လူပြောမသန်လူသန်မပြော(သို့)ကြွားဝါခြင်း
__________________________ _____
မပြည့်တဲ့အိုးသည် ဘောင်ဘင်ခတ်ခတ်၏။ ကြွားဝါခြင်းသည် ဘောင်ဘင်ခတ်ခြင်းပင် ဖြစ်၏ ။
ကြွားဝါခြင်းဆိုတာ မိမိကိုယ့်ကို ယုံကြည်မှု့မရှိတဲ့သူတွေ လုပ်ကြတာပါ။ သူများအထင်သေးမှာစိုးလို့ ကြွားနေကတည်းကိုက
မိမိစိတ်မလုံခြုံပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိလို့ဆိုတဲ့  သဘောကိုပြတာပဲလေ။
ကြွားတယ်ဆိုတာ လူကြီးလူကောင်းတွေနွဲ့နိုင်ငံကြီးသားတွေမလုပ် ကြပါဘူး။ ကလေးဆန်တဲ့လုပ်ရပ်မို့ ရှက်ကြလို့ပါပဲ။
ကြွားဝါတတ်သူက လူအထင်ကြီးတာ ခံချင်တယ်။
ကြွားဝါပြီး လူအထင်ကြီးတော့လည်း မြင့်မြတ်မလာပါဘူး။ မိမိကိုယ်ကိုနိမ့်ချလို့လ ည်း မနိမ့်ကျသွားပါဘူး။
တကယ်က ဘယ်အရာမှကြွားစရာမလိုပါဘူး။
မိမိမှာ ရှိခြင်းမရှိခြင်းဆိုတာလည်း မိမိနဲ့သာ သက်ဆိုင်တဲအရာတစ်ခုပါ။
ရှိလို့လည်း သူများကို ကိုယ်ကလိုက်ပေးမှာမို့လို့ လား?။ မရှိလို့လည်း သူများက အလကားလာပေးမှာမို့လို့လား? ။
တကယ်က လူတွေမှာ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် လုပ်နေရတာမို့ လူတစ်ယောက်ကို အဲ့လောက်ထိ အထင်ကြီးဖို့အထင်သေးဖို့ ဆိုတာလည်း စိတ်မဝင်စားအားပါဘူး။
အဲ့ဒီသဘောကို ကိုယ်ကမသိပဲ ဟုတ်လှပီထင် ကြွားနေရင် လူတွေက ကြာလာရင် သီးမခံနိုင်တော့ပဲ ရှောင်ဖယ်သွားကြမှာပါ။
ကြွးဝါတတ်သူ၊ အလှပဗန်းပြတတ်သူ၊ စိတ်ဓာတ်မပြည့်သူတွေမှာ ဘယ်တော့မှ မိတ်ဆွေကောင်းမရနိုင် ဘူး၊၊
ဆင်းရဲလို့ စိတ်ဓာတ်ကျနေသူကို ကိုယ်ချမ်းသာကြောင်း သွားမပြောပါနဲ့။ ငါလည်းမင်းလိုပါပဲ သိပ်အပြေလည်ကြီးမဟုတ်ပါ ဘူးလို့ နှစ်သိမ့်ခဲ့ရမှာ။
ကြွားဝါတတ်သူတွေဟာ မာနကြီးတယ်၊ မောက်မာတယ်၊ မစာနာတတ်ကြပါဘူး။
ကိုယ့်ကို အထင်သေးဆက်ဆံမှာစိုးလို့ ကိုယ်ခေသူမဟုတ်ကြောင်း ကြွားဝါမိပေမယ့် ကြွားဝါတတ်သူလို့ လူတွေသိသွားတော့မှ အထင်သေးသွားကြတာ သူတို့မသိလိုက်မိကြဘူး။
တကယ်က လူအထက်ကနေချင်ရင် မိမိကိုယ်ကို ယုံကြည်မှု့ရှိလိုက်ပါ။
ကြွားဝါသူက လူအထက်ကလည်း နေချင်သေး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု့ကမရှိကြဘူး။ ယုံကြည်မှု့မရှိလို့လည်း စကားလုံးနဲ့ကြွားလုံးထုတ်နေရတာပေါ့ ။
တကယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိသူက လူတွေအထင်ကြီးတာ အထင်သေးတာ လိုက်ဂရုစိုက်မနေတော့ပါဘူး။
ကြွားဝါတတ်သူတွေ ကြောက်တာတစ်ခုရှိသေးတယ် ။ ကိုယ်ကျင့်တရားမရှိဘူးလို့  အထင်သေးခံရမှာကြောက်တတ်ြကတယ်။ ဒါကအလုပ်နဲ့ပြရမှာပါ။ စကားနဲ့ပြရမယ့်အရာ မဟုတ်ပါဘူး။
ရုပ်ပုံပန်းချီကားက ရှင်းနေရင် စာတန်းထိုးပြနေစရာမလိုပါဘူး။ စာတန်းထိုးပြနေတာ သူများမသိမှာစိုးလို့ပါ။
အဲ့လိုပဲ ကိုယ်ကဘာလဲ ဘယ်လိုလူလဲဆိုတာ လုပ်ရပ်ကိုကြည့်ရင်သိ နိုင်တယ်။
စကားနဲ့ကြွားနေတာက လုပ်ရပ်မရှင်းလို့ပါ။
အနေမှန်နေသူက ငါဘယ်လိုလူဆိုတာ စာတန်းထိုးပြစရာ မလိုပါဘူး။ အနှစ်ပြည့်တဲ့စပါးဆိုတာက ငိုက်နေတယ် အနှစ်မပြည့်တဲ့စပါးက တထောင်ထောင်လေ...။
ပညာရှိသူက သိုဝှက်တယ်။ ပညာမဲ့သူက ကြွားဝါတယ်။
ပညာရှိဖြစ်ချင်ရင် သိုသိုဝှက်ဝှက်သာနေထိုင် ပါ။
ငွေအကြွေစေ့က အသံမြည်တယ်။
ငွေစက္ကူက အသံမမြည်။
မိမိတန်ဖိုးမြင့်ချင်ရင် ဆိတ်ဆိတ်သာ နေထိုင်ပါ၊၊
လောကမှာ ဆိုရိုးစကားတစ်ခုရှိပါတယ် ။ လူပြောမသန်လူသန်မပြော ဆိုတာ ကြွားဝါတတ်သူကို ဆိုလိုတာပါ...။
လေးစားလျှက်....
✏ Ko Ko
__________________________
မပြည့်တဲ့အိုးသည် ဘောင်ဘင်ခတ်ခတ်၏။ ကြွားဝါခြင်းသည် ဘောင်ဘင်ခတ်ခြင်းပင် ဖြစ်၏ ။
ကြွားဝါခြင်းဆိုတာ မိမိကိုယ့်ကို ယုံကြည်မှု့မရှိတဲ့သူတွေ လုပ်ကြတာပါ။ သူများအထင်သေးမှာစိုးလို့
မိမိစိတ်မလုံခြုံပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိလို့ဆိုတဲ
ကြွားတယ်ဆိုတာ လူကြီးလူကောင်းတွေနွဲ့နိုင်ငံကြီးသားတွေမလုပ်
ကြွားဝါတတ်သူက လူအထင်ကြီးတာ ခံချင်တယ်။
ကြွားဝါပြီး လူအထင်ကြီးတော့လည်း မြင့်မြတ်မလာပါဘူး။ မိမိကိုယ်ကိုနိမ့်ချလို့လ
တကယ်က ဘယ်အရာမှကြွားစရာမလိုပါဘူ
မိမိမှာ ရှိခြင်းမရှိခြင်းဆိုတာလည
ရှိလို့လည်း သူများကို ကိုယ်ကလိုက်ပေးမှာမို့လို
တကယ်က လူတွေမှာ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် လုပ်နေရတာမို့ လူတစ်ယောက်ကို အဲ့လောက်ထိ အထင်ကြီးဖို့အထင်သေးဖို့
အဲ့ဒီသဘောကို ကိုယ်ကမသိပဲ ဟုတ်လှပီထင် ကြွားနေရင် လူတွေက ကြာလာရင် သီးမခံနိုင်တော့ပဲ ရှောင်ဖယ်သွားကြမှာပါ။
ကြွးဝါတတ်သူ၊ အလှပဗန်းပြတတ်သူ၊ စိတ်ဓာတ်မပြည့်သူတွေမှာ
ဆင်းရဲလို့ စိတ်ဓာတ်ကျနေသူကို ကိုယ်ချမ်းသာကြောင်း သွားမပြောပါနဲ့။ ငါလည်းမင်းလိုပါပဲ သိပ်အပြေလည်ကြီးမဟုတ်ပါ
ကြွားဝါတတ်သူတွေဟာ မာနကြီးတယ်၊ မောက်မာတယ်၊ မစာနာတတ်ကြပါဘူး။
ကိုယ့်ကို အထင်သေးဆက်ဆံမှာစိုးလို့
တကယ်က လူအထက်ကနေချင်ရင် မိမိကိုယ်ကို ယုံကြည်မှု့ရှိလိုက်ပါ။
ကြွားဝါသူက လူအထက်ကလည်း နေချင်သေး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု့ကမရှိကြဘူး။ ယုံကြည်မှု့မရှိလို့လည်း စကားလုံးနဲ့ကြွားလုံးထုတ်နေရတာပေါ
တကယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိသူက လူတွေအထင်ကြီးတာ အထင်သေးတာ လိုက်ဂရုစိုက်မနေတော့ပါဘူး။
ကြွားဝါတတ်သူတွေ ကြောက်တာတစ်ခုရှိသေးတယ်
ရုပ်ပုံပန်းချီကားက ရှင်းနေရင် စာတန်းထိုးပြနေစရာမလိုပါဘ
အဲ့လိုပဲ ကိုယ်ကဘာလဲ ဘယ်လိုလူလဲဆိုတာ လုပ်ရပ်ကိုကြည့်ရင်သိ
စကားနဲ့ကြွားနေတာက လုပ်ရပ်မရှင်းလို့ပါ။
အနေမှန်နေသူက ငါဘယ်လိုလူဆိုတာ စာတန်းထိုးပြစရာ မလိုပါဘူး။ အနှစ်ပြည့်တဲ့စပါးဆိုတာက ငိုက်နေတယ် အနှစ်မပြည့်တဲ့စပါးက တထောင်ထောင်လေ...။
ပညာရှိသူက သိုဝှက်တယ်။ ပညာမဲ့သူက ကြွားဝါတယ်။
ပညာရှိဖြစ်ချင်ရင် သိုသိုဝှက်ဝှက်သာနေထိုင်
ငွေအကြွေစေ့က အသံမြည်တယ်။
ငွေစက္ကူက အသံမမြည်။
မိမိတန်ဖိုးမြင့်ချင်ရင်
လောကမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်
လေးစားလျှက်....
✏ Ko Ko
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။