#နိုင်ငံတခုရဲ့အနာဂါတ်ဟာခေါ င်းဆောင်ပေါ်မှာမူတည်ပါတယ်။
ဒီပို့စ်လေးဟာ.လွန်ခဲ့တဲ့သြ ဂုတ်လ(၉)ရက်နေ့ကတင်ခဲ့ပြီးသားပါ။.ရွေးကောက်ပွဲနဲ့သက်ဆိုင်လို့ပြန်တင်ပေးလိုက်ပါတ ယ်။
ဒီနေ့သြဂုတ်လ(၉)ရက်နေ့ဟာ.စက င်္ာပူနိုင်ငံတည်ထောင်တာ.နှစ် (၅၀)ပြည့်တဲ့နေ့ပါ။.စင်္ကာပူအ မျိုးသားနေ့အဖြစ်နှစ်(၅၀)ေ ရွှရတုသဘင်အခမ်းအနားကို.လွန် ခဲ့တဲ့ရက်အနဲငယ်ကစပြီး.စင်္ကာ ပူတနိုင်ငံလုံးမှာနေရာအနှံ့ ခြိမ့်ခြိမ့်သဲသဲကျင်းပနေကြ တယ်။.စင်္ကာပူလူမျိုးတွေကလဲ.သူတို့နိုင်ငံရဲ့အောင်မြင်မှုတွေနဲ့အတူ.အရမ်းကိုပျော်နေကြတယ် ။.မြင်တွေ့ရတာတွေ.အားကျစရာေ ကာင်းလိုက်တာ။
စင်္ကာပူကျွန်းလေးဟာ.အရင်က.မေ လးရှားနိုင်ငံရဲ့လက်အောက်မှာပါ။.စင်္ကာပူကိုအုပ်ချုပ်တဲ့ လီကွမ်ယုနဲ့ဝန်ကြီးချုပ်တွန်ကူအဗဒူရာမန်အုပ်ချုပ်တဲ့မေ လးရှားအစိုးရတို့.နိုင်ငံရေးသဘောထားကွဲလွဲကြလို့.-၁၉၆၅ ခုနှစ်.သြဂုတ်လ(၉)ရက်နေ့မှာ .စင်္ကာပူကျွန်းကို.မလေးရှားနိုင်ငံက.သူ့လက်အောက်ကထုတ်ပယ်ပြီး.ခွဲထွက်ခွင့်ပေးလိုက် ပါတယ်။.စင်္ကာပူကိုခွဲထွက်ခွင့်ပြုဖို့.မလေးရှားလွှတ်တော် က.မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်.မလေးရှားဝန်ကြီးချုပ်တွ န်ကူက.မလေးရှားလွှတ်တော်မှာ. အခုလိုပြောခဲ့ပါတယ်။."စင်္ကာပူကလူတွေ.သောက်စရာရေမရှိတော့ လို့.သူတို့ကိုပြန်လက်ခံဖို .ငါတို့ကိုခြေထောက်ဖက်တောင်းပန်တော့မှ.ပြန်လက်ခံဖို့စဥ်းစားကြတာပေါ့"တဲ့။
မလေးရှားရဲ့ထုတ်ပယ်လိုက်ကြောင်းကြေငြာပြီး.နာရီပိုင်းအ ကြာမှာပဲ.လီကွမ်ယုကလဲ.အချုပ်အခြာအာဏာပိုင်စင်္ကာပူနိုင်ငံထူထောင်ကြောင်း.ရေဒီယိုကနေ .စင်္ကာပူနိုင်င်ငံသားတွေကို. မိန့်ခွန်းပြောအသံလွှင့်ကြေ ငာလိုက်တယ်။.စင်္ကာပူဟာ.နိုင် ငံတခုလို့သာကြေငြာလိုက်တာ.နိုင်ငံတခုရဲ့အင်္ဂါရပ်နဲ့ညီတာ .ဘာမှမရှိဘူး။.နိုင်ငံကာကွယ်ဖို့.စစ်တပ်မရှိဘူး။.ရဲတပ် ဖွဲ့ဝင်နဲနဲလေးပဲရှိတယ်။.ဖွဲ့စည်းပုံအခြေခံဥပဒေလဲ.မရှိ သေးဘူး။.ကျွန်းလေးက.ဘာသယံဇာ တမှမထွက်ဘူး။.သောက်စရာရေတော င်မရှိဘူး။.တံငါသည်အများစုေ နတဲ့ကျွန်းလေးမို့.လူမိုက်ေ တွ.ဒုစရိုက်သမားတွေပေါများတ ယ်။.လဘ်စားမှုကလဲ.နေရာတကာမှာ ပါပဲ။
ဒါပေမဲ့.အင်္ဂလန်နိုင်ငံက.Cam bridgeတက္ကသိုလ်က.ဥပဒေနဲ့ဘွဲ့ ရခဲ့တဲ့လီကွမ်ယုဟာ.ပညာတတ်ေ တွပါတဲ့အစိုးရအဖွဲ့ချက်ခြင်းဖွဲ့ပြီး.သူကစင်္ကာပူနိုင်ငံ ရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ် လာတယ်။.လီကွမ်ယုဟာ.နိုင်ငံသ စ်တခုထူထောင်ဖို့.ဘာလုပ်ရမယ်ဆိုတာ.ပြင်ဆင်ထားပြီးသားပါ ။.အတိုချုပ်ပြောရရင်တော့.စက င်္ာပူအစိုးရအစိုးရဖွဲ့ပြီးတာ နဲ့.လီကွမ်ယုဟာ.လဘ်စားမှုတွေ ကိုအရင်ဆုံးတိုက်ဖျက်၊.ပညာေ ရးမှာဘတ်ဂျက်အများဆုံးသုံြး ပီးပညာတတ်တွေမွေးထုတ်၊.နိုင်ငံခြားရင်းနှီးမြုပ်နံမှုတွေလာချင်အောင်.စီးပွားရေးဥပေ ဒတွေပြဋ္ဌာန်းပြီး.အရာရာမှာလူ ထုအကျိုးဦးစားပေးလို့.မီးကု န်ရမ်းကုန်ကြိုးစားလိုက်တာ( တို့ဖခင်ဗိုလ်ချုပ်စကားနဲ့ေ ပြာရရင်.ပြဲနေအောင်လုပ်လိုက်တာ).အနှစ်၅၀အကြာမှာ.သယံဇာတ ဆိုလို့ဘာတခုမှမရှိ.သောက်ရေ တောင်.နိုင်ငံခြားက.ဝယ်နေရတဲ့.ရန်ကုန်နယ်နိမိတ်သာသာရှိ တဲ့.ကျွန်းနိုင်ငံသေးသေးလေး ဟာ.အခုကမ္ဘာ့အဆင့်မှီနိုင်ငံ တခုဖြစ်နေပါပြီ။.စင်္ကာပူလူမျိုးတွေ.ကမ္ဘာမှာရင်ကော့ပြီး. မော်ကြွားနိုင်တဲ့ဘဝရောက်သွားပြီ။.အဲဒါ.တိုင်းပြည်နဲ့လူမျိုးချစ်တဲ့.အရည်အချင်းရှိတဲ့.ကိုယ်ကျိုးမကြည့်တတ်တဲ့ ခေါင်းဆောင်တယောက်ကြောင့်. ထိပ်တန်းနိုင်ငံတခုဖြစ်သွား တဲ့သာဓကပါ။
ကျနော်တို့မြန်မာနိုင်ငံကို ပြန်ကြည့်ကြရအောင်။.တချိန်က .အရှေ့တောင်အာရှမှာ.အချမ်းသာဆုံးနိုင်ငံတခုပါ။.-၁၉၆၂ုနှစ်.မတ်လ(၂)ရက်နေ့မှာ.စစ်တပ်က.အာဏာသိမ်းယူလိုက်ပြီး.စစ်တပ်ကပဲခေတ်အဆက်ဆက်အုပ်ချုပ်လိုက်တာ.ကမ္ဘာမှာရော.အရှေ့ေ တာင်အာရှမှာပါ.အဆင်းရဲဆုံးနိုင်ငံတခုဖြစ်သွားပြီ။.အခုသ ယံဇာတလဲကုန်လုနီးပါးဖြစ်သွားပြီ။.ဒါတွေကို.အားလုံးသိနေ ကြလို့အကျယ်ရေးပြစရာမလိုတော့ ပါ။.ပြောချင်တာက.အရည်အချင်းမရှိတဲ့.ကိုယ်ကျိုးရှာတဲ့ေ ခါင်းဆောင်တွေ.တက်အုပ်ချုပ် ရင်.တိုင်းပြည်ဆင်းရဲမွဲတေစုတ်ပြတ်သွားတဲ့သက်သေပါ။
မကြာခင်.မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်တော့မယ်။.ရွေးကောက်ပွဲလုပ်တယ်ဆိုတာ.နိုင်ငံကိုအုပ်ချုပ်မဲ့အစိုးရနဲ့ ခေါင်းဆောင်ကို.ရွေးချယ်တာ ပါ။.တချို့က.ပြောကြတယ်။."ဘယ်အစိုးရတက်တက်ပါ။.ကိုယ်လုပ် မှ.ကိုယ်စားရတာပါ"တဲ့။.ဟုတ် ပါတယ်။.သူ့ဘဝအတွက်ပဲ.တကိုယ် ကောင်းဆန်ဆန်.စဉ်းစားရင်တော့ မှန်တာပေါ့လေ။.ဒါပေမဲ့.နော က်အနှစ်(၅၀)အကြာ.ကိုယ်သေသွားပြီးနောက်.ကျန်ရစ်ခဲ့တဲ့ကိုယ့်သားသမီး.မြေးတွေကို.ဘယ် လိုနိုင်ငံမျိုးမှာနေသွားစေ ချင်သလဲ။.စင်္ကာပူလို.ကမ္ဘာအဆင့်မှီနိုင်ငံမှာ.စိတ်ချမ်းသာပျော်ရွှင်စွာနဲ့နေသွားစေချ င်သလား။.အာဖရိကတိုက်က.ဆင်းရဲငတ်ပြတ်နေတဲ့အီသီယိုးပီးယားလိုနိုင်ငံမှာ.စိတ်ဆင်းရဲကိုယ်ဆင်းရဲသူတောင်းစားသာသာဘ ဝနဲ့.နေသွားစေချင်သလား။.ရေရှည်ကိုမျှော်တွေးကြည့်တတ်သူ တွေအတွက်.အဖြေဟာ.ခက်မယ်လို့ မထင်ပါဘူး။
ဒါကြောင့်.ကျနော်တို့ရဲ့သား သမီးမြေးလေးတွေရဲ့ဘဝရှေ့ရေး ဟာ.နောင်တက်လာမဲ့နိုင်ငံ့ခေါင်ဆောင်ပေါ်မှာမူတည်နေတာမို့ .အခုလာမဲ့ရွေးကောက်ပွဲကြီး မှာ.တိုင်းပြည်အတွက်အနစ်နာခံဆောင်ရွက်မဲ့.ကိုယ်ကျိုးမရှာတဲ့.အရည်အချင်းရှိတဲ့ခေါင်းဆောင်ကောင်းကို.ရွေချယ်ကြ ပါစို့လို့.အကြံပြုပါရစေ.ခင်ဗျား။
ဒီပို့စ်လေးဟာ.လွန်ခဲ့တဲ့သြ
ဒီနေ့သြဂုတ်လ(၉)ရက်နေ့ဟာ.စက
စင်္ကာပူကျွန်းလေးဟာ.အရင်က.မေ
မလေးရှားရဲ့ထုတ်ပယ်လိုက်ကြေ
ဒါပေမဲ့.အင်္ဂလန်နိုင်ငံက.Cam
ကျနော်တို့မြန်မာနိုင်ငံကို
မကြာခင်.မြန်မာနိုင်ငံမှာရေ
ဒါကြောင့်.ကျနော်တို့ရဲ့သား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။