Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 29, 2017

ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်မှာသုံးသင့်လဲ???????

ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်မှာသုံးသင့်လဲ???????
===============================
ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ငွေရဖို့ အလုပ်တွေ ကြိုးစားကြတယ်။ ကျွန်တော်တို့ မဖြစ်မနေအသုံးပြုရမဲ့ သုံးငွေတွေ ပြီးရင် ပိုတဲ့ ငွေတွေကို ဘာလုပ်ကြလဲ။

လစာထုတ်လို့ ကိုယ့်လက်ထဲ ပိုက်ဆံရောက်တဲ့အခါ အဝတ်အစားသစ်တွေ ဝယ်ကြတာလား? ခေတ်စားနေတဲ့ ဖိနပ်အသစ်တွေ ဝယ်စီးသလား? ဈေးကြီးလှတဲ့ လက်ဝတ်လက်စား ရတနာတွေ ဝယ်ဝတ်ကြလား? အသစ်ထွက်သမျှ ပစ္စည်းတွေ ဝယ်ကိုင်ကြလား? မလိုအပ်တာတွေ ဝယ်ဖို့ shopping ထွက်ကြသလား?

ဒီလို အကန့်အသတ်ရှိတဲ့ငွေပိုတွေကို ကောင်းကောင်းမွန်မွန် အသုံးချဖို့လိုပါတယ်။ ဒီငွေတွေကို မင်းအတွက် တကယ်ပျော်ရွှင်စေမဲ့အရာပေါ်မှာ အသုံးပြုဖို့ လိုတာပေါ့။

စိတ်ပညာရှင် ဒေါက်တာ သောမတ်စ်က နှစ် ၂၀ ကြာ လေ့လာချက်ပြုလုပ်ပြီး ကောက်ချက်ချခဲ့တာကတော့ မင်းရဲ့ ငွေတွေကို အရာဝတ္ထုပစ္စည်းတွေပေါ်မှာ သုံးမပစ်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအရာဝတ္ထု ပစ္စည်းတွေက ပေးတဲ့ ပျော်ရွှင်မှုက တစ်ခဏပဲဖြစ်ပြီး မြန်မြန်ပျောက်ပြယ်သွားလို့ပါပဲ။ ဒါကို ဒီအချက် ၃ ချက်က ဖော်ပြနေပါတယ်။

၁။ ကျွန်တော်တို့ဟာ ပိုင်ဆိုင်မှုအသစ်တွေနဲ့ နေသားကျနေပါပြီ။
ကျွန်တော်တို့အတွက် အရင်က စိတ်လှုပ်ရှားစေပြီး တန်ဖိုးရှိလှတဲ့ အရာတွေဟာ အခုတော့ ပုံမှန်အရာဝတ္ထုတွေ ပိုင်ဆိုင်မှုတွေပဲ ဖြစ်နေပါပြီ။ အခုလောလောဆယ် မင်းအတွက် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ ပစ္စည်းက နောင်မှာ ပုံမှန်အရာဝတ္ထုပစ္စည်းတစ်ခုပဲ ဖြစ်နေဦးမှာပါ။

၂။ ကျွန်တော်တို့ ထပ်ထပ်ပြီး လိုချင်နေဦးမှာပါပဲ။
ဝယ်ယူမှု အသစ်အသစ်တွေ လုပ်လေ နောက်ထပ်အရာတွေကို ထပ်ထပ်ပြီး လိုချင်နေလေပါပဲ။ အဲ့ဒီအသစ်အသစ်တွေနဲ့ နေသားကျသွားပြန်ရင် အခြားအသစ်အသစ်တွေ ပိုကောင်းတာတွေကို တောင့်တပြန်ပါရော။

၃။ ယှဉ်ပြိုင်မှုတွေလုပ်ပြီး ကျေနပ်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။
ပိုင်ဆိုင်မှု ပစ္စည်းတွေက သူ့ရဲ့ သဘာဝအတိုင်း ယှဉ်ပြိုင်မှုတွေ ဖန်တီးပေးပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ နောက်ဆုံးပေါ်ကားတစ်စင်း ဝယ်လိုက်တယ်ဆိုပါစို့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက်က ဒီထက်ပိုကောင်းတဲ့ ကားတစ်စင်း မဝယ်မချင်းတော့ ကျွန်တော်တို့တွေ ပျော်ရွှင်ပြီး စိတ်လှုပ်ရှား ကျေနပ်နေပါလိမ့်မယ်။ အမြဲတမ်း ပြိုင်ဆိုင်မှု ရှိပါတယ်။

ပျော်ရွှင်မှုရဲ့ ရန်သူတွေထဲက တစ်ခုကတော့ adaptation ပါပဲလို့ Gilovich က ပြောပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်ဖို့ စိတ်ကျေနပ်ဖို့ ပစ္စည်းတွေ ဝယ်ကြပါတယ်။ ဒါပေမဲ့ ခဏတာပါပဲ။ ပစ္စည်းအသစ်အသစ်တွေက ကျွန်တော်တို့ကို ဆွဲဆောင်နေဦးမှာပါ။ ဒါတွေကို ကျွန်တော်တို့ကလဲ လိုချင်နေဦးမှာပါ။
ကျွန်တ်ာတို့က ဝယ်လိုက်တဲ့ ပစ္စည်းတွေကနေ ပျော်ရွှင်မှု စိတ်ကျေနပ်မှုတွေ ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ကြပါတယ်။ ဒီစိတ်ကျေနပ်မှုတွေက အဲ့ဒီပစ္စည်း ကြာရှည်ခံသလောက် ကြာလိမ့်မယ်လို့ ထင်မြင်ကြတယ်။ ကျွန်တော်တို့ မြင်နိုင် ကြားနိုင် ကိုင်တွယ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေက ကျွန်တော်တို့အတွက် အဖိုးတန်တယ်လို့ ထင်မြင်ကြပါတယ်။

ဒါဟာ မှားယွင်းပါတယ်။

ဒါဆို ကျွန်တော်တို့ ငွေတွေကို ဘယ်မှာသုံးသင့်လဲ။

Gilovich နဲ့ တစ်ခြား သုတေသနပညာရှင်တွေ တွေ့ရှိထားတာကတော့ မင်းရဲ့ ငွေတွေကို အရာဝတ္ထု ပစ္စည်းတွေအပေါ်မှာ အသုံးချတာထက်စာရင် အတွေ့အကြုံတွေရဖို့ အသုံးချတာက မင်းကို ပိုပြီး ပျော်ရွှင်အောင် ပြုလုပ်ပေးပါလိမ့်မယ်တဲ့။

အရာဝတ္ထုပစ္စည်းတွေကပေးတဲ့ ပျော်ရွှင်မှုထက် ပိုမို ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်တဲ့။
ဘာလို့လဲ??????

အတွေ့အကြုံတွေက ကျွန်တော်တို့ identity ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတယ်။

ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ့မြင်ထားတဲ့ အရာအားလုံး ကျွန်တော်တို့လုပ်ဆောင်ထားတဲ့ အရာအားလုံး ကျွန်တော်တို့ သွားရောက်ဖူးတဲ့နေရာ စတဲ့အရာတွေကို စုဆောင်းလို့ ရရှိလာတဲ့အရာ ဖြစ်ပါတယ်။ အရာဝတ္ထုပစ္စည်းတစ်ခု ဝယ်လိုက်လို့ မင်းဘယ်သူလဲဆိုတဲ့အရာဟာ ပြောင်းလဲမသွားပါဘူး။ ခရီးတွေ ထွက်ပြီး အတွေ့အကြုံတွေ စုဆောင်းတာက မင်းကို ပြောင်းလဲစေမှာပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေဟာ အရာဝတ္ထုပစ္စည်းတွေထက်စာရင် ကျွန်တော်တို့ ဘယ်သူလဲဆိုတာ ပိုပြီး ပြသနိုင်ပါတယ်။ မင်းဟာ မင်းရဲ့ ပစ္စည်းတွေကို သဘောကျနှစ်သက်နိုင်ပါတယ်။ ဒီအရာတွေကို မင်းဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေဟာ အမြဲ မင်းနဲ့ ကွဲကွာနေမှာပါ။ အတွေ့အကြုံတွေကတော့ မင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေမှာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အတွေ့အကြုံတွေအားလုံးရဲ့ ပေါင်းလဒ်ပါပဲ။

အတွေ့အကြုံတစ်ခုကို ကြိုတင် မျှော်မှန်းရတာက ပျော်ရွှင်စရာ စိတ်ကျေနပ်စရာ ပေးပါတယ်။

အရာဝတ္ထုပစ္စည်းတစ်ခုကို ရဖို့ မျှော်မှန်းနေရတာဟာ စိတ်မချမ်းသာစရာ စောင့်နေရတဲ့အတွက် သည်းမခံနိုင်စရာ စိတ်မရှည်စရာ ခံစားမှုတွေကို ပေးပေမဲ့ အတွေ့အကြုံတစ်ခု ခံစားရဖို့အတွက် မျှော်မှန်းနေရတာဟာ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်ကျေနပ်စရာ ခံစားမှုကို ပေးနိုင်ပါတယ်။ အတွေ့အကြုံတွေကတော့ စတင်စီစဉ်တဲ့ အချိန်ကစပြီး စိတ်ကျေနပ်စေပြီး တွေ့ကြုံပြီးတဲ့နောက်မှာလဲ အမြဲတမ်း ပျော်ရွှင်မှုပေးနိုင်မှာပါ။
အတွေ့အကြုံတွေက မင်းကို ကမ္ဘာသစ်တစ်ခုကို မိတ်ဆက်ပေးပါတယ်။
အရာဝတ္ထုပစ္စည်းတွေနဲ့မတူဘဲ အတွေ့အကြုံတွေဟာ မင်းကို အမြင်သစ်တွေ သင်ခန်းစာအသစ်တွေ ပေးစွမ်းနိုင်ပါတယ်။ ဒီအရာကနေ မင်းရဲ့ ဘဝကို အကောင်းဆုံး ဖြတ်သန်းသွားဖို့ ကူညီပေးပါလိမ့်မယ်။
social relationship ကို ပေးနိုင်တယ်။

ကျွန်တော်တို့တွေဟာ အတွေ့အကြုံတွေကို တစ်ခြားသူတွေနဲ့အတူ ဖန်တီးပါတယ်။ တကယ်လို့ လူတစ်ယောက်က ကျွန်တော်တို့ ဘေးမှာမရှိနိုင်ရင်တောင် သူနဲ့အတူ ဖန်တီးခဲ့တဲ့ အတွေ့အကြုံတွေက အမြဲရှိနေပြီး တစ်ခြားသူတွေကို ပြန်လည်ပြောနိုင်ပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာတွေ ဆွေးနွေးပြောဆိုကြတဲ့အခါ တစ်ခြားသူတွေနဲ့ မိတ်ဆွေဖွဲ့ကြတဲ့အခါ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေအကြောင်း ဆွေးနွေးတာ ရှားပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံတွေ ဖလှယ်ရင်း မိတ်ဆွေဖွဲ့ကြပါတယ်။

reference : forbes , inc , entrepreneur
Chit Su Moe Oo
Content Contributor
Dream Lab ( Y.E.C Learning Center)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။