#အသေးအဖွဲကိစ္စလေးနဲ့ စိတ်ညစ်နေရင်
လူ့ဘဝမှာ အရာရာတိုင်းဟာ သင်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။ ဒီသဘောကို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ တချို့လူတွေဟာ တကယ်တမ်း တစ်ခုခု အဆင်မပြေတာ ကြုံတွေ့လာတဲ့အခါ အဲဒီသဘောကို မေ့ပြီး အဆင်မပြေတာကိုပဲ စဉ်းစားရင်း ဝမ်းနည်းနေကြတယ်။ စိတ်သောက ရောက်နေကြတယ်။ တချို့ဆို မစားနိုင် မသောက်နိုင် ဖြစ်နေကြတယ်။
ဒါမျိုးလေးတွေ ကြားဖူးမှာပါ။
- "ကျွန်တော် ဒီမနက် ရုံးမှာ အစည်းအဝေးတက်ဖို့ အိပ်ယာက စောစောထတယ်။ အိမ်က ထွက်ခါနီးမှာ ကားသော့ရှာမတွေ့ဘူး။ သော့ရှာတာ တစ်နာရီကြာသွားလို့ ရုံးရောက်တော့ အစည်းအဝေးက ပြီးသွားပြီ။ ကျွန်တော့်အထက် အရာရှိရဲ့ လူကြားထဲမှာ အချိန်လေးစားပါလို့ အပြောခံလိုက်ရတယ်။ ကျွန်တော် ရှက်လိုက်တာဗျာ"
-
- "ဒီမနက် ဈေးသွားဝယ်တယ်။ ပစ္စည်းတွေ ရွေးပြီးမှ ပိုက်ဆံအိပ် အိမ်မှာ ကျန်ခဲ့တာ သိရတယ်။ ပစ္စည်းတွေကို ဆိုင်ရှင်ကို တောင်းပန် အိမ်ပြန်ပြီး ပိုက်ဆံအိပ်ပြန်ယူရတယ်။ ဒီအကြောင်း ပြန်စဉ်းစားရင်း ကျွန်မကိုယ်ကျွန်မ ဒေါသဖြစ်နေတာ အခုထိပဲ"
-
- "ကျွန်တော် ဒီနေ့ အိမ်စာမလုပ်ခဲ့လို့ ဆရာမက အတန်းထဲမှာ ဆူတယ်။ တတန်းလုံးက ကျွန်တော့်ကို လှောင်ပြောင်တဲ့ မျက်နှာတွေနဲ့ ဝိုင်းကြည့်ကြတယ်။ ကျွန်တော့်မျက်နှာ ဘယ်ထားရမှန်း မသိဘူး"
-
- ဒီနေ့ ကျွန်မရည်းစားနဲ့ ကတောက်ကဆ စကားများကြတယ်။ သူ ကျွန်မကို အခုအချိန်ထိ ဖုန်းမဆက်ဘူး။ သူ့ကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး။ သူအရမ်းစိတ်ဆိုးသွားတယ်ထင်တ ယ်။ ကျွန်မ ဒီလောကကြီးမှာ မနေချင်တော့ဘူး"
မိတ်ဆွေ သင် ဒီလို အဖြစ်မျိုး သို့မဟုတ် အလားတူ ကြုံဖူးမှာပါ။ သင်ဘယ်လို ခံစားရသလဲ။ သေချာတာပေါ့၊ သင်စိတ်ညစ်မယ်၊ ဒေါသထွက်မယ်၊ ရင်ထဲမှာ တနုံနုံ့ခံစားနေမယ်။ ဒီလို ဖြစ်နေရင် သင့်အတွက် မကောင်းဘူး။ သင် လုပ်ရမယ့်အလုပ်တွေကို ပုံမှန် မလုပ်နိုင်တော့ဘူး။ အဲဒါကို ကုစားနိုင်တဲ့ နည်းလေးတစ်ခု ပြောပြပါမယ်။ ဒီနည်းဟာ ကျွန်တော်ကိုယ်တိုင် နှစ်ပေါင်းများစွာ သုံးခဲ့တာပါ။
အဲဒါက စောစောကပြောသလို သင်အဆင်မပြေမှုလေးတွေကြုံလို့  စိတ်ညစ်နေရင် သင့်ကိုယ်သင် ဒီမေးခွန်းလေးကို မေးလိုက်ပါ။
- "ဒီကိစ္စဟာ နောက်တစ်နှစ်ကြာရင်ကော အရေးကြီးနေအုံးမှာလား"
သေချာတာပေါ့၊ နောက်တစ်နှစ် မပြောပါနဲ့။ နောက်တစ်လ၊ နောက်တစ်ပတ်ကြာရင်တောင် အရေးကြီးမှာ မဟုတ်တော့ပါဘူး။
တကယ်လို့ နောက်တစ်နှစ်အကြာမှာ ဒီကိစ္စကို ပြန်သတိရရင် သင် ပြုံးနေမှာ သေချာပါတယ်။
ဗန်းမော်သိန်းဖေ
၂၂-၁၀-၂၀၁၇
လူ့ဘဝမှာ အရာရာတိုင်းဟာ သင်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။ ဒီသဘောကို လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ တချို့လူတွေဟာ တကယ်တမ်း တစ်ခုခု အဆင်မပြေတာ ကြုံတွေ့လာတဲ့အခါ အဲဒီသဘောကို မေ့ပြီး အဆင်မပြေတာကိုပဲ စဉ်းစားရင်း ဝမ်းနည်းနေကြတယ်။ စိတ်သောက ရောက်နေကြတယ်။ တချို့ဆို မစားနိုင် မသောက်နိုင် ဖြစ်နေကြတယ်။
ဒါမျိုးလေးတွေ ကြားဖူးမှာပါ။
- "ကျွန်တော် ဒီမနက် ရုံးမှာ အစည်းအဝေးတက်ဖို့ အိပ်ယာက စောစောထတယ်။ အိမ်က ထွက်ခါနီးမှာ ကားသော့ရှာမတွေ့ဘူး။ သော့ရှာတာ တစ်နာရီကြာသွားလို့ ရုံးရောက်တော့ အစည်းအဝေးက ပြီးသွားပြီ။ ကျွန်တော့်အထက် အရာရှိရဲ့ လူကြားထဲမှာ အချိန်လေးစားပါလို့ အပြောခံလိုက်ရတယ်။ ကျွန်တော် ရှက်လိုက်တာဗျာ"
-
- "ဒီမနက် ဈေးသွားဝယ်တယ်။ ပစ္စည်းတွေ ရွေးပြီးမှ ပိုက်ဆံအိပ် အိမ်မှာ ကျန်ခဲ့တာ သိရတယ်။ ပစ္စည်းတွေကို ဆိုင်ရှင်ကို တောင်းပန် အိမ်ပြန်ပြီး ပိုက်ဆံအိပ်ပြန်ယူရတယ်။ ဒီအကြောင်း ပြန်စဉ်းစားရင်း ကျွန်မကိုယ်ကျွန်မ ဒေါသဖြစ်နေတာ အခုထိပဲ"
-
- "ကျွန်တော် ဒီနေ့ အိမ်စာမလုပ်ခဲ့လို့ ဆရာမက အတန်းထဲမှာ ဆူတယ်။ တတန်းလုံးက ကျွန်တော့်ကို လှောင်ပြောင်တဲ့ မျက်နှာတွေနဲ့ ဝိုင်းကြည့်ကြတယ်။ ကျွန်တော့်မျက်နှာ ဘယ်ထားရမှန်း မသိဘူး"
-
- ဒီနေ့ ကျွန်မရည်းစားနဲ့ ကတောက်ကဆ စကားများကြတယ်။ သူ ကျွန်မကို အခုအချိန်ထိ ဖုန်းမဆက်ဘူး။ သူ့ကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး။ သူအရမ်းစိတ်ဆိုးသွားတယ်ထင်တ
မိတ်ဆွေ သင် ဒီလို အဖြစ်မျိုး သို့မဟုတ် အလားတူ ကြုံဖူးမှာပါ။ သင်ဘယ်လို ခံစားရသလဲ။ သေချာတာပေါ့၊ သင်စိတ်ညစ်မယ်၊ ဒေါသထွက်မယ်၊ ရင်ထဲမှာ တနုံနုံ့ခံစားနေမယ်။ ဒီလို ဖြစ်နေရင် သင့်အတွက် မကောင်းဘူး။ သင် လုပ်ရမယ့်အလုပ်တွေကို ပုံမှန် မလုပ်နိုင်တော့ဘူး။ အဲဒါကို ကုစားနိုင်တဲ့ နည်းလေးတစ်ခု ပြောပြပါမယ်။ ဒီနည်းဟာ ကျွန်တော်ကိုယ်တိုင် နှစ်ပေါင်းများစွာ သုံးခဲ့တာပါ။
အဲဒါက စောစောကပြောသလို သင်အဆင်မပြေမှုလေးတွေကြုံလို
- "ဒီကိစ္စဟာ နောက်တစ်နှစ်ကြာရင်ကော အရေးကြီးနေအုံးမှာလား"
သေချာတာပေါ့၊ နောက်တစ်နှစ် မပြောပါနဲ့။ နောက်တစ်လ၊ နောက်တစ်ပတ်ကြာရင်တောင် အရေးကြီးမှာ မဟုတ်တော့ပါဘူး။
တကယ်လို့ နောက်တစ်နှစ်အကြာမှာ ဒီကိစ္စကို ပြန်သတိရရင် သင် ပြုံးနေမှာ သေချာပါတယ်။
ဗန်းမော်သိန်းဖေ
၂၂-၁၀-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။