Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 16, 2017

ခရုအုန်းအတွင်းမှ အမြုတေပုလဲရရှိ

ခရုအုန်းအတွင်းမှ အမြုတေပုလဲရရှိ
•••••••••••••••••••••••••••••••
ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ကော်မယ်အနောက် ကျေးရွာတွင်နေထိုင်သူ ကိုရိုက်ခေါင်း(ခ)ကိုထက်နိုင်ဝင်းသည် ယနေ့မနက် ပင်လယ်ထဲပိုက်ဆွဲရာမှရရှိလာသောခရုအုန်းအား ဟင်းချက်ရန် ခွဲထုတ်ရာမှာပုံပါအတိုင်း ရွှေရောင်သန်းလျက်ရှိသော အမြုတေတစ်လုံးကိုရရှိခဲ့ပါသည်။
..
လူသိနည်းသည့် ရတနာ တစ်ပါး သို့မဟုတ် ခရုအုန်း အမြုတေ။

.. ပင်လယ် ငါးဖမ်းလှေများတွင် ဖမ်းယူ ရရှိသည့် ခရုအုန်း(ခေါ်) အုန်းခရု တစ်မျိုးအတွင်းမှ တစ်ခာတစ်ရံ ရရှိတတ်သည့် ခရုအုန်း အမြုတေသည် တန်ဖိုးကြီးမားသည် ရတနာတစ်ပါးးဖြစ်သည်ကိုကား သိသူနည်းလှပေသည်။
..
ကမ္ဘာအရပ်ရပ်၌ ခရုမျိုးစိတ်ပေါင်း ၆၅ဝဝဝ ကျော်ခန့်ရှိရာ(၁)ဂစ်စထရိပဒါ၊ (၂)လမယ်လီဗရန် ကီးယား၊ (၃) ဆယ်ဖလော်ပဒါ၊ (၄)အမ်ဖီနျူရာ၊ (၅)စကက်ဖိုပဒါဟူ၍ ခရုအမျိုးအစား ငါးမျိုးရှိရာ ခရုအုန်း သို့မဟုတ် အုန်းခရုသည် ဂစ်စထရိပဒါ အမျိုးအစားတွင် ပါဝင်သည်။

..
ဂစ်စထရိပဒါဟူသော ဝေါဟာရမှာ ဝမ်းဗိုက်ဖြင့် သွားလာသော သတ္တဝါမျိုးဟု အဓိပ္ပာယ်ရပေရာ ပက်ကျိနှင့် ရေချိုရေငန်အပြင် ကုန်းပေါ်၌ တွေ့ရတတ်သည့် ခရု အမျိုးမျိုး ပါဝင်သည်။
..
အဆိုပါ ခရု အမျိုးအစားများသည် မိမိဝမ်းဗိုက် အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။
..
ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စား နေထိုင်သည့် ခရုတစ်မျိုး ဖြစ်သည်။
အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။ လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိသည်။ အခွံအတွင်း အသားမှာ အစင်းများ ပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါအားလျော်စွာ ဖမ်းဆီးရမိသည့် အခြား ငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီး ရမိတတ်ကြသည်။ အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။
..
ခရုအုန်း အသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။ ဟိုတယ်များတွင် ခရုအုန်း အသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။
..
ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာ နည်းပညာဖြင့် လက်ဝတ်ရတနာ သိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာ မြောက်ပစ္စည်း ပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။ အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့် ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်း အမြုတေကို ရရှိတတ်သည်။ ဒေသခံများက ခရုအုန်း ပုလဲဟုခေါ်ကြသည်။ ပုလဲ ပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥ ပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစား အမျိုးမျိုး တွေ့ရတတ်သည်။ အထူးသဖြင့် မုတ်ကောင်မှ ရသည့် သဘာဝ ပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ ရှိသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင် အဆင်းကဲ့သို့ရှိပြီး ပုလဲ မျက်နှာပြင်ပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ် သိပ်သည်းစွာ ဖြစ်တည် နေလေ့ရှိသည်။
..
ခရုအုန်း ပုလဲကို ခရုအုန်း အကောင်တိုင်းတွင် တွေ့ရလေ့ မရှိဘဲ တစ်ခါ တစ်ရံမှသာ ရရှိတတ်သည့် ရှားပါး စာရင်းဝင် ရတနာ တစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကို လိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီ ပေးဝယ် ယူတတ်ကြသည်။
..
အရှေ့အလယ်ပိုင်း ဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ ဈေးကြီးပေးဝယ် တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရသည်။
..
စိုင်းခမ်းညို

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။