Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 3, 2015

အမျိုးစောင့်ဥပဒေနဲ့ ပြည့်တန်ဆာဥပဒေ


အမျိုးစောင့်ဥပဒေနဲ့ ပြည့်တန်ဆာဥပဒေ
==========================

(၁)

လွန်ခဲ့တဲ့ (၃) နှစ်က NLD လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းဟာ ပြည့်တန်ဆာဥပဒေကို ပြင်ဆင်တဲ့
ဥပဒေနဲ့ ဆိုင်တဲ့အဆိုတစ်ခုကိုတင်ခဲ့ပါတယ်..

သူမပြင်ဆင်ချင်တာကတော့..
ပြည့်တန်ဆာတွေကို တရားဝင်စည်းနဲ့ဘောင်နဲ့
မှတ်ပုံတင်ပြီး လုပ်ကိုင်မှာသာ၊
လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေ
အထောက်အပံ့တွေအပါဝင်.
ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ
ထိထိရောက်ရောက်လုပ်နိုင်မယ် ဆိုတဲ့
သဘောနဲ့ တင်ခဲ့တဲ့အဆိုဖြစ်ပါတယ်..

အဲဒီအဆိုကို လွှတ်တော်ကကန့်ကွက်ခဲ့ပြီး
ပြည်သူအချို့ကလက်မခံပဲ ကန့်ကွက်ခဲ့ကြပါတယ်..
ဒေါ်စန္ဒာမင်းကိုလဲ ၀ိုင်းပြီးဝေဘန်ခဲ့ကြပါတယ်..

ဒါပေမဲ့ ဒေါ်စန္ဒာမင်းပြောတာမှန်သင့်သလောက်
မှန်ကန်တယ်ဆိုတာကို သက်သေပြသွားတာကတော့
ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံမြို့ပြလူနေမှုစနစ်ရဲ့
လက်ရှိအခြေအနေပဲဖြစ်ပါတယ်..

--------------------------

(၂)

လက်ရှိအနေအထားအရ..
ပြည်သူတွေစားဝတ်နေရေးကြပ်လာတဲ့အတွက်..
ရန်ကုန်အပါအ၀င်မြို့ကြီးတွေမှာ..
ပြည့်တန်ဆာနာမည်မခံပဲ..
ကေတီဗီမာဆတ်ကနေတစ်ဆင့်..
လိင်ဖျော်ဖြေရတဲ့အထိ လုပ်နေရတဲ့..
မြန်မာအမျိုးသမီးပေါင်း သိန်းဂဏန်းအထိ..
တစ်ဖြည်း ပွားများတိုးတက်နေလို့ပါပဲ..

တစ်ခြားဘက်တွေမှာလဲ..
ဝန်ထမ်းလောက၊ ကုမ္မဏီလောက..
စက်ရုံအလုပ်ရုံအလုပ်သမ လောကနဲ့
အဆောင်နေကျောင်းသူလောက.ကအစ..
သင်တန်းသူလောကတွေမှာပါ..
ပြည့်တန်ဆာနာမည်မခံပေမဲ့..
အခကြေးငွေနဲ့အထောက်အပံ့တွေရယူပြီး
ဘ၀ကိုရင်းနှီးပြီး ငွေရှာရတဲ့..
မြန်မာအမျိုးသမီးတွေဟာလဲခန့်မှန်းလို့
မရအောင်များပြားလာလို့ပါပဲ..

ပိုဆိုးတာက ခေတ်မှီလူနေမှုစနစ်မှာ..
ထပ်ပြီးခေတ်စားလာတဲ့ စပွန်ဆာ( Sponsor)
စနစ်တစ်ခုဖြစ်ပါတယ်...
ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကို
မက်မောလောက်တဲ့ စည်းစိမ်တွေပေးပြီး..
ဖျော်ဖြေအသုံးတော်ခံတဲ့ စနစ်တစ်ခုကို..
ကြေးရတတ်လူတန်းစားယောင်္ကျားတွေဟာ..
အဆောင်အယောင်အနေနဲ့ ဂုဏ်ယူစရာအဖြစ်..
နေထိုင်လုပ်ကိုင်လာကြပါတယ်..
ဒီလိုစပွန်ဆာပေးဖို့အတွက်..
ငွေကိုရေလိုသုံးပြီး ရင်းနှီးနေကြပါတယ်..
ဒါမျိုးတွေဟာလဲ ကုပ္မဏီလောက..
ခရိုနီလောက၊ မော်ဒယ်လောကတွေမှာ
ဒုနဲ့ဒေးဖြစ်နေပါပြီ...

သေချာတာကတော့..
အဲဒီလို စာရင်းဇယားမရှိပဲ..
မှတ်တမ်းမှတ်ရာ Register မရှိပဲ..
ပြည့်တန်ဆာနာမည်မခံပဲ..
လိင်အလုပ်ကိုလုပ်ကိုင်ကြဖူးတဲ့..
မိန်းကလေးပေါင်းများစွာဟာ..
သူတို့ဘ၀ရဲ့ အမည်းစက်ကို..
အလွယ်တကူဖုံးကွယ်ခွင့်ရသွားပေမဲ့
ကျန်းမာရေးစောင့်ရှောက်မှုမရှိခဲ့လို့..
ရောဂါပေါင်းစုံခံစားရတာတွေအပါဝင်
သူတို့ရဲ့ဘ၀တည်ငြိမ်တဲ့အချိန်မှာ..
သူတို့ရဲ့အတိတ်က အရိပ်လိုလိုက်တဲ့အတွက်
စိတ်ဒုက္ခတွေကြီးစွားခံစားရပြီးမှ..
မိသားစုတွေပြိုကွဲကြတာတွေအထိ..
ထိခိုက်ကုန်ကြပါတယ်..၊

ဒါဟာ ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာမှ..
ပြည့်တန်ဆာကိစ္စကို မသိကျိုးကျွန်ဖုံးကွယ်ပြီး..
ကိုယ့် လူမှုဘ၀ရဲ့အခြေအနေမှန်ကို..
အမှန်အတိုင်း ဘယ်တော့မှ...
မဖေါ်ပြရဲတဲ့..စစ်အာဏာရှင်ရဲ
အရာရာကိုဖုံးကွယ်ချင်တဲ့စိတ်ဓာတ်တွေကြောင့်သာ
ဖြစ်ပါတယ်..

တကယ်ဆိုရင်..
တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်လာတဲ့အတွက်
မြန်မာအမျိုးသမီးတွေဟာ..
ဘ၀နဲ့ရင်းပြီး ရှာဖွေစားသောက်နေကြရတာ
တော်တော်များပြားလာပြီဖြစ်ပါတယ်..

--------------------------

(၃)

တိုင်းပြည်ရဲ့လူနေမှုစနစ်က..
ဒီလိုတွေဖြစ်လာချိန်မှာပဲ...

အစိုးရဟာ..အမျိုးစောင့်ဥပဒေတစ်ခုကို
အတည်ပြုထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်...

အမျိုးစောင့်ဥပဒေရဲ့ရည်ရွယ်ချက်က..
ကောင်းတယ်ဆိုပေမဲ့...ထိထိရောက်ရောက်
ဘာမှဖြစ်လာမှာမဟုတ်ဘူး ဆိုတာကို..
ဝေဘန်လိုပါတယ်..

ဘာလို့လဲဆိုတော့...
အပြင်မှာ.လက်ရှိဖြစ်နေတဲ့ လူနေမှုစနစ်နဲ့..
လုံးဝမကိုက်ညီတဲ့အပြင်..လက်မထပ်ပဲ
အတူနေရင်ကို ထောင်ဆယ်နှစ်အထိကျသွားမှာ
ဖြစ်ပါတယ်...

အမျိုးစောင့်ဥပဒေကိုထုတ်ပြန်ပြီးတဲ့နောက်ပိုင်းအထိ
အစိုးရဟာ..အောက်ကအချက်တွေကို..
ဘာမှ မလုပ်သေးတာကိုတွေ့ရမှာပါ...

၁-ဟိုတယ်တွေ တည်းခိုခန်းတွေမှာလာတည်းတဲ့
စုံတွဲတွေကို လင်မယားဟုတ်မဟုတ်စစ်ဆေးတာမျိုးမရှိသေးပါဘူး၊

၂-ဟိုတယ်တွေ တည်းခိုခန်းတွေမှာ နာရီပိုင်း(Section) နဲ့
လာနေတဲ့အတွဲတွေကိုလဲ လက်ထပ်ပြီးမပြီး..
စစ်ဆေးတာတွေမရှိပါဘူး.

၃-ကေတီဗီ မာဆပ်ပိုင်ရှင်တွေဟာ..
သူတို့ဆီကမိန်းကလေးတွေကို..အခုထိ..
ယောကျားတွေနဲ့ ချိတ်ဆတ်တာတွေမလုပ်ဖို့..
တင်းတင်းကြပ်ကြပ်ဖိအားပေးတာတွေမရှိပါဘူး၊
(ဖိအားပေးလိုက်တာနဲ့ ဆိုင်ရှင်တွေငတ်ကုန်မှာပါ)

၎-လက်မထပ်ပဲ အတူနေတာတွေ.နဲ့..
မိန်းကလေးချောချောတွေကို စပွန်ဆာပေးထားတဲ့..
ခရိုနီတွေကိုလဲ ဖေါ်ထုတ်ပြီးအရေးယူတာမျိုးမလုပ်ပါဘူး.

၅-ငွေကြေးတတ်နိုင်သူတွေနဲ့ ဘဘတစ်ချို့..
လုပ်လေ့လုပ်ထရှိတဲ့..စကီလေးတွေခေါ်ပြီး..
ဖူးခက်၊ဘာလီ၊ မော်လ်ဒိုက်စတဲ့ ကမ်းခြေတွေမှာ
သွားနှပ်တဲ့ဇတ်လမ်းလေးတွေ၊
စင်ကာပူကွန်ဒိုတွေဆီခေါ်ခေါ်ပြီး
" နေ့ခင်း Shopping ၊ ညခင်း F- -k-ng " ဇာတ်လမ်းတွေ၊
အဲဒါတွေကိုလဲ ထိထိရောက်ရောက်နဲ့ ဖေါ်ထုတ်ပြီး
အရေးယူတာမျိုး မရှိသေးပါဘူး..၊

------------------------------

(၄)

အပေါ်ကဟာတွေကိုသာအမျိုးစောင့်ဥပဒေအရ..
တကယ်အရေးယူမယ်ဆိုရင်..
ကေတီဗီမာဆပ်ကိုသွားမဲ့ယောင်္ကျားသားတွေ
နည်းပါးသွားမှာဖြစ်ပြီး..
အစိုးရနဲ့ အစိုးရကလုပ်ပိုင်ခွင့်ပေးထားတဲ့..
ဟော်တယ်၊တည်းခိုခန်း၊ကေတီဗီ၊မာဆပ်
ပိုင်ရှင်တွေ၊ ခရိုနီတွေဟာ စားပေါက်ပိတ်ယုံမက
ကေတီဗီမာဆပ်ကိုမှီခိုတဲ့မိန်းကလေးပေါင်းများစွာ
အလုပ်လက်မဲ့ဖြစ်သွားမှာဖြစ်ပါတယ်..

တကယ်လို့သာအဲဒီလိုမျိုးတကယ်လုပ်မယ်ဆိုရင်လဲ
အမျိုးစောင့်ဥပဒေကို ပုံဖေါ်ခဲ့တဲ့ဦးဝီရသူတို့အနေနဲ့..
မိန်းကလေးတွေကို အလုပ်အကိုင်ဖန်တီးပေးဖို့လိုမှာဖြစ်ပါတယ်..၊

ဦးဝီရသူ၊ မဘသနဲ့ အစိုးရဟာ..ဒါမျိုးတွေကိုလဲ
ကြိုတင်တွက်ဆလိမ့်မယ်လို့ မထင်ပါဘူး..

အဲဒါကြောင့် အခုထုတ်ပြန်လိုက်တဲ့
အမျိုးစောင့်ဥပဒေအတိုင်း..
နေရာမှာမှမဖြစ်လာနိုင်ဘူး..လို့မြင်ပါတယ်၊

အဲဒါကြောင့် ဦးဝီရသူနဲ့မဘသအဖွဲ့တွေ.
ပရိုမိုးရှင်းလုပ်တဲ့ အမျိုးစောင့်ဥပဒေဟာ..
စစ်အစိုးရရဲ့ခရိုနီတွေရဲ့..
အကျိုးစီးပွားကိုထိခိုက်စေမှာဖြစ်တဲ့အတွက်
For Show စာအုပ်တစ်အုပ်အနေနဲ့ပဲ ..
အသက်ကင်းမဲ့သွားမှာဖြစ်ပါတယ်..၊

ဘာမှမထိရောက်နိုင်တဲ့အမျိုးစောင့်ဥပဒေအတွက်
ဘာအောင်ပွဲခံစရာမှ မလိုသေးဖူးဆိုတာကိုလဲ
သဘောပေါက်ဖို့လိုပါတယ်..၊

-----------------------

(၅)

ဦးဝီရသူနဲ့ အစိုးရကို..အကြံပေးချင်တာကတော့..
အမျိုးစောင့်ဥပဒေကို အောင်မြင်ထိရောက်စေချင်ရင်
စာအုပ်တစ်အုပ်အဖြစ်ပဲ ချောင်ထဲမရောက်စေချင်ရင်..

အပေါ်ဆုံးမှာ ရေးထားတဲ့ NLD အမတ်ဒေါ်စန္ဒာမင်း
တင်ပြခဲ့ဖူးတဲ့ ပြည့်တန်ဆာဥပဒေကိုပါ..
ထပ်ပြီး.... ပြဌာန်းလိုက်ဖို့ပါပဲ...

ဘာဖြစ်လိုလဲဆိုတော့..
ဒေါ်စန္ဒာမင်းတင်ပြခဲ့တဲ့..
ပြည့်တန်ဆာဥပဒေအရ..တရားဝင်မှတ်ပုံတင်ထားတဲ့..
ပြည့်တန်ဆာကို ဟော်တယ်တွေ၊တည်းခိုခန်းတွေကို
ခေါ်ယူခွင့်ရှိသွားရင် တရားဝင်ပျော်ပါးတာဖြစ်တဲ့အတွက်..
ထောင်ဆယ်နှစ်ချစရာလဲမလိုတော့ပါဘူး..

ပြည့်တန်ဆာမှတ်ပုံတင်ထားသူတွေရှိနေတဲ့
ကေတီဗီ မာဆပ်ပိုင်ရှင်တွေအနေနဲ့လဲ..
စားပေါက်ပိတ်စရာအကြောင်းမရှိတော့ပါဘူး..၊

ဦးဝီရသူတို့တွေ တည်းခိုခန်းတွေကို..
သွားပြီးစစ်ဆေးမယ်ဆိုရင်တောင်..
စစ်ဆေးခံရတဲ့မိန်းကလေးဟာ..ပြည့်တန်ဆာမှတ်ပုံတင်
ရှိတယ်ဆိုရင် ဘာမှမဖြစ်နိုင်ပါဘူး...

အဲဒီအတွက်ကြောင့် ဦးဝီရသူတို့ရဲ့အမျိုးစောင့်ဥပဒေဟာလဲ
အသက်ဝင်လာမှာဖြစ်ပါတယ်...

အဲဒါကြောင့် လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက...
NLD အမတ်တစ်ဦးတင်ပြခဲ့တဲ့ ပြည့်တန်ဆာဥပဒေကို..
အမြန်ပြန်လည်အတည်ပြုဖို့အတွက်...
ဦးဝီရသူတို့အနေနဲ့ အစိုးရကို တောင်းဆိုသင့်ပါပြီ..

အမြန်လုပ်မှရမဲ့အနေအထားဖြစ်ပါတယ်..
နောက်မို့ဆိုရင် အမျိုးစောင့်ဥပဒေဟာ..
သင်္ကြန်အမြောက်လိုဖြစ်သွားမှာမို့ပါ...

--------------------------------------

(၆)

အခုရေးတဲ့အချက်တွေထဲမှာ..
ချစ်သူရည်းစားတွေကိစ္စမပါသေးပါဘူး..

ချစ်သူရည်းစားတွေ၊ အတွဲတွေအနေနဲ့..
ဟော်တယ်တွေကို သွားကြမယ်ဆိုရင်..
မလုပ်မဖြစ်...လုပ်ရမှာတစ်ခုကတော့..

ဟိုတယ်ကိုမ၀င်ခင်မှာ
လက်ထပ်စာချုပ်လက်မှတ်ထိုးပြီး
ဟိုတယ်ကပြန်အထွက်ပြီးမှာ
ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးဖို့ပါပဲ..

အဲဒီအတွက် စာချုပ် နှစ်ခု..
အမြဲတမ်း လိုအပ်မှာဖြစ်ပါတယ်..၊

အဲဒီလို လက်တလုံးခြားလုပ်ချင်တိုင်းလုပ်လို့ရတဲ့..

ချာတူးလံမျိုးစောင့်ဥပဒေကြောင့်..
စာချုပ်တွေရောင်းကောင်းမှာတော့..
အသေအချာပါပဲ...

ဝီ၀ီတို့အနေနဲ့...

ဘာမှထိရောက်မှုရှိအောင်
မလုပ်နိုင်ပဲနဲ့...
အောင်ပွဲခံနေလဲ အလကားပါပဲ..

( Pa Yit)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။