Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Friday, October 20, 2017

အိမ္ေထာင္က် ကံေကာင္းျခင္းနဲ႔ ကံဆိုးျခင္း


မိန္းကေလးတစ္ေယာက္ကအိမ္ေထာင္က်သြားၿပီဆိုရင္ လူေတြကအထင္နဲ႔ ေယာက်ၤားရကံေကာင္းတယ္ ကံဆိုးတယ္ဆိုၿပီးသတ္မွတ္ေျပာဆိုတတ္ၾကပါတယ္။
ရုပ္ကေလးလွရံုနဲ႔ မျပည့္စံုတဲ့ မိန္းကေလးတစ္ေယာက္က သူ႔ထက္သာတဲ့ျပည့္စံုတယ္လို႔ယူဆရတဲ့ ေယာက်ၤားတစ္ေယာက္နဲ႔ အိမ္ေထာင္က်ရံုနဲ႔ သူမမွာကံေကာင္းျခင္းေတြ မပိုင္ဆိုင္ပါဘူး။ သူ႔လင္ေယာက်ၤားရဲ႕ အရွိန္အဝါကိုေတာ့ သူသိမ္ငယ္ေနရတာပါ ..

ေယာက်ၤားတစ္ေယာက္ ရွာေဖြေကၽြးေမြးတာကို ထိုင္စားေနတဲ့မိန္းမမို႔
ကိုယ့္ဝမ္းစာကိုယ္ ရွာမစားရလို႔လည္း ကံေကာင္းတယ္ မဆိုႏိုင္ပါဘူး။ အနည္းဆံုးေတာ့ သူဟာ သူ႔ဘဝကိုပစ္ပယ္ၿပီး သားသမီးအတြက္ လင္ေယာက်ၤားအတြက္ ေပးဆပ္အခ်ိန္ကုန္ေနရတာပဲ။
ဒါ့ထက္ပိုဆိုးရင္ ေယာက်ၤားမ်က္ႏွာၾကည့္ၿပီး မဝံ့မရဲဘဝနဲ႔ ေနေနရတာပါ။ တခါတေလ သူ႔မွာ ဆံုးျဖတ္ပိုင္ခြင့္ဆိုတာ ဘာမွေတာင္ မသိပဲ ကိုယ့္ဘဝကိုယ္သတ္ၿပီး ရွင္သန္ေနရတာပါ။ ေယာက်ၤားလုပ္သမၽွ မေျပာရဲမဆိုရဲေနရတဲ့အခ်ိန္ေတြေတာင္ ရွိရင္ ရွိေနႏိုင္ပါတယ္။
မိန္းမသားေတြဟာ အိမ္ေထာင္ျပဳတယ္ဆိုကတည္းက မွီခိုခ်င္လို႔အားကိုးခ်င္လို႔ မွီခိုထိုက္အားကိုးထိုက္သူကို ေရြးခ်ယ္တတ္ၾကတယ္။ ဒါကိုပဲ အႏိုင္ယူ ႏွိမ္ထားခ်င္တဲ့ေယာက်ၤားေတြမွ တပံုႀကီး။ အားလံုးကိုေတာ့ မဆိုလိုပါ။ ၿပီးေတာ့ ေယာက်ၤားေတြက ကိုယ္ကေပးဆပ္ေနတာပဲျမင္တာ ကိုယ့္ကိုေပးဆပ္ေနခဲ့ရင္ေတာ့ မသိခ်င္ေယာင္ေဆာင္တတ္ၾကတယ္။ တခ်ိဳ႕ေတြဆိုရွိပါတယ္ တေလာကလံုးနဲ႔ အဆင္ေျပေအာင္ေနတယ္ အိမ္ကမိန္းမေတာ့ ဘယ္လိုေနေန အျပစ္မလြတ္ဘူး။ တျဖည္းျဖည္း ပါးစပ္ကေန ထုတ္ေဖာ္ကဲ့ရဲ႕ခံရတဲ့အထိ ႏွိမ္ခ်ခံေနရတဲ့ မိန္းမသားေတြ ရွိပါတယ္။
အသိဥာဏ္ေသးသိမ္တဲ့ ပတ္ဝန္းက်င္က ဒီလိုေယာက်ၤားမ်ိဳးရတာ ကံေကာင္းတယ္မွတ္ နင့္ကိုသူမို႔ယူတာ လိမ္လိမ္မာမာေန ဒါမ်ိဳးေတြေျပာေျပာၿပီး လင္မယားၾကား ေသြးခြဲလိုက္တာကို ေသြးနားထင္ေရာက္ေနတဲ့ ေယာက်ၤားမ်ားကေတာ့ ကမၻာမွာသူကပဲ ကယ္တင္ရွင္လူစြမ္းေကာင္းလိုပံုစံ ခ်ိဳးျပပါေလေရာ။ ကၽြန္မေျပာပါ့မယ္ ေငြရွာႏိုင္တဲ့အဆင့္တခု ရွိေနႏိုင္တဲ့ ေယာက်ာၤးတစ္ေယာက္ကိုရတာနဲ႔ ဒီမိန္းကေလးက ကံေကာင္းသြားေရာတဲ့လား သူ႔ရဲ႕အက်င့္စာရိတၱ ဘာဆိုဘာမွမသိပဲ ဂုဏ္မ်က္ႏွာတခုထဲနဲ႔ ဆံုးျဖတ္လိုက္လို႔ရလား ေငြေၾကးမခ်မ္းသာတာနဲ႔ပဲ သမၼာအာဇီဝက်က် ေနထိုင္စားေသာက္ေနတဲ့မိန္းကေလးမွာ အလိုလိုေနရင္း မ်က္ႏွာမြဲကိုျဖစ္လို႔။ အမွန္တကယ္ေတာ့ ကိုယ့္စိတ္ႀကိဳက္ကိုယ္ ေရြးၾကတာပါ ကိုယ္လက္ခံႏိုင္လို႔ ရယူထားတဲ့ဘဝကို ကိုယ္စီမံရမွာပဲ မဟုတ္လား။
အရင္ကေတာ့ ခ်စ္ခင္ၾကင္နာစက ကိုယ့္ခ်စ္သူရဲ႕ အားနည္းခ်က္ဟာ ကိုယ့္အသက္ထက္ ပိုကာကြယ္ေပးမလိုနဲ႔ ၾကာလာေတာ့ ႏိုင္ကြက္လိုအသံုးခ်လာတယ္။ အားကိုးစရာ မိဘမရွိတဲ့ မိန္းကေလးဆို အိမ္ကႏွင္ခ်မယ္။ မိဘက ေထာက္ပံ့မႈမေပးႏိုင္တဲ့ မိန္းကေလးဆို အႏွိမ္ခံရမယ္။ ေငြမရွာႏိုင္တဲ့ မိန္းကေလးဆိုလို႔ကေတာ့ သြားၿပီ..တသက္လံုး
ကၽြန္လိုသာ ေနေပေတာ့ပဲ။
အသိုင္းဝိုင္းမရွိတဲ့ မိန္းကေလးဆိုရင္ ေယာက်ၤားလုပ္သူက ေဆြဂုဏ္မ်ိဳးဂုဏ္နဲ႔ မာန္တက္ၿပီး ႏွိမ္ခ်ဆက္ဆံခံေနရတတ္တယ္။ တခ်ိဳ႕ေသာေယာက်ၤားေတြက လူကိုနာေအာင္ လုပ္တာထက္ စိတ္ကိုနာေအာင္ ပိုလုပ္တတ္ၾကတယ္။ စကားလံုးအမ်ိဳးမ်ိဳးနဲ႔ တသက္လံုး လူအညႊန္႔တုန္းေအာင္
ခ်ိဳးထားတတ္ၾကတယ္။ အစကတည္းက အခ်စ္ဆိုတာကို ေရွ႕တန္းမတင္ပဲ ကိုယ္နဲ႔အဆင္ေျပတာကို ေရြးတတ္ခဲ့ရမွာ။ ရိုင္းရိုင္းေျပာရရင္ ကိုယ့္အတြက္ ရိုးအီသြားမွ အႏိုင္က်င့္ႏွိပ္စက္ ႏွိမ္ခံေနရတဲ့ အိမ္ေထာင္ေရးေတြမွ ဒုနဲ႔ေဒး။
မိန္းမတစ္ေယာက္အတြက္ အသည္းအနာဆံုးစကားက ငါရွာေကၽြးေနတာ ပါးစပ္ပိတ္ၿပီး ေအးေဆးထိုင္စား ငါဘာလုပ္လုပ္ လာမစြက္ဖက္နဲ႔ဆိုတာပဲ။ အဲ့ဒါမိန္းမတေယာက္ကို ကၽြန္လိုဆက္ဆံတာ။ ငါေယာက်ၤားဟဲ့ဆိုၿပီး အႏိုင္ယူလိုက္တာ။ ေငြေလးနည္းနည္းရွာႏိုင္လာေတာ့ ကိုယ့္ကိုယ္ကို အလံထူလာတယ္။ မရွိစဥ္အဆင္မေျပခ်ိန္က ငပိရည္နဲ႔ၾကက္ဥေၾကာ္ အတူစားခဲ့တာေတြ ေမ့တတ္လာတယ္။ စားစရာမရွိခ်ိန္ ဘဝကိုရုန္းကန္ခဲ့ဖူးတာေတြ သတိမရတတ္ေတာ့ဘူး။ ေငြစေၾကးစေလးရွိလာေတာ့ မင္းသြားလိုက္ေတာ့ ငါ့အတြက္ မိန္းမမရွားဘူးဆိုၿပီး ျဖစ္လာတယ္။
မိန္းမကလြဲရင္ အကုန္လံုး အလွပေဂးေလး ျဖစ္လာတယ္။ တခ်ိန္က သနပ္ခါးပါးကြက္ၾကားနဲ႔ ျမန္မာဆန္လို႔ခ်စ္တယ္ဆိုတာေတြက အခုေတာ့ ေဆးေရာင္စံုေတြၾကား ေတာဂိုက္ႀကီး ျဖစ္လာတယ္ ။
မိန္းမတေယာက္ျဖစ္ေနလို႔ဆိုၿပီး အရာအားလံုးကို ၿမိဳသိပ္ခံစားေနရတာေတြ ဘယ္သူမွ မသိႏိုင္ပါဘူး။ လူေတြက သတ္မွတ္လိုက္တဲ့ ပညတ္ခ်က္ေတြေၾကာင့္ တခ်ိဳ႕ မေပ်ာ္ရႊင္ေနတာကို ေပ်ာ္ရႊင္ခ်င္ေယာင္ေဆာင္တယ္။ သူဘယ္ေလာက္ပဲ ရုန္းထြက္ခ်င္ေနေပမယ့္ ႀကိတ္မွိတ္ၿမိဳသိပ္တယ္။
ကိုယ့္ကိုလူေတြ ဘယ္လိုျမင္မလဲဆိုတာ ေတြေတြးရင္းနဲ႔ ကိုယ့္ဘဝကိုယ္သတ္ပစ္ေနရတယ္။ မိန္းကေလးတေယာက္ အိမ္ေထာင္ေရး ကံဆိုးတယ္ ကံေကာင္းတယ္ဆိုတာ ပတ္ဝန္းက်င္က သတ္မွတ္လို႔မရဘူး။ ကာယကံရွင္ မိန္းကေလးကိုယ္တိုင္ပဲ သိပါတယ္။ အဲ့ဒါ့ေၾကာင့္ သူတပါးဘဝကို အျမင္နဲ႔ မသံုးသပ္ၾကပါနဲ႔။ ။
Credit :ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခိုင္သဇင္ဟိဏ္း
# Unicode Version #
မိန်းကလေးတစ်ယောက်ကအိမ်ထောင်ကျသွားပြီဆိုရင် လူတွေကအထင်နဲ့ ယောင်္ကျားရကံကောင်းတယ် ကံဆိုးတယ်ဆိုပြီးသတ်မှတ်ပြောဆိုတတ်ကြပါတယ်။
ရုပ်ကလေးလှရုံနဲ့ မပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်က သူ့ထက်သာတဲ့ပြည့်စုံတယ်လို့ယူဆရတဲ့ ယောင်္ကျားတစ်ယောက်နဲ့ အိမ်ထောင်ကျရုံနဲ့ သူမမှာကံကောင်းခြင်းတွေ မပိုင်ဆိုင်ပါဘူး။ သူ့လင်ယောင်္ကျားရဲ့ အရှိန်အဝါကိုတော့ သူသိမ်ငယ်နေရတာပါ ..
ယောင်္ကျားတစ်ယောက် ရှာဖွေကျွေးမွေးတာကို ထိုင်စားနေတဲ့မိန်းမမို့
ကိုယ့်ဝမ်းစာကိုယ် ရှာမစားရလို့လည်း ကံကောင်းတယ် မဆိုနိုင်ပါဘူး။ အနည်းဆုံးတော့ သူဟာ သူ့ဘဝကိုပစ်ပယ်ပြီး သားသမီးအတွက် လင်ယောင်္ကျားအတွက် ပေးဆပ်အချိန်ကုန်နေရတာပဲ။
ဒါ့ထက်ပိုဆိုးရင် ယောင်္ကျားမျက်နှာကြည့်ပြီး မဝံ့မရဲဘဝနဲ့ နေနေရတာပါ။ တခါတလေ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ ဘာမှတောင် မသိပဲ ကိုယ့်ဘဝကိုယ်သတ်ပြီး ရှင်သန်နေရတာပါ။ ယောင်္ကျားလုပ်သမျှ မပြောရဲမဆိုရဲနေရတဲ့အချိန်တွေတောင် ရှိရင် ရှိနေနိုင်ပါတယ်။
မိန်းမသားတွေဟာ အိမ်ထောင်ပြုတယ်ဆိုကတည်းက မှီခိုချင်လို့အားကိုးချင်လို့ မှီခိုထိုက်အားကိုးထိုက်သူကို ရွေးချယ်တတ်ကြတယ်။ ဒါကိုပဲ အနိုင်ယူ နှိမ်ထားချင်တဲ့ယောင်္ကျားတွေမှ တပုံကြီး။ အားလုံးကိုတော့ မဆိုလိုပါ။ ပြီးတော့ ယောင်္ကျားတွေက ကိုယ်ကပေးဆပ်နေတာပဲမြင်တာ ကိုယ့်ကိုပေးဆပ်နေခဲ့ရင်တော့ မသိချင်ယောင်ဆောင်တတ်ကြတယ်။ တချို့တွေဆိုရှိပါတယ် တလောကလုံးနဲ့ အဆင်ပြေအောင်နေတယ် အိမ်ကမိန်းမတော့ ဘယ်လိုနေနေ အပြစ်မလွတ်ဘူး။ တဖြည်းဖြည်း ပါးစပ်ကနေ ထုတ်ဖော်ကဲ့ရဲ့ခံရတဲ့အထိ နှိမ်ချခံနေရတဲ့ မိန်းမသားတွေ ရှိပါတယ်။
အသိဉာဏ်သေးသိမ်တဲ့ ပတ်ဝန်းကျင်က ဒီလိုယောင်္ကျားမျိုးရတာ ကံကောင်းတယ်မှတ် နင့်ကိုသူမို့ယူတာ လိမ်လိမ်မာမာနေ ဒါမျိုးတွေပြောပြောပြီး လင်မယားကြား သွေးခွဲလိုက်တာကို သွေးနားထင်ရောက်နေတဲ့ ယောင်္ကျားများကတော့ ကမ္ဘာမှာသူကပဲ ကယ်တင်ရှင်လူစွမ်းကောင်းလိုပုံစံ ချိုးပြပါလေရော။ ကျွန်မပြောပါ့မယ် ငွေရှာနိုင်တဲ့အဆင့်တခု ရှိနေနိုင်တဲ့ ယောကျာၤးတစ်ယောက်ကိုရတာနဲ့ ဒီမိန်းကလေးက ကံကောင်းသွားရောတဲ့လား သူ့ရဲ့အကျင့်စာရိတ္တ ဘာဆိုဘာမှမသိပဲ ဂုဏ်မျက်နှာတခုထဲနဲ့ ဆုံးဖြတ်လိုက်လို့ရလား ငွေကြေးမချမ်းသာတာနဲ့ပဲ သမ္မာအာဇီဝကျကျ နေထိုင်စားသောက်နေတဲ့မိန်းကလေးမှာ အလိုလိုနေရင်း မျက်နှာမွဲကိုဖြစ်လို့။ အမှန်တကယ်တော့ ကိုယ့်စိတ်ကြိုက်ကိုယ် ရွေးကြတာပါ ကိုယ်လက်ခံနိုင်လို့ ရယူထားတဲ့ဘဝကို ကိုယ်စီမံရမှာပဲ မဟုတ်လား။
အရင်ကတော့ ချစ်ခင်ကြင်နာစက ကိုယ့်ချစ်သူရဲ့ အားနည်းချက်ဟာ ကိုယ့်အသက်ထက် ပိုကာကွယ်ပေးမလိုနဲ့ ကြာလာတော့ နိုင်ကွက်လိုအသုံးချလာတယ်။ အားကိုးစရာ မိဘမရှိတဲ့ မိန်းကလေးဆို အိမ်ကနှင်ချမယ်။ မိဘက ထောက်ပံ့မှုမပေးနိုင်တဲ့ မိန်းကလေးဆို အနှိမ်ခံရမယ်။ ငွေမရှာနိုင်တဲ့ မိန်းကလေးဆိုလို့ကတော့ သွားပြီ..တသက်လုံး
ကျွန်လိုသာ နေပေတော့ပဲ။
အသိုင်းဝိုင်းမရှိတဲ့ မိန်းကလေးဆိုရင် ယောင်္ကျားလုပ်သူက ဆွေဂုဏ်မျိုးဂုဏ်နဲ့ မာန်တက်ပြီး နှိမ်ချဆက်ဆံခံနေရတတ်တယ်။ တချို့သောယောင်္ကျားတွေက လူကိုနာအောင် လုပ်တာထက် စိတ်ကိုနာအောင် ပိုလုပ်တတ်ကြတယ်။ စကားလုံးအမျိုးမျိုးနဲ့ တသက်လုံး လူအညွှန့်တုန်းအောင်
ချိုးထားတတ်ကြတယ်။ အစကတည်းက အချစ်ဆိုတာကို ရှေ့တန်းမတင်ပဲ ကိုယ်နဲ့အဆင်ပြေတာကို ရွေးတတ်ခဲ့ရမှာ။ ရိုင်းရိုင်းပြောရရင် ကိုယ့်အတွက် ရိုးအီသွားမှ အနိုင်ကျင့်နှိပ်စက် နှိမ်ခံနေရတဲ့ အိမ်ထောင်ရေးတွေမှ ဒုနဲ့ဒေး။
မိန်းမတစ်ယောက်အတွက် အသည်းအနာဆုံးစကားက ငါရှာကျွေးနေတာ ပါးစပ်ပိတ်ပြီး အေးဆေးထိုင်စား ငါဘာလုပ်လုပ် လာမစွက်ဖက်နဲ့ဆိုတာပဲ။ အဲ့ဒါမိန်းမတယောက်ကို ကျွန်လိုဆက်ဆံတာ။ ငါယောင်္ကျားဟဲ့ဆိုပြီး အနိုင်ယူလိုက်တာ။ ငွေလေးနည်းနည်းရှာနိုင်လာတော့ ကိုယ့်ကိုယ်ကို အလံထူလာတယ်။ မရှိစဉ်အဆင်မပြေချိန်က ငပိရည်နဲ့ကြက်ဥကြော် အတူစားခဲ့တာတွေ မေ့တတ်လာတယ်။ စားစရာမရှိချိန် ဘဝကိုရုန်းကန်ခဲ့ဖူးတာတွေ သတိမရတတ်တော့ဘူး။ ငွေစကြေးစလေးရှိလာတော့ မင်းသွားလိုက်တော့ ငါ့အတွက် မိန်းမမရှားဘူးဆိုပြီး ဖြစ်လာတယ်။
မိန်းမကလွဲရင် အကုန်လုံး အလှပဂေးလေး ဖြစ်လာတယ်။ တချိန်က သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်လို့ချစ်တယ်ဆိုတာတွေက အခုတော့ ဆေးရောင်စုံတွေကြား တောဂိုက်ကြီး ဖြစ်လာတယ် ။
မိန်းမတယောက်ဖြစ်နေလို့ဆိုပြီး အရာအားလုံးကို မြိုသိပ်ခံစားနေရတာတွေ ဘယ်သူမှ မသိနိုင်ပါဘူး။ လူတွေက သတ်မှတ်လိုက်တဲ့ ပညတ်ချက်တွေကြောင့် တချို့ မပျော်ရွှင်နေတာကို ပျော်ရွှင်ချင်ယောင်ဆောင်တယ်။ သူဘယ်လောက်ပဲ ရုန်းထွက်ချင်နေပေမယ့် ကြိတ်မှိတ်မြိုသိပ်တယ်။
ကိုယ့်ကိုလူတွေ ဘယ်လိုမြင်မလဲဆိုတာ တွေတွေးရင်းနဲ့ ကိုယ့်ဘဝကိုယ်သတ်ပစ်နေရတယ်။ မိန်းကလေးတယောက် အိမ်ထောင်ရေး ကံဆိုးတယ် ကံကောင်းတယ်ဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်လို့မရဘူး။ ကာယကံရှင် မိန်းကလေးကိုယ်တိုင်ပဲ သိပါတယ်။ အဲ့ဒါ့ကြောင့် သူတပါးဘဝကို အမြင်နဲ့ မသုံးသပ်ကြပါနဲ့။ ။
Credit : ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်သဇင်ဟိဏ်း

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။