Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 23, 2017

ချမ်းသာချင်ရင် ချမ်းသာနည်းသိအောင် လုပ်ပါ

#ချမ်းသာချင်ရင် ချမ်းသာနည်းသိအောင် လုပ်ပါ

အဖြစ်အပျက် (၁)

အမေရိကန်နိုင်ငံက ပင်လယ်ကူးသင်္ဘောကြီး ၃ စင်းကို ပိုင်တဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ တစ်ရက်မှာ ကုန်ပစ္စည်းအပြည့်တင်ထားတဲ့ သူ့သင်္ဘော ၃ စင်းစလုံး ပစိဖိတ်သမုဒ္ဒရာထဲမှာ မုန်တိုင်းမိပြီး ရေအောက်နစ်မြုပ်သွားကြတယ်။ သင်္ဘောတွေရော ကုန်ပစ္စည်းတွေပါ ဘာမှပြန်ဆယ်ယူလို့ မရတော့ဘူး။ ကုန်ပစ္စည်းပိုင်ရှင်တွေကို ပစ္စည်းတန်ဖိုး လျော်ပေးလိုက်ရလို့ သူ့ရှိသမျှ စည်းစိမ်တွေ ပြုတ်သွားတယ်။ သူ့လုပ်ဖေါ်ကိုင်ဖက် စီးပွားရေးသမားတွေက သူ့ကို စိတ်ဓာတ်မကျအောင် အားပေးနှစ်သိမ့်ကြတယ်။ သူဌေးကြီးက သူတို့ကို ပြန်ပြောတယ်။ "ငါ့အတွက် မပူကြပါနဲ့။ ငါဆုံးရှုံးသွားတာတွေကို ၅ နှစ်အတွင်း ပြန်ရအောင် လုပ်မယ်" တဲ့။ သူ တကယ်ပဲ ၅ နှစ်အကြာမှာ ပင်လယ်ကူးသင်္ဘောကြီး ၃ စင်းကို ပိုင်ပြီး အရင်အတိုင်း ချမ်းသာလာခဲ့ပါတယ်။

အဖြစ်အပျက် (၂)

၁၉၈၀ ပြည့်နှစ် ကျော်လောက်က ထင်ပါတယ်။ မန္တလေးမြို့မှာ မီးအကြီးအကျယ်လောင်ပြီး တမြို့လုံးနီးပါး အိမ်တွေ စက်မှုလုပ်ငန်းတွေ ပြာကျသွားခဲ့တယ်။ မန္တလေးမြို့မှာ အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်ရဲ့ နေအိမ် ကား သူ့စက်မှုလုပ်ငန်းအားလုံး မီးထဲပါသွားတယ်။ နောက်တနေ့မနက်မှာ သူ့ကို စွပ်ကျယ်လက်ပြတ်လေးဝတ်ပြီး စက်ဘီးလေးတစ်စီး စီးရင်း စိန်ပန်းရပ်ကွက်မှာ စက်ပစ္စည်းလေးတွေ ဈေးစုံစမ်းနေတာကို ကျွန်တော် တွေ့မိတယ်။ နောက် ၅ နှစ်အကြာမှာ သူဟာ အရင်အတိုင်း ပြန်ချမ်းသာသွားခဲ့တယ်။

ဒီအဖြစ်အပျက် ၂ ခုဟာ ကျွန်တော့်ကို စဉ်းစားစရာ အတွေးတွေ ဖြစ်ပေါ်လာစေပါတယ်။ သူတို့ ဘာကြောင့် နှစ်အနည်းငယ်အကြာမှာ အရင်လို ပြန်ချမ်းသာသွားရတာလဲ။ မိဘအမွေရလို့ မဟုတ်ပါ။ ထီပေါက်လို့ မဟုတ်ပါ။ ဓါးပြတိုက်လိုလည့်း မဟုတ်ပါ။ ကျွန်တော် အဖြေကို စဉ်းစားမိတယ်။ အဖြေက သူတို့ဟာ ချမ်းသာနည်းကို သိနေကြလို့ အဲဒီနည်းနဲ့ ချမ်းသာအောင် ပြန်လုပ်ယူလိုက်တာပါ။

တချို့က ပြောကြမယ်။ ချမ်းသာနည်း မလိုပါဘူးကွာ။ ကြိုးစားရင် ချမ်းသာပါတယ်လို့။ ကြိုးစားတိုင်းသာ ချမ်းသာကြေးဆိုရင် သဘောင်္ဆိပ်မှာ နဖူးချွေး ခြေမကျအောင် ကုန်ထမ်းနေသူတွေ၊ တနေကုန် နေပူကြဲကြဲအောက်မှာ မရပ်မနား သေလုအောင် ဆိုက်ကားနင်းသူတွေ ချမ်းသာနေပြီပေါ့။ သူတို့ကို နှိမ်တာ မဟုတ်ပါဘူး။ ချမ်းသာနည်း မသိရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မချမ်းသာနိုင်ဘူးဆိုတဲ့ အချက်ကို သိစေချင်တာပါ။

ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ချမ်းသာနည်းတွေ သင်ပြပေးတဲ့ ကျောင်းတွေ သင်တန်းတွေ မရှိဘူးလား။ မရှိပါ။ မရှိပါဘူး။ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ချမ်းသာနည်းကို သိအောင် လုပ်လို့ရပါတယ်။ အဲဒါက ငွေအများကြီးမကုန်တဲ့ ကြီးပွားအောင်မြင်ရေးအကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖတ်ခြင်းပါ။ အဲဒီစာအုပ်တွေမှာ ချမ်းသာနည်းတွေ ရေးပြထားပါတယ်။

အကောင်းဆုံးနည်းက အောင်မြင်ကြီးပွားသူတွေအကြောင်းရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ခြင်းပါ။ အဲဒီစာအုပ်တွေထဲမှာ သူတို့ ဘယ်လိုနည်းနဲ့ အောင်မြင်ကြီးပွားလာတယ်။ သူတို့ ဘယ်လိုအမှားတွေ လုပ်ခဲ့တယ်။ ဘာအခက်အခဲတွေနဲ့ တွေ့ခဲ့တယ်။ အဲဒီအခက်အခဲတွေကို ဘယ်လို အောင်မြင်ကျော်လွှားခဲ့တယ်ဆိုတာတွေကို အသေးစိပ်ရေးပြထားပါတယ်။

တကယ်လို့ သင်ဟာ သူတို့အကြောင်း သူတို့အတ္ထုပ္ပတိစာအုပ်တွေကို သေချာ ဖတ်ထားရင် သူတို့ထက် ပိုပြီးတောင် မြန်မြန်ဆန်ဆန် ကြီးပွားနိုင်ပါတယ်။ ကျွန်တော် နောက်တာ မဟုတ်ဘဲ တကယ်ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ စာအုပ်ထဲမှာ ဖတ်ထားလို့ သူတို့အမှားတွေကို ကြိုတင်သိပြီးနေတာကြောင့် သူတို့အမှားမျိုး လုပ်မိမှာ မဟုတ်ဘူး။ နောက်ပြီး အခက်အခဲကို ကျော်လွှားဖို့ နည်းလမ်းတွေကို ကြိုတင်ဖတ်ထားလို့ အခက်အခဲကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း သိပြီးနေပြီလေ။

ဒီစကားလေးကို မှတ်ထားပါ။
"ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ပါ။ ကြီးပွားချမ်းသာချင်ရင် ကြီးပွားချမ်းသာသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်ပါ။ တရားရချင်ရင် တရားစာအုပ်တွေကို ဖတ်ပါ"

ဗန်းမော်သိန်းဖေ
၂၄-၁၀-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။