Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 3, 2015

Herbal medicines ဟာဗယ်ဆေး မေးပြန်ပြီ


Herbal medicines ဟာဗယ်ဆေး မေးပြန်ပြီ

၁။ Fame ကထုတ်တဲ့ဆေးကောဆရာ ကောင်းပါသလား
၂။ ဆရာခင်ဗျား။ Gingko ရွက်ဆေးကို စွဲပြီးသောက်လို့ရပါသလား။ ဘေးထွက်ဆိုးကျိုးတခုခု ရှိနေနိုင်ပါသလား။
၃။ Fame ကထုတ်တဲ့ ginkgo ဆေး၊ lucky time ကထုတ်တဲ့ reishi ဆေးတွေသောက်လို့ရလား။ 
၎။ ဆီးကျင်နေလို့ ဘာဆေးသောက်ရပါမလဲခင်ဗျာ။ ၂၃ နှစ်၊ ကျားပါ၊ အိမ်ထောင်မရှိပါဘူး၊ ၂ လလောက်တော့ရှိပါပြီ၊ fame က ယူရိုခရပ်ဆေးသောက်နေပါတယ်။

ဟာဗယ်ဆေးကို ခဏခဏဖြေနေရတယ်။ Ginkgo ဆိုတာ သစ်ပင်တွေကနေထုတ်တဲ့ဆေးဖြစ်တယ်။ အရွက်ကနေ ထုတ်တာများတယ်။ အစေ့ကနေလည်းထုတ်တယ်။ မှတ်ဥာဏ်အားနည်းတဲ့ (အဇိုင်မာ) ရောဂါကို သုံးကြတယ်။ အသက်ကြီးသူတွေမှာ သွေးလှည့်ပတ်မှု နည်းတာအတွက်လည်း သုံးတယ်။ ခေါင်းကိုက်တာ၊ နားအူတာ၊ ခေါင်မူးတာ၊ အာရုံစိုက်မှုအားနည်းတာ၊ နားအကြား နည်းတာ၊ စိတ်ဓါတ်ကျတာ တွေအတွက်လည်းသုံးကြတယ်။ လိင်အားအတွက်လည်း ကြောငြာမှာရေးထားသေးတယ်။ မျက်စိရေတိမ်နဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိရောဂါလည်း ထည့်ရေးထားတယ်။ ပန်းနာလည်းပါသေးတယ်။ အစေ့ထဲမှာ ဗက်တီးရီးယားကိုသေစေတဲ့ဓါတ်ပါနိုင်တယ်။ ဒါပေမယ့် ကြော်ငြာထဲမှာ အဲလိုရောဂါအတွက် ရေးထားတာမတွေ့ပါ။ ဘေးထွက်ဆိုးကျိုးက တက်တာနဲ့ သတိလစ်တာဖြစ်နိုင်တယ်။

Reishi Mushroom ဆေးက မှိုတမျိုးကနေထုတ်တယ်။ ကျန်းမာရေးကောင်းဖို့နဲ့ အသက်ရှည်ဆေးလို့ ကြော်ငြာတယ်။ သွေးတိုး၊ ကိုလက်စထောများတာ၊ နှလုံးသွေးကြောရောဂါ။ အသည်းနဲ့ ကျောက်ကပ်ရောဂါ၊ အသက်ရှူလမ်းရောဂါတွေ၊ ဗိုင်းရပ်စ်ရောဂါတွေနဲ့ HIV/AIDS လည်းကြောငြာတယ်။ ဘေးထွက်ဆိုးကျိုးတွေ = ၃-၆ လသုံးရင် အလာဂျီရတယ်။ အာခေါင်ခြောက်၊ နှာခေါင်းပိတ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ယား၊ အနီပြင်ထွက်၊ နှာခေါင်းသွေးယို၊ ဗိုက်အနေရခက်၊ ဝမ်းထဲသွေးပါတွေဖြစ်နိုင်တယ်။ သတိထားစရာက သွေးတိုးဆေးသောက်နေရသူတွေနဲ့ ဆီးချိုရှိနေသူအတွက်ဖြစ်တယ်။ ခုခံအားဆေးသောက်နေရသူတွေလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်နေရသူတွေ ဘာဖြစ်မလည်း မပြောနိုင်ပါ။ Aspirin, NSAIDs, Warfarin, Heparin ဆေးတွေနဲ့ ဓါတ်ပြုတယ်။

ယာဘကို ဘယ်လိုဖြတ်ကြသလဲထဲမှာလည်းရေးခဲ့ပါတယ်။ Mind Power Rx ဆေးနဲ့ Bacopa, Fo-Ti, Ginkgo biloba, Ginseng, Mucuna pruriens, and Reishi ဟာဗယ်ဆေးတွေ ဖြစ်တယ်။ တူမနဲ့ အဒေါ်ကို ရန်တိုက်ပေးခြင်းထဲမှာလည်း ရေးထားပါတယ်။ (ဟာဗယ်) ကနေလုပ်ထားတာတွေဟာ အန္တရာယ်မပေးဘူးလို့ ထင်ရပါတယ်။ အားလုံးကို အဲလိုပြောမရပါ။ အထူးသဖြင့် နှလုံးရောဂါနဲ့ အသည်းရောဂါ ရှိသူတွေအတွက် စိတ်မချရပါ။ ခေါ်တဲ့ဆရာဝန်တွေသုံးနေတဲ့ ဆေးဝါးတွေလို လေ့လာမှုတွေ၊ သုတေသနတွေက မပြည့်စုံပါ။ သေဆုံးမှုအထိဖြစ်တဲ့ (ရီပို့တ်) တွေရှိပါတယ်။

တစောင်းလက်ပတ်ကို အရေပြားမှာဖြစ်တာတွေအတွက်သုံးကြတယ်။ တာရှည်သုံးရင် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်တာ ဖြစ်စေမယ်။ Arnica (Arnica montana) နာတာ လောင်တာအတွက်ဆေး၊ ဝမ်းနုတ်ဆေး = နှလုံးအတွက် အဆိပ်လို ဖြစ်တယ်။ သွေးတိုးတက်စေမယ်။ Black cohosh (Cimicifuga racemosa) သွေးဆုံးအတွက်ဆေး၊ များရင် သွေးဖိအားကျစေမယ်။ Feverfew (Tanacetum parthenium) မိုင်ဂရင်းအမူးရောဂါဆေး၊ အဆစ်နာဆေး၊ အလာဂျီဆေး၊ သောက်ရင် သွေးခဲတာကို အနှောင်အယှက်ဖြစ်စေတယ်။ Ginger ပျို့အန်တာဆေး၊ ခရီးသွားအမူးပျောက်ဆေး၊ ကိုလက်စထောကျဆေး၊ အစာကျေဆေး၊ သွေးခဲစနစ်ကို နှောင့်ယှက်တယ်။ များရင် နှလုံးခုန်မမှန်ဖြစ်တယ်။ သွေးဖိအားပြောင်းစေမယ်။ Ginseng (Panax ginseng) နုပျိုဆေး၊ စိတ်အား ခွန်အားတိုးဆေး၊ လိင်အားတိုးဆေး၊ သွေးခဲစနစ်ကို နှောင့်ယှက်တယ်။ သွေးယိုစေမယ်။ Stinging nettle (Urtica dioica) ဆီးအောင့်ပျောက်ဆေး၊ ကျောက်ကျေဆေး၊ လေးဖက်နာဆေး၊ နှလုံးနဲ့ ကျောက်ကပ်အလုပ်ကိုနှေးစေတယ်

အသည်းဟာဗယ်ဆေးနဲ့ဘေးကိုလည်းရေးထားပါတယ်။ အသည်းရောဂါတွေအတွက် သဘာဝဆေးနည်း (၁ဝ) ဆိုတာကို (ဂူဂယ်လ်) မှာ ရှာလို့လွယ်တယ်။ Herbal medicine in the treatment of liver diseases စာအုပ်ကို ၃၅ ဒေါ်လာနဲ့ ရောင်းတာလည်းရှိတယ်။ ဒါပေမယ့် ချီကာဂိုဆေးတက္ကသိုလ်က ၁၉၉၅ တုံးက သုတေသနလုပ်ထာတာ ရှိပါတယ်။ ဟာဗယ်ဆေးတွေနဲ့ အသည်းအလုပ်မလုပ်နိုင်တော့ခြင်းလို့ စာတမ်းတင်ထားတယ်။ Chaparral ဆေးတွေ သောက်ရာကနေ အဆိပ်သင့်အသည်းရောင်ရောဂါရတဲ့ အမျိုးသမီးလူနာကို နမူနာပေးထားတယ်။ အဲဒီဆေးကို သဲကန္တာရပေါက်ခြုံပင်ကနေ ထုတ်လုပ်ထားတယ်။ Larrea tridentata ဖြစ်တယ်။ ဆေးကြော်ငြာမှာ အဆစ်နာ၊ ကင်ဆာ၊ အအေးမိ၊ တီဘီ၊ ကာလသားရောဂါ၊ ဆိုးဝါးတဲ့အရေပြားရောဂါတွေအတွက်သုံးနိုင်တယ်လို့ရေးထားတယ်။ FDA ကလည်း ယေဘုယျ စိတ်ချရတယ်လို့ ၁၉၇ဝ ကတည်းက ခွင့်ပြုချက်ရထားတယ်။

ဆေးဖက်ဝင်တွေ၊ တိုင်းရင်းဆေးတွေ၊ ဗမာဆေးတွေ၊ အိန္ဒိယဆေးတွေ၊ တရုပ်ဆေးတွေကို ဆရာဝန်တွေကမသုံးပါ။ သုတေသနမတွေ့ပါ။ အာမခံချက်လည်းမပေးနိုင်ပါ။ အသည်းမကောင်းသူတွေအတွက် တချို့ ဟာဗယ်ဆေးတွေက ပိုဆိုးစေတယ်။ အဲလိုဆေးမျိုးတွေကို Dietary supplements အစာအာဟာရဖြည့်ဆေးအတန်းအစား သတ်မှတ်ထားလို့ FDA အသိအမှတ်ပြုမှု ရယူဘို့လိုတာကနေ လွတ်နေတယ်။ ရောင်းကြတယ်။ ပိုက်ဆံရတယ်။ ရောဂါပျောက်-မပျောက်မသိပါ။ သိတာက တချို့ရောဂါတွေကို ပိုဆိုးစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၅
၃-၉-၂ဝ၁၅

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။