#ထင်ယောင်ထင်မှားမြန်မာစကား ပုံများ•••
±±±±±±±±±±±±±±±±±±±±±±±±±±
*ရခိုင်နှင့်မြွေပွေးကိုတွေ့ လျှင်ရခိုင်ကိုအရင်သတ်*
*မသာတစ်ခေါက်ကျောင်းဆယ်ခေါက်*
*မ ဖျက်လျှင် ပြည် ပျက်တတ်သည်*(တချို့ဒေသတွင် မိန်းမဖျက်တော့ ပြည်ပျက်သည်ဟုပင် ပြောဆိုတတ်ကြသေး၏။)
#ရခိုင်နှင့်မြွေပွေးကိုတွေ့ လျှင်ရခိုင်ကိုအရင်သတ်•••
ကျွန်တော် ဖားကန့်သို့ စရောက်စဉ်က "မင်းတို့ရခိုင်လူမျိုးတွေက အတော်ဆိုးမယ့်ပုံဘဲနှော်။ငါ ကြားဖူးတဲ့စကားပုံဆို ရခိုင်နဲ့မြွေးပွေးကိုတွေ့ရ င်ရခိုင်ကို
အရင်သတ် ဆိုတော့ မြွေပွေးထက်တောင် ဆိုးမယ့်ပုံဘဲ။ဒါပေမယ့် မြွေပွေးဆိုတာ
သူ့ကို ထိမှပေါက်တတ်တယ်။မထိရင် မပေါက်ဘူး။ရခိုင်တွေက မဟုတ်မခံ စိတ်ရှိလို့
ပြောတာလဲဖြစ်နိုင်တယ်"ဟု မိတ်ဆွေတစ်ယောက်ပြောဖူး၏။(ေ နာက်ပိုင်းတွင် ထိုစကားပုံအား ခဏခဏကြားရတတ်သည်။)ထိုစကားကို ပြောသူသည် ကျွန်တော်နှင့် အရမ်းခင်မင်သူ ဖြစ်၏။ပုဂ္ဂိုလ်ရေး မုန်းတီးခြင်းကြောင့်မေးခြင်း
မဟုတ်ပေ။ူသူုကြားဖူးသည်ကို ပြောပြခြင်းမျှသာ ဖြစ်၏။ထိုအခါမှ ကျွန်တော်သည်
သည်စကားပုံအား လူတွေဘယ်လောက်များများ အထင်မှားနေကြပြီလဲ မသိဘူး ဆိုသည်ကို
တွေးမိ၏။
အမှန်က ထိုစကားသည် စကားပုံ မဟုတ်ပါ။ ဆေးကျမ်း တစ်ခုအား အတိုကောက် ရေးသားထားခြင်းဖြစ်၏။ထိုစကား၏ ဆိုလိုရင်းသည် မြွေပွေးအကိုက်ခံရလျှင် မြွေပွေးကို သတ်ဖို့ အရင်ရှာမနေပါနှင့် အနီးအနားတွင် ရခိုင်ငှက်ပျောပင်(တချို့ဒေ သတွင် ကသည်းငှက်ပျောဟု ခေါ်သည်)ရှိမရှိ အရင်ကြည့်ပါ။မြွေပွေးအဆိပ်သ ည်
အလွန်ပြင်း၍ အဆိပ်တက်မြန်သောကြောင့် မြွေပွေးကို သတ်ပြီးအချိန်မကုန်စေဘဲ
ဘေးနားတွင် တွေ့သော ရခိုင်ငှက်ပျောပင်အား အရင်ဓါးဖြင့်
ခုတ်လိုက်ပါ။ပြီးလျှင်(ပိုး သတ်ထားသော
အပ်ဖြင့် ကိုက်သည့်နေရာအား ဆွနိုင်လျှင် ပိုကောင်းသည်ဟုလဲ
ဆိုကြသေးသည်။ထိုတုန်းက အယူအဆပါ။)မြွေကိုက်သော နေရာတွင်
ဖိထားပေးပါ။ငှက်ပျောပင်မှ အစေးများသည် မြွေဆိပ်အား အလွယ်တစ်ကူ
စုပ်ယူသွားလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။တချို့ ဒေသ များတွင် များစွာ အမှတ်မှားနေတတ်ကြသည်။
#မသာတစ်ခေါက်ကျောင်းဆယ်ခေါက်•••
ကျွန်တော်ငယ်စဉ်က ရွာထဲတွင် အမြဲကြားဖူးနေကျ စကားတစ်ခုရှိသည်။မသာတစ်ခေါက်လိုက်လျှင် ကျောင်းဆယ်ခေါက် လိုက်သလို ကုသိုလ်ရတယ် ဟူ၍ပင်။(ထိုအခါက စာပေလိုက်စားမှုအားနည်းခြင်း ၊ယခုကဲ့သို့
စာပေကျမ်းဂန်တတ်ကျွမ်းသော ဆရာတော်ကြီးများ၏ တရားခွေများအား အလွယ်တယူ
နာယူနိုင်ရန် ခက်ခဲခြင်းများကြောင့်လဲ ဖြစ်လိမ့်မည်။)အမှန်က ထိုသို့
မဟုတ်ပါ။ဘုန်းကြီးကျောင်းသို့
ဆယ်ခေါက်ရောက်သော်လည်း တနေ့သေရမည်ဟူသော သံဝေဂ အားရတတ်သူ နည်းပါး၏။သို့သော်
အသုဘ သို့ ရောက်မိသည်နှင့် ယူတတ်လျှင် "အော် ဟိုနေ့ကမှ
ငါနဲ့စကားပြောသေးတယ်၊ဟို လ ကမှ အကောင်းကြီးရှိသေးတယ်" အစရှိသဖြင့်
အတွေးများဝင်၍ သေရမယ့်အချိန်ဆိုတာ အတိအကျမရှိပါလား။ငါလဲ
အချိန်မရွေးသေနိုင်တာဘဲ။သူေ သသွားတာ ဘာမှ ယူမသွားနိုင်ရှာဘူး(သူ့ဥစ္စာ သူ့ပစ္စည်း)။ငါသေ သွားလျှင်လဲ ဘာမှယူနိုင်မှာ မဟုတ်ဘူး။အချိန်ရှိတုန်းလေး သေရင် ကိုယ့်နောက်ပါမယ့် ဒါန၊သီလ၊ဘဝနာ လေးပွားများမှပါဟု အသိတရားရတတ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ကျောင်းဆယ်ခေါက်ရောက်သော်လည်း ထိုအသိတရားရဖို့ မလွယ်ကူတတ်သည်ကို ဆိုလိုခြင်းဖြစ်သည်။
#မ ဖျက်တော့ ပြည်ပျက်တတ်သည်•••
တချို့က ထိုစကားပုံသည် မြန်မာနိုင်ငံ သူကျွန်ဘဝရောက်ရသည်မှာ "စုဖုရားလတ်"ကြောင့်ဖြစ်ရသည်။မိန်းမ
ဖျက်၍ ပြည်ပျက်သွားသည် ဆိုပြီး ထင်မှတ်နေတတ်ကြ၏။အမှန်က ထိုအကြောင်းအရာကို
ဆိုလိုခြင်း မဟုတ်ပေ။မ ဖျက်လျှင် ပြည်ပျက်တတ်သည်
ဆိုသည်မှာ•••တိုင်းပြည်တစ်ခုတွင် ဥပဒေအရသော်လည်းကောင်း၊ဘာသာေ ရး အရသော်လည်းကောင်း၊ကျန်းမာရေးအရသော်လည်းကောင်း အစရှိသဖြင့် တားမြစ်ထားသည်များကို တွေ့ဖူးကြပါလိမ့်မည်။ဥပမာ-ေ ရမကူးရ။ငါးမဖမ်းရ။ပန်းမခူးရ ။ဆေးလိပ်မသောက်ရ။ အစရှိသဖြင့် ဆိုင်းပုဒ်များအား လူတိုင်းတွေ့ဖူးကြပါလိမ့်မည်။ထိုစာများတွေ့လျှင် အသိဉာဏ်ဖြင့် ဆင်ခြင်တတ်ကြ၏။သို့သော် ထိုဆိုင်းပုဒ်များတွင် မ တစ်လုံးအားဖျက်ထားလိုက်လျှင် ဆန့်ကျင်ဘက် အဓိပ္ပါယ်သို့ သက်ရောက်သွားတော့၏။
နိုင်ငံတော်၏ သစ္စာအဓိဌာန် သုံးရပ်တွင်(ပြည်ထောင်စုမပြိုကွဲရေး•••••ဒို့အရေး အစရှိသဖြင့်) "မ" ဖျက်လိုက်ပါက မည်သည့်အဓိပ္ပါယ်သက်ရောက်သွားမည်ကို လူတိုင်း သိကြ ပါလိမ့်မည်။ ထို "မ"များကိုသာ ဆိုလိုခြင်း ဖြစ်ပါသည် ဟု အကြံပြု ဆွေးနွေး လိုက်ပါသည်။
ကျွန်ုပ်သည် တတ်ကျွမ်းနားလည်လွန်း၍ ပြောနေခြင်းမဟုတ်ပါ ။ဖတ်ဖူးကြားဖူးသမျှအား ဗဟုသုတ အဖြစ်ပြန်လည်ဝေငှခြင်းသာဖြစ်ပါသည်။ကျွန်ုပ်နှင့်သဘောထာ ခြင်းမတိုက်ဆိုင်လျှင် ဝေဖန်အကြံပြုလိုပါသည်။သိကျွ မ်းသူအားလုံးအား ဆရာတင်ပါသည်။သို့သော် Comment များဖြင့် ဝင်ဆဲခြင်းမပြုလုပ်ကြပါရန် ရိုသေစွာတောင်းပန်အပ်ပါသည်။
ဆန်းသူရိန်(ခရမ်းကျွန်း)#ထင်ယောင်ထင်မှားမြန်မာစကားပုံ များ•••

ဆန်းသူရိန်(ခရမ်းကျွန်း)
±±±±±±±±±±±±±±±±±±±±±±±±±±
*ရခိုင်နှင့်မြွေပွေးကိုတွေ
*မသာတစ်ခေါက်ကျောင်းဆယ်ခေါက

#ရခိုင်နှင့်မြွေပွေးကိုတွေ
ကျွန်တော် ဖားကန့်သို့ စရောက်စဉ်က "မင်းတို့ရခိုင်လူမျိုးတွေက
အမှန်က ထိုစကားသည် စကားပုံ မဟုတ်ပါ။ ဆေးကျမ်း တစ်ခုအား အတိုကောက် ရေးသားထားခြင်းဖြစ်၏။ထိုစကာ
#မသာတစ်ခေါက်ကျောင်းဆယ်ခေါက
ကျွန်တော်ငယ်စဉ်က ရွာထဲတွင် အမြဲကြားဖူးနေကျ စကားတစ်ခုရှိသည်။မသာတစ်ခေါက
#မ ဖျက်တော့ ပြည်ပျက်တတ်သည်•••
တချို့က ထိုစကားပုံသည် မြန်မာနိုင်ငံ သူကျွန်ဘဝရောက်ရသည်မှာ "စုဖုရားလတ်"ကြောင့်ဖြစ်ရသည
နိုင်ငံတော်၏ သစ္စာအဓိဌာန် သုံးရပ်တွင်(ပြည်ထောင်စုမပြ
ကျွန်ုပ်သည် တတ်ကျွမ်းနားလည်လွန်း၍ ပြောနေခြင်းမဟုတ်ပါ ။ဖတ်ဖူးကြားဖူးသမျှအား ဗဟုသုတ အဖြစ်ပြန်လည်ဝေငှခြင်းသာဖြစ
ဆန်းသူရိန်(ခရမ်းကျွန်း)#ထင

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။