ေပ်ာ္ရႊင္ခ်င္ရင္ ( ေက်ာ္မသြားေစခ်င္ )
တစ္ေန႔မွာ လူငယ္ေလးႏွစ္ေယာက္ဟာ ေဟာင္းႏြမ္းေနတဲ့ ႐ွဴးဖိနပ္တစ္ရန္ကို ယာေတာအစပ္မွာ ေတြ႔လိုက္တယ္။
ဒီဖိနပ္ဟာ ယာလုပ္ေနတဲ အဖိုးႀကီးရဲ႕ ဖိနပ္ျဖစ္မယ္ဆိုတာ သူတို႔သိတယ္။
ပထမလူငယ္က –
“အကို၊ ကြၽန္ေတာ္တို႔ သူ႔ဖိနပ္ကို ျခံဳပုတ္ေနာက္မွာ ၀ွက္ထားလိုက္ရေအာင္။
ဒါမွ သူ ဖိနပ္ကို ႐ွာမေတြ႔လို႔ ဗ်ာမ်ားေနတာကို ၾကည့္ၿပီး ရယ္ၾကတာေပါ့။ ေပ်ာ္ခ်င္လို႔ပါ”
ဒုတိယလူငယ္က –
“ညီေလး၊ သူမ်ာဒုကၡေရာက္တာကိုၾကည့္ၿပီး ေပ်ာ္တယ္ဆိုတာ မေကာင္းဘူး။
မင္း တကယ္ေပ်ာ္ခ်င္သလား။ ဒီလိုလုပ္ကြာ”
“ဘာလုပ္ရမလဲ”
“ငါတို႔မွာပါတဲ့ ပိုက္ဆံေတြကို ႐ွဴးဖိနပ္ ၂ ဖက္မွာ ခြဲထည့္ထားၾကမယ္။
အဖိုးႀကီး ဖိနပ္စီးၾကည့္လို႔ အံ့အားသင့္ၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနတာကို ၾကည့္ၿပီး ေပ်ာ္ၾကတာေပါ့”
” အကိုေျပာသလို တကယ္ေပ်ာ္ရမယ္ဆိုရင္ လုပ္ၾကတာေပါ့”
သူတို႔ႏွစ္ေယာက္ဟာ ပိုက္ဆံေတြကို ဖိနပ္ ၂ ဖက္မွာထည့္ၿပီး ေနရာမွာျပန္ခ်ထားလိုက္တယ္။
ၿပီးေတာ့ ျခံဳေနာက္မွာ ပုန္းၿပီးေစာင့္ေနၾကတယ္။
မၾကာခင္ အဖိုးႀကီး ေရာက္လာတယ္။
သူ႔ဖိနပ္ တသ္ဖက္ကို အရင္စီးတယ္။
ဖိနပ္ထဲမွာ တစ္ခုခုခံေနလို႔ လက္နဲ႔ ႏိႈက္ၾကည့္လိုက္ေတာ့ ပိုက္ဆံေတြ ေတြ႔တယ္။
သူဟာ အံ့ျသသလိုျဖစ္သြားတယ္။
ဖိနပ္ေနာက္တစ္ဖက္ကို စီးျပန္တယ္။
ဖိနပ္ထဲက ပိုက္ဆံေတြ ထပ္ေတြ႔ျပန္တယ္။
အဖိုးႀကီးဟာ မ်က္ရည္ေတြစီးက်လာတယ္။
ၿပီးေတာ့ ေျမႀကီးေပၚမွာ ဒူးေထာက္ လက္အုပ္ခ်ီရင္း ပါးစပ္က အခုလို အသံထြက္ေျပာလိုက္တယ္။
“အို ဘုရားသခင္၊ အခု ပိုက္ဆံေပးသူ ဘယ္သူဆိုတာ ကြၽန္ေတာ္မသိပါဘူး။
ဒါေမပယ့္ သူ႔ကို အရမ္းေက်းဇူးတင္ပါတယ္ဘုရား။
ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္ကမိန္းမေနမေကာင္းတာ ၃ ရက္႐ွိေနၿပီ။
ေဆး၀ယ္ဖို႔ ပိုက္ဆံမ႐ွိဘူး။ သမီးေလးလည္း အိမ္မွာ စားစရာမ႐ွိလို႔ မနက္ကတည္းက ဘာမွ မစားရေသးဘူး။
အခုရတဲ့ပိုက္ဆံနဲ႔ မိန္းမအတြက္ ေဆး၀ယ္သြားလို႔ရၿပီ။ သမီးေလးအတြက္လည္း စားစရာေတြ ၀ယ္သြားလို႔ရၿပီ။ ၀မ္းသာလိုက္တာဗ်ာ”
ပထမလူငယ္ဟာ ဒီျမင္ကြင္းကိုၾကည့္ၿပီး ၀မ္းသာလြန္းလို႔ မ်က္ရည္ေတြ စီးက်ေနတယ္။
ဒုတိယလူငယ္လည္း ပထမလူငယ္ကို ၾကည့္ရင္း ၀မ္းသာေနတယ္။
ေပ်ာ္ခ်င္သလား။ သူမ်ားကိူ ေပ်ာ္ေအာင္လုက္ေပးရင္ မိမိလည္း ေပ်ာ္ရပါလိမ့္မယ္။
ဗန္းေမာ္သိန္းေဖ
မ်ွေ၀လိုေသာအေတြးမ်ား (၂) စာအုပ္မွ
Unicode >>>
ပျော်ရွှင်ချင်ရင် ( ကျော်မသွားစေချင် )
တစ်နေ့မှာ လူငယ်လေးနှစ်ယောက်ဟာ ဟောင်းနွမ်းနေတဲ့ ရှူးဖိနပ်တစ်ရန်ကို ယာတောအစပ်မှာ တွေ့လိုက်တယ်။
ဒီဖိနပ်ဟာ ယာလုပ်နေတဲ အဖိုးကြီးရဲ့ ဖိနပ်ဖြစ်မယ်ဆိုတာ သူတို့သိတယ်။
ပထမလူငယ်က –
“အကို၊ ကျွန်တော်တို့ သူ့ဖိနပ်ကို ခြုံပုတ်နောက်မှာ ၀ှက်ထားလိုက်ရအောင်။
ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့ ဗျာများနေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ ပျော်ချင်လို့ပါ”
ဒုတိယလူငယ်က –
“ညီလေး၊ သူမျာဒုက္ခရောက်တာကိုကြည့်ပြီး ပျော်တယ်ဆိုတာ မကောင်းဘူး။
မင်း တကယ်ပျော်ချင်သလား။ ဒီလိုလုပ်ကွာ”
“ဘာလုပ်ရမလဲ”
“ငါတို့မှာပါတဲ့ ပိုက်ဆံတွေကို ရှူးဖိနပ် ၂ ဖက်မှာ ခွဲထည့်ထားကြမယ်။
အဖိုးကြီး ဖိနပ်စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့”
” အကိုပြောသလို တကယ်ပျော်ရမယ်ဆိုရင် လုပ်ကြတာပေါ့”
သူတို့နှစ်ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ် ၂ ဖက်မှာထည့်ပြီး နေရာမှာပြန်ချထားလိုက်တယ်။
ပြီးတော့ ခြံုနောက်မှာ ပုန်းပြီးစောင့်နေကြတယ်။
မကြာခင် အဖိုးကြီး ရောက်လာတယ်။
သူ့ဖိနပ် တသ်ဖက်ကို အရင်စီးတယ်။
ဖိနပ်ထဲမှာ တစ်ခုခုခံနေလို့ လက်နဲ့ နှိုက်ကြည့်လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။
သူဟာ အံ့သြသလိုဖြစ်သွားတယ်။
ဖိနပ်နောက်တစ်ဖက်ကို စီးပြန်တယ်။
ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။
အဖိုးကြီးဟာ မျက်ရည်တွေစီးကျလာတယ်။
ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း ပါးစပ်က အခုလို အသံထွက်ပြောလိုက်တယ်။
“အို ဘုရားသခင်၊ အခု ပိုက်ဆံပေးသူ ဘယ်သူဆိုတာ ကျွန်တော်မသိပါဘူး။
ဒါမေပယ့် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်ဘုရား။
ဘာဖြစ်လို့လဲဆိုတော့ အိမ်ကမိန်းမနေမကောင်းတာ ၃ ရက်ရှိနေပြီ။
ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ သမီးလေးလည်း အိမ်မှာ စားစရာမရှိလို့ မနက်ကတည်းက ဘာမှ မစားရသေးဘူး။
အခုရတဲ့ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ရပြီ။ သမီးလေးအတွက်လည်း စားစရာတွေ ၀ယ်သွားလို့ရပြီ။ ၀မ်းသာလိုက်တာဗျာ”
ပထမလူငယ်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး ၀မ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။
ဒုတိယလူငယ်လည်း ပထမလူငယ်ကို ကြည့်ရင်း ၀မ်းသာနေတယ်။
ပျော်ချင်သလား။ သူများကိူ ပျော်အောင်လုက်ပေးရင် မိမိလည်း ပျော်ရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
မျှဝေလိုသောအတွေးများ (၂) စာအုပ်မှ
http://tameelay.com/?p=2351
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။