💧ဦးတည်ချက်💧ရည်မှန်းချက်💧
⚜️⚜️⚜️
ဦးတည်ချက်၊ ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ် ခံစားနိုင်မှာမဟုတ်ဘူး။
⚜️⚜️⚜️
သူ့ဦးတည်ချက်က သူ့ဘ၀ကိုစုစည်းပေးတယ်။ သူ့အင်အားတွေကိုစုစည်းပေးတယ်။
သူ့ဦးတည်ချက်က သူ့ကို စည်းကမ်းရှိတဲ့သူဖြစ်အောင် လမ်းတည့်ပေးတယ်။
သူ့ဦးတည်ချက်က သူ့ကို အချိန်ဖြုန်းစရာမရှိအောင် လုပ်စရာတွေကို
ရှေ့မှာတန်းစီထားပေးတယ်။ ဘာမှလုပ်စရာမရှိဘူးဆိုတာ သူ့အတွက်
ဘယ်တော့မှဖြစ်မှာမဟုတ်တဲ့ အခြေအနေပဲ။ သူအနားယူတယ်ဆိုတာတောင်မှ
နားပြီးရင်လုပ်ဖို့ အနားယူတာ။ အားနေလို့နားတာမဟုတ်ဘူး။
သူ့အတွက်ပျော်စရာအကောင်းဆုံးက သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်နေရတာပဲ။
⚜️⚜️⚜️
ဘ၀ဦးတည်ချက်ကိုတကယ်သိချင်ရင် အရင်ဆုံး ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းသိအောင်လုပ်ပါ။ ကိုယ့်စိတ်ကိုကိုယ်တကယ်သိလာ ရင် ကိုယ်ဘာကိုတကယ်ချစ်တယ်ဆိုတာ သိလာမယ်။ ကိုယ်တကယ်ချစ်တာကိုလုပ်ရမှ စိတ်ပါလက်ပါလုပ်မယ်။ တစ်သက်လုံးလုပ်မယ်။ ရှိသမျှကိုယ်စွမ်းဥာဏ်စွမ်း တွေကို အကုန်ထုတ်မယ်။ ဒါမှ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်။ အကောင်းဆုံးဖြစ်အောင်လုပ်မှ အဆင့်မြင့်တဲ့ပျော်ရွှင်မှုကို ရမယ်။
⚜️⚜️⚜️
ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာဖြစ်လာတယ်။ ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက်မရှိတဲ့သူမှာ လွတ်လပ်မှုမရှိဘူး။
⚜️⚜️⚜️
ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ရွေးချယ်လိုက်တဲ့ ဦးတည်ချက်တစ်ခုရှိလာပြီဆိုရ င် အဲဒီလူဟာ စွမ်းရည်သတ္တိတွေ အင်အားတွေ အများကြီးတက်လာပြီ။ အဲဒီလူဟာ တစ်နေ့တာ တစ်နေ့တာ ဘဝကိုနေသွားရတာ အင်မတန်အဓိပ္ပါယ်ရှိတဲ့နည်းနဲ့ နေသွားတယ်။ သူ့မှာ ပျင်းတယ်ဆိုတာမရှိတော့ဘူး။ သူ့မှာ ဘာလုပ်ရမှန်းမသိဘူးဆိုတာမရှိတော့ဘူး။ သူ့မှာ အချိန်ဖြုန်းတယ်ဆိုတာမရှိတော့ဘူး။ သူ့မှာ အသေးအမွှား သေးသိမ်တဲ့ကိစ္စတွေ (ဥပမာ-သူများအတင်းပြောတာ) လုပ်ဖို့ရာ လုံးဝစိတ်ကူးမရှိတော့ဘူး။
⚜️⚜️⚜️
ကိုယ့်ဘဝမှာ ကိုယ်အဓိကလိုချင်တာဘာလဲဆို တာကို တိတိကျကျသိရင် ဘာလုပ်ရမယ် ဘယ်လိုနေရမယ်ဆိုတာလည်း သိတယ်။
⚜️⚜️⚜️
လူ့လောကလူ့အသိုင်းအဝိုင်းမှာ
ငါ ဘယ်လိုနေရာ ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုအလုပ်မျိုး ဘယ်လိုတာဝန်မျိုးကို
ယူမလဲ၊ ရပ်တည်ရမလဲဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ role ပျောက်သလို ဖြစ်နေတယ်။
နေရာပျောက်သလို ဖြစ်နေတယ်။ ကိုယ့်ခံယူချက်မရေရာတာ၊ ယုံကြည်ချက်မရေရာတာ၊
ကိုယ့်ရဲ့ရပ်တည်ရာမရေရာတာဟာ ကြီးမားတဲ့ပြဿနာပဲ။
⚜️⚜️⚜️
ဦးတည်ချက်လေးနက်တဲ့သူ၊ ခံယူချက်မြင့်မြတ်တဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းသိတဲ့သူဟာ အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်အများကြီးရှိတယ်။🏃🏻🏃🏻♀️
💁ကိုယ့်ဘဝရဲ့အဓိပ္ပါယ်💁
🌾🌾🌾
အဓိပ္ပာယ်ရှိရှိနေချင်ရင် အမြဲတမ်း သတိနဲ့နေပါ။ သတိနဲ့နေတဲ့သူ၊ သတိနဲ့လုပ်တဲ့သူ၊ သတိနဲ့ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်။
🌾🌾🌾
ကိုယ့်တစ်ယောက်တည်းအတွက်အသက်ရှင်နေရင်
ကိုယ့်ဘဝဟာ ကြာလေခြောက်သွေ့လေ၊ ကြာလေအဓိပ္ပာယ်မဲ့လေ ဖြစ်လာမယ်။ ကိုယ့်မှာ
ပစ္စည်းတွေဘယ်လောက်ရှိရှိ၊ ရာထူးတွေဘယ်လောက်ရှိရှိ အဲဒါတွေဟာ လုံးဝ
အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။
🌾🌾🌾
အရေးအကြီးဆုံးဟာ လူတွေမှာ အတန်းပညာတွေ ဘွဲ့တွေထက် ဘဝနဲ့ပတ်သက်တဲ့ခံယူချက် ပီပီပြင်ပြင် ရှိလာဖို့၊ အဲဒါ အရေးကြီးတယ်။ အဲဒါမှမရှိရင် တက္ကသိုလ်ဘွဲ့တွေ အဆင့်ပေါင်းဘယ်လောက်ရရ အဲဒီလူရဲ့ဘဝ ရှုပ်ထွေးနေဦးမှာပဲ။ အဲဒီလူဟာ ဘဝမှာ အမှားတွေအများကြီးနဲ့နေသွား ဦးမှာပဲ။ နောက်ဆုံး သူ့ဘဝ ဘာမှအဓိပ္ပါယ်မရှိဘဲနဲ့ သေရမှာပဲ။
🌾🌾🌾
“ဒီတစ်နေ့တာဟာ ငါ့အတွက် အဓိပ္ပာယ်ရှိတဲ့တစ်နေ့တာဖြစ် အောင် နေမယ်”လို့ မနက်စောစောကထဲကစဉ်းစားထားရင် ကောင်းတယ်။
🌾🌾🌾
လူဟာ စားဝတ်နေရေးပြည့်စုံသွားရုံ နဲ့ ကျေနပ်တဲ့သတ္တဝါမဟုတ်ဘူး။ လူဟာ အသက်ရှင်ရုံမျှရှင်နေရတာကို
ကျေနပ်တဲ့သဘောမရှိဘူး။ လူဟာ အသိဥာဏ်ကိုလိုလားတဲ့ သတ္တဝါဖြစ်တယ်။
စားဝတ်နေရေး နဲနဲအဆင်ပြေတာနဲ့ နောက်တစ်ဆင့် သူဘာကိုအလေးထားသလဲဆိုတာ
သိချင်တယ်။ သူ့ဘဝဟာ ဘာအဓိပ္ပာယ်ရှိသလဲဆိုတာ သိချင်တယ်။ တိရစ္ဆာန်နဲ့လူနဲ့
အဲဒါကွာသွားတာ။
🌾🌾🌾
ကိုယ်က သတိ သမာဓိ ကောင်းလာလေလေ၊ ဥာဏ်ပညာရင့်ကျက်လာလေလေ meaning ဆိုတာကို ပိုပိုပြီး မြင်လာလေလေပဲ။ နေရာတိုင်းမှာ meaning က ရှိတယ်။ မသိကြလို့ပါ။ ကြည့်တတ်ရင် မြင်ပါတယ်။ အဲဒီလိုမြင်လာလို့ရှိရင် new meaning အဓိပ္ပာယ် အသစ် အသစ်တွေ၊ new richness အနှစ်သာရ အသစ် အသစ်တွေ၊ new interest စိတ်ဝင်စားစရာ အသစ် အသစ်တွေလည်း ပိုများလာမယ်။ သိစရာတွေက များလိုက်တာ။ သိချင်လိုက်တာ။
🌾🌾🌾
အခုခေတ်မှာ ကျွန်စနစ်မရှိတော့ဘူး။ ကျွန်ဖြစ်သွားမှာ ကြောက်စရာမလိုဘူး။ ဒီအန္တရာယ် မရှိဘူး။ ဒါပေမဲ့ လူမပီသတဲ့ စက်ရုပ်လိုဖြစ်သွားဖို့ကတော့  အန္တရာယ်အများကြီး ရှိပါတယ်။
🌾🌾🌾
လူတွေဟာ ကိုယ့်ဟာကိုယ် ဘာကိုတန်ဖိုးထားသလဲဆိုတာ သိပ်မသိတော့ဘူး။ အများနောက်ကို လိုက်နေကြတာ။ အများလုပ်သလို လိုက်လုပ်ကြတာ။ အများစားသလိုစားတယ်။ အများဝတ်သလိုဝတ်တယ်။ အခု လူငယ်လေးတွေကိုမေးကြည့်ရင် “ဘာအလုပ် လုပ်ချင်သလဲ” ဆိုရင် “ဘယ်အလုပ် ခေတ်စားသလဲ” သူ အဲဒါပဲစဉ်းစားမယ်။ ငါဘာလုပ်ချင်သလဲဆိုတာ မစဉ်းစားဘူး။
🌾🌾🌾
ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီးတော့
ငါ့ရဲ့ဓာတ်ခံဟာ ဘာလဲ။ အဲဒါကိုသိပြီးတော့ ကိုယ့်ဓာတ်ခံ ကိုယ့်ဗီဇနဲ့
ကိုက်တာ၊ အကျိုးများတာကို တကယ် စိတ်ရောကိုယ်ပါ ဘဝပါပေးပြီးတော့
လုပ်လိုက်ဖို့လိုတယ်။ ဒါမှ ဘဝဟာ အဓိပ္ပာယ်ရှိမယ်။
သူများအထင်ကြီးတာတွေချည်းပဲ လိုက်လုပ်နေရင် ဘယ်လောက်ပဲသူများအထင်ကြီးကြီး ကိုယ့်ဘဝဟာ အဓိပ္ပာယ်မရှိနိုင်ဘူး။ ဘဝဟာ ကျေနပ်စရာမဖြစ်ဘူး။
🌾🌾🌾
ဘာဖြစ်လို့ လူတွေဟာ တစ်ခုခုကို ပြတ်ပြတ်သားသားမဆုံးဖြတ်နို င်တာလဲ။ ဘာဖြစ်လို့ တစ်ခုခုကို စိတ်ရောကိုယ်ပါအားသွန်ပြီးေ တာ့ အချိန်ပြည့်မလုပ်နိုင်တာလဲ။
မလုပ်ချင်တာလဲ။ အဓိကပြဿနာက စိတ်ထဲမှာ ဘာကိုမှ လှိုက်လှိုက်လှဲလှဲ
ခံစားလို့မရဘူး၊ ဘာကိုမှ တန်ဖိုးထားလို့မရဘူး၊ ဘာကိုမှမလုပ်ချင်သလိုပဲ
ဖြစ်နေတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို တွန်းတွန်း
တွန်းတွန်းပြီးတော့ လုပ်ခိုင်းရတယ်။ အဲသလို ကိုယ့်ကိုယ်ကိုတွန်းနေရတာ
ကြာတော့ အဲသလိုတွန်းနေရတာကိုက ပင်ပန်းလာတယ်။ အဲဒီတော့ ရပ်လိုက်ချင်တော့တယ်။
အဲသလိုစိတ်မျိုးဖြစ်နေတော့… အခုခေတ်လူတွေဟာ ဥပမာနဲ့ပြောရရင် ကားမောင်းရင်းနဲ့ တဖက်ကဘရိတ်ကိုနင်းထားပြီးတော့
တဖက်က လီဗာကိုနင်းထားသလို ဖြစ်နေတယ်။ သွားလည်း သွားချင်တယ်၊ ရပ်လည်း
ရပ်ပစ်လိုက်ချင်တယ်။ အဲဒါကြောင့် ပိုပြီးတော့ပင်ပန်းတယ်။ ဒီသဘောကို
တော်တော် နက်နက်နဲနဲသိဖို့ လိုတယ်နော်။
🌾🌾🌾
အကယ်၍ လူတစ်ယောက်ဟာ သူတကယ်လုပ်ချင်တာဘာလဲလို့ တိတိကျကျသိပြီးတော့ ကိုယ့်ဟာကိုယ်လည်း နေ့စဉ် စိတ်ပါလက်ပါလုပ်နေတယ်ဆိုရင် ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊ ဘဝကြီးက empty ဖြစ်နေသလိုမျိုး၊ ပျင်းစရာကောင်းတယ်ဆိုတာမျိုးဟာ ဘယ်တော့မှမဖြစ်နိုင်ဘူး။
ငါ့ဘဝ empty ဖြစ်မနေအောင်၊ အဓိပ္ပာယ်မရှိသလို ဖြစ်မနေအောင်၊ ပျင်းတယ်ဆိုတာ ငါ့ဘဝမှာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်နိုင်သလောက် စောစောထဲကစဉ်းစားပြီးတော့ နည်းလမ်းရှာသင့်တယ်။
🌾🌾🌾
လူသားတစ်ယောက်ဟာ လူ့ဘဝကိုရောက်လာတဲ့အချိန်မှာ ဘဝနဲ့ပတ်သက်ပြီးတော့ တစ်ခုခုကို ငါသိတယ်လို့ပြောနိုင်တဲ့အဖြ စ်မျိုး ရဖို့လိုအပ်တယ်။ အကြောင်းအရာတစ်ခုခုကို ကိုယ်ပိုင်ဥာဏ်နဲ့သိလိုက်ရတ ယ်ဆိုတာ စိတ်ထဲမှာ အတော်အားရတာပဲ။ ကိုယ့်ကိုယ်ကိုလည်းပဲ ယုံကြည်မှုအများကြီးတက်တယ်၊ တန်ဖိုးထားမှုလည်း အများကြီးတက်တယ်။
လူတစ်ယောက်ဟာ လူ့ဘဝမှာ အရေးကြီးတဲ့ကိစ္စတချို့ကိုတော့ “ဟုတ်တယ်” လို့ ပိုင်ပိုင်နိုင်နိုင်သိလိုက်ဖို့ လိုအပ်ပါတယ်။ ဘာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိရဘဲ နဲ့ ဟုတ်သလိုလို၊ မဟုတ်သလိုလို ဟုတ်ချင်လည်းဟုတ်မှာပေါ့၊ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့ဆိုတာမျိုးနဲ့ တစ်သက်လုံးနေသွားရတဲ့ဘဝဟာ တော်တော်ကို မရေရာတာပဲ။ အဲသလို မရေရာမှုတွေအင်မတန်များနေတဲ့ လူတွေရဲ့စိတ်က တစ်ခုခုကိုဇောက်ချပြီး ဘယ်လိုလုပ် လုပ်လို့ရမလဲ။ အဲဒါဟာ အင်မတန်ကြီးမားတဲ့ ပြဿနာပဲ။
🌾🌾🌾
တစ်ခုခုကို တကယ်ကိုရှင်းရှင်းလင်းလင်း တိတိကျကျသိနေရတဲ့စိတ်ဟာ အင်မတန်အဆင့်အတန်းမြင့်တာပဲ ။ အဲဒီလိုစိတ်မျိုး ဖြစ်လာပြီဆိုရင် ငါ့ဘဝမှာ အသက်ရှင်နေရတာရဲ့အဓိပ္ပာယ်နဲ့  အရသာဟာ ဟောဒီစိတ်မျိုးဖြစ်မှာပဲ။ တကယ်ပီပြင်တာပဲ။ ဒီလိုစိတ်မျိုးနဲ့ပဲနေသွားချင်တယ်လို့ တွေးမိတယ်။
🌾🌾🌾
အများနဲ့နေရတဲ့အခါမှာ အများရဲ့လွှမ်းမိုးမှုကြောင့်
အများတွေးသလို လိုက်တွေးမိတတ်တာ များပါတယ်။ သူများနောက်လိုက်
ဖြစ်နေတတ်တယ်။ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်တွေဟာ ဘာလဲ၊
ငါ့ကိုယ်တွေ့ ငါ့ကိုယ်ပိုင်ဥာဏ်နဲ့ ငါတကယ်သိတာ ဘာရှိသလဲဆိုတာကို
လေးလေးနက်နက် မေးသင့်တယ်။ တကယ်သိချင်ရင် တစ်ယောက်ထဲနေဖို့အချိန်ကို
ရအောင်ရှာယူပြီးတော့ မကြာမကြာ ကိုယ့်အတွေးကိုကိုယ် ကိုယ့်စိတ်ကိုကိုယ်
ကြည့်ပြီးတော့ နက်နက်နဲနဲ စူးစမ်းဖို့ စမ်းစစ်ဖို့ လိုတယ်။ ဒါကြောင့်
“တစ်ယောက်ထဲနေတဲ့အချိန် ငါ့မှာရှိမှဖြစ်မယ်” ဆိုတာကို လေးလေးနက်နက်
သဘောပေါက်ဖို့လိုတယ်။
🌾🌾🌾
အလေးနက်ဆုံးအသိဥာဏ်ကို တစ်ယောက်ထဲနေတဲ့အချိန်မှာမှ
ရနိုင်တယ်။ တစ်ယောက်ထဲနေတဲ့အချိန်မှာ ငါ့သဘောထားဟာ ဘာလဲ၊
ငါ့တန်ဘိုးထားမှုဟာ ဘာလဲ၊ ငါ့ခံစားချက်ဟာ ဘာလဲ၊ ငါ့ဘဝကိုငါ တန်ဖိုးရှိရှိ
အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် ဘယ်လိုနေရမလဲဆိုတာကို နက်နက်နဲနဲ
စဉ်းစားခွင့်ရတယ်။ တစ်ယောက်ထဲနေတဲ့အချိန်မရှိရ င် လေးနက်တဲ့အတွေးအခေါ် မထွက်နိုင်ဘူး။ လေးနက်တဲ့အတွေးအခေါ်ရှိတဲ့သူ တွေဟာ
တယောက်တည်းနေတဲ့အချိန်ကို များများရအောင် ယူတတ်တယ်။ တစ်ယောက်ထဲနေနိုင်တာဟာ
စိတ်ဓာတ်ရင့်ကျက်တဲ့ လက္ခဏတစ်ခုဖြစ်တယ်။ အားငယ်စိတ်မရှိလို့၊
မှီခိုစိတ်မရှိလို့၊ ပျင်းတဲ့စိတ်မရှိလို့ တစ်ယောက်ထဲနေနိုင်တာ။
ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်တဲ့ အရည်အချင်းရှိတဲ့သူ၊ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေတတ်တဲ့သူဆိုရင် တစ်ယောက်ထဲနေလိုက်မှ အရည်အချင်းပိုထွက်တယ်။
🌾🌾🌾
ကျန်းကျန်းမာမာနေချင်သေးတယ် ၊ အသက်ရှည်ရှည်နေချင်သေးတယ်။ ဘာဖြစ်လို့ အသက်ရှည်ရှည်နေချင်သလဲလို့ေ မးရင် နောက်ထပ် နက်နဲတာတွေ သိမ်မွေ့တာတွေ သိချင်သေးလို့။ နောက်ထပ် ပိုကောင်းတာတွေလုပ်ချင်သေးလို့
အသက်ရှည်ရှည်နေချင်တာပါ။ ဘာမှမလုပ်ချင်တော့ဘူး၊ ဘာမှမသိချင်တော့ဘူး၊
ဘာမှလည်း မသိရတော့ဘူး၊ ဘာမှလည်း မလုပ်ရတော့ဘူးဆိုရင် အသက်ရှင်နေရတာ
ဘာအဓိပ္ပာယ်ရှိတော့မလဲ။
🌾🌾🌾
စိတ်ဆင်းရဲမှုအများဆုံးဖြစ်ေ နကြရတာဟာ
ငါ့ကို လူတွေ အထင်ကြီးသလား၊ အထင်သေးသလား။ လူအထင်ကြီးအောင်
ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေကြောင့်။ ငါ့ဘဝကို ငါ့အတွက်အဓိပ္ပာယ်ရှိအောင်
ဘယ်လိုနေသွားရမလဲဆိုတာကို တွေးပါ။ ကိုယ့်ကိုယ်ကိုသူများနဲ့နှို င်းယှဉ်ပြီး သူကသာတယ်၊ ငါကသာတယ်ဆိုတဲ့ အတွေးမျိုးဟာ စိတ်ကိုပင်ပန်းစေတယ်။
🌾🌾🌾
ဂုဏ်တွေ၊ အဆင့်အတန်းတွေရှိမှ ငါဟာ တန်ဖိုးရှိတဲ့လူမဟုတ်ဘူး။ သူများထက်သာအောင်လုပ်နိုင်မှ ငါဟာ တန်ဖိုးရှိတဲ့လူမဟုတ်ဘူး။ စိတ်ကောင်းရှိတဲ့၊ လူသားပီသတဲ့လူတစ်ယောက်ဖြစ်ေ နရင်ကိုပဲ အင်မတန်တန်ဖိုးရှိနေပြီ။
🌾🌾🌾
ဂုဏ်နဲ့ပတ်သက်တဲ့အတွေးတွေ တွေးတိုင်း သတိထားပြီး ကြည့်ဖို့လိုတယ်။ ဘဝရဲ့အဓိပ္ပါယ်ဟာ အသိဥာဏ်ပဲဆိုတာကို ဘယ်တော့မှမမေ့သင့်ဘူး။☝🏼☝🏼
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖page-234+(313-317)📖
Credit. To. ဘဝ
⚜️⚜️⚜️
ဦးတည်ချက်၊ ရည်မှန်းချက် မရှိတဲ့သူဟာ ဘာကိုမှ ကျေကျေနပ်နပ် ခံစားနိုင်မှာမဟုတ်ဘူး။
⚜️⚜️⚜️
သူ့ဦးတည်ချက်က သူ့ဘ၀ကိုစုစည်းပေးတယ်။ သူ့အင်အားတွေကိုစုစည်းပေးတယ
⚜️⚜️⚜️
ဘ၀ဦးတည်ချက်ကိုတကယ်သိချင်ရင
⚜️⚜️⚜️
ဦးတည်ချက်ရှိမှ ရွေးစရာဆိုတာဖြစ်လာတယ်။ ရွေးစရာရှိမှ လွတ်လပ်မှုလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက်မရှိတဲ့သူမှာ လွတ်လပ်မှုမရှိဘူး။
⚜️⚜️⚜️
ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ရွေ
⚜️⚜️⚜️
ကိုယ့်ဘဝမှာ ကိုယ်အဓိကလိုချင်တာဘာလဲဆို
⚜️⚜️⚜️
လူ့လောကလူ့အသိုင်းအဝိုင်းမှ
⚜️⚜️⚜️
ဦးတည်ချက်လေးနက်တဲ့သူ၊ ခံယူချက်မြင့်မြတ်တဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းသိတဲ့သူဟာ အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်အများကြီးရှိတယ်။🏃🏻🏃🏻♀️
💁ကိုယ့်ဘဝရဲ့အဓိပ္ပါယ်💁
🌾🌾🌾
အဓိပ္ပာယ်ရှိရှိနေချင်ရင် အမြဲတမ်း သတိနဲ့နေပါ။ သတိနဲ့နေတဲ့သူ၊ သတိနဲ့လုပ်တဲ့သူ၊ သတိနဲ့ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်။
🌾🌾🌾
ကိုယ့်တစ်ယောက်တည်းအတွက်အသက
🌾🌾🌾
အရေးအကြီးဆုံးဟာ လူတွေမှာ အတန်းပညာတွေ ဘွဲ့တွေထက် ဘဝနဲ့ပတ်သက်တဲ့ခံယူချက် ပီပီပြင်ပြင် ရှိလာဖို့၊ အဲဒါ အရေးကြီးတယ်။ အဲဒါမှမရှိရင် တက္ကသိုလ်ဘွဲ့တွေ အဆင့်ပေါင်းဘယ်လောက်ရရ အဲဒီလူရဲ့ဘဝ ရှုပ်ထွေးနေဦးမှာပဲ။ အဲဒီလူဟာ ဘဝမှာ အမှားတွေအများကြီးနဲ့နေသွား
🌾🌾🌾
“ဒီတစ်နေ့တာဟာ ငါ့အတွက် အဓိပ္ပာယ်ရှိတဲ့တစ်နေ့တာဖြစ်
🌾🌾🌾
လူဟာ စားဝတ်နေရေးပြည့်စုံသွားရုံ
🌾🌾🌾
ကိုယ်က သတိ သမာဓိ ကောင်းလာလေလေ၊ ဥာဏ်ပညာရင့်ကျက်လာလေလေ meaning ဆိုတာကို ပိုပိုပြီး မြင်လာလေလေပဲ။ နေရာတိုင်းမှာ meaning က ရှိတယ်။ မသိကြလို့ပါ။ ကြည့်တတ်ရင် မြင်ပါတယ်။ အဲဒီလိုမြင်လာလို့ရှိရင် new meaning အဓိပ္ပာယ် အသစ် အသစ်တွေ၊ new richness အနှစ်သာရ အသစ် အသစ်တွေ၊ new interest စိတ်ဝင်စားစရာ အသစ် အသစ်တွေလည်း ပိုများလာမယ်။ သိစရာတွေက များလိုက်တာ။ သိချင်လိုက်တာ။
🌾🌾🌾
အခုခေတ်မှာ ကျွန်စနစ်မရှိတော့ဘူး။ ကျွန်ဖြစ်သွားမှာ ကြောက်စရာမလိုဘူး။ ဒီအန္တရာယ် မရှိဘူး။ ဒါပေမဲ့ လူမပီသတဲ့ စက်ရုပ်လိုဖြစ်သွားဖို့ကတော
🌾🌾🌾
လူတွေဟာ ကိုယ့်ဟာကိုယ် ဘာကိုတန်ဖိုးထားသလဲဆိုတာ သိပ်မသိတော့ဘူး။ အများနောက်ကို လိုက်နေကြတာ။ အများလုပ်သလို လိုက်လုပ်ကြတာ။ အများစားသလိုစားတယ်။ အများဝတ်သလိုဝတ်တယ်။ အခု လူငယ်လေးတွေကိုမေးကြည့်ရင် “ဘာအလုပ် လုပ်ချင်သလဲ” ဆိုရင် “ဘယ်အလုပ် ခေတ်စားသလဲ” သူ အဲဒါပဲစဉ်းစားမယ်။ ငါဘာလုပ်ချင်သလဲဆိုတာ မစဉ်းစားဘူး။
🌾🌾🌾
ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီ
🌾🌾🌾
ဘာဖြစ်လို့ လူတွေဟာ တစ်ခုခုကို ပြတ်ပြတ်သားသားမဆုံးဖြတ်နို
🌾🌾🌾
အကယ်၍ လူတစ်ယောက်ဟာ သူတကယ်လုပ်ချင်တာဘာလဲလို့ တိတိကျကျသိပြီးတော့ ကိုယ့်ဟာကိုယ်လည်း နေ့စဉ် စိတ်ပါလက်ပါလုပ်နေတယ်ဆိုရင်
ငါ့ဘဝ empty ဖြစ်မနေအောင်၊ အဓိပ္ပာယ်မရှိသလို ဖြစ်မနေအောင်၊ ပျင်းတယ်ဆိုတာ ငါ့ဘဝမှာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်နိုင်သလောက် စောစောထဲကစဉ်းစားပြီးတော့ နည်းလမ်းရှာသင့်တယ်။
🌾🌾🌾
လူသားတစ်ယောက်ဟာ လူ့ဘဝကိုရောက်လာတဲ့အချိန်မှ
လူတစ်ယောက်ဟာ လူ့ဘဝမှာ အရေးကြီးတဲ့ကိစ္စတချို့ကိုတေ
🌾🌾🌾
တစ်ခုခုကို တကယ်ကိုရှင်းရှင်းလင်းလင်း တိတိကျကျသိနေရတဲ့စိတ်ဟာ အင်မတန်အဆင့်အတန်းမြင့်တာပဲ
🌾🌾🌾
အများနဲ့နေရတဲ့အခါမှာ အများရဲ့လွှမ်းမိုးမှုကြောင့်
🌾🌾🌾
အလေးနက်ဆုံးအသိဥာဏ်ကို တစ်ယောက်ထဲနေတဲ့အချိန်မှာမှ
🌾🌾🌾
ကျန်းကျန်းမာမာနေချင်သေးတယ်
🌾🌾🌾
စိတ်ဆင်းရဲမှုအများဆုံးဖြစ်ေ
🌾🌾🌾
ဂုဏ်တွေ၊ အဆင့်အတန်းတွေရှိမှ ငါဟာ တန်ဖိုးရှိတဲ့လူမဟုတ်ဘူး။ သူများထက်သာအောင်လုပ်နိုင်မ
🌾🌾🌾
ဂုဏ်နဲ့ပတ်သက်တဲ့အတွေးတွေ တွေးတိုင်း သတိထားပြီး ကြည့်ဖို့လိုတယ်။ ဘဝရဲ့အဓိပ္ပါယ်ဟာ အသိဥာဏ်ပဲဆိုတာကို ဘယ်တော့မှမမေ့သင့်ဘူး။☝🏼☝🏼
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖page-234+(313-317)📖
Credit. To. ဘဝ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။