ကွာရှင်းပြတ်စဲခြင်း
==========
တစ်ည ကျနော်အိမ်ပြန်ရောက်တော့…ကျ နော့ဇနီး နွယ်က ထမင်းပွဲပြင်ပေးတယ်… ။ ကျနော် သူ့လက်ကလေးကိုကိုင်ပြီးပြောလိုက်တယ်…
“ နွယ့်ကိုပြောစရာရှိတယ်…”
နွယ်ကတော့ ထမင်းစားပွဲမှာထိုင်ပြီး သူထမင်းပန်းကန်ကို တိတ်တဆိတ်စားနေခဲ့တယ်…။ သူ့မျက်ဝန်းထဲက ကြေကွဲမှုတစ်ချို့ ကိုလည်း ကျနော်သတိထားမိခဲ့တယ်…။
ရုတ်တရက် ကျနော့ ဆွံ့အသွားခဲ့တယ်… ။ ဒါပေမယ့် ကျနော်ပြောစရာရှိတာကို ပြောမှဖြစ်မယ့်အခြေအနေဆိုတော့ … အေးစက်စက်စကားလုံးတစ်ချို့ နုတ်ကထွက်လာခဲ့တယ်…။
“ကိုယ်တို့ …ကွာရှင်းကြရအောင်လား…”
ကျနော့ စကားကြောင့် သူဘာမှ တုန်လှုပ်သွားပုံမရဘဲ…မေးခွန်းတစ်ခုကိုပဲ ပြန်မေးခဲ့တယ်…။
“ဘာလို့လဲ…ကို…”
ကျနော့မှာ ရေရာတဲ့အဖြေမရှိခဲ့ပါဘူး…ဒါ ကြောင့်ဝေ့လည်ကြောင်ပတ်လျှောက်ဖြေနေတော့ နွယ်ဒေါသထွက်သွားပုံရတယ်… သူလက်ထဲက ဇွန်းကိုလွှင့်ပစ်ရင်း ကျနော့ကို အော်လိုက်တယ်…
“ရှင် … လူမှဟုတ်ရဲ့ လား…”
အဲ့ဒီညက ကျနော်တို့ စကားမပြောဖြစ်ကြဘူး… သူကတော့တစ်ညလုံး ငိုနေခဲ့ပါတယ်…။ ကျနော်နားလည်ပါတယ်…ကျနော်တို့ အိမ်ထောင်သက်တမ်းတစ်လျှောက် မှာ ဘယ်လိုအမှားအယွင်းတစ်စုံတစ် ရာကြောင့် ကျနော်ခုလို ကွာရှင်းချင်စေခဲ့သလဲဆိုတာ… သူစဉ်းစားနေပုံရပါတယ်…။ ကျနော်ကိုယ်တိုင်လည်း နွယ်စိတ်ကျေနပ်လောက်မယ့်အြေ ဖမပေးနိုင်ခဲ့ပါဘူး…။ တကယ်တော့ နွယ့်ကို ကွာရှင်းချင်တဲ့ အဓိကအကြောင်းကတော့ … ကျနော်အချစ်သစ် အချစ်စစ်တွေ့နေတာ ကြောင့်ပေါ့...။ ကျနော် နွယ့်ကို သနားပေမယ့်… ဆက်မချစ်နိုင်တော့ဘူး..။ သူ့ကိုစိတ်ကုန်နေပြီ…။
ကျနော်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံစွာနဲ့ပဲ ကွာရှင်းစာချုပ်မှာကိုရေးခဲ့ တယ်…။ စာချုပ်မှာလည်း ကျနော်တို့နေတဲ့အိမ်ရယ်…ကား ရယ်… ကျနော့ကုမ္ပဏီကရှယ်ယာ ၃၀ ရာခိုင်နှုန်းကိုလည်း နွယ့်နာမည်နဲ့ လွှဲပေးခဲ့ပါတယ်…။
သူကျနော်လှမ်းပေးလိုက်တဲ့ စာချုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး ဖျက်ကနဲ လှမ်းယူကာ တစ်စစီစုတ်ဖြဲပစ်တယ်…။ ဆယ်နှစ်ကျော်အတူလက်တွဲခဲ့တဲ့  မိန်းမတစ်ယောက်ဟာ…ခုတော့ သူစိမ်းလိုဖြစ်လာခဲ့တယ်…။
“ ကုန်လွန်ခဲ့တဲ့အချိန်တွေ ပေးဆပ်ခဲ့တဲ့ အကြင်နာမေတ္တာတွေအတွက်လည်း ကိုစိတ်မကောင်းပါဘူး…။ ဒါပေမယ့်… ကိုရဲ့  ငယ်ချစ်တစ်ယောက်နဲ့ ဘဝသစ်တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်ထားလိုက်ပြီ…”
ကျနော့စကားကြားတော့ မျှော်လင့်ထားတဲ့အတိုင်း သူ… ချုံးပွဲချငိုတော့တယ်…။ သူခုလိုငိုလိုက်တာဟာ ကျနော့ကိုသူလက်လွှတ်လိုက်ပြီ ဆိုတာပြတာပဲလေ…။ ကျနော်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ စကားတွေ…ခုမှပဲ…ပြောဖြစ်ခဲ့ တော့တယ်…။
နောက်တစ်ရက်မှာတော့ ကျနော်အိမ်ကို အတော်မိုးချုပ်မှ ပြန်ရောက်လာခဲ့တယ်…။ နွယ်ကတော့ မအိပ်သေးဘဲ စာရေးနေတာတွေ့တယ်…။ ကျနော်ဘာမှမစားတော့ဘဲ အိပ်ယာထဲတန်းဝင်ခဲ့တယ်…။ ချက်ခြင်းပဲ အိပ်ပျော်သွားပါတယ်…။ တစ်နေ့လုံး အချစ်သစ်နဲ့ ရင်ခုန်လှိုက်မောစွာကုန်လွန် ခဲ့တာဆိုတော့ ကျနော် အတော်ပင်ပန်းနေပြီလေ…။
ကျနော်တစ်ရေးနိုးတော့ နွယ်စာရေးနေတုန်းပဲ… ။ ကျနော်လည်း ဂရုမထားဘဲ…တစ်ဖက်လှည့်ကာ ဆက်အိပ်လိုက်တယ်…။
မနက်ရောက်တော့ ကွာရှင်းဖို့ အတွက် တောင်းဆိုချက်တစ်ချို့ ကို နွယ်ကတောင်းဆိုလာတယ်…။ သူကျနော့ဆီက ဘာပိုင်ဆိုင်မှုတွေကိုမှ မတောင်းဆိုပါဘူး…။ ကျနော်တို့ မကွာရှင်းခင်တစ်လတိတိစောင့် ပေးဖို့… အဲ့ဒီတစ်လမှာလည်း အတတ်နိုင်ဆုံး အရင်လိုနေပေးဖို့ပါ…။ သူ့အကြောင်းပြချက်ကရှင်းပါတ ယ်…။ဖြစ်လည်းဖြစ်သင့်ပါတယ်… ။ ဒီတစ်လအတွင်းမှာ သားလေးစာမေးပွဲရှိတယ်လေ…။ ကျနော်တို့ ကြောင့်သားလေးပညာရေးကို သူမထိခိုက်စေချင်ဘူးတဲ့…။
အဲ့ဒီအတွက် ကျနော်သဘောတူနိုင်ပါတယ်…။ ဒါပေမယ့်…သူနောက်တစ်ခုတောင်းဆိုလာပြန်တယ်…။ သူကမေးတယ်… ကျနော်တို့မင်္ဂလာဆောင်တုန်းက သူကို မင်္ဂလာခန်းမထဲကကျနော်ဘယ်လိုေ ခ်ါခဲ့သလဲဆိုတာမှတ်မိလားတဲ့… ။ ကျနော်မှတ်မိတာပေါ့…။ သူကိုကျနော်ပွေ့ခေါ်ခဲ့တာလေ… ။
သူတောင်းဆိုတာက ဒီတစ်လအတွင်းမှာ သူ့ကို အိပ်ခန်းထဲကနေ အိမ်ရှေ့ တံခါးဝထိသူ့ကို မနက်တိုင်း မင်္ဂလာဆောင်တုန်းက ခေါ်သလိုမျိုးပွေ့ခေါ်ပေးပါတဲ့ …။ ကျနော့အထင် သူနည်းနည်းများကြောင်နေပြီလားထင်မိတယ်..။ ကျနော်လည်း သူနဲ့ မခွဲခင်နေ့တွေ သူစိတ်ချမ်းသာပြီးရောဆိုပြီး သူ့တောင်းဆိုတာကို လိုက်လျောခဲ့ပါတယ်…။
ကျနော်ဒီအကြောင်းတွေ အချစ်သစ်ကိုပြောပြတော့ ဟက်ဟက်ပက်ပက် ရယ်ပါတယ်…။ သူဘယ်လိုမာယာတွေသုံးသုံး ကျနော့ကိုစွန့်လွှတ်ရမှာပါပဲ လို့လည်း မဲ့ရွဲ့ ကာပြန်ပြောတယ်…။
ကွာရှင်းဖို့ ပြောပြီးကတည်းက ကျနော် နွယ့်ကိုထိတွေ့မှုမရှိခဲ့တော့ ဘူး..။ ဒါကြောင့် ပထမနေ့ သူကိုအိပ်ခန်းထဲကနေ ပွေ့ခေါ်တော့ ကျနော်တို့ နှစ်ယောက်လုံး ကိုးယို့ကားယားနဲ့ ကြောင်တောင်တောင်ဖြစ်နေခြဲ့ ကတယ်…။ ကျနော် နွယ့်ကိုပွေ့ခေါ်လာတာကို သားလေးမြင်တော့ လက်ခုပ်လက်ဝါးတီးပြီး ရယ်မောကာပြောတယ်…။
“ ဟား…ဟား….ဖေကြီးက မေမေ့ကို ပွေ့လာတယ်ဟေ့…”
သားလေးရဲ့  စကားကိုကြားတော့…ကျနော့ရင်ထဲ ဆစ်ကနဲနာကျင်ခံစားခဲ့ရတယ်…။ အိပ်ခန်းထဲကနေ ဧည့်ခန်း၊ နောက် တံခါးဝရောက်တဲ့အထိ ကျနော် တစ်လှမ်းချင်းပွေ့ခေါ်လာခဲ့တ ယ်…။ နွယ်ကတော့ မျက်လွှာလေးချထားပြီး တိုးတိုးလေးပြောတယ်…
“နွယ်တို့ ကွာရှင်းတဲ့အကြောင်းသားလေးကို မပြောပါနဲ့…”
ကျနော် ခေါင်းပဲညိတ်ပြခဲ့ပါတယ်…။ အိမ်ပြင်ရောက်တော့ သူ့ကိုအောက်ချပေးလိုက်တယ်… ။ သူလည်း သူ့အလုပ်သွားဖို့ ဘတ်စ်ကားမှတ်တိုင်ဆီ သွားပါတယ်…။ ကျနော်လည်း တစ်ယောက်တည်း ကားမောင်းပြီး အလုပ်ကို ထွက်လာခဲ့တယ်…။
ဒုတိယမြောက်နေ့မှာတော့…ကျနော်တို့နှစ်ယောက်လုံး သက်တောင့်သက်သာရှိလာပါတယ်… ။ နွယ်ကတော့ ကျနော့ ရင်ခွင်ထဲခေါင်းလေးမှီပြီးလိုက်လာပါတယ်…။ သူ့ဆီက ရေမွှေးနံ့ သင်းသင်းလေးကိုလည်းရတယ်…။ ကျနော်သူ့ကို ဂရုတစိုက်မကြည့်ခဲ့မိတာ အတော်ကြာပြီမှန်းကျနော် အဲ့ဒီအချိန်မှသတိထားမိတယ်…။ နွယ်အရင်လို ငယ်ရွယ်နုပျိုမနေတော့ဘူး…။ သူ့ပါးပြင်မှာ ရေးကြောင်းလေးတွေတောင် ထင်နေပါပေါ့…။ ဆံနွယ်လေးတွေလည်း တစ်ချို့ တစ်လေဖြူစပြုနေပြီ…။
လေးရက်မြောက်နေ့မှာ သူကိုကျနော်ပွေ့ချီလိုက်ချိ န်မှာ .. ကျနော့စိတ်ထဲ ဟိုတစ်ချိန်က သူနဲ့ ချစ်ရည်းလူးခဲ့ပုံတွေပြန်မြ င်ယောင်မိတယ်…။ နွယ်… သူ့ဘဝရဲ့  ဆယ်နှစ်တာကာလကို ကျနော့ကိုပေးဆပ်ခဲ့ပါလား…။
ငါးရက်မြောက်နေ့နဲ့ ခြောက်ရက်မြောက်နေ့တွေမှာလည်း ကျနော်နွယ့်ကို ပွေ့ချီလိုက်ချိန်မှာ…ကျနော့ သွေးသားတို့ ပြန်လည်နိုးကြွနေခဲ့တယ်…။ တစ်ရက်ထက်တစ်ရက် သူ့ကို ပွေ့ချီရတာလည်းပေါ့ပေါ့ပါး ပါးရှိလာတယ်…။ ကျနော့လက်ကလည်း ကျင့်သားရလာတာပါမှာပေါ့…။
တစ်မနက်မှာတော့ သူအလုပ်မသွားခင် အဝတ်လဲဖို့ အဝတ်အစားတွေရွေးနေပါတယ်…။ တစ်စုံဝတ်လိုက် ပြန်ချွတ်လိုက်နဲ့ စိတ်တိုင်းမကျနိုင်ဖြစ်နေခဲ့ တယ်…။ နောက်တော့ သက်ပြင်းတစ်ချက်ချလိုက်ပြီည ည်းငြူရှာတယ်…အင်္ကျီတွေကလည်း ကြီးလာလိုက်တာတဲ့…။ အဲ့ဒီတော့မှ ကျနော်ရုတ်တရက် သတိထားလိုက်မိတယ်…။ နွယ် တော်တော်ပိန်သွားတာပဲ…ဒါကြောင့် သူ့ကိုပွေ့ရတာ တဖြည်းဖြည်းပေါ့ပေါ့လာတာကိုး…။
ကျနော်အတော့ကို စိတ်ထိခိုက်မိပါတယ်…။ သူ့နှလုံးသားထဲ နာကျင်မှုတွေ ခါးသီးမှုတွေပြည့်နှက်နေမှာ… ။ ကျနော်သတိလက်လွတ် သူနားရောက်သွားပြီး သူခေါင်းလေးကိုအသာ ကိုင်လိုက်မိတယ်။
အဲ့ဒီအချိန်မှာပဲ သားလေးရောက်လာပြီးပြောတယ်…။
“ ဖေကြီး … မေမေ့ကိုပွေ့ခေါ်ရမယ့် အချိန်ရောက်ပြီလေ…”
အော်…သူ့အတွက် အဖေက အမေ့ကို ပွေ့ခေါ်တာကို ကြည့်ဖို့ သူ့ဘဝရဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်နေ ပါပေါ့လား…။ နွယ်ကသားလေးကို ခေါ်လိုက်ပြီး တင်းကြပ်စွာပွေ့ဖက်ထားတယ်…။ ကျနော် မျက်နှာလွှဲနေလိုက်တယ်…။ နောက်ဆုံးအချိန်တွေကျမှ ကျနော့စိတ်မပြောင်းချင်ဘူး. .။ နောက်တော့ ကျနော်သူ့ကို ပွေ့ချီလိုက်တယ်…ဧည့်ခန်းကိုဖြတ်ပြီး တံခါးဝဆီလျှောက်လာခဲ့တယ်…။ နွယ်ကတော့ ကျနော့လည်ပင်းကို အသာဖက်တွယ်ထားတယ်…။ ကျနော် နွယ်ကိုတင်းကျပ်စွာပွေ့ဖက်ထားခဲ့တယ်…။ မင်္ဂလာဆောင်တုန်းကပွေ့ခဲ့သလိုမျိုးပေါ့…။ ဒါပေမယ့်…နွယ့်ရဲ့  ပေါ့ပါးလှတဲ့ခန္ဓာကိုယ် အလေးချိန်က ကျနော့ကို အတော်စိတ်ထိခိုက်စေခဲ့ပါတယ် …။
နောက်ဆုံးနေ့ရောက်တော့ ကျနော်နွယ့်ကို ပွေ့ချီပြီး ကျနော့ခြေလှမ်းတွေ တွန့်ဆုတ်နေခဲ့တယ်…။ သားလေးကတော့ ကျောင်းသွားနှင့်ပြီ…။ ကျနော် နွယ့်ကို တင်းတင်းပွေ့ဖက်ထားရင်း ပြောခဲ့တယ်…။ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးက ရင်းနှီးနွေးထွေးမှုတွေကင်းမဲ့နေခဲ့တယ်ဆိုတာ ကို သတိမထားမိခဲ့ဘူး… လို့…။
ကျနော့အချစ်သစ်ဆီကို ကားမောင်းထွက်လာခဲ့တယ်…။ သူ့အိမ်ရှေ့ ရောက်တော့ ကားတံခါးကိုတောင် လော့မချတော့ဘဲ...အမြန်ထွက်လာခဲ့တယ်…။ နှောင့်နှေးမှုတစ်ခုခုကြောင့်  ကျနော့ စိတ်ပြောင်းသွားမှာကိုလည်း စိုးရိမ်နေမိတယ်…။ ကျနော်အချစ်သစ်ကိုတွေ့တော့ ကျနော်ပြောလိုက်တယ်…
“ ကို စိတ်မကောင်းပါဘူး… ကိုယ့်မိန်းမနဲ့ ကိုယ်မကွာရှင်းတော့ဘူး…”
သူကျနော့ကို အံ့အားသင့်စွာ ကြည့်ပြီး ကျနော့နဖူးကိုလာစမ်းတယ်…။
“မောင်နေမှကောင်းရဲ့ လား…” တဲ့…။
ကျနော်သူလက်ကိုဖယ်ချလိုက်ပြီး
“ကိုယ်စိတ်မကောင်းပါဘူး… ကိုယ်နွယ့်ကို ကွာရှင်းဖို့မဖြစ်နိုင်ဘူး… ကိုယ်တို့အိမ်ထောင်ရေးဟာ…ငြီးငွေ့စရာကောင်းခဲ့တာအမှန်ပါ…အဲ့ဒါကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက်မချစ်ကြလို့မဟုတ်ပါ ဘူး.. ကိုယ်တို့နှစ်ယောက်ကြားက အစစ အရာရာတွေအပေါ် တန်ဖိုးမထားခဲ့ သတိမမူခဲ့ကြတာပါ…ဒါတွေကို ကိုယ်ခုသိပြီ…တန်ဖိုးထားတတ် လာပြီ…”
အချစ်သစ်လည်း ခုမှသတိဝင်လာပုံရတယ်…။ ကျနော့ပါးကို အားကုန်လွှဲရိုက်လိုက်တယ်… ပြီးတော့ ဒေါသပေါက်ကွဲပြီး ငိုတယ်…။ ကျနော်လည်း ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်…။
လမ်းမှာ ပန်းဆိုင်ကိုဝင်ပြီး နွယ့်အတွက် ပန်းစည်းလက်ဆောင်မှာလိုက်တယ်…။ အရောင်းစာရေးမလေးက ပန်းစည်းမှာ ဘာစာရေးပေးရမလဲလို့မေးတော့ ကျနော်ကပြုံးပြီး ပို့စ်ကတ်လေးမှာ ကိုယ်တိုင်ရေးချလိုက်ပါတယ်… .
“ နွယ့်ကို မနက်တိုင်းပွေ့ချီခေါ်ပါ့မယ် … သေတဖန်သက်တဆုံးပေါ့...”
အဲ့ဒီညနေအိမ်ပြန်ရောက်တော့ ပန်းစည်းလေးကိုကိုင်ရင်း အချိုဆုံးအပြုံးတွေနဲ့ အိမ်ထဲကို အပြေးလေးလှမ်းဝင်လာခဲ့တယ်…။ အခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့ အိပ်ယာထက်မှာ အသက်ဝိဥာဉ်ကင်းမဲ့နေတဲ့ နွယ်ကိုတွေ့လိုက်ရတယ်…။
နွယ်ဟာ လွန်ခဲ့တဲ့လအတော်ကြာကတည်းက ကင်ဆာရောဂါခံစားနေခဲ့ရတာ..။ ကျနော်ကတော့ အချစ်သစ်နဲ့ အလုပ်ရှုပ်နေတော့ သတိတောင်မထားမိခဲ့ပါဘူး…။ သူမကြာခင်သေရမယ်ဆိုတာလည်းသူ သိပါတယ်…။ သူ့ရဲ့ တောင်းဆိုမှုတွေက သူ့အတွက်မဟုတ်ဘဲ သားကျနော့အပေါ် ဖခင်ဆိုးတစ်ယောက်အဖြစ်နာကျည်းမုန်းတီးမသွားအောင် ကယ်တင်ခဲ့တာပါ…။ တကယ်လို့ ကျနော်တို့ ကွာရှင်းခဲ့ရင် ကျနော်က နွယ့်အပေါ်အရမ်းချစ်တဲ့အမြင် မျိုး သားကိုမြင်စေ့ချင်တာလေ…။ ။
Nyein Chan Win စကားလုံးဖလှယ်သည်
https://www.facebook.com/ yarza.dirid
==========
တစ်ည ကျနော်အိမ်ပြန်ရောက်တော့…ကျ
“ နွယ့်ကိုပြောစရာရှိတယ်…”
နွယ်ကတော့ ထမင်းစားပွဲမှာထိုင်ပြီး သူထမင်းပန်းကန်ကို တိတ်တဆိတ်စားနေခဲ့တယ်…။ သူ့မျက်ဝန်းထဲက ကြေကွဲမှုတစ်ချို့ ကိုလည်း ကျနော်သတိထားမိခဲ့တယ်…။
ရုတ်တရက် ကျနော့ ဆွံ့အသွားခဲ့တယ်… ။ ဒါပေမယ့် ကျနော်ပြောစရာရှိတာကို ပြောမှဖြစ်မယ့်အခြေအနေဆိုတေ
“ကိုယ်တို့ …ကွာရှင်းကြရအောင်လား…”
ကျနော့ စကားကြောင့် သူဘာမှ တုန်လှုပ်သွားပုံမရဘဲ…မေးခွန
“ဘာလို့လဲ…ကို…”
ကျနော့မှာ ရေရာတဲ့အဖြေမရှိခဲ့ပါဘူး…ဒါ
“ရှင် … လူမှဟုတ်ရဲ့ လား…”
အဲ့ဒီညက ကျနော်တို့ စကားမပြောဖြစ်ကြဘူး… သူကတော့တစ်ညလုံး ငိုနေခဲ့ပါတယ်…။ ကျနော်နားလည်ပါတယ်…ကျနော်တိ
ကျနော်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံစွာန
သူကျနော်လှမ်းပေးလိုက်တဲ့ စာချုပ်ကိုတစ်ချက်ကြည့်လိုက
“ ကုန်လွန်ခဲ့တဲ့အချိန်တွေ ပေးဆပ်ခဲ့တဲ့ အကြင်နာမေတ္တာတွေအတွက်လည်း ကိုစိတ်မကောင်းပါဘူး…။ ဒါပေမယ့်… ကိုရဲ့  ငယ်ချစ်တစ်ယောက်နဲ့ ဘဝသစ်တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်ထားလိုက်ပြီ…”
ကျနော့စကားကြားတော့ မျှော်လင့်ထားတဲ့အတိုင်း သူ… ချုံးပွဲချငိုတော့တယ်…။ သူခုလိုငိုလိုက်တာဟာ ကျနော့ကိုသူလက်လွှတ်လိုက်ပြီ
နောက်တစ်ရက်မှာတော့ ကျနော်အိမ်ကို အတော်မိုးချုပ်မှ ပြန်ရောက်လာခဲ့တယ်…။ နွယ်ကတော့ မအိပ်သေးဘဲ စာရေးနေတာတွေ့တယ်…။ ကျနော်ဘာမှမစားတော့ဘဲ အိပ်ယာထဲတန်းဝင်ခဲ့တယ်…။ ချက်ခြင်းပဲ အိပ်ပျော်သွားပါတယ်…။ တစ်နေ့လုံး အချစ်သစ်နဲ့ ရင်ခုန်လှိုက်မောစွာကုန်လွန်
ကျနော်တစ်ရေးနိုးတော့ နွယ်စာရေးနေတုန်းပဲ… ။ ကျနော်လည်း ဂရုမထားဘဲ…တစ်ဖက်လှည့်ကာ ဆက်အိပ်လိုက်တယ်…။
မနက်ရောက်တော့ ကွာရှင်းဖို့ အတွက် တောင်းဆိုချက်တစ်ချို့ ကို နွယ်ကတောင်းဆိုလာတယ်…။ သူကျနော့ဆီက ဘာပိုင်ဆိုင်မှုတွေကိုမှ မတောင်းဆိုပါဘူး…။ ကျနော်တို့ မကွာရှင်းခင်တစ်လတိတိစောင့်
အဲ့ဒီအတွက် ကျနော်သဘောတူနိုင်ပါတယ်…။ ဒါပေမယ့်…သူနောက်တစ်ခုတောင်
သူတောင်းဆိုတာက ဒီတစ်လအတွင်းမှာ သူ့ကို အိပ်ခန်းထဲကနေ အိမ်ရှေ့ တံခါးဝထိသူ့ကို မနက်တိုင်း မင်္ဂလာဆောင်တုန်းက ခေါ်သလိုမျိုးပွေ့ခေါ်ပေးပါတဲ
ကျနော်ဒီအကြောင်းတွေ အချစ်သစ်ကိုပြောပြတော့ ဟက်ဟက်ပက်ပက် ရယ်ပါတယ်…။ သူဘယ်လိုမာယာတွေသုံးသုံး ကျနော့ကိုစွန့်လွှတ်ရမှာပါပဲ
ကွာရှင်းဖို့ ပြောပြီးကတည်းက ကျနော် နွယ့်ကိုထိတွေ့မှုမရှိခဲ့တော
“ ဟား…ဟား….ဖေကြီးက မေမေ့ကို ပွေ့လာတယ်ဟေ့…”
သားလေးရဲ့  စကားကိုကြားတော့…ကျနော့ရင်ထ
“နွယ်တို့ ကွာရှင်းတဲ့အကြောင်းသားလေးက
ကျနော် ခေါင်းပဲညိတ်ပြခဲ့ပါတယ်…။ အိမ်ပြင်ရောက်တော့ သူ့ကိုအောက်ချပေးလိုက်တယ်… ။ သူလည်း သူ့အလုပ်သွားဖို့ ဘတ်စ်ကားမှတ်တိုင်ဆီ သွားပါတယ်…။ ကျနော်လည်း တစ်ယောက်တည်း ကားမောင်းပြီး အလုပ်ကို ထွက်လာခဲ့တယ်…။
ဒုတိယမြောက်နေ့မှာတော့…ကျနေ
လေးရက်မြောက်နေ့မှာ သူကိုကျနော်ပွေ့ချီလိုက်ချိ
ငါးရက်မြောက်နေ့နဲ့ ခြောက်ရက်မြောက်နေ့တွေမှာလည
တစ်မနက်မှာတော့ သူအလုပ်မသွားခင် အဝတ်လဲဖို့ အဝတ်အစားတွေရွေးနေပါတယ်…။ တစ်စုံဝတ်လိုက် ပြန်ချွတ်လိုက်နဲ့ စိတ်တိုင်းမကျနိုင်ဖြစ်နေခဲ
ကျနော်အတော့ကို စိတ်ထိခိုက်မိပါတယ်…။ သူ့နှလုံးသားထဲ နာကျင်မှုတွေ ခါးသီးမှုတွေပြည့်နှက်နေမှာ…
အဲ့ဒီအချိန်မှာပဲ သားလေးရောက်လာပြီးပြောတယ်…။
“ ဖေကြီး … မေမေ့ကိုပွေ့ခေါ်ရမယ့် အချိန်ရောက်ပြီလေ…”
အော်…သူ့အတွက် အဖေက အမေ့ကို ပွေ့ခေါ်တာကို ကြည့်ဖို့ သူ့ဘဝရဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်နေ
နောက်ဆုံးနေ့ရောက်တော့ ကျနော်နွယ့်ကို ပွေ့ချီပြီး ကျနော့ခြေလှမ်းတွေ တွန့်ဆုတ်နေခဲ့တယ်…။ သားလေးကတော့ ကျောင်းသွားနှင့်ပြီ…။ ကျနော် နွယ့်ကို တင်းတင်းပွေ့ဖက်ထားရင်း ပြောခဲ့တယ်…။ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးက ရင်းနှီးနွေးထွေးမှုတွေကင်းမ
ကျနော့အချစ်သစ်ဆီကို ကားမောင်းထွက်လာခဲ့တယ်…။ သူ့အိမ်ရှေ့ ရောက်တော့ ကားတံခါးကိုတောင် လော့မချတော့ဘဲ...အမြန်ထွက်လ
“ ကို စိတ်မကောင်းပါဘူး… ကိုယ့်မိန်းမနဲ့ ကိုယ်မကွာရှင်းတော့ဘူး…”
သူကျနော့ကို အံ့အားသင့်စွာ ကြည့်ပြီး ကျနော့နဖူးကိုလာစမ်းတယ်…။
“မောင်နေမှကောင်းရဲ့ လား…” တဲ့…။
ကျနော်သူလက်ကိုဖယ်ချလိုက်ပြ
“ကိုယ်စိတ်မကောင်းပါဘူး… ကိုယ်နွယ့်ကို ကွာရှင်းဖို့မဖြစ်နိုင်ဘူး…
အချစ်သစ်လည်း ခုမှသတိဝင်လာပုံရတယ်…။ ကျနော့ပါးကို အားကုန်လွှဲရိုက်လိုက်တယ်… ပြီးတော့ ဒေါသပေါက်ကွဲပြီး ငိုတယ်…။ ကျနော်လည်း ကျောခိုင်းထွက်ခွာလာခဲ့ပါတယ
လမ်းမှာ ပန်းဆိုင်ကိုဝင်ပြီး နွယ့်အတွက် ပန်းစည်းလက်ဆောင်မှာလိုက်တယ
“ နွယ့်ကို မနက်တိုင်းပွေ့ချီခေါ်ပါ့မယ်
အဲ့ဒီညနေအိမ်ပြန်ရောက်တော့ ပန်းစည်းလေးကိုကိုင်ရင်း အချိုဆုံးအပြုံးတွေနဲ့ အိမ်ထဲကို အပြေးလေးလှမ်းဝင်လာခဲ့တယ်…။
နွယ်ဟာ လွန်ခဲ့တဲ့လအတော်ကြာကတည်းက ကင်ဆာရောဂါခံစားနေခဲ့ရတာ..။
Nyein Chan Win စကားလုံးဖလှယ်သည်
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။