာမလိုပါဘူး။ ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ အိပ်မက်ဟာ ကြီးလေကောင်းလေပါဘဲ။ ဒါမှ အိပ်မက်ကို အကောင်အထည်ဖေါ်ရာမှာ အိပ်မက်ကြီးလေလေ အိပ်မက်ကပြန်ရလာမဲ့အကျိုးရလာဘ်ကကြီးလေလေ ကိုယ်ကလက်လွှတ်အဆုံးအရှုံးမခံနှိုင်လို့ ပိုမက်မောစိတ်နဲ့ အပြင်းအထန်ကျိုးပန်းအားထုတ်ပြီး အောင်မြင်သည်အထိ ရုန်းကန်ကြိုးစားအကောင်အထည်ဖေါ်လာပါလိမ့်မည်။

မဖြစ်နှိုင်သည်ဟူ၍မရှိပါ။ လူသားများဟာ၊ ၁၈ရာစုမတိုင်မှီကပင်၊ ကောင်းကင်တွင်ငှက်များပျံသန်းနေကြသည်ကိုကြည့်၍၊ ကောင်းကင်တွင်ပျံသန်းလိုစိတ်များဖြစ်ပေါ်လာခဲ့ကြပြီး ငှက်များလိုပျံသန်းနှိုင်ရန်အတွက် စိတ်ကူးတွေယဉ်ခဲ့ကြပါတယ်.. အိပ်မက်လှလှလေးတွေမက်ခဲ့ကြပါတယ်.. အဲဒီခေတ် အဲဒီအခါက လူသားများ လေထဲမှာ ငှက်များလိုပျံဝဲနှိုင်ရန်မှာ မဖြစ်နှိုင်သောကိစ္စလို့ ထင်ခဲ့ကြရပါတယ်...ဒါပေမဲ့ လူသားဆန်သောလူသားများ လူသားစစ်စစ် လူသားများဖြစ်ကြတဲ့ George Cavel, William Henson, John Stingfellow စတဲ့ လူသားဆန်သောလူသားများက ၁၈၀၃ခုနှစ်ထဲတွင် ကောင်းကင်မှာပျံသန်းနှိုင်သော စက်ယန္တယားများကို မအောင်မြင်သေးသောကျိုးပန်းမှုများနှင့် တီထွင်ဖန်တီးခဲ့ကြပါတယ်...

အဲဒီနောက်တော့ တိုးတက်လာပြီး မအောင်မြင်သေးတဲ့ကျိုးပန်းမှုများကို Hiram Maxiam, Samuel Langley, စတဲ့ ဇွဲမလျှော့သောလူသားများက ၁၈၉၀ခုနှစ်များမှာ တိုးတက်မှုများနှင့်အတူဆက်လက်ကျိုးပန်းခဲ့ကြပါတယ်.. နောက်ဆုံးတော့ ၁၉၀၈ခုနှစ်မှာ Wright Brothers (Orville Wright and Wilbur Wright) တို့ညီအကိုက လေယာဉ်ကိုလူသားတို့စီးလို့ရတဲ့အထိဖန်တီးပေးခဲ့ပြီး ငှက်ကလေးများလို လေထဲမှာပျံဝဲနေနှိုင်ချင်တဲ့ လူသားတို့ရဲ့ အိပ်မက်ကိုအကောင်အထည်ဖေါ်ပေးနှိုင်ခဲ့ကြပါတယ်...

ယခုဆိုလျှင် လူသားတို့ဟာ လကမ္ဘာကိုလဲရောက်ဘူးခဲ့ကြပါပြီ.. မှောင်မဲနေတဲ့ညအခါမှာလည်းကမ္ဘာကြီးကိုလင်းထိန်နေအောင်လုပ်နှိုင်ခဲ့ပါပြီ။ စိတ်ကူးတွေယဉ်ခဲ့သော အင်္ဂါဂြိုလ်ကိုလဲ လူသားတို့ရဲ့ ယန္တယားများရောက်အောင်လွှတ်နှိုင်ခဲ့ကြပါပြီ။ လက်ထဲမှာကိုင်ထားတဲ့အပြားလေးနဲ့ တဦးနဲ့တဦး စကားတွေပြောနေကြပြီ။ ဓါတ်ပုံတွေရိုက်နေကြပြီ။ စာတွေရေးနေကြပြီ။ ရုပ်ရှင်တွေကြည့်နေကြပြီ။ ကွန်ပြူတာဆိုတာကြီးတွေကိုလွှတ်ပစ်လိုက်ကြပါပြီ။ တီဗီဆိုတာကြီးတွေကိုလွှတ်ပစ်လိုက်ကြပါပြီ။ ရုပ်ရှင်ရုံဆိုတာကြီးတွေထဲမှာ ချိန်းတွေ့တဲ့အတွဲတွေကလွဲလို့ လူတွေမရှိကြတော့ပါဘူး။

ဒါတွေဟာ၊ လူတွေအိပ်မက်မက်ခဲ့ကြတာတွေ၊ စိတ်ကူးယဉ်ခဲ့ကြတာတွေ၊ လက်တွေ့အကောင်အထည်ပေါ် ဖြစ်လာခဲ့ကြတဲ့တိုးတက်မှုတွေပါဘဲ။

ဒါကြောင့်၊ ကြီးပွားတိုးတက်မှုလမ်းကြောင်းရဲ့အစဟာ၊ အိပ်မက်ကြီးကြီးမက်လိုက်ပါ။ စိတ်ကူးယဉ် အိပ်မက်ကို ကိုယ့်စိတ်ထဲမှာ စိတ်ကူးပြီဆိုရင်၊ အဲဒီအိပ်မက်ဟာ၊

၁။ တိကျရှင်းလင်းပြတ်သားရပါမယ်
၂။ မိမိရဲ့အိပ်မက်ကိုမိမိ အမြဲစိတ်ထဲမှာစွဲမြဲနေရပါမယ်။
၃။ အဲဒီအိပ်မက်ဟာ မိမိမြင်နှိုင်သလောက်အတိုင်းအတာအတွင်းမှာ တတ်နှိုင်သလောက်ကြီးကြီး မြင်မက်လိုက်ပါ။
၎။ အဲဒီ အိပ်မက်ရဲ့ အဆုံးပမာဏကိုတိတိကျကျ ပြတ်ပြတ်သားသားမြင်နှိုင်ရပါမယ်။
၅။ မိမိရဲ့အိပ်မက်ကိုလဲအမြဲ ကိုယ့်စိတ်ထဲမှာ ရွတ်ဆိုပေးခြင်း၊ အမြဲစိတ်ကူးပေးနေခြင်း။ ထပ်တလဲလဲ စိတ်ထဲမှာ မြင်မက်နေရပါမယ်။
၆။ အိပ်မက်ကို တခုဘဲတိတိကျကျ ပြတ်ပြတ်သားသား မက်ပါ။

လုပ်ငန်းကုမ္ပဏီကြီးကြီးတွေမှာလဲ၊ လုပ်ငန်းရဲ့အခြေခံအကျဆုံးအချက်ကတော့၊ “Vision & Mission” ဆိုတာတွေပေါ့။ Vision ဆိုတာကတော့ ကုမ္ပဏီလုပ်ငန်းရဲ့ လုပ်ငန်းအပေါ်မှာထားရှိတဲ့ အမြင်ပေါ့။ Mission ဆိုတာကတော့ ကုမ္ပဏီက အဲဒီလုပ်ငန်းကိုမည်သို့ မည်ပုံ အကောင်အထည်ဖေါ်ဆောင်ရွက်မယ်ဆိုတဲ့ မြေပုံလမ်းကြောင်းပေါ့။

ဒါကတော့၊ "အိပ်မက်ကြီးကြီးမက်ပါ" ဆိုတဲ့ အဆင့် ၁ ပါဘဲ။ အဲဒီတော့အိပ်မက်ကြီးကြီးမက်လိုက်ကြပါ။ မိမိနှစ်သက်ရာအိပ်မက်ကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြတ်ပြတ်သားသား မက်လိုက်ကြပါ။ ပြီးရင် အဲဒီ အိပ်မက်ကို ဦးဏှောက်ထဲမှ စွဲမြဲသွားအောင် မက်လိုက်ပါ။ ဖြစ်နှိုင်ရင်တော့ မိမိအိပ်မက်ကို အတိုင်းအတာအတိအကျပိုင်းဖြတ်နှိုင်ရင်ပိုကောင်းပါတယ်။ တချို့အိပ်မက်တွေကတော့ အတိုင်းအတာပမာဏ ပိုင်းဖြတ်လို့မရတာတွေလဲရှိတတ်ပါတယ်။

အိပ်မက်ကို တိတိကျကျ ပြတ်ပြတ်သားသား တစ်ခုထဲမက်ပါ။ ကြီးကြီးမက်ပါ။ ၂ခု ၃ခု တွေလျှောက်မမက်ပါနဲ့။ အဲဒါဟာ လူကိုထွေပြားသွားပြီး စိတ်ကူးယဉ်သက်သက်ဖြစ်သွားပြီး တောင်မရောက် မြောက်မရောက်နဲ့ ဘာမှ အကောင်အထည်မပေါ်ဘဲဖြစ်သွားပါလိမ့်မယ်။ ကဲ အိပ်မက်လှလှ ကြီးကြီးမက်နှိုင်ကြပါစေ။.....

- ဗိုလ်သန်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။