Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

လူငယ် ဘီလီယံနာ သူဌေးများ၏ ဘ၀ (၁)-


လူငယ် ဘီလီယံနာ သူဌေးများ၏ ဘ၀ (၁)-
Mark Zuckerberg (Founder and CEO of Facebook)

အော်စကာဆုတွေ အများကြီးရခဲ့တဲ့ Social Network ဆိုတဲ့ရှုပ်ရှင်ကို တော်တော်များများ သဘောကျ ကြမယ်ထင်ပါတယ်။ ပထမ အကြိမ်ကြည့်တယ်ဆိုလျှင်တော့ စကားပြောမြန်ဆန်မှု၊ နည်းပညာ အသုံးအနှုန်းများပါဝင်မှုတို့ ကြောင့် ကြည့်ရတာ တော်တော်အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် Social Network ဟာ ကျွန်တော်ကိုဟိန်း အကြိုက်ဆုံး ရုပ်ရှင်ဖြစ်ပါတယ်။

အဲ့ဒီ Social Network ရုပ်ရှင်ဟာ facebook ကို တည်ထောင်သူ Mark Zuckerberg (မာ့ဇူကာဘက်) အကြောင်းရိုက်ထားတာပါ။ ဒါပေမယ့် Mark ရဲ့ ဘ၀ ကို အနည်းနဲ့ အများ ပြုပြင်ဖန်တီးမှုများ ပြုလုပ်ထားပါတယ်။ ဒါကြောင့်မို့ လို့ Mark ရဲ့ ဘ၀ စစ်စစ်တော့ မဟုတ်ပါဘူး။

Facebook ဟာ အခု အချိန်မှာ လူတော်တော်များများရဲ့ ဘ၀ထဲ ကို ၀င်ရောက်လို့ နေပါပြီ။ အခု ဒီ ဆောင်းပါးကို ကျွန်တော့်ရဲ့ page https://www.facebook.com/formyanmaryouth ပေါ်မှာ ဖတ်နိုင်ခြင်းဟာလည်း facebook ကြောင့်ပါပဲ။ facebook ဟာ အောင်မြင်မှု ရသလို စိန်ခေါ်မှုတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။ Social Network ရုပ်ရှင် ကို သတိရသေးလျှင်မှတ်မိမှာပါ။ Mark အနေနဲ့ လျော်ကြေးတွေ အများကြီး ပေးလိုက်ရတာ ရှိပါတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော ယနေ့ အချိန်မှာ ကျွန်တော်တို့  facebook ရဲ့ အောင်မြင်ကျော်ကြားမှုကို လက်မခံလို့ မရပါဘူး။

Social Network ရုပ်ရှင်ထဲမှာတော့ Mark ဟာ လူဂွစာ၊ အပေါင်းအသင်းနဲ့ သူ တစ်ယောက်အနေနဲ့ မြင်တွေ့ ရပေမယ့် တကယ့် အပြင်ဘ၀မှာ တော့ Mark ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်များတဲ့သူပါ။ ကလေးမျက်နှာနဲ့  ဘီလီယံနာ လို့ လည်း နောက်ပြောင်ခေါ်ဆိုခြင်းခံရသူပါ။

Mark ကို ၁၉၈၄ ခုနှစ်မှာ မြစ်ကမ်းဘေးက မြို့ လေးတစ်မြို့ ဖြစ်တဲ့ Dobbs Ferry မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ မိဘ နှစ်ပါးဟာ ချမ်းသာတဲ့ သူတွေ ဖြစ်ပြီး သူ့ အကြောင်းကို လေ့လာခဲ့တဲ့ စာရေးဆရာတစ်ယောက်ကတော့ သူဟာ မယုံကြည်နိုင်လောက်အောင် ထောက်ပံ့မှု ရရှိတဲ့ မိသားစုကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာကတော့ ငယ်ဘ၀မှာ လိုတာ အကုန်ရခဲ့တာမျိုးပေါ့။ အခြားမွေးချင်းတွေအားလုံးက မိန်းကလေးတွေ ချည်းဖြစ်တာကြောင့် တစ်ဦးတည်းသော သားလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ ကို သူ့ ရဲ့ ဆွေမျိုးများကတောင် “Prince” လို့ ခေါ်ကြပါတယ်။ ဒါကြောင့် သူရဲ့ ငယ်ဘ၀မှာ ဘာမှ အနှောက်အယှက် မရှိခဲ့ပါဘူး။

သူဟာ ကွန်ပြူတာ ပညာကို ကိုယ်တိုင် လေ့လာသင်ယူခဲ့ပြီး သူစတင်လေ့လာခဲ့တာကတော့ C++ လို့ ခေါ်တဲ့ ရှုပ်ထွေးလှတဲ့ ကွန်ပြူတာ ပရိုဂရမ် ပါပဲ။ ၉ တန်းရောက်တဲ့အချိန်မှာ Risk လို့ ခေါ်တဲ့ ကွန်ပြူတာဂိမ်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူဟာ Zuck.net ဆိုတဲ့ ပရိုဂရမ်တစ်ခုကို လည်း ငယ်ဘ၀မှာ တီထွင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ သူတို့ မိသားစု ၀င်အချင်းချင်း ကွန်ပြူတာကနေ sms ပို့ တဲ့ပရိုဂရမ် မျိုးပါပဲ။ ဒါကတော့ သူရဲ့ ငယ်ဘ၀ပါပဲ။

သူရဲ့ အထက်တန်းကျောင်းသားဘ၀ကတော့ Mark နဲ့  သူ့ သူငယ်ချင်း Adam D’ Angelo ဟာ Synapse ဆိုတဲ့ program တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီ Synapse ကတော့ လူတစ်ယောက်ချင်းဆီရဲ့ ကြိုက်နှစ်သက်မှု သီချင်းတွေကို မှတ်သားထားပြီး တူညီတဲ့ သီချင်းအမျိုးအစားတွေကို ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Synapse ဟာလည်း အရမ်းကိုအောင်မြင်ကျော်ကြားခဲ့ပြီး Microsoft ကတော့ မီလီယံဒေါ်လာ များစွာဖြင့် ၀ယ်ယူဖို့ ရာ ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ သူ့ ကို Microsoft အပါအ၀င် နာမည်ကျော် IT company များက အပြိုင်အဆိုင် ကမ်းလှမ်းခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် Mark ကို ဆွဲဆောင်နိုင်ခြင်းမရှိခဲပါဘူး။ အဲ့ဒီ အစား Mark ဟာ ၂၀၀၂ မှာ Harvard တက္ကသိုလ်မှာ တတ်ရောက်ပညာသင်ယူခဲ့ပါတယ်။ ကျောင်းစတတ်လို့ မကြာခင်မှာပဲ Mark ဟာ ပြဿနာ လုပ်ပါတော့တယ်။ အဲ့ဒါကတော့ Harvard University ရဲ့  ကွန်ပြူတာစနစ်ကို Hack လုပ်ပြီး ကျောင်းသား၊ကျောင်းသူတွေရဲ့  ဓါတ်ပုံကို ရယူခြင်းပဲ ဖြစ်ပါတယ်။ ပြီးနောက်တော့ facemash ဆိုတဲ့ website တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ facemash ကတော့ ကျောင်းသားတွေကြားမှာ နာမည်ကြီးခဲ့သလို လူတော်တော်များများကိုလည်း ထိခိုက်စေခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ facemash က ကျောင်းသူအချင်းချင်း ယှဉ်ပြီး ပိုပြီး လန်းတဲ့ ကျောင်းသူကို အမှတ်ပေးခိုင်းလို့ တာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ privacy ကို ထိခိုက်ရာရောက်လို့ Mark ဟာ ပြဿနာ တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လူမုန်းလည်း ခံခဲ့ရပါတယ်။ Harvard ကျောင်းကလည်း Mark ကို ကျောင်းရဲ့  IT system ကို ချိုးဖောက်မှု၊ ကျောင်းသားကျောင်းသူတွေရဲ့  personal privacy ကို နှောက်ယှက်မှု၊ အချက်အလက်ခိုးယူမှုတွေနဲ့  ကျောင်းတွင်း တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် Mark ဟာ facemash ကို ဖြုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့် Mark ကတော့ facemash ကို အခြေခံပြီး သူရဲ့ အနာဂါတ်ကို မြင်အောင် ကြည့်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ နည်းပညာခေတ်ကလည်း အရမ်းကို တိုးတက်မှု ပြင်းထန်နေပါပြီ။ အင်တာနက်မှာ Friendster တို့ myspace တို့ ဆိုတာတွေလည်းခေတ်စားနေပါပြီ။ ဒါပေမယ့် Friendster တို့  myspace တို့ ဟာ နည်းပညာ ပြောင်းလဲမှု ဖြစ်စဉ်ကို လိုက်လို့ မမှီဖြစ်နေပါတယ်။ Friendster ဆိုလျှင်လည်း ခဏခဏ ပြုတ်ကျတယ်။ sever down တယ်။ myspace ဆိုလျှင်လည်း ကြော်ငြာတွေနဲ့ ပြည့်နေတယ်။

Mark ဟာ သူနဲ့ facebook ကိုတူတူလုပ်ကိုင်သူဖြစ်တဲ့ အက်ကွာဒိုဆိုတဲ့ သူငယ်ချင်းနဲ့  ကျောင်းသား ပါတီ (တကယ်တော့ underground party တစ်ခုပါ၊ ကျောင်းသားတွေ ဆိုးချင်တိုင်းဆိုး၊ကဲချင်တိုင်းကဲတဲ့ ပါတီ တစ်ခုပေါ့) မှာ တွေဆုံခဲ့ပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ Harvard connection ဆိုတဲ့ social network တစ်ခုကို တည်ထောင်ချင်တဲ့ အမွှာညီအစ်ကို Cameron and Tylor Winklevoss နဲ့  Divya ဆိုတဲ့ အုပ်စုနဲ့ လည်း တွေ့ ဆုံခဲ့ပါတယ်။ သူတို့ သုံးယောက်က Mark ရဲ့  facemash ကို သိပြီး Mark ကို ဆက်သွယ်လာခြင်းဖြစ်ပါတယ်။ Harvard Connection ကို စထားတာ ၂ နှစ်လောက်တော့ ရှိပါပြီ။ ဒါပေမယ့် သူတို့ ရဲ့ ပရိုဂရမ်မာနှစ်ယောက်က အလုပ်ပြောင်းသွားလို့ ပရိုဂရမ်မာ အသစ်တစ်ယောက်ကို ရှာဖွေနေချိန်မှာ Mark ကို သတိထားမိခဲ့ပါတယ်။ Mark ဟာ သူတို့ တွေနဲ့ စစတွေ့ ချင်းမှာ အလုပ်တွဲလုပ်ဖို့ သဘောတူပြီး စိတ်အားထက်သန်မှု ပြခဲ့တယ်လို့ ညီအစ်ကို နှစ်ယောက်က အင်တာဗျူးမှာ ပြောထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ရှင်ထဲကလိုပဲ Mark ဟာ သူတို့ တွေနဲ့ ထပ်တွေ့ ဖို့ အချိန်ဆွဲသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် email အသွားအပြန်တော့ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Mark ဘာလုပ်နေသလဲဆိုတော့ Harvard connection နဲ့ ဆင်တူတဲ့ Harvard ကျောင်းသားတွေရဲ့  လူမှုဘ၀ကိုအခြေခံထားတဲ့ social network တစ်ခုကို နေ့ ညမအိပ်ပဲ ဖန်တီးနေတာပါပဲ။ အဲ့ဒီ social network ကတော့ “facebook” ပဲ ဖြစ်ပါတယ်။ Mark ဟာ သူ့ သူငယ်ချင်း အက်ကွာဒို စပရင်ဆီက မတည်ငွေ ဒေါ်လာ ၁၀၀၀နဲ့ ”The facebook” ကို စတင် ဖန်တီးခဲ့ပါတယ်။

အမွှာညီအစ်ကို အဖွဲ့ ကတော့ Mark က သူတို့ လူလို့ ယူဆနေတဲ့အချိန်မှာပဲ ၂၀၀၄ ဖေဖော်ဝါရီ ၄ ရက်နေ့ မှာတော့ Mark နဲ့  သူ့ သူငယ်ချင်း အက်ကွာဒိုတို့ ဟာ facebook web site ကို စတင် ပြီး launch လုပ်ခဲ့ပါတယ်။

အဲ့ဒီအခါမှာတော့ Social Network ရုပ်ရှင်ထဲက အတိုင်း အမွှာညီအစ်ကို အုပ်စု က facebook ကို သိသွားတဲ့အခါမှာ Mark ကို ဆက်သွယ်ပြီး The Facebook ကို ဖျက်ခိုင်းပါတယ်။ Mark ကတော့ facebook ဟာ သူ့ ရဲ့ တီထွင်မှု ဖြစ်ပြီး program coding က အစမတူညီဘူးဆိုတဲ့ အချက်ကို အကြောင်းပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ ရုပ်ရှင်ထဲကလိုပဲ တရားစွဲဆိုမှုတွေဖြစ် ပြီး နောက်ဆုံးတော့ Mark က အမွှာညီအစ်ကိုအဖွဲ့ ကို လျော်ကြေငွေး သန်း ၅၅၀ လောက်ပေးလိုက်ရပါတယ်။ တရားစွဲဆိုမှုတွေ ရှိနေစဉ်မှာပဲ Mark က facebook ကို Harvard အပြင် အခြားသော အမေရိကရှိ နာမည်ကြီး တက္ကသိုလ်များသို့ network ချဲ့ ထွင်လို့ နေပါပြီ။ Network ချဲ့ ထွင်မှုနဲ့ အတူ အက်ကွာဒိုဟာ ကြော်ငြာလုပ်ငန်းတွေ နဲ့ လည်း ဆက်တိုက်တွေ့ ဆုံပြီး facebook ကနေ ပိုက်ဆံရှာဖို့ ကို စတင် အကောင်အထည်ဖော်နေပါပြီ။ အဲ့ဒီအချိန်မှာ Mark တို့ ဆီကို ရောက်လာတဲ့ သူကတော့ ရှောင်ပါကာ (Social Network ရုပ်ရှင်ထဲမှာတော့ နာမည်ကြီးမင်းသား Justin Timberlake က သရုပ်ဆောင်ထားပါတယ်) ဖြစ်ပါတယ်။ ရှောင်ပါကာဆိုတာက ဘယ်သူလဲဆိုတော့ Nepster website ကို ပူးတွဲတည်ထောင်ခဲ့သူပဲ ဖြစ်ပါတယ်။ သူကတော့ တေးဂီတနယ်ပယ်ဘက်မှာ ကျွမ်းကျင်သူ တစ်ယောက်ပေါ့။ ရှောင်ပါကာက Mark အတွက်တော့ Role model, hero တစ်ယောက်ပေါ့။ အက်ကွာဒိုကတော့ အဲဒီ အတွေးကို လက်မခံခဲ့ပါဘူး။ အက်ကွာဒိုက Mark ကို ရှောင်ပါကာနဲ့ မတွဲစေချင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၄ နွေရာသီမှာ အက်ကွာဒို အမေရိက အရှေ့ ခြမ်းကို ခရီးသွားနေတုန်းပဲ Mark ဟာ Harvard ကို စွန့် ခွါပြီး ရှောင်ပါကာရှိရာကို ထွက်ခွါခဲ့ပါတယ်။ သူနဲ့ အတူ သူရဲ့  programming team အဖွဲ့ ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ ရောက်ခဲ့တဲ့နေရာကတော့ ဆီလီကွန်တောင်ကြားပဲ ဖြစ်ပြီး အဲ့ဒီမှာ ရေကူးကန်ပါတဲ့ အိမ်တစ်လုံးကို ငှားရမ်းခဲ့ပါတယ်။ Mark နဲ့  သူ့ အဖွဲ့ သားတွေဟာ နေ့ ညမပျက် coding တွေရေးခဲ့ကြတယ်။ ကွန်ပြူတာရှေ့ က နေ ထိုင်ရာမထ ရေးခဲ့ကြပါတယ်။ ရှောင်ပါကာကတော့ ဆီလီကွန်တောင်ကြားက အရေးပါတဲ့သူတွေဆီကို ဆက်သွယ် ပြီး marketing စတင်ခဲ့ပါတယ်။ facebook ဟာ လည်း အရှိန်ဟုန်ပြင်းပြင်းနဲ့ ကျော်ကြားလာပြီး ၂၀၀၄ ဒီဇင်ဘာမှာ သုံးတဲ့သူပေါင်း တစ်သန်းကျော်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ ရုပ်ရှင်မှာမပါတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ ရှောင် က Mark ကို အဖိုးတန်တဲ့ အကြံဥာဏ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ‘မင်းဟာ အမြဲတမ်း facebook ရဲ့  founder ဖြစ်နေဖို့ လိုတယ်၊ အမြဲတမ်း CEO ဖြစ်နေဖို့ လိုတယ်၊ investor တွေ ကြောင့် ဒီအရာကို ပြောင်းပစ်ဖို့ မလိုဘူး” ဆိုတာပါပဲ။ Mark ဟာ investors များစွာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး မှာ အရေးကြီးတဲ့ အချက် ၂ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နံပါတ် (၁) ကတော့ investor တွေဟာ Mark ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ခန့် အပ်ဖို့ ခွင့်ပြုခဲ့တယ်။ နံပါတ် (၂) ကတော့ facebook company ရဲ့ တော်တော်များများ အပိုင်းကို Mark ကို ထိန်းချုပ်ဖို့ ခွင့်ပြုခဲ့တာပါပဲ။

အဲ့ဒီအခါမှာ Mark ရဲ့ ပထမဦးဆုံးလက်တွဲဖော်ဖြစ်တဲ့ အက်ကွာဒိုနဲ့  ပြဿနာတတ်ပါတော့တယ်။ အက်ကွာဒိုက သူ့ ကိုယ်သူ facebook ရဲ့ ငွေကြေးဆိုင်ရာအုပ်ချုပ်သူအနေနဲ့ ခံယူထားတဲ့အတွက် အခု ကိစ္စတွေမှာ သူမပါဝင်ရလို့ စိတ်ဆိုးခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ ကို အရေးပါတဲ့သူ အနေနဲ့ Mark အသိအမှတ်ပြုစေဖို့ facebook server ကို ထောက်ပံ့ပေးနေတဲ့ bank account တွေကို ပိတ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ Mark နဲ့ ရှောင်တို့ တိုင်ပင်ပြီး အက်ကွာဒိုကို ဖယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ အက်ကွာဒိုကို facebook ပူးတွဲတည်ထောင်သူနေရာကနေ ဖယ်ထုတ်လိုက်ပါတယ်။ အဲ့ဒီအခါမှာတော့ သူငယ်ချင်း နှစ်ယောက်အကြား အကြီးအကျယ် ပြဿနာတတ်ပါတော့တယ်။

အဲ့ဒီအချိန်မှာ facebook ဟာ အရမ်းကို နာမည်ကြီးအောင်မြင်နေပြီး ရှောင်ပါကာကတော့ facebook ရဲ့  new president ဖြစ်နေပါပြီ။ ရှောင်ဟာ ပီတာသီး ဆိုတဲ့ သူဌေးကို ခေါ်လာခဲ့ပါတယ်။ ပီတာသီးက facebook မှာ ဒေါ်လာ ၅သိန်း စတင်ပြီး မြှုပ်နှံခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ACCEL Partners လိုခေါ်တဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက ဒေါ်လာ ၁၂သန်း ရင်းနှီးမြုပ်နှံပြီး company ပိုင်ဆိုင်မှုရဲ့  ၁၁% ကို ၀ယ်ယူခဲ့ပါတယ်။ အဲ့ဒီ ရင်းနှီးမြုပ်နှံမှုဟာ facebook ကို ဒေါ်လာ သန်း ၁၀၀ တန်ဖိုးထိ မြင့်တက်သွားစေပါတယ်။ အဲ့ဒီမြုပ်နှံမှုကို ကန့် ကွက်တဲ့သူတွေလည်းရှိပါသေးတယ်။ ဘာလို့ လည်းဆိုတော့ company ပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံကို လူတစ်ဦးတည်းက ချုပ်ကိုင်ထားတဲ့ company ကို ဒေါ်လာ ၁၂ သန်း မြုပ်နှံမှုပြုလို့ ပါပဲ။ တစ်ချိန်တည်းမှာပဲ facebook ပိုင်ရှင်တွေရဲ့  public profile တွေလည်း လူသိရှင်ကြားထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာ ဒုက္ခရောက်ခဲ့သူကတော့ ရှောင်ပါပဲ။ ၂၀၀၅ သြဂုတ်လမှာ ရှောင်ဟာ ကိုကင်း လက်ဝယ်တွေ့ ရှိမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီအတွက် facebook ရဲ့  president ရာထူးမှာ မနေသင့်တော့တဲ့ အကြောင်း Mark ကို ပြောပြီး Mark ကလည်း သဘောတူ ခဲ့ပါတယ်။ (ကိုဟိန်းတို့ ကြည့်ရတဲ့ Social Network ရုပ်ရှင်ထဲမှာတော့ Mark က ရှောင်အပေါ်မှာ အကွက်ဆင် ချောက်ချခဲ့တဲ့ ပုံစံမျိုး ရိုက်ထားပါတယ်)

Facebook ဟာ အဆမတန်ပဲ တိုးတက်လာခဲ့ပါတယ်။ ရုံးခန်းသေးသေးလေးကနေ အကြီးကြီးဖြစ်လာပါတယ်။ ဒါပေမယ့် အယင်ကလို ပျော်စရာကောင်းတဲ့ တက္ကသိုလ်ဆန်တဲ့ ပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဘာလို့ လဲဆိုတော့ ဒါဟာ facebook ရဲ့ အသက်ဖြစ်လို့ ပါပဲ။

Facebook company ရဲ့ ပတ်ဝန်းကျင်ဟာ ၀န်ထမ်းတွေကို တီထွင်မှုတွေ ဆန်းသစ်မှု ဥာဏ်စမ်းတွေ အမြဲထွက်ပေါ်နေဖို့ အထောက်အကူဖြစ်နေအောင် ဖန်တီးထားပါတယ်။ ၀န်ထမ်းတွေကို အင်တာဗျူးတဲ့အခါမှာလည်း တမူထူးခြားတဲ့ နည်းလမ်းတွေကို သုံးပါတယ်။ facebook မှာ လုံခြုံရေး အရာရှိ အနေနဲ့ တာဝန်ယူရမယ့်သူအင်တာဗျူးကို Mark က facebook ရုံးရဲ့ ခေါင်မိုးထိပ်ကို တက်ပြီး လုပ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ (နောက်များမှwww.prospectmyanmar.com မှာ facebook ရဲ့ ထူးခြားတဲ့ အင်တာဗျူး ပုံစံတွေအကြောင်းတင်ပေးပါဦးမယ်)။

Project တွေ လုပ်ရာမှာလည်း အမြဲတမ်းတက်ကြွနေအောင်ထားပါတယ်။ အတော်ဆုံးဆိုတဲ့ ပညာရှင်တွေကို အချင်းချင်း ပြိုင်ဆိုင်မှု၊ ငြင်းခုံမှုများလုပ်စေပြီး နည်းလမ်းအသစ်တွေ၊ အကြံဥာဏ်ကောင်းတွေ ထွက်လာအောင် လုပ်ပါတယ်။ ဒီလိုနည်းနဲ့ ထွက်ပေါ်လာတဲ့ အသစ်အဆန်းတွေဟာ facebook ကို ကြီးမားစွာတိုးတက်လာစေပါတယ်။ ဥပမာ အားဖြင့် ဓါတ်ပုံတွေမှာ tag လုပ်တဲ့ နည်းလမ်းကြောင့် facebook မှာ ဓါတ်ပုံအသုံးပြုမှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလာပါတယ်။

Facebook ရဲ့ တိုးတက်မှုလမ်းကြောင်းဟာ တစ်ခု ပဲ ရှိပါတယ်။ အပေါ်ကို ထောင်တတ်သွားတာပါ။ ၂ နှစ်အတွင်း အသုံးပြုသူ ၅.၅ ဘီလီယံ ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ နာမည်ကျော် Yahoo က facebook ကို ဒေါ်လာ သန်း တစ်ထောင်ပေးပြီး ၀ယ်ယူရန် ကမ်းလှမ်းခဲ့တာကို Mark က ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ MTV Network က CEO နဲ့  Mark နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဈေးစကားမပြောခင်မှာ Mark ဟာ MTV CEO ကို သူနေတဲ့အခန်း ခေါ်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ ကော်ဖီဆိုင်တစ်ခုမှာ MTV network က ဒေါ်လာသန်း ၁.၅ ဘီလီယံ နဲ့ ရောင်းချပေးဖို့ ပြောပါတယ်။ Mark ရဲ့ အဖြေကတော့ facebook ဟာ ဒီထက်ပိုပြီး တန်ပါတယ်။ နောက်တစ်ခုက ဒီလောက်များတဲ့ ပိုက်ဆံတွေကို သူအနေနဲ့ ဘာသွားလုပ်ရမှာလဲတဲ့။ သူ့ အခန်းကိုကြည့်လျှင် သူရဲ့ နေထိုင်မှုကို နားလည်ပါလိမ့်မယ်။ သူ့ ဒီလောက်များတဲ့ ပိုက်ဆံတွေ မလိုပါဘူးတဲ့။

Mark ဟာ facebook ကို ရောင်းချဖို့ ထက် ပိုပြီး နာမည်ကြီးလာအောင်သာ အာရုံစိုက်ခဲ့ပါတယ်။ အဲ့ဒီထဲက တီထွင်မှု တစ်ခုကတော့ “News Feed” ပါပဲ။ News Feed ဟာ လူတိုင်းအတွက်ကိုယ်ပိုင်သတင်းစာပါပဲ။ ကိုယ်ဘာလုပ်နေတယ်၊ ဘာတွေ ဖြစ်နေလဲဆိုတာကို တင်လို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီ News Feed ကို ပဲ လူတစ်သန်းကျော်လောက်က အွန်လိုင်းမှာ ဆန့် ကျင်တဲ့ အစီအစဉ်တွေလုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လူတွေရဲ့  ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်လို့ ပါတဲ့။ အဲ့ဒီအတွက် Mark ဟာ အသုံးပြုသူတွေကို တောင်းပန်ခဲ့ရပါတယ်။

ဒါပေမယ့် တောင်းပန်မှုဟာ အရှုံးပေးမှု မဟုတ်ခဲ့ပါဘူး။ Mark ဟာ News Feed မှာ privacy setting တွေ နဲ့ ထပ်မံအားဖြည့်ခဲ့ပါတယ်။ အခုထိလည်း News Feed ကို လူတိုင်းအသုံးပြုနေကြတာပဲ မဟုတ်လား။

Mark ဟာ facebook ကို တက္ကသိုလ်ပြင်ပကို စတင်ပြီး ချဲ့ ထွင်ခဲ့ပါတယ်။အဲ့ဒီအတွက် ၂၀၀၆ အကုန်မှာတော့ facebook အသုံးပြုသူ ပေါင်း ၁၂ သန်းကျော်ရှိလာပါတယ်။ ကိုဟိန်း facebook စသုံးတော့ ၂၀၀၇ မှာပါ။

အဲ့ဒီနောက်မှာတော့ ၂၃ နှစ်သား CEO Mark ဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နာမည်ကြီးနည်းပညာရှင်တွေကို ဖိတ်ခေါ်ပြီး facebook platform ကို မိတ်ဆက်ပေးခဲ့ပါတယ်။ facebook platform ဆိုတာကတော့ facebook ကို အခြေပြုပြီး အခြားသော နည်းပညာ တွေထည့်သွင်းဖို့ ပါပဲ။ အဲ့ဒီအခါမှာတော့ ကျွန်တော်တို့ တွေ ကစားနေတဲ့ ဂိမ်းတွေ၊ quiz တွေ၊အခြား application တွေ ပေါ်လာပါတော့တယ်။ facebook platform ကတော့ တကယ့်ကို Gold Rush ကြီးပါပဲ။ နည်းပညာရှင်တွေဟာ အပြိုင်အဆိုင် facebook platform မှာ ပါဝင်နိုင်ဖို့ ကြိုးစားရပါတော့တယ်။

၂၀၀၇ မှာတော့ Microsoft က facebook ထဲကို ၀င်လာပါတယ်။ ဒီတစ်ခါတော့ Mark က မငြင်းဆိုခဲ့ပါတယ်။ Microsoft က facebook မှာ ဒေါ်လာ သန်း ၂၄၀ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အဲ့ဒီ သန်း ၂၄၀ ပေးတဲ့အတွက် facebook ရဲ့  ၁.၆ % ကို ပိုင်ဆိုင်မှု ရခဲ့ပါတယ်။ ဒါဆို facebook ဘယ်လောက်တန်နေပြီးလဲ ဆိုတာ သိသာပါပြီ။ ၁၅ ဘီလီယံတန်နေပါပြီ။ ၁၅ ဘီလီယံသာ တန်ပေမယ့် အမြတ်ကတော့ သိပ်မရှိသေးပါဘူး။ ဒါကြောင့် Mark ဟာ advertising system ကို စတင်ခဲ့ပါတယ်။ company တွေကို ကိုယ်ပိုင် facebook page တည်ထောင်နိုင်ရန် facebook page ကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီအခါမှတော့ company ပေါင်းမြောက်များစွာဟာ facebook ကြော်ငြာဝန်ဆောင်မှုကို ယူခဲ့ကြပါတယ်။ Mark လည်းကြော်ငြာခတွေ များစွာရရှိခဲ့ပါတယ်။ Mark ရဲ့ ကျေးဇူးကြောင့် ကိုဟိန်း တို့ လို လူတွေလည်း Facebook မှာ page တွေထောင်ပြီး စာတွေ ရေးနိုင်ခဲ့တာပေါ့။

ယနေ့ အချိန်မှာတော့ အားလုံးသိကြတဲ့အတိုင်း facebook ရဲ့ ဟာလူတွေတော်တော်များများရဲ့ ဘ၀ဖြစ်နေပါပြီ။ အဲ့ဒီလိုပဲ အချို့ နိုင်ငံတွေမှာတော့ facebook ကို ကန့် ကွက်မှုတွေ လည်း ရှိနေပါတယ်။ privacy ဆိုတဲ့ စကားနောက်မှာ တရားရင်ဆိုင်ရမှုတွေလည်းရှိနေပါတယ်။ အဲ့ဒီလိုပဲ အတော်ဆုံးဆိုတဲ့ ပညာရှင်တွေကို facebook က လခများစွာပေးပြီး ခေါ်ယူတဲ့အတွက် google, Yahoo ကဲ့သို့ သော company များရဲ့ မုန်းတီးမှုကို လည်း ခံနေရပါတယ်။ ပြိုင်ဆိုင်မှုကလည်း ပိုပြီး ပြင်းထန်လို့ လာပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာအခက်အခဲတွေ၊ ရင်ဆိုင်မှုတွေပဲ ရှိရှိ Mark ကတော့ ရှေ့ ကို ဆက်သွားဦးမှာပါ။ နောင်မှာလည်း ဘယ်လိုဘယ်လိုသော စမ်းသစ်မှုများနဲ့ facebook ဟာ ဆက်လက် ခရီးဆက်နေမလဲဆိုတာကို အားလုံး စောင့်ကြည့်နေရဦးမှာပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုဟိန်း (Prospect Myanmar)

If you like this article, please visit my page:https://www.facebook.com/formyanmaryouth

My blog: http://prospectmyanmar.com/
You Tube Channel: The lifestyles of Young Billionaire Entrepreneurs မှ ကိုးကားထားပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။