Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 28, 2015

"လိပ်ပြာတစ်ကောင်အား ခွဲစိတ်ကြည့်ခြင်း"


"လိပ်ပြာတစ်ကောင်အား ခွဲစိတ်ကြည့်ခြင်း"
.
.
.
၁၅၊ ၇၊ ၂၀၀၄၊ (ကြာသပတေးနေ့)က
ကာရာအိုကေယဉ်ကျေးမှု
မြို့ ပြဝန်းကျင်အနှံ့မှာ
လိပ်ပြာတစ်ကောင်ရဲ့ 
တောင်ပံခတ်သံတွေ
လွှမ်းမိုးကျယ်လောင်ခဲ့ရဲ့ ။
ကိုယ်ပိုင်အဝတ်အထည်နဲ့
ခေတ်သစ်ဂီတကို
သယ်ဆောင်ပျံသန်းလာတဲ့
လိပ်ပြာတစ်ကောင်အပေါ်
လူငယ်ထုရဲ့  ဆီးကြိုမှုက
နွေးထွေးလို့ လှိုက်လှဲလို့။
အသံအဖြစ်နဲ့သာမက သူ့ရဲ့  ပုံရိပ်ကိုပါ
မြင်တွေ့ခံစားနိုင်အောင်
နှစ်ရှည်လများ ကြိုးစားပျံသန်းလာခဲ့တဲ့
လိပ်ပြာတစ်ကောင်ရဲ့ 
ဖွဲ့စည်းဖြစ်တည်ပုံအချို့ ကို
ခွဲခြမ်းစိတ်ဖြာကြည့်ဖြစ်ခဲ့ပါတယ်။

Q - I.C Unplugged အရှိန်မသေသေးတဲ့ အချိန်မှာ 'လိပ်ပြာ' VCD ကာရာအိုကေ ထွက်လာခဲ့တယ်။ တစ်ကိုယ်တော် Album ဖြစ်တဲ့အပြင် ကိုလေးဖြူရဲ့  Own Tune (၃)ခွေထဲမှာ အပေါက်ဆုံး အခွေဖြစ်နေတော့ အရင်က ထွက်ခဲ့ဖူးတဲ့ VCD ကာရာအိုကေအခွေတွေထက် ဒီအခွေပေါ် ဘယ်လောက်မျှော်လင့်ထားခဲ့လဲ

Ko Lay - ဒီ 'လိပ်ပြာ' VCD ကို အရင်ခွေတွေထက် ပိုပြီး အာရုံစိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ဒီအခွေက မှတ်မှတ်သားသားရှိစရာ များလွန်းလို့ ကျွန်တော်တို့အတွက်တော့ တော်တော် အရေးကြီးပါတယ်။ ပရိသတ်က အဆင်ပြေတယ်ဆိုလို့ ဝမ်းသာရပါတယ်။

Q - ကိုလေးဖြူရဲ့  'သားကောင်'နဲ့ အခု 'လိပ်ပြာ' VCD အဲဒီ ၂ ခွေထဲမှာ 'လိပ်ပြာ' အခွေကို အားအရဆုံးဖြစ်လိမ့်မယ်လို့ သတ်မှတ်လို့ရမလား။

Ko Lay - Cassette ခွေထွက်ပြီး တော်တော်ကြာမှ ထွက်လို့ 'ကြာတယ်' လို့ ပြောခံရတာက လွဲရင် ကျွန်တော် အားရပါတယ်။

Q - သီချင်းတွေကို အခု VCD ထဲမှာ နေရာစဉ်ထားတာ Tape ထဲက အစီအစဉ်အတိုင်း မဟုတ်ဘူးနော်။ ကိုလေးဖြူရဲ့  စိတ်ကူးပဲလား။ ပရိသတ် တချို့ ကတော့ Tape ထဲက သီချင်းတွေ နေရာချသွားတာကို နားထောင်ရတာ ပိုအစီအစဉ်ကျတယ်လို့ ပြောကြတယ်။ အစ်ကိုရော ဘယ်လိုမြင်လဲ။

Ko Lay - ကျွန်တော့်အတွက်တော့ အရေးမကြီးလှပါဘူး။ လက်ညှိုးကလေးနဲ့ အပုဒ်ရွှေ့လို့ ရတယ်မဟုတ်လား။

Q - အရင် VCD ခွေတွေလို ဒါရိုက်တာ တစ်ယောက်တည်းနဲ့ မဟုတ်ဘဲ၊ သုံးလေးယောက် သုံးထားတာ တွေ့ရတယ်။ ဘယ်လို Idea ကြောင့်လဲ။

Ko Lay - တစ်ယောက်တစ်မျိုး ရိုက်ကြတော့ အရသာ ဖွယ်ဖွယ်ရာရာ ရှိဖို့များသွားတာပေါ့။ ဒါပေမဲ့ Master ခွေလုပ်တဲ့အခါကျတော့ သူတို့လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ နည်းနည်းရှိပုံရတယ်။ ကျွန်တော်တို့က ဖြစ်ချင်တာ လျှောက်ပြောပြီး သွားဖြီးလေးနဲ့ မသိချင်ယောင်ဆောင်ပြီး ထိုင်နေကြတာပေါ့ဗျာ။ တကယ်လုပ်ပေးရတဲ့လူတွေကတော့ မောကြတာပေါ့။

Q - 'အရေးမကြီးဘူး' သီချင်းမှာ တယော Mood ပါနေတဲ့အတွက် အစ်ကို၊ ကိုခင်မောင်သန့်၊ ကိုမောင်မောင်ဇော်လတ်တို့ သုံးယောက် အပြင် တယောသမားတစ်ယောက်ပါ ထည့်လိုက်ရင် သီချင်းနဲ့အတူ သရုပ်ဆောင်ရတာ ပိုမြိုင်သွားလိမ့်မယ်လို့ ထင်မိတယ်။ အဲဒီအပေါ်မှာ အစ်ကို့အမြင်ကရော ဘယ်လိုရှိပါသလဲ။

Ko Lay - ကျွန်တော်တို့က လူနည်းရင် ပိုပြီး အထီးကျန်တဲ့ Dry Sense ပိုရမယ်ထင်လို့ပါ။

Q - သီချင်းတစ်ပုဒ်ချင်းစီတိုင်းမှာ လိုက်ဖက်စွာ သရုပ်ဆောင်နိုင်မယ့် သရုပ်ဆောင်တွေကို အစ်ကိုပဲ စီစဉ်နေရာချရွေးချယ်ခဲ့တာလား။ ဒီတစ်ခွေလုံးမှာ အစ်ကိုရဲ့  Idea ပိုင်းနဲ့ ဒါရိုက်တာတွေရဲ့  Idea ပိုင်း ဘယ်လောက်စီ ပါဝင်ခဲ့ကြသလဲ။

Ko Lay - သရုပ်ဆောင်တွေကို ဒါရိုက်တာတွေက စိတ်ကြိုက်ရွေးပါတယ်။ ဒီအခွေမှာပါတဲ့ သရုပ်ဆောင်အားလုံးကို ကျွန်တော် ကြိုက်ပါတယ်။ Idea ပိုင်းက ကျွန်တော့်ဆရာသမားများ (ဒါရိုက်တာများ)တို့ပါပဲ။ ကျွန်တော်တို့က ယောင်စိန်လောက် ရှိတာပါ။ ဥပမာ - 'အရေးမကြီးဘူး' ရိုက်တဲ့နေရာဆိုရင် ဝဏ္ဏခွာနီးဟာ မိုးရွာကြီးထဲ ပြေးပေးရှာပါတယ်။ "ဒီနေရာလေးကောင်းတယ် ဘာ...ညာ" သိတယ်မဟုတ်လား။

Q - 'အသစ်' ဆိုတဲ့သီချင်းမှာ မင်းမော်ကွန်း သရုပ်ဆောင်ထားတာ အားပျော့နေသလို ခံစားရတယ်။ ဒီသီချင်းက အစ်ကိုတို့ I.C ဝိုင်းတော်သားတွေနဲ့ဆို ပိုအဆင်ပြေမလားလို့။

Ko Lay - အစကတော့ ဒီသီချင်းကို I.C နဲ့ ကျွန်တော်ကိုယ်တိုင် ဝင်လုပ်ဖို့ပဲ ဒါပေမဲ့ မင်းမော်ကွန်းနဲ့ 'အသစ်' တစ်ခုဖြစ်သွားမလားလို့ ဆော်လိုက်တာ။

Q - အခု VCD ခွေထဲမှာ 'လိပ်ပြာ' Title သီချင်းရဲ့  ခြေဆင်းဖြစ်တဲ့ သူ့သားကို မျှော်နေရှာတဲ့ အမေရဲ့  ဆုတောင်းသံတွေ ပါမလာခဲ့ဘူး။ ဘာဖြစ်လို့များလဲ။

Ko Lay - လိုက်ဆိုမယ့်သူ လိပ်ပြာလန့်သွားမှာစိုးလို့

Q - 'အဖေ' သီချင်းကို တင်ပြသွားတဲ့ Idea ပိုင်းနဲ့ Presentation ပိုင်းကတော့ ဒီတစ်ခွေလုံးမှာ အသက်အပါဆုံးပဲလို့ မြင်မိတယ်။ 'အဖေတစ်ခု သားတစ်ခု' ဇာတ်ကားနဲ့ အခုလို တွဲဖက်ရိုက်ပြနိုင်ဖို့ အစ်ကိုတို့ ဘယ်လိုစွမ်းဆောင်ခဲ့ကြသလဲ။

Ko Lay - ဒီတစ်ပုဒ်မှာ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေ အများကြီးပဲ။ အဓိကကတော့ ဒါရိုက်တာ မောင်နန္ဒရယ်၊ မနွေးနွေးစိန်မြင့်ရယ်ကို အထူးကျေးဇူးတင်ရမှာပါ။ ကျွန်တော် ငယ်ငယ်တုန်းက အရမ်းကြိုက်ပြီး ခုထိ မမေ့နိုင်တဲ့ ရုပ်ရှင်ကားဖြစ်လို့ရယ်၊
ဒီ 'အဖေ' သီချင်းအတွက်လည်း အရမ်း အဆင်ပြေတာရယ်၊ ကျွန်တော့်ကိုလည်း ကိုအောင်ထွန်းလေးတို့က မေတ္တာစိတ်နဲ့ ကူညီပေးခဲ့ကြလို့ စတဲ့ အကြောင်းတွေကြောင့်ပါ။

Q - 'လိပ်ပြာ' သီချင်းကို ဖန်တီးခဲ့ပြီး အခု 'လိပ်ပြာ' VCD ကို မြင်တွေ့ မသွားရရှာတဲ့ အစ်ကို့ရဲ့  ညီငယ်တစ်ယောက်လို ခင်မင်ရတဲ့ ကိုအယ်ဖြူနဲ့ ပတ်သက်ပြီး အစ်ကို ဘယ်လို ခံစားရပါသလဲ။

Ko Lay - ကျွန်တော်တို့ သူ့ကို သတိရနေကြပါတယ်။

Q - ထွန်းအိန္ဒြာဗိုလ်ရဲ့  'ဒိုင်ယာရီ'အခွေနဲ့ မရှေးမနှောင်း ထွက်လာတဲ့အတွက် ဈေးကွက်ပေါ်မှာ စိုးရိမ်စိတ်များ ရှိခဲ့သလား။

Ko Lay - ကျွန်တော်တို့ အဲဒါတွေ မခံစားပါဘူး။

Q - အခု 'လိပ်ပြာ' အခွေကို MTV အဖြစ်နဲ့ မြင်တွေ့ခွင့်ရရင် ပိုကောင်းမလားလို့၊ အစ်ကိုရော ဘယ်လိုသဘောရလဲ။

Ko Lay - အတိုင်းထက်အလွန်ပေါ့ဗျာ။

-------------။--------------
တွေ့ဆုံမေးမြန်းသူ - ကိုမျိုး (I.R)
အမှတ် ၅၅၊ စက်တင်ဘာ၊ ၂၀၀၄
Beauty Magazine
~~~~~×~~~~~

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။