Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 23, 2017

တန်ဆောင်မုန်းလပြည့်ညသည်​သူခိုးကြီးည​လော သူခိုးည ( လုံးဝ )မဟုတ်​ပါ



Knowledge Village added 4 new photos.

တန်ဆောင်မုန်းလပြည့်ညသည်​သူခိုးကြီးည​လော
သူခိုးည ( လုံးဝ )မဟုတ်​ပါ
~•~•~•~•~•~•~•~•~•~•~•~•~•
တန်​​ဆောင်​မုန်းလပြည့်​ညသည်​ သူခိုးည
လုံးဝမဟုတ်​ပါ။
တန်​​ဆောင်​မုန်းလပြည့်​ညသည်
ဗုဒ္ဓဘာသာဝင်​တို့၏ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါသည်​။
မြတ်​စွာဘုရားသည်​ အဇာတသတ်
ရှင်​ဘုရင်​အား သာမညဖလ သုတ်​​တော်​ကို
ဟော​တော်​မူ၍ ဘုရင်​နှင့်​တကွ ​နောက်​ပါ
ပြည်​သူ ( ၁ ) သိန်းခန့်​ ဗုဒ္ဓဘာသာဖြစ်​တဲ့
ညကြီးပါ။
ဒီလိုကြီးကျယ်​ခမ်းနားတဲ့ ဗုဒ္ဓဘာသာ
နေ့ကြီးကို မသမာသူများက စုပ်​ပြတ်​​အောင်
သူခိုးညဆိုပြီး နာမည်​တပ်​လိုက်
တော့ အမှန်​တရား ​ပျောက်​ကွယ်​သလို
ဖြစ်​သွားပါတယ်​။

~•~•~•~•~•~•~•~•~•~•~•~•~•~•
တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)
~•~•~°~•~•~•~•~•~•~•~•~•~•~•
လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများ
ရှင်လိင်ပြန်ကြရ၀ယ် ဆေးမင်ကြောင်ထိုးသည့်
ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှ
အစချီကာ မင်းညီမင်းသား၊
မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်
အစချီကာ သူရင်းငှားများ
စသော လူယောက်ကျားတို့သည်
မင်ထိုးကြလေသည်။
ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။
ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊
အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်
မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်
တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်
ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်
တန်ခိုးပြသည်ဟု အယူရှိသောကြောင့်အရှင်မသိသော
ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။
ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား
ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း
ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။
ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို
ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့် လူအိပ်နေသော
ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌
လာထားကြသည်။ မနက်မိုးလင်းသောအခါ
ပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့
ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။
ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍
ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။
ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက
တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်
ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။
ဒီဘက်​​ခေတ်​​ရောက်​လာ​တော့
တန်​ဘိုးရှိပစ္စည်း​တွေကို တကယ်​ ခိုးလာကြတယ်​။
လမ်း​တွေ​ပေါ်မှာ ကျက်​သ​ရေမင်္ဂလာ
မရှိ​အောင်​ ရုပ်​ပျက်​ ဆင်းပျက်​ ဆိုင်းဘုတ်
တွေ ဖြုတ်​ချ ၊ အရက်​ ဘီယာ အစားအ​သောက်​​တွေ
ပလူပျံ​အောင်​ ပြန့်​ကျဲ​နေတယ်​။
အ​ပျော်​က​နေ အပျ က်​ဘက်​ကို ဦးတည်​လာကြတယ်​။
အမှန်​တရားကို ဗုဒ္ဓဘာသာ မြန်​မာလူမျိုး
တွေ သိ​စေချင်​၍ရည်​ရွယ်​ရင်း
......
*တန်ဆောင်မုန်းလပြည့် နှင့် သူခိုကြီးည*
*ဘုရားဟောသာ သူခိုးအကြောင်း*
*********************
* တန်ဆောင်မုန်းလပြည့် ဟုဆိုလျင် ဘုရားရှင်
အဇာတသတ် မင်းကို ဟောကြားသော
သာမည ဖလသုတ် နှင့် သူခိုးကြီးည ကို
အတော်များများ သိကြ၏*
*သူခိုးကြီးည ဟုဆိုလျင် အင်းဝခေတ် သတိုးမင်း
လက်ထက် သူခိုးကြီး ငတက်ပြား ကို
အတော်များများ သိကြလေ၏*
* ငတက်ပြား၏ ခိုးယူပုံသည် စည်းကမ်းကျန၍
သေသပ်လှပ၏။ ထို့ကြောင့် ငတက်ပြားကို
ဖမ်းမိရန် လွန်စွာ ခက်ခဲလှ၏*
*သူခိုးငတက်ပြား၏စည်းကမ်းချက်*
* မိမိ နေထိုင် မွေးဖွားသော အရပ် တွင် မခိုး*
* ခိုးရာ၌လဲ ဆင်းရဲနွမ်းပါးသူ ထံမှ မခိုး
ဝန်တိုသော သူဌေးသူကြွယ်များထံမှ ခိုးယူ၏*
* ခိုးသောအခါ ဥစ္စာရှင်ကို အနာတရ မပြု
ပစ္စည်း ကိုလဲ တစ်ဝက် ထက် ပို၍မယူပေ*
* နိုင်ငံအတွက် သိုလှောင်ထားသော ဘုရင့်
ဘဏ္ဍတိုက် ကို မခိုး။ ခိုးသမျှကို မိမိတစ်ဝမ်းစာ
ချန်၍ လူဆင်းရဲများကို ပေးကမ်းလှူဒါန်း၍
မိမိအကုသိုလ်ကံကို ကုသိုလ်ဖြင့်ဖြေလျော့၏*
* ခိုးယူခံရသောဥစ္စာရှင်တို့အကျိုးဌာ ခိုးယူဥစ္စာ
များကို ဘုရားတည် ကျောင်းဆောက် လှူ၏*
* နောက်ဆုံး ငတက်ပြား သေဆုံးချိန်တွင် ၎င်း
လျို့ဝှက်ထားသော ရတနာပစ္စည်းများကို
ကျင်းထဲထည့်၍ နောင်ပွင့်မည့် ဘုရားရှင်အား
ရည်စူး၍ ကုသိုလ်ပြု ရေစက်ချ အမျှပေးဝေခဲ့၏
*ဘုရားဟောသော စောရ သုတ်*
ရဟန်းတို့ အင်္ဂါငါးမျိုး တို့နှင့် ပြည့်စုံသော ခိုးသူ
အိမ်ကိုသော်၎င်း ရွာကိုသော်၎င်း လမ်းခရီး၌
စောင့်၍သော်၎င်း လုယူ ခိုးယူ၏
ဤလောက၌ ခိုးသူကြီးသည်
(1) မညီညွတ်သော အရပ်ကို အမှီရ၏
(2) တောအုပ်ကိုလည်း အမှီရ၏
(3) အားကြီးသူ ကိုလည်း အမှီရ၏
(4) ပစ္စည်းဥစ္စာ ကိုလည်း စွန့်ကြဲလေ့ ရှိ၏
(5) တယောက်ထဲ သာ သွားလေ့ရှိ၏
(1) လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲ
သော လူသူမနီး အရပ်ကို အမှီ ရ၏
(2) စစ်သည်များနှင့်ဝေးသော ထူထဲသော
သစ်ပင် တောအုပ်ကို အမှီရ၏
(3) မိမိအား ကာကွယ်ပေးနိုင်သော ရာထူး
အာဏာ ရှိသူများကို အမှီရ၏
(4) ခိုးယူထားသော ပစ္စည်းဥစ္စာများကို မရှိ
နွမ်းပါးသူများကို စွန့်ကြဲလေ့ရှိ၏
(5) ပေါက်ကြားမှု့ မရှိအောင် တစ်ယောက်တည်
သာ ခိုးးယူ လှုပ်ရှားလေ့ ရှိ၏
* သက်ကြီးရွယ်အို များထံမှ မခိုးယူ မနှိပ်စက်
သမီးပျိုများကို မဖျက်ဆီး ၊ သူ့ အသက် မသတ်
* မိမိနေထိုင်မွေးဖွားသော အရပ်တွင် မခိုးယူ
အိမ်နီးချင်း နီးသောအရပ်တွင် မခိုးယူ
မိတ်တွေသင်္ဂဟ များထံမှ မခိုးယူ
* မင်းဘဏ္ဍကို မခိုးယူ၊ သူကြွယ်ထံမှသာခိုးယူ
ခိုးယူရာတွင် အကုန်မယူ ထိုက်သင့်စွာခိုး၏*
* တယောက်ထဲသာ ပြုလေ့ရှိ၏။ ခိုးယူဥစ္စာများ
ကို ပေးကမ်းစွန့်ကြဲ၏*
* ဤသို့သော ခိုးသူမှာ ပျက်ဆီးခြင်းမှ
ကင်းဝေး၏*
(အင်္ဂုတ္တုရ်ပါဠိတော် စောရသုတ်)
သူခိုးအားပေးခြင်း လမ်းညွန်ခြင်း မဟုတ်ပါ
တန်ဆောင်မုန်းလပြည့် သာမညဖလသုတ်
သူခိုးကြီးငတက်ပြား သူခိုးည ကို ဗဟုသုတ
အနေဖြင့် ရေးသားခြင်းသာ ဖြစ်ပါသည်
ကိုဇော်
...............
သူခိုးကြီးည
***********
ဒီည
သစ်ကိုင်းခြောက်တွေကောက်
လမ်းပေါ်ရောက်တဲ့ ည ။
ဒီည
ထမီကို တိုင်မှာချိတ်
လမ်းတွေပိတ်တဲ့ ည ။
ဒီည
ဆိုင်ကခုံတွေပျောက်
သောကရောက်တဲ့ ည ။
ဒီည
စည်ပင်အမှိုက်ပုံးတွေဆွဲဖွ
အမှိုက်တွေ ပွတဲ့ ည ။
ဒီည
ဥစ္စာခြောက်သူတွေ အအိပ်ပျက်
အရုဏ်တက်တဲ့ ည ။
ဒီည
မူးရစ်သူတွေ ပြည့်နှက်
ရမ်းကားခဲ့တဲ့ ည ။
ဒီည
ံအော်ဟစ်သံတွေ ဆူညံ
အကျဉ်းတန်တဲ့ ည ။
ဒီည
အသိစိတ်တွေပျောက်
ဆေးရုံရောက်တဲ့ ည ။
ဒီည
နောင်တတရားတွေ ဗရပွ
အချုပ်ကျတဲ့ ည ။
ရေအိုးတွေ ကွဲ တဲ့ ည ။
လမ်းတွေ လွဲ တဲ့ ည ။
မောဟတွေ ဖုံးတဲ့ ည ။
သောက အပြုံးနဲ့ ည ။
ရိုးရာ ကြွေတဲ့ ည ။
ယဉ်ကျေးမှု သေတဲ့ ည ။
အပျော်ကျူးတဲ့ ည ။
အတော်ရူးတဲ့ ည ။
အဲဒီ ည
တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ ည ။
သူခိုးကြီး ည ။
ကိုတင့်
Credit to owners
ဗဟုသုတ​ကျေးရွာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။