Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

မေးကြည့် ဖြေကြည့် ပဟေဠိ


မေးကြည့် ဖြေကြည့် ပဟေဠိ

|| ငွေစန်းရောင် ||

အခုရက်ပိုင်းအတွင်းမှာ NLD က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကို ဓာတ်ပုံနဲ့တကွ ထုတ်ဖော်ကြေညာလာတဲ့အခါ လူတော်တော် များများက နှစ်ထောင်းအားရ ရှိကြပါတယ်။ မအိပ်နိုင်မစားနိုင် ဗျာပါပွေသူတွေလည်း ရှိမယ် ဆိုတာတော့ ပြောစရာမလိုတော့ပါဘူး။ သူတို့ဘက်က အပုပ်ချနေသလို အုတ်ကြားမြက်ပေါက် ကလေကချေအလေနတော စာမတတ်ပေမတတ် ထောင်ထွက်တွေ ချည်း စုထောင်ထားတဲ့ပါတီဆိုတာကို အဖက်လုပ်ပြီး ငြင်းချက်ထုတ်စရာတောင် မလိုတော့ဘူး။

တကယ်တမ်းကျတော့ ကိုယ့်စိတ်နဲ့နှိုင်းမှ မရိုင်းဘူးထင်တာကိုး။ သူတို့အဘိုး သူတို့အဘ လက်ထက် မဆလအောက်မှာ ပြားပြားဝပ် ခစားခဲ့တုန်းက အဲသည်ပါတီ ဗဟိုကော်မတီ လူကြီးတွေရဲ့ ကိုယ်ရေးရာဇ၀င်တွေ ဖတ်ခဲ့ဖူးမှာပေါ့။ ပညာအရည်အချင်းမှာ “ခေသောသူ မဟုတ်” လို့ ရေးထားလို့ “အဲ့ဒါ ဘယ်နှစ်တန်းလို့ ပြောတာတုံး” လို့ မေးကြည့်ဖူးတယ်။ တစ်တန်းမှ တပ်စရာမရှိရင် အဲ့သလိုပဲ ရေးရသတဲ့လေ။

အဲသည် လူကြီးမင်းတွေရဲ့ အဆုံးအမ အကွပ်အညပ်နဲ့ လူဖြစ်လာခဲ့တဲ့ အခု ဘဘကြီးများ ဟာလည်း သူတို့ကို အတိုက်အခံလုပ်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေ မြင်လိုက်ရင် “သည် အကောင် ငါ ထောင်ထဲထည့်ထားတာ။ အခုဘယ့်နှယ်လုပ် စင်ပေါ်ရောက်လာပြန်ပတုံး” လို့ မျက်ထောင့်နီကြီးနဲ့ အောက်ကလူ ကွိုင်ရှာဖို့ပဲ စဉ်းစားနေတော့တာပါ။ အခုတော့ မိုးဦးကျ မျှစ်စို့ပေါက်ကြီးတွေလို အပြိုင်းအရိုင်း ထိုးဖောက်ထွက်ပေါ်လာတဲ့ မျိုးဆက်သစ် လူငယ်တွေ ကို ဘယ်လိုချိုးနှိမ် တိုက်ခိုက်ရပါ့မလဲ ဆင်ကြံကြံ အသံတိတ်နေရတာပ။

တကယ်တော့ ဇာတ်လမ်းကစတောင် မစရသေးပါဘူး။ ဖိုးလနတ်သားကကလေး အငို တိတ်အောင် အရိပ်အယောင်ပြထားရုံလေး ပဲရှိသေးတာ။ ဒါပေသိမကပဲ ခင်းထားတဲ့အ ကွက်ကို ကြည့်ကတည်းက အရူးချီးပန်း နှမ်းတမ်းတမ်းခွင် ဆင်ထားတာ မဟုတ်မှန်း ပညာရည်ပြည့်သူတွေက သိနေနှင့်ပါပြီ။ တပ်စားစားထားလို့ တစ်ဆွေလုံးဝနေသမျှကို အရပ်စားစားဦးဖို့ ယူနီဖောင်းတွေချွတ်ပြီး အချိတ်ရောင်စုံ ကလေးတွေ ဆင်လိုက် ရုံနဲ့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်ဆိုပြီး မျက်လှည့် ပြလို့ရကောင်းရချင်ရမယ်။ တကယ့် လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုမပြု ဆိုတာတော့ ဟီလာရီ လာတုန်းက “မိန်းမ (Cabinet/၀န်ကြီး) ဆိုလို့ မူးလို့တောင် ရှူစရာမရှိဘူး” လို့ ပြောလိုက် ကတည်းက အလိမ်ပေါ်သွားပြီးသား။ ဒါနဲ့ပဲ သူ့မိန်းမနဲ့ ပုလဲနံပသင့်ရာတွေ အတင်းကောက် တင်လိုက်ရတယ် မဟုတ်ဘူးလား။

အခု NLD က ၀င်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဗကဘိုးဘိုးကြီး သိဒ္ဓတ္ထ မင်းသားအတွက် ကညာစစ်မယ်ဆိုလို့ မိန်းမပျိုတွေ အရပ်ထဲလှည့်ခေါ်ထားတာ သက်သက် မဟုတ်ဘူး။ အဲသည် မိန်းမပျိုတစ်ယောက်တိုင်း တစ်ယောက်တိုင်းမှာ သူတို့ကိုယ်စားပြု တဲ့ လူထုလူတန်းစား အလွှာအသီးသီး ရှိတယ်။ ဆိုလိုတာက Gender Balance တစ်ခုတည်း အတွက် အတင်းမိန်းမတွေ နေရာပေးနေတာမဟုတ်ဘူး။ နယ်ပယ် အသိုင်းအ၀ိုင်း အလွှာစုံအောင် ပါသေးတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ အနုပညာနယ်ပယ်ကလူတွေပါ တော်တော်ကလေး နှံ့နှံ့စပ်စပ် ပါဝင်ထားတယ်။

သည်မှာတင် တပ်က ထွက်သမျှ နေရာတိုင်းမှာ တမိုးလုံးဖျောက်ဆိပ် ၀င်လုပ်ပြီး “အမိန့်တော်မြတ် အတိုင်းပါ ဖယား” မူဝါဒနဲ့အုပ်ချုပ် နေသူတွေနဲ့ ဘာမှမဆိုင်မှန်း သိသာသွားပြီ။

တကယ်ဆိုရင် အဲသည်ပါတီကြီးအတွက် အသက်နဲ့လဲပြီး အနစ်နာခံထား တဲ့၊ ပြည်သူ့ထောက်ခံမှု ကိုလည်း အပြည့်အ၀ရထားပြီးဖြစ်တဲ့၊ သူကျွေးမွေး သင်ကြားပေး ထားသော သူ့တပည့်သားမြေးတွေက ခိုးသားငါးရာနဲ့ လိုက်သတ်တာတောင် မသေလို့ ကျန်ရစ်တဲ့ သူရဦးတင်ဦးလို လူကြီးသူမတွေ ရှိသားပဲ။ ဘာပုဒ်မနဲ့မှ ငြိနေတာ မဟုတ်ဘူး။ တမင်သက်သက် လူငယ်တွေကို နေရာပေးချင်လို့ နောက်ကနေ ပံ့ပိုးပေးရုံပဲနေတယ်။

နေမကောင်းဘဲနဲ့ “ဘယ်သူ့မှမပေးဘူး။ ငါချည်းတက်မှာ” လုပ်တဲ့သူတွေနဲ့ မကွာလား။

တိုင်းပြည်ကို ကာကွယ်ထားရတဲ့အတွက် အုပ်ချုပ်ရေးအာဏာတွေကို သူတို့သာလျှင် အစဉ် ထာဝရ ရထိုက်တယ်လို့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေသော ဘဘကြီးများနဲ့ရော မကွာလား။ စစ်သားစိတ်ဓာတ်ဆိုတာ ဘယ်သူ့ဆီက စိတ်ဓာတ်ကို ခေါ်ကြမလဲ။ ကိုယ့် ဘာသာပဲ စဉ်းစားကြပါလေ။ (အို များတို့က တပ်ကထွက်ပြီးသွားပါပြီဆိုမှ စစ်သားစစ်သားနဲ့ ဒါကိုပဲ လာလာခလုတ်တိုက်နေ။)

ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တရားဝင်မကြေညာခင်ကတည်းက ကိုယ်ပါစေချင်တဲ့ သူတွေ မပါဘဲ ကိုယ်မပါစေချင်တဲ့သူတွေကို နေရာပေးထားပြန် ပါပကောဆိုပြီး ၀က်ဝက်ကွဲ ဂယက်တွေ ထခဲ့တာ ဘာမှတောင် မကြာသေးပါဘူး။ NLD ဗဟိုက လူတွေဟာ ဘွားတော်ကို အနီးကပ်ချောက်ချပြီး ဒုက္ခရောက်အောင် တွန်းပို့နေ တယ်လို့ ရေးကြတာလည်း ဖတ်လိုက်ရတယ်။ သူတို့ဘက်က ရွှေမန်းဖိုးစိန် အကွဲအပြဲလို အတိုက်အခံမှာလည်း မုန့်လေပွေဆင်နင်းသလို အစိတ်စိတ်ကို ဖွာနေတာပဲလို့ ထကနေတဲ့ သူတောင်ရှိသေး။

ဟုတ်တယ်။ ကိုယ်တို့ ဘေးလူအမြင်နဲ့ဆို NLD က ပယ်ချလိုက်တဲ့သူတချို့ဟာ သူတို့ ဘာသူတို့လည်း လွှတ်တော်ထဲမှာ နေရာရအောင် ယူနိုင်တဲ့သူတွေ ဖြစ်နေတယ်။ သူတို့က NLD က၀င်တယ်ဆိုတာ NLD ရဲ့ အင်အားကို သူတို့အတွက် အသုံးချဖို့မဟုတ်ဘူး။ သူတို့ရဲ့ အင်အားကို NLD အတွက် အထောက်အကူဖြစ်စေချင်လို့။ အဲ့ဒါကို NLD က ပယ်ချတယ် ဆိုတာ ကမ်းတဲ့လက်ကို ပုတ်ထုတ်တာပဲ။ ဒီအထိအောင် တွေးတတ်မြင်တတ်တယ်ဆိုရင် ရှိတ်ကန်းရှိတ်ကန်း။ ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး။ ပျော်မနေနဲ့ အဲ့ဒါ လူပြိန်းတွေးတွေးတာ။ အတူတူပဲ။ ကိုယ်လည်း အဲ့လို လူပြိန်းတွေး တွေးခဲ့မိတယ်။

ဒါပေမဲ့ ကိုယ်တို့ရဲ့ဘွားတော်ကြီးက ကိုယ်တို့ပြိန်းသလို မပြိန်းဘူး။ သူ့အကွက်က လှတယ်။ ဒီလူတွေက သူ့ပါတီရဲ့ အရှိန်အ၀ါမလိုဘူး။ သူတို့ဘာသူတို့လည်း ခိုင်တယ်။ သူတို့နောက်မှာထောက်ခံသူ လောက်လောက်လားလား ရှိပြီးသား။ အဲ့လိုလူတွေ သူ့ပါတီထဲထည့်ရင် သူ့ပါတီမှာ အားကိုးရမယ့် ဆန္ဒမဲအရေအတွက် တိုးလာမှာမဟုတ်ဘူး။ (သူတို့ကို ထောက်ခံတာလည်း သည်မဲတွေပဲ။ ပါတီကို ထောက်ခံတာလည်း သည်မဲတွေပဲ။ မဲတွေ ထပ်ကုန်တာပြောတာ။)

သူတို့ကို အပြင်မှာထားမှ အရေးဆို ပါတီအတွက် လှမ်းအားကိုးလို့ရတာ။ ဆုံးဖြတ်ချက်ချစရာရှိရင် ကိုယ့်ဘက်ပါမယ့် မဲအရေအတွက် တိုးလာမှာ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ သားကြီးသမီးကြီးများဟာ အမေ့ရင်ခွင်က ခဏဖယ်နေဦး။ ညီလေး ညီမလေးတွေကို အပြင်က လှမ်းစောင့်ရှောက်လှည့်ဦး။ အဲ့ဒါ မချစ်လို့ မဟုတ်ဘူး။ ချစ်လို့ဗျ။

အမေက အဲ့သလို မညှာမတာ ခြေစုံကန်ထုတ်ရင် သားတို့သမီးတို့ဘက်ကလည်း စိတ်နာ ပါသလေ ဆိုတာမျိုးကော မရှိဘဲနေပါ့မလား။ ရှိခဲ့တယ်လေ။ တခြားသွားမကြည့်ပါနဲ့။ ခမောက်ဆောင်းသော မမ၀ိုင်းကိုပဲ ကြည့်လိုက်ပါ။

ဒီနေရာမှာ နိုင်ငံရေးနောက်ကြောင်းကလေး နည်းနည်းလောက် ပြန်ကောက်ပြချင်ပါတယ်။ ၂၀၁၀ မှာ ဒေါ်စုဝင်ပါမှာစိုးလို့ ဘဘဦးသန်းရွှေဟာ အမေရိကန် အုတ်ကြားမြက်ပေါက် တစ်ယောက်ကို ခြံအမှတ် ၅၄ ထဲ အင်းယားကန်ထဲက ရေကူးဝင်ခိုင်းပြီး အကျယ်ချုပ် သက်တမ်းကို ထပ်တိုးခဲ့ပါတယ်။ ဒီအခါမှာ ဒေါ်စုမပါဘဲ ဒီချုပ်က ရွေးကောက်ပွဲဝင်မှာလား၊ မ၀င်ဘူးလားဆိုတဲ့ ပြဿနာတက်လာပါတယ်။ မဲတွေလိမ်မယ် ခိုးမယ်ဆိုတာ ကိုယ်တွေ လို ကျောချမှ ဓားပြမှန်းသိတဲ့အစားမဟုတ်

။ ဒီပြဿနာဟာလည်း ဒီချုပ်အတွင်းမှာ Vote / No Vote နှစ်ဖွဲ့ကွဲသွားစေချင်လို့ သပ်လျှိုပြီး ရိုက်ထုတ်လိုက်တဲ့အကွက်ပါပဲ။ မြန်မာတွေကို ဒါမျိုးလာလုပ်လို့ကတော့ ကမ္ဘာတည်သရွေ့ အလုပ်ဖြစ်ဦးမှာပါပဲ။ ဒီချုပ်ရဲ့ No Vote အဆုံးအဖြတ်ကို ဆန့်ကျင်ပြီး Vote အဖွဲ့က ၀င် အရွေးခံပါတယ်။ ၀င်လက်စနဲ့တော့ မထူးပါဘူး။ မေမေ့ဆီက အမွေအဖြစ် ခမောက် ကလေးကိုပါ ယူပြီး အိမ်ပေါ်ကဆင်းသွားတာလေ။

ဒေါ်စု အကျယ်ချုပ်က ပြန်လွတ်လာလို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ၀င်ထိုင် လာတဲ့အခါ သူတို့ဘက်က “အစက တို့မပြောလား။ နောက်ဆုံးတော့ ဘွားတော်လည်း ဒီထဲဝင်ထိုင်ရတာပဲ” လို့ မျက်ခုံးကလေးချီပြီး ပြုံးကြည့်နေကြပါတယ်။

လေဒီဝိုင်းကြီးကို အီးကလက်က လူတွေက ၀ိုင်းပင့်ထားလို့ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလို မိုးကိုတက် ဒူးနဲ့တိုက်မယ် တကဲကဲ။ အချစ်တွေ အကုန်လုံး အမုန်းမီးတွေ အဖြစ် တောက်လောင် သွားလေသတည်း။ ချေးခြောက်တွေ ရေမနှူးပါဘူးလေ။ နီနီ ညိုညို ကိုကို မမတို့တစ်တွေလည်း မေမေ့ကို စိတ်နာပြီး ၀ိုင်းလှည့်ကြည့်ရင် ပြုံးပြကြမယ့် သူတွေ ဖြစ်ကုန်မစိုးလို့ သင်ခန်းစာယူရအောင် သတိပေးတာပါ။ မချစ်လို့တော့မဟုတ်ပါ။ ချစ်သော မဏိစန္ဒာ။ အချစ်ဆိုတာ ၀က်အူချောင်းမှ မဟုတ်ဘဲ မဏိစန္ဒာရေ။

ဘွားတော်ကြီးဟာ ကိုယ်စားလှယ်လောင်းတွေ ရွေးသွားတဲ့အခါ လူမှဟုတ်ပါလေစ။ အာသဝေါတွေ ဘာတွေများ ကုန်ခန်းသွားပလား ထင်ရလောက်အောင် ချစ်ခြင်းမုန်းခြင်းကိုပါ ဥပေက္ခာပြုလို့ ရွေးချယ်သွားပါတယ်။ အံ့သြပ။ အံ့သြပ။ ဒီအကောင် ငါ့စကား နားထောင်တယ်။ ငါ့နားခေါ်ထားရင် စိတ်ချရမယ် ဆိုတာမျိုးမတွေး။ သူ့အနားကပ်ပြီး သူ့မကောင်းကြောင်း အရပ်တကာလှည့်ပြောနေသူမှန်း သိသိကြီးနဲ့ အပါခေါ်သွားတာလည်း ကိုယ်တွေဖြင့် နားတောင်မလည်နိုင်။ သူ့ဆီကလူနဲ့ တွေ့တဲ့အခါ သည်လူသည်လူကိုဖြင့် ဘာလို့ ရွေးထားတာလဲဟင်။ အဲ့လို အဲ့လိုမှန်း မသိဘူးလားလို့ တီးခေါက်ကြည့်မိပါတယ်။ အမယ်။ လူကိုများ ကိုယ့်လို ငအမှတ်နေ။ သိတယ်တဲ့ဗျား။ သိတယ်တဲ့။ ဒါပေသိ သည်အသိုင်းအ၀ိုင်း ကျောထောက်နောက်ခံထဲကလူ သူကလွဲ ပါတီထဲမရှိလို့ မသိချင်ယောင်ဆောင်ထားရတာတဲ့။ အလမ်္ပယ်ဆရာဆိုတာ မြွေပွေးလည်း ခါးပိုက်ပိုက်သင့် ပိုက်ရတာပဲ။ သတိလေးနဲ့ ပိုက်တာပေါ့။ နိုင်ငံရေးမှာ ချစ်တာလည်းမရှိ၊ မုန်းတာလည်း မရှိ။ ကိုယ်ဘာဖြစ်စေချင်သလဲ ဆိုတာပဲရှိသတဲ့။ Mission လေ Mission ။

NLD ကို လော်ဘီလုပ်နေတာ ဒေါ်စုဂုဏော အနန္တောမို့လို့ ဒုတိယဘုရားသခင်လို ကိုးကွယ်နေတာမဟုတ်ဘူး။ သူ့ပါတီကထွက်သမျှ ခွေးအမြီးဖြတ်ထားလည်း ကိုယ့်  အနာဂတ်ကြီး ယုံကြည်စွာနဲ့ ပုံအပ်လိုက်တော့မှာ မဟုတ်ဘူး။ ဒါပေသိ NLD ကိုတော့ ပေးကိုပေးမှာ။ လူတိုင်းလူတိုင်းကိုလည်း ပေးဖြစ်အောင် တိုက်တွန်းမှာ။ အဲ့ဒါကတော့ ဉာဏ်မီတဲ့သူတွေသာ နားလည်နိုင်လိမ့်မယ်။ အခုပေးမယ့်မဲဟာ NLD ကို ချစ်လို့၊ ကြံဖွံ့ကို မုန်းလို့ ချစ်ခြင်းမုန်းခြင်းနဲ့ ပေးရမယ့်မဲမဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဆန္ဒ အစစ်အမှန်နဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ မှာ ပြည်သူ့ကိုယ်စား တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့စနစ်ကို လိုချင်လို့ စနစ် အပြောင်းအလဲ အတွက် ပေးရမယ့်မဲ။

ကိုယ်တို့လို တောကြိုအုံကြားက ကလေက၀တွေကို ဘန်ကောက်မှာ ရှော့ပင်းမောကြီးထဲ အရောက်ပို့လိုက်တယ် ဆိုပါစို့။ လိုချင်စရာတွေမှ အများကြီး။ ဟိုဟာလေးလည်းလိုချင် သည်ဟာလေးလည်းလိုချင်။ မြင်မြင်သမျှ အကုန်ဝယ်ပလိုက်မယ် တကဲကဲပေါ့။

ဒါပေမဲ့ ဘာလေးပဲ ၀ယ်ချင်ဝယ်ချင် အရင်ဆုံး လုပ်ရမယ့်အလုပ်က ကိုယ့်လက်ထဲက မြန်မာကျပ်ငွေကို ဒေါ်လာနဲ့လဲတဲ့အလုပ် အရင်လုပ်ပြီးမှ ဈေးဝယ်လို့ရမယ်။
အဲ့သလိုပဲ။ နောင်အနာဂတ်မှာ ကိုယ်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်တဲ့ စနစ်ကိုလိုချင်ရင် လောလောဆယ်တော့ NLD ကို အရင် မဲပေးထားမှရမယ်။

ကိုယ့်သားစဉ်မြေးဆက်နဲ့ နိုင်ငံအတွက်စဉ်းစား။

အာဏာဟာ သူတို့အချင်းချင်းထဲမှာတောင် လုကာယက်ကာ လုပ်ကြံပြီးဆက်ခံတယ်။ (မဟုတ်ဘူးထင်ရင် ဦးရွှေမန်းကြီး သက်သေရှိတယ်။) ပြည်သူ့လက်ထဲကို ဘယ်တုန်း ကမှ ရောက်မလာခဲ့ဘူး။ သည်လူတွေဆီက အာဏာကို ပြည်သူ့လက်ထဲအရောက် ထည့်ပေးနိုင်တာ ဘွားတော်ကလွဲလို့ တခြားသူမရှိသေးဘူး။

ပူးစားတွေ ပေါင်းစားတွေ အလှည့်ကျစားတွေ တော်ပါတော့။ စိတ်ကုန်ပြီ။ အခု ၂၀၁၅ ဟာ နောက် ၅ နှစ်သက်တမ်းအတွက် စားမယ့်ဝါးမယ့်သူတွေ ရွေးပေးနေတာ မဟုတ်ဘူး။

၈၈ တုန်းက ဖြုတ်ချလို့မရခဲ့တဲ့၊ ရွှေဝါရောင်တုန်းက ကမ္မ၀ါဖတ်လို့ မပြေးခဲ့တဲ့၊ အသွင်ပြောင်း အာဏာရှင်စနစ်ဆိုးကြီးကို တော်လှန်ရေးလုပ်နေတာလို့ သဘောထားပြီး မဲတံဆိပ်တုံးကလေးတွေနဲ့ တိုက်ပွဲဝင်ရမှာ။ မကြိုက်ရင် မကြိုက်တဲ့သူတွေကို ဖြုတ်ချပစ်မယ်။ အဲသလို ဖြုတ်ချပစ်လို့ရနိုင်တယ်ဆိုတဲ့ အလေ့အထကို အရင်အသက်သွင်းဖို့တော့ လိုလိမ့်မယ်။

တိုင်းပြည်ကို ချောက်ထဲမကျကျအောင် လုပ်နေတဲ့အစိုးရကို ပြန်ဖြုတ်ချအောင် လုပ်လို့ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ပြိတ်သတ်ကြီး သန်းငါးဆယ်ရဲ့ အဖြေ ...။

ငွေစန်းရောင်

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။