Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 19, 2012

ကိုရီးယား သားရဲများနဲ့ ကခုန်ခြင်း

19 December 2012 |By 8 Days
Beast တဲ့။ သူတို့ အဖွဲ့က ၂၀၁၂ အာရှ မော်ဒယ်လ် ဆုပေးပွဲမှာ အကျော်ကြားဆုံး အနုပညာရှင်ဆုကို ရထားတယ်။ သူတို့ရဲ့ အခွေတွေဟာ ဂီတ ထူးချွန်ဆုတွေ ချိတ်ခဲ့သလို သူတို့ရဲ့ အကတွေဟာလည်း အာရှတစ်ဝန်း နာမည် ကြီးနေတယ်။ 8DAYS ပရိသတ်ကြီး အနေနဲ့ ခြောက်ယောက်ပေါင်း (ယွန်ဒိုးဂျွန်၊ ဂျန်ဟွန်ဆောင်၊ ယောင်ဂျန်ဟွန်း၊ လီဂီကွမ်၊ ဆွန်ဒေါင်းဝူး၊ ယိုးဆော့) လောင်းကျော်တဲ့ သူတို့အဖွဲ့ အကြောင်းနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။

ခင်ဗျားတို့ရဲ့ Shock အခွေ Mnet ဇယားမှာ နံပါတ်တစ်ချိတ်ပြီး Hot Performance Star ဆုကို တက်ယူတဲ့ အချိန်မှာ ခင်ဗျားတို့ မျက်ရည်တွေကျပြီး ငိုနေခဲ့တာကို ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီတုန်းက ခင်ဗျားတို့ရဲ့ ခံစားမှု ရင်ခုန်သံလေးကို သိပါရစေလား။

ဂျန်ဟွန် ။ ။ တခြားအဖွဲ့တွေလိုပါပဲ။ ကျွန်တော်တို့ အဖွဲ့ဟာလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဆုပေးပွဲမှာ ဆုကြေညာတဲ့အချိန် ကျွန်တော် ကြားရတော့ စိတ်ထဲမှာ အတိတ်က ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာတွေ ပြေးမြင်မိတယ်။ ကြမ်းတမ်းခက်ခဲပြီး ဆိုးဆိုးရွားရွား ဖြစ်တယ်လို့တော့ မပြောချင်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ အားလုံး အားစိုက်ခဲ့ကြရတယ်။ ကျွန်တော်တို့ ပထမချိတ်လို့ ကျတဲ့မျက်ရည်ဟာ ကျွန်တော်တို့အတွက် အရမ်း အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်တို့ရော၊ ကျွန်တော်တို့ ပရိသတ်တွေကပါ ဒီဆုကို တအားမျှော်မှန်းထားတာမို့လို့ပါ။

ခင်ဗျားတို့ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ ဒုက္ခလေးတွေ ပြောပြပါဦး။

ဒိုးဂျွန် ။ ။ ကျွန်တော်တို့ အခွေထွက်ပြီးတာနဲ့ ငါးလလောက် ကျွန်တော်တို့ အရမ်းအလုပ်များနေခဲ့ကြတယ်။ အချိန်တိုင်း အချိန်တိုင်းဟာ ကြမ်းတမ်းပင်ပန်းနေပေမယ့် ကျွန်တော်တို့ ပျော်တယ်။ ကျွန်တော်တို့ လုပ်နေတာကို ကျွန်တော်တို့ သဘောကျတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပျော်ပါတယ်။

အွန်လိုင်းက ဖန်ဆိုက် (FanSite) တွေမှာ ပရိသတ်တွေ တိုးလာတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။ သူတို့ရဲ့တုံ့ပြန်မှုတွေကရော အရင်တုန်းကထက် ပိုပြီးကောင်းလာတယ်လို့ ခံစားမိလား။

ဂျန်ဟွန် ။ ။ ကျွန်တော်တို့ ပထမဆုံး အခွေစထွက်တော့ လူတွေက ကျွန်တော်တို့ကို “ဒီကောင်တွေ ဘယ်သူတွေလဲ”၊ “ပေါ်ပြီးမကြာဘူး၊ ပြန်ပျောက်သွားမှာပါ” ဆိုပြီး ပြောကြတယ်။ ကျွန်တော်တို့ သူတို့ဆီက ကြမ်းရှတဲ့ တုံ့ပြန့်မှုတွေ အများကြီး ဖတ်ခဲ့ရပါတယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး။ တုံ့ပြန်မှုတွေက ပိုကောင်းလာခဲ့တယ်။ ကျွန်တော်တို့ကို “ဟာကွက်မရှိတဲ့အသင်း” ဆိုပြီး စတဲ့ ချီးကျူးသံတွေ ပြောလာတာကို ကျွန်တော်တို့ အရမ်းကြိုက်တယ်။

Bad Girl အခွေက စတိုင်လ်နဲ့ယှဉ်ရင် Shock အခွေမှာ ခင်ဗျားတို့ရဲ့ စတိုင်လ်တွေက အတော်လေး ပြောင်းသွားတယ်နော်။ အထူးသဖြင့် ဟွန်ဆောင်စတိုင်လ်က အသိသာဆုံးပဲ။ ပိုပြီးချော၊ ပိုပြီးလန်းလာသလိုပဲ။

ဟွန်ဆောင် ။ ။ ကျွန်တော့် ဆန္ဒအတိုင်း ပြောရရင် ကျွန်တော့်ကို “ချော”တယ်လို့ ပြောတာကို မကြိုက်ဘူးခင်ဗျ။ ကျွန်တော်က ဒီဆံပင်ပုံစံ ပြောင်းလိုက်ရင် ဒီလို အပြောခံရတာ နည်းသွားမယ်ဆိုပြီး လုပ်လိုက်တာ။ ကျွန်တော်က ဖက်ရှင်ကို အရမ်း စိတ်ဝင်စားတယ်။ ကျွန်တော့်ဘာသာ အိုင်းလိုင်နာ၊ မိတ်ကပ်၊ ဆံပင်ပုံစံတွေ ဖန်တီးတယ်။
အခု လက်ရှိစတိုင်လ်က Brown Eyed Girls ထဲက နာရှာပုံစံ လုပ်ထားတာ။ ဒါပေမဲ့ တူတော့မတူဘူး ဖြစ်သွားတယ်။ စတိတ်စင်ပေါ်မှာ ဖျော်ဖြေဖို့ ရည်ရွယ်တဲ့ ဆံပင်ပုံစံတော့ မဟုတ်ဘူး။ မော်ဒယ်လ်ရှိုးလျှောက်ရင် သင့်တော်တဲ့ ပုံမျိုးပါ။ နောက်ပြီး ဒီဆံပင်ပုံစံဟာ အဆိုတော် တစ်ယောက်အတွက် သိပ်မလိုက်ဘူး။ ကတဲ့အခါမှာ ဆံပင်က မြင်ကွင်းကို ဖျက်နေတယ်။

ခင်ဗျားတို့ အဖွဲ့ကို ဂျပန်က အကပွဲတော်တစ်ခုက ဖိတ်ခေါ်ခံရတာ ဘယ်လိုနေလဲ။ ဒီပွဲက ဂျပန်၊ အမေရိကားနဲ့ ကိုရီးယားက အကသမားတွေ လာပြီး ပြိုင်ကြတဲ့ပွဲဆိုတော့....

ဒိုးဂျွန် ။ ။ ဒီလို အထင်ကရ ပွဲတော်ကြီးတစ်ခုက ဖိတ်ခေါ်ခံရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်အနေနဲ့ ထင်ရှားတဲ့ အကသမားအဖြစ် ရပ်တည်ချင်တဲ့ စိတ်လည်းရှိတော့ ဒီလိုဖိတ်ခံရတာ အရမ်းဝမ်းသာတယ်။ ပရိသတ်တွေကလည်း အရမ်းအားပေးတော့ ကျွန်တော် တကယ်ကို ပျော်မိပါတယ်။

ဟွန်ဆောင်။ ။ ဒီပွဲမှာ အားလုံးက လူတော်ချည်းပဲလေ။ ကျွန်တော်တို့ ဖျော်ဖြေတော့ အောက်က ပရိသတ်တွေ အားပေးတာကို ကြည့်ပြီး အရမ်းဝမ်းသာမိတယ်။ ဒီပွဲဟာ ကျွန်တော်တို့ နာမည်ကို ပိုပြီး လူသိများစေခဲ့တယ်လို့လည်း ယုံကြည်မိပါတယ်။ (သူတို့အနေနဲ့ စင်ပေါ်တက်တဲ့ အတွေ့အကြုံတွေကိုလည်း ဝေမျှခဲ့ကြပါသေးတယ်။)

ဂျန်ဟွန်း။ ။ ကျွန်တော် စင်ပေါ်မတက်ခင် ကြောက်နေခဲ့တာ။ ဒီပွဲက ကိုရီးယားမှာလို မဟုတ်ဘူးလေ။ တခြားနိုင်ငံတွေက အကသမားတွေလည်း လာကြတယ်။

ဒေါင်းဝူး ။ ။ ကျွန်တော်တို့ ကြောက်နေတဲ့ပုံ မပေါက်ဘူးလို့ထင်ရင် အဲဒါ မကြည့်တတ်ဘူးလို့ ပြောရမှာပဲ။ (ရယ်လျက်) ကျွန်တော်တို့ ဒီပွဲတော်အတွက် တစ်လကြိုပြီး လေ့ကျင့်ပြင်ဆင်ခဲ့တယ်။ ဒီပွဲတော်ဟာ ကျွန်တော်တို့အပေါ် အများကြီး လွှမ်းမိုးထားပါတယ်။ ကျွန်တော်တို့ စင်ပေါ်စတက်တော့ ပရိသတ်က “ဟေး” ဆိုပြီး ဝိုင်းအားပေးကြတယ်။ ကျွန်တော် အရမ်းပျော်သွားမိတယ်။

ဂျပန်မှာ ဘယ်နေရာကို အကြိုက်ဆုံးလဲ။

ဟွန်ဆောင် ။ ။ ကျွန်တော် Tokyo Dome ကို သွားချင်တယ်။

ဂျန်ဟွန်း။ ။ ကျွန်တော် ဂျပန်ကို အရမ်းသွားချင်တယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ သွားရတာမို့ အချိန်ပြည့် မလည်ပတ်နိုင်ဘူး။ နောက်ထပ် အခွင့်အရေး ရမယ်ဆိုရင် ကျွန်တော် ဂျပန်ကို ထပ်လာချင်ပါသေးတယ်။ ဂျပန်မှာ ရှော့ပင်းထွက်ပြီး အေးဆေး နားချင်သေးတယ်။

ဒေါင်းဝူး။ ။ ကျွန်တော်ကတော့ ရေပူစမ်းတွေကို သဘောကျတယ်။ ကျွန်တော်တို့ အဖွဲ့အားလုံး လက်ချင်းချိတ်ပြီး ရေပူစမ်းမှာ ပျော်ချင်တယ်။

ယိုးဆော့။ ။ လက်ချင်းချိတ်မယ်၊ ဟုတ်လား။

ဒိုးဂျွန်။ ။ ဟုတ်တယ်လေ။ ငါတို့အတူ လက်ချင်းချိတ်ပြီး ပျော်ကြမယ်လေ။ ရေပူစမ်းမှာ။

ဂျန်ဟွန်း။ ။ ဟာကွာ ငါတော့ မင်းနဲ့အတူ လက်ချင်းမချိတ်ချင်ပါဘူး။ (ရယ်လျက်)

ပရိသတ်ကြီးလည်း သူတို့နဲ့အတူ ပေါ့ပေါ့ပါးပါးရယ်နိုင်ကြပါစေ။


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။