Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 19, 2012

နုနုရွရွ ဇာတ်ရုပ်မျိုးပြောင်းပြီး လုံးဝ မရိုက်ချင်ဘူး ခွန်းဆင့်နေခြည်

19 December 2012 |By 8 Days
ခုရိုက်ဖြစ် နေတဲ့ ဇာတ်ကား ပုံစံက..
“မ” က Action ဆန်ဆန်နဲ့ ဂမ္ဘီရ ဆန်ဆန် ဝိညာဉ် ဇာတ်မျိုးတွေရိုက်ဖြစ်နေတယ်။ “မ” က ကိုယ်ပိုင် ထုတ်လုပ်ရေးလည်း ရှိတယ်။ တခြားထုတ်လုပ်ရေးက ကမ်းလှမ်းလို့ ရိုက်ရတာရှိတယ်။ “မ” ရိုက်ရတဲ့ ဇာတ်ကားတော်တော်များများက အက်ရှင်ဒရာမာနဲ့ ဝိညာဉ်ကားတွေပဲ များတယ်။

အဲဒီဇာတ်ရုပ် မဟုတ်ဘဲ နောက်ထပ် ကိုယ့်စိတ်ကြိုက် ရိုက်ချင်တဲ့ ဇာတ်ရုပ်က..
“မ” က ဝိညာဉ်ဇာတ်ရုပ်တွေချည်းပဲ ရိုက်ဖြစ်တာက “မ” နဲ့ နုနုရွရွ ကားလေးတွေက သိပ်မလိုက်ဘူးလို့ ယူဆတယ်။ အဲဒီလို Acting တွေလည်း သိပ်မလုပ်ချင်ဘူး။ “မ” က ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်တဲ့ သဘောပေါ့။
“မ” လုပ်တဲ့ ကာရိုက်တာမျိုးကို တခြားမင်းသမီးတွေ ဝင်လုပ်လို့ ရချင်မှလည်း ရမယ်။ တခြားမင်းသမီးတွေ လုပ်နေတဲ့ ဇာတ်ရုပ်မျိုးကိုလည်း “မ” ဝင်လုပ်လို့ ရချင်မှရမယ်။ သူ့လမ်းကြောင်းနဲ့ သူပေါ့။ အနုပညာသမားက ဘက်စုံ လုပ်နိုင်ရမယ် ဆိုပေမယ့် သူနဲ့ လိုက်ဖက်မှု ရှိမရှိဆိုတာလည်း ရှိသေးတယ်။
“မ” က ငယ်ငယ်ကတည်းက တိုက်ကွမ်ဒိုကစား၊ မြင်းစီး၊ ရေကူးဆိုတော့ ယောက်ျားလေးဆန်တဲ့ဘက် နည်းနည်းရောက်တယ်။ အဲဒီတော့ Action ကားတွေက “မ” နဲ့ ပိုပြီး အံဝင်ခွင်ကျ ဖြစ်တယ်။ “မ” နဲ့ ပိုအကျိုးပေးတယ် ပြောရမှာပေါ့။
ဈေးကွက် အနေအထားအရ အဆင်ပြေရဲ့လား။
နယ်ဈေးကွက်ကျတော့ Action ကိုပဲ ပိုအသားပေးဝယ်ကြတယ်။ အဓိကက မြန်မာတစ်ပြည်လုံးနဲ့ ခြုံကြည့်မယ်ဆိုရင် နယ်ဈေးကွက်မှာ အောင်မြင်ရင် အနုပညာသမား တစ်ယောက်က ဆက်လက် ရပ်တည်သွားလို့ ရတယ်။ “မ” ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ်သန်တဲ့ လမ်းလျှောက်တဲ့ သဘောပါပဲ။
ဇာတ်လမ်းတွေ မထပ်အောင် ရိုက်တယ်။ “မ” က သဘာဝ ဇာတ်ရုပ်တွေကိုပဲ ဦးစားပေးတဲ့ ဇာတ်ရုပ်တွေပဲ ရိုက်ဖို့ အစီအစဉ် ရှိတယ်။ “မ” ကို တခြားမင်းသမီးတွေလို နုနုရွရွ ဇာတ်ရုပ်မျိုး ပြောင်းရိုက်ချင်လားဆိုရင် လုံးဝ မရိုက်ချင်ဘူး။
သရဲကား ရိုက်မယ်ဆိုရင် ဘယ်လို ကြိုတင်ပြင်ဆင်လဲ။
ဇာတ်လမ်းကို အရင်ဖတ်တယ်။ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုလည်း ဖြစ်ရပ်မှန်ပေါ် သေချာ Mood သွင်းတယ်။ တချို့ကျတော့ ဖန်တီးထားတဲ့ ဇာတ်တွေရှိတယ်။ ဇာတ်ရုပ်ကို ခံစားမှု သေချာရအောင် ကြိုးစားပြီး ရိုက်တယ်။ သရဲကားတွေ ရိုက်ရင် သိပ်ပြီး အားစိုက်စရာ မလိုဘဲ အလိုလို အံဝင်သွားတယ်။
အဓိကက “မ” ရဲ့ မျက်လုံးက မာတဲ့ဘက်ရှိတော့ သရဲမ Acting နဲ့ လိုက်တယ်လို့ ဒါရိုက်တာ ဦးမျိုးမင်းက ပြောဖူးတယ်။ ဘယ်လောက်တောင် လေ့လာထားလဲဆိုရင် သရဲမ Acting နဲ့ တော်တော် လိုက်ဖက်တယ်တဲ့။ “မ” က သရဲကားတွေ အများကြီး ကြည့်တယ်။
နယ်မင်းသမီး၊ မြို့မင်းသမီးခွဲခြားတဲ့အပေါ် “မ” ဘယ်လိုမြင်လဲ။
ဒါက သူတို့ရိုက်တဲ့ ဇာတ်ကားနဲ့ပဲ သက်ဆိုင်တယ်။ သရုပ်ဆောင် တစ်ယောက်က အနှစ်သာရရှိရှိ၊ အရည်အသွေးမီမီ ကားတွေ ရိုက်ကူးတင်ဆက်မယ် ဆိုရင်တော့ နယ်၊ မြို့ ခွဲခြားလို့ မရပါဘူး။ တကယ်ကို ဇာတ်လမ်းကောင်းရင် Fighting ကားလည်း ရန်ကုန်မှာ ကြည့်တဲ့သူတွေ အများကြီးပဲ။
စာလာလာမဖတ်နဲ့ ဗီစီဒီ အခြေအနေကရော...
ရိုက်နေပြီ။ နိုင်ငံခြားဆိုရင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းမှာလည်း ရိုက်မယ်။ ၂၀၁၃ Valentine မတိုင်ခင် ထွက်ဖို့ ပြင်ဆင်ထားတယ်။
စာလာလာမဖတ်နဲ့ထဲမှာ ဘယ်သီချင်းကိုကြိုက်လဲ။
အဲဒီခွေထဲမှာ ကိုယ်ပိုင်သံစဉ်တွေချည်းပဲ ဆိုထားတာ။ Copy က “မ” ရေးထားတဲ့ တစ်ပုဒ်ပဲ ပါတယ်။ “မ” သီချင်း အပုဒ်တိုင်းကို အကောင်းဆုံး ကိုယ့်စိတ်ကြိုက် ဆိုထားတယ်။ပရိသတ်က ဘယ်သီချင်းကို ကြိုက်မလဲ ဆိုတာတော့ မပြောတတ်ဘူး။ “မ” က ဘယ်သီချင်းကိုတော့ ပရိသတ်ကြိုက်မှာပဲ ဆိုပြီး ဆိုခဲ့တာ မဟုတ်ဘူး။
ပရိသတ်ကို “မ” ပြောချင်တာက..
“မ” တတ်နိုင်သမျှ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား ရှိသမျှ ပရိသတ်ကို အနုပညာတွေ တင်ဆက်သွားမှာပါ။ ကျောက်ဆူး ရုပ်ရှင် ထုတ်လုပ်ရေး ကနေလည်း အကောင်းဆုံး ဇာတ်ကားတွေ ရိုက်မယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကယ်ဒမီ ခွန်းဆင့်နေခြည် မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။ “မ” အဲဒီ ရည်မှန်းချက်လေး ရှိတော့ ကြိုးစားမယ်။ “မ” ကို ပရိသတ်ကြီး အားပေးပါလို့ပဲ ပြောချင်ပါတယ်။
အနုပညာအပြင် နောက်ထပ် ချစ်တာ မရှိတော့ဘူးလား။
“မ” က မိဘနဲ့ အနုပညာကို အချစ်ဆုံးပဲ။ ဒီအသက်အရွယ်ရောက်မှ အချစ်ကို မဖြတ်သန်းဖူးဘူး ပြောရင် အလကား ပြောတာ။ ဒါပေမဲ့ ကိုယ့်ဘဝမှာ ဘယ်ဟာက Minor လဲ၊ ဘယ်ဟာက Major လဲ၊ အဓိကနဲ့ သာမည “မ” ခွဲတတ်တယ်။ အဲဒီတော့ “မ” ဘဝအတွက် အဓိကကျတာကိုပဲ ရွေးချယ်တယ်။
အချစ်က ခုချိန်မှာ နောက်ဆုံး ရောက်သွားတာလား။
ဒါက လူတိုင်းပါပဲ။ ဆယ်ကျော်သက် အရွယ်မှာကျတော့ လူက အတွေ့အကြုံ နုသေးတယ်။ သိပ်ပြီး စဉ်းစားဉာဏ် မရှိသေးဘူး။ Do or Die လုပ်ကြတယ်။ မြင်တယ်၊ တွေ့တယ်၊ ချစ်တယ်၊ ကြိုက်တယ်၊ ကွဲတယ်။ ဆယ်ကျော်သက်မှာ အိမ်ထောင်ကျတဲ့ စုံတွဲ တော်တော်များများက မမြဲကြဘူး။ မြဲတဲ့လူ ရှိပေမယ့် နည်းတယ်။
၂၅ နောက်ပိုင်းကျတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ရွေးချယ်တတ်လာတယ်။ ရွေးချယ်ရင်းနဲ့ အချစ်က နောက်ကို ရောက်သွားခဲ့တယ်။ “မ” လည်း ဘဝမှာ အသည်းမကွဲဖူးသလို၊ သူများကိုလည်း အသည်းမခွဲဖူးဘူး။ ဒီနေ့ဒီအချိန်ထိ အချစ်ဆိုတာ ဘာလဲ သေချာကွဲကွဲပြားပြား မသိသေးဘူး။
ဒါအချစ်လားဆိုပြီး ဖြစ်ခဲ့ဖူးပေမယ့် ရူးရူးမူးမူး မခံစားတတ်ဘူး။ “မ” မိသားစုဘဝကို ထူထောင်ဖို့ အစီအစဉ် ရှိတယ်။ “မ” ထူထောင်မယ့် မိသားစု ပုံစံက ပြီးပြည့်စုံပြီး အောင်မြင်တဲ့ မိသားစု ဖြစ်ချင်တာကြောင့် သေချာစဉ်းစားတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ သူကို အစကတည်းက မရွေးချယ်ဘူး။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။