"နှစ်ခါမ ရှုံးစေနဲ့
#လူတစ်ယောက်ကို ချစ်ပြီဆိုတာနဲ့ ပိုင်ဆိုင်ချင်တဲ့
အတ္တက ရှိပြီးသား
ဆုံးရှုံးခဲ့ရင် ခံနိုင်ဖို့တော့ မပြင်ဆင်ကြဘူး
အချစ်ဆိုတာ ပိုင်ဆိုင်မှု လို့ အမည်တပ်ထားသ၍
#ပျော်ရွှင်မှု တွေ လိုချင်တယ်လို့ ပြောနေကြပေမဲ့
ဝမ်းနည်းမှု တွေ ဆုံခဲ့ရင် လက်ခံနိုင်ဖို့ တွေးမိရဲ့လား
ပျော်ရွှင်မှု ဆိုတာ ကိုယ်ပေးမှ သူပျော်တယ်ဆိုတာမေ့နေ သေးသ၍
#အောင်မြင်မှု တွေ ပိုင်ဆိုင်ချင်တယ်လို့ ဆိုကြပေမဲ့
ရှုံးနိမ့်မှုတွေနဲ့ ကြုံရင် ရင်ဆိုင်ဖို့အတွက် အားတင်းထားခဲ့ရဲ့လား
အောင်မြင်မှု တိုင်း မမြဲဘူးဆိုတာ သတိမထားမိသ၍
#စိတ်အေးချမ်းချင်လိုက်တာလို့ လူတိုင်းတောင်းတပေမဲ့
ပူပင်မှု တွေနဲ့ တွေ့ခဲ့ရင် မတုန်လှုပ်ဖို့အရေး စဉ်းစားခဲ့ဖူးလား
စိတ်ချမ်းသာမှု ဆိုတာ ကိုယ်တိုင် လုပ်ဆောင်ရတယ်ဆိုတာ
နားမလည်သေးသ၍
#လိုချင်လိုက်တာလို့ ပြောကြပေမဲ့
ပြန်ပေးရတဲ့အခါ တွန့်တိုမှု ကင်းခဲ့ကြရဲ့လား
ရယူ ပြီးရင် ပြန်ပေးဆပ်ဖို့ မတွေးမိသ၍
#ဖြစ်ချင်တဲ့ အတ္တ တွေ များနေသ၍
ဖြစ်နေတဲ့ ဘဝကို မကျေနပ် မရောင်ရဲတော့ဘူး
လိုချင်မှု ကြီးလာလေလေ ပေးဆပ်ရမှုတွေလည်း များတယ်ဆိုတာ သဘောမပေါက်သ၍
#အဲ့လို့ လူမျိးတွေက ဘဝမှာနှစ်ခါ ရှုံးတယ်
ကိုယ့်ရဲ့ အတ္တ တွေမဖြစ်နိုင်တဲ့အခါ တစ်ခါရှုံး တယ်
ပြီးတော့ ပိုင်ဆိုင်ထားတဲ့ အတ္တတွေပျက်စီးသွားတဲ့အခါ
မခံနိုင်လို့ တစ်ခါ ရှုံးတယ်
#မိုးရည် စက်များ ♥
#လူတစ်ယောက်ကို ချစ်ပြီဆိုတာနဲ့ ပိုင်ဆိုင်ချင်တဲ့
အတ္တက ရှိပြီးသား
ဆုံးရှုံးခဲ့ရင် ခံနိုင်ဖို့တော့ မပြင်ဆင်ကြဘူး
အချစ်ဆိုတာ ပိုင်ဆိုင်မှု လို့ အမည်တပ်ထားသ၍
#ပျော်ရွှင်မှု တွေ လိုချင်တယ်လို့ ပြောနေကြပေမဲ့
ဝမ်းနည်းမှု တွေ ဆုံခဲ့ရင် လက်ခံနိုင်ဖို့ တွေးမိရဲ့လား
ပျော်ရွှင်မှု ဆိုတာ ကိုယ်ပေးမှ သူပျော်တယ်ဆိုတာမေ့နေ
#အောင်မြင်မှု တွေ ပိုင်ဆိုင်ချင်တယ်လို့ ဆိုကြပေမဲ့
ရှုံးနိမ့်မှုတွေနဲ့ ကြုံရင် ရင်ဆိုင်ဖို့အတွက် အားတင်းထားခဲ့ရဲ့လား
အောင်မြင်မှု တိုင်း မမြဲဘူးဆိုတာ သတိမထားမိသ၍
#စိတ်အေးချမ်းချင်လိုက်တာလိ
ပူပင်မှု တွေနဲ့ တွေ့ခဲ့ရင် မတုန်လှုပ်ဖို့အရေး စဉ်းစားခဲ့ဖူးလား
စိတ်ချမ်းသာမှု ဆိုတာ ကိုယ်တိုင် လုပ်ဆောင်ရတယ်ဆိုတာ
နားမလည်သေးသ၍
#လိုချင်လိုက်တာလို့ ပြောကြပေမဲ့
ပြန်ပေးရတဲ့အခါ တွန့်တိုမှု ကင်းခဲ့ကြရဲ့လား
ရယူ ပြီးရင် ပြန်ပေးဆပ်ဖို့ မတွေးမိသ၍
#ဖြစ်ချင်တဲ့ အတ္တ တွေ များနေသ၍
ဖြစ်နေတဲ့ ဘဝကို မကျေနပ် မရောင်ရဲတော့ဘူး
လိုချင်မှု ကြီးလာလေလေ ပေးဆပ်ရမှုတွေလည်း များတယ်ဆိုတာ သဘောမပေါက်သ၍
#အဲ့လို့ လူမျိးတွေက ဘဝမှာနှစ်ခါ ရှုံးတယ်
ကိုယ့်ရဲ့ အတ္တ တွေမဖြစ်နိုင်တဲ့အခါ တစ်ခါရှုံး တယ်
ပြီးတော့ ပိုင်ဆိုင်ထားတဲ့ အတ္တတွေပျက်စီးသွားတဲ့အခါ
မခံနိုင်လို့ တစ်ခါ ရှုံးတယ်
#မိုးရည် စက်များ ♥
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။