Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 20, 2017

နားနဲ့မနာ ဖ၀ါးနဲ့နာ


ဒီစကားက ရှက်စရာ၊ မျက်နှာပူစရာကောင်းတာ တခုခုကို ပြောရခါနီးဆိုရင် ရှေ့ကနေ ကြိုတင်သုံးနှုန်းလေ့ရှိတဲ့ စကားဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ဆွေးနွေးကြည့်ပါမယ်။
ဝေဖန်မှုဆိုတာ ကြိုဆိုရမှာပါ။ ဝေဖန်မှုတွေကသာ လူကို တိုးတက်စေတာမို့ အောင်မြင်လိုသူတိုင်းဟာ ဝေဖန်ခံနိုင်အောင်၊ ဝေဖန်မှုတွေကို လက်ခံနိုင်အောင် ကြိုးစားရပါတယ်။ ဒါဖြင့် ကိုယ့်ကို ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊ စော်ကားတာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေကိုရော ဘယ်လိုလုပ်ရမလဲ။
ပြောပါရစေ၊ နားနဲ့မနာ ဖ၀ါးနဲ့နာလိုက်ပါ။

မြတ်စွာဘုရားရှင်ကို အယူအဆမတူသူ ပုဏ္ဏားတစ်ယောက်က ဆဲဆိုတော့ မြတ်စွာဘုရားက ဘာဆိုဘာမှ မတုံ့ပြန်ပါဘူး။ ပြီးတော့မှ ရှင်းပြပါတယ်။ ကိုယ့်ကို လူတစ်ယောက်က ပစ္စည်းတစ်ခု လာပေးလို့ ကိုယ်က လက်မခံဘူးဆိုရင် အဲ့ဒီပစ္စည်း ဘယ်သူ့ဆီမှာ ကျန်နေခဲ့သလဲ ဆိုတော့ ပေးတဲ့လူဆီမှာ ကျန်ခဲ့ပါတယ် တဲ့။ ခုလို ဆဲရေးတိုင်းထွာမှုတွေမှာလည်း ဒီလိုပဲ၊ ကိုယ်ကသာ လက်မခံရင် အဲ့ဒီရိုင်းစိုင်းတဲ့ စကားလုံးတွေ၊ ဒေါသတွေက ပြောတဲ့သူဆီမှာသာ ကျန်ခဲ့မှာဖြစ်ပါတယ်လို့ ဟောခဲ့ပါတယ်။
အမြဲစိတ်ထဲစွဲနေတဲ့ တရားတစ်ပုဒ်ပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာရော မြတ်စွာဘုရား ဟောကြားတဲ့အတိုင်း ကျွန်တော်တို့တွေ ကျင့်သုံးဖြစ်ကြရဲ့လား။ အများစုက မကျင့်သုံးဖြစ်ကြပါဘူး။
တစ်ယောက်ယောက်က ဆဲလိုက်တယ်။ အဲဒါကို လက်ခံလိုက်တယ်။ ပြန်ဆဲတယ်။ ဒေါသတွေထွက်တယ်။
တစ်ယောက်ယောက်က စော်ကားပြောဆိုလိုက်တယ်။ လက်ခံလာတယ်။ စိတ်တွေဆိုးတယ်၊ သူကများ ငါ့ကို ဒီလိုပြောစရာလား လို့ တွေးတယ်။
တစ်ယောက်ယောက်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်။ လက်သင့်ခံတယ်။ စိတ်တွေတိုပြီး ခွန်းကြီးခွန်းငယ် တုံ့ပြန်တယ်။
ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ၀မ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တကယ်စဉ်းစားကြည့်၊ ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။ ငယ်ငယ်က သင်ရတဲ့စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မယ့် စစ်သူကြီးလို ဖြစ်နေတယ်။
စတီဖင်ကိုဗေးရဲ့ 90-10 principle (၉၀-၁၀ စည်းမျဉ်း) ဆိုတာ ရှိပါတယ်။ ဘာပြောတာလဲဆိုတော့ ကျွန်တော်တို့ဘ၀မှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေရဲ့ ၁၀ ရာခိုင်နှုန်းက သူ့အလိုလို ဖြစ်လာတာ၊ ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ဒီ ၁၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတာရဲ့ အကျိုးဆက်ဖြစ်တယ်၊ ကျွန်တော်တို့ ကောင်းကောင်းကြီး ထိန်းချုပ်လို့ရတယ်။
ဆိုပါတော့၊ ရုံးကိုလာတယ်၊ ကားပိတ်နေတယ်၊ ဒါ မထင်မှတ်ဘဲ ဖြစ်လာတဲ့၊ ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ ၁၀ ရာခိုင်နှုန်း။ ဒါကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ။ စိတ်တိုတိုနဲ့ ဆဲဆိုလိုက်တာ တစ်ခြားကားက လူနဲ့ စကားများရတယ်။ အလျင်စလို မောင်းလိုက်တာ ကားချင်းငြိသွားလို့ ပြဿနာတော်တော်ရှင်းလိုက်ရတယ်။ ရုံးချိန်နောက်ကျ၊ အလုပ်တွေပျက်ကုန်တယ်။ သီချင်းနားထောင်နေလိုက်တဲ့သူကတော့ စိတ်ကျေနပ်ရမယ်။ ကားပိတ်လို့ စောင့်နေရင်း အလုပ်အတွက် ဆက်စရာရှိတဲ့ ဖုန်းတွေကို ဆက်ထားလိုက်မယ်။ ဒါဆို အလုပ်ရောက်တာနဲ့ ကျန်တာတွေ တန်းလုပ်ရုံပဲ။ ဆိုလိုတာက ကားပိတ်တာက ရှောင်လွှဲမရတဲ့ ၁၀ ရာခိုင်နှုန်း။ ကျွန်တော်တို့ ဘယ်လိုလုပ်လုပ် ပိတ်တဲ့ကားတွေကတော့ ပိတ်နေမှာပဲ။ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက ဆက်ဖြစ်လာမှာ။
ခုကိစ္စမှာလည်း ဒီလိုပဲ။ လူတွေဟာ ဂုဏ်မက်တယ်။ ပိုက်ဆံရှိမှ အထင်ကြီးတယ်။ အထက်ကို အောက်ကျို့ဖို့ ၀န်မလေးသလို၊ ကိုယ့်ထက်နိမ့်သူကိုလည်း အနိုင်ကျင့်ဖို့ နှစ်ခါ မစဉ်းစားဘူး၊ နိုင်လို့နိုင်ရင် အနိုင်ယူတာပဲ။ ရုပ်ဝတ္ထုကို သိပ်အလေးပေးလာတဲ့ ဒီနေ့ခေတ်မှာ လူတွေရဲ့ စိတ်ဓါတ်တွေလည်း ရုပ်ဝတ္ထုဆန်လာကြတယ်။ ဒါတွေကို ကိုယ့်အနေနဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရဘူး။ ပြင်ဆင်ဖို့လည်း မကြိုးစားနဲ့၊ ရမှာမဟုတ်ဘူး။ 90-10 principle အရ ပြောရရင် ဒါ ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ ၁၀ ရာခိုင်နှုန်း။ ကျွန်တော်တို့လုပ်နိုင်တာက ဒီအပေါ်မှာ ဘယ်လိုသဘောထားမလဲ ဆိုတာပဲ။ ခွန်းတုံ့ပြန် ရန်ဖြစ်မလား၊ တနုံ့နုံ့ ခံစားပြီး ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲ ဖြစ်နေမလား၊ ဒါမှမဟုတ် ဒီလိုစော်ကားတဲ့ စကားတွေကို နင်းခြေဖျက်မလား။ ဒါကိုတော့ ရွေးလို့ရတယ်။
လူတစ်ယောက်ဆီက စော်ကားပြောဆိုတဲ့ အသံ ထွက်လာတယ်၊ ကိုယ့်နားကလည်း ကောင်းတယ်ဆို အဲဒီအသံ ကိုယ်ကြားမှာပဲ။ အဲ့လိုနားနဲ့ နားထောင်လိုက်ရုံသက်သက်ဆိုရင်၊ ကိုယ့်ကို အထင်သေးတဲ့စကားတွေ၊ စော်ကားတဲ့စကားတွေ၊ နှိမ်လိုက်တဲ့အသုံးအနှုန်းတွေကို အဲ့လို နားနဲ့ပဲ ခံစားနေမယ်ဆိုရင်တော့ ကိုယ်ဟာ ရှုံးပြီးရင် ရှုံးနေလိမ့်မယ်။ ဒါကြောင့်မို့ အဲဒီစကားတွေကို ကိုယ့်ဘ၀တိုးတက်ဖို့အတွက် လှေကားထစ်တွေအဖြစ် ခံယူပြီး ခြေဖ၀ါးနဲ့ နင်းတက်လိုက်ပါ။ အောင်မြင်ဖို့ တွန်းအားတစ်ခုအဖြစ် ယူလိုက်ပါ။ တစ်ချိန်ကျ ကိုယ့်ကို ဒီစကားမျိုး ပြောခဲ့သူတွေ မျက်နှာချိုပြန်သွေးလာတဲ့အထိ၊ မှားသွားပါတယ်လို့ တောင်းပန်လာတဲ့အထိ ကြိုးစားပြလိုက်ပါ။
ဒီစကားတွေကို မေ့လည်းမပစ်နဲ့၊ လူပေါတစ်ယောက်လို၊ Loser တစ်ယောက်လို ဖြစ်သွားလိမ့်မယ်။
နားနဲ့ပဲ မနာနဲ့၊ တစ်သက်လုံး ရှုံးနိမ့်နေရလိမ့်မယ်။
ဖ၀ါးနဲ့သာ နာလိုက်ပါ၊ အဲဒီစကားတွေက ကိုယ့်ဘ၀အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၈.၁၀.၂၀၁၇
 https://drphiothiha.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။