နာမည်လေးလှသလောက် ကြောက်စရာကောင်းတဲ့ရောဂါ
************************************************
နေခြည် (ဆေး-၁)
************************************************
နေခြည် (ဆေး-၁)
လွန်လေပြီးသော ဟိုအရင်ခေတ်တစ်ခါက မိုးကလေးများရွာပြီဆိုရင် မိုးမိပြီးဖျားနာမှာ ကို လူတွေ အင်မတန်ကြောက်လန့်ခဲ့ကြရပါတယ်။ အ ထူးသဖြင့် နာမည်ကြီးရောဂါတစ်ခုဖြစ်ခဲ့တဲ့ နမိုးနီးယား ဖြစ်မှာကိုလည်း သိပ်ကိုပူပန်စိုးထိတ်ခဲ့ကြရတယ်။ ပိုး သတ်ဆေးတွေသိပ်မတွင်ကျယ်သေးတဲ့ ထိုတစ်ခေတ် မှာ နမိုးနီးယားရောဂါကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသူတွေ မြောက်မြားစွာရှိခဲ့ပါတယ်။ ဒီအကြောင်း နဲ့ ဆက်စပ်မိလို့ အထက်တန်းကျောင်းသားဘဝတုန်းက စာရေးသူတို့သင်ခဲ့ရတာလေးကို ပြန်လည်သတိရမိပါ တယ်။ အင်္ဂလိပ်စာဘာသာမှာသင်ကြားခဲ့ရတဲ့ The Last Leaf (နောက်ဆုံးသစ်ရွက်) ဆိုတဲ့ဝတ္ထုတိုတစ်ပုဒ်ပါ။
၁၉ဝ၇ ခုနှစ်ခန့်ကထုတ်ဝေခဲ့တဲ့ ဒီဝတ္ထုတို လေးရဲ့အစပိုင်းမှာ ဇာတ်ကောင်မင်းသမီး ဂျွန်စီထဲဟာ နမိုးနီးယားရောဂါရပြီး လွန်စွာမှ နာမကျန်းဖြစ်နေခဲ့ တယ်။ ဒါပေမဲ့ ဖျားနာမှုကြောင့် စိတ်ဓာတ်ကျနေတဲ့ သူမဟာ သူမအိမ်ပြတင်းပေါက်မျက်နှာချင်းဆိုင်က နွယ်ပင်လေးတစ်ပင်က နေ သစ်ရွက်တြွေေ<ွကတာ ကိုကြည့်ပြီး ငါလည်း ဒီ နွယ်ပင်က နောက်ဆုံးသစ် ရွက်ြေ<ွကချိန်လောက်ဆို ရင် သေတော့မှာပါပဲဆို ပြီး တစ်ထစ်ချခံယူထား မိသူလေးတစ်ဦးလည်းဖြစ် ပါတယ်။
ဒီလိုနဲ့ပဲ တစ် ညမှာ မုန်တိုင်းအကြီးအ ကျယ်တိုက်ခတ်ပြီး မိုးသည်း ထန်စွာ ရွာသွန်းပါတော့ တယ်။ ဒီအခါမှာ ဂျွန်စီတို့ ရဲ့အိမ်အောက်ထပ်က ပန်း ချီဆရာကြီးဟာ စိတ်ဓာတ် ကျနေတဲ့ ဂျွန်စီအတွက် အဲ့ဒီအုတ်နံရံကနွယ်ပင် လေးမှာ နောက်ဆုံးသစ်ရွက်လေးကို ဂျွန်စီမသိအောင် တုပပြီး ပန်းချီဆွဲပေးထားလိုက်ပါတယ်။ ဒါပေမဲ့လည်း မိုးသည်းထဲမှာ မိုးတွေမိပြီးနောက် ဖျားနာပြီး နမိုးနီးယား ဖြစ်သွားခဲ့တဲ့ ပန်းချီဆရာကြီးဟာ နှစ်ရက်အတွင်းမှာပဲ ဝမ်းနည်းဖွယ်ရာသေဆုံးသွားခဲ့ရတယ်။ သူဟာ အသက် ကြီးသူတစ်ယောက်ဖြစ်တဲ့အတွက် လူငယ် ဂျွန်စီနဲ့ယှဉ်လိုက်ရင် နမိုးနီးယားဒဏ်ကိုပိုပြီး ခံစားလိုက်ရပြီး အသက်ပါပေးလိုက်ရတာ ကို စာရေးသူပြန်ပြီး အကျဉ်းချုံးသတိရမိ နေပါတယ်။
တစ်ဆက်တည်းတွေးမိတာက တော့ ယခင်ကနံမည်ကြီးခဲ့တဲ့ နမိုးနီးယား ရောဂါဟာ ခုခေတ်မှာရော ဒီလိုပဲ ကြောက် စရာကောင်းနေသေးသလားဆိုတာပါ WHO (World Health Organization) ရဲ့ဖော်ပြချက်တစ်ခုအရ နမိုးနီးယားရော ဂါဟာ တစ်ကမ္ဘာလုံးကကလေးတွေကို အ ထိခိုက်အများဆုံး Infection ရောဂါတစ် ခုဖြစ်ပြီး ငါးနှစ်အောက်ကလေးတွေရဲ့သေ ဆုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ နမိုးနီး ယားကြောင့် ဖြစ်ပါတယ်လို့ တွေ့ရပါတယ်။ တစ်ဖန် ၂ဝ၁၃ခုနှစ်မှာ နမိုးနီး ယားကြောင့် ငါးနှစ် အောက် ကလေးငယ် အယောက်ပေါင်း ကိုး သိန်းသုံးသောင်းငါး ထောင်ခန့်အသက်ဆုံးရှုံးနိုင်ခြေရှိခဲ့ကြောင်း ကိုလည်း စာရေးသူ တစ်ဆက်တည်း ဖတ် လိုက်ရပါတယ်။ ဒါ ကြောင့် နမိုးနီးယား ဟာ လူကြီးတွေမှာသာ ဖြစ်လေ့ရှိပါတယ်လို့ လူထုထဲမှာ တော်တော် များများယူဆလေ့ရှိ ကြတာဟာ မှားယွင်း နေတဲ့အချက်သာဖြစ် ပါတယ်။ နမိုးနီးယား ရောဂါဟာ သာမန် မျက်လုံးနဲ့မမြင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားနဲ့မှိုတွေကြောင့်ဖြစ်တတ်ပြီး အဆုတ်ရောင်ရမ်းတာ၊ အသက်ရှူခက်ခဲစေတာကိုဖြစ် စေတတ်တဲ့အတွက် ခုခံအားနုနယ်သေးတဲ့ ကလေးငယ် တွေအတွက်တော့ ယနေ့အထိ ခြိမ်းခြောက်နေဆဲဖြစ် တဲ့ရောဂါတစ်ခုပါပဲ။
လူကြီးတွေအနေနဲ့ဆိုရင်တော့ အမေရိကန် နိုင်ငံလိုတိုးတက်ပြီးနိုင်ငံမှာတောင် နမိုးနီးယားကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူရသူတွေဟာ နှစ်စဉ်အယောက် ပေါင်း တစ်သန်းခန့်လောက်ရှိတယ်လို့ CDC (Cen-tres for Disease and Prevention) မှာ ဖော်ပြထားတာ ကို တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း နှစ်စဉ် လူတစ်ထောင်မှာ ငါးယောက်ကနေ ၁၁ ယောက်ခန့် ဟာ လူထုအကြားပျံ့နှံ့ကူးစက်တတ်တဲ့နမိုးနီးယား (Community-Acquired Pneumonia) ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီလိုမတူညီတဲ့ နိုင်ငံတွေနဲ့ ဖြစ်ပွားနှုန်းတွေကြားထဲမှာမှ စာရေးသူတို့အတွက် အ ရေးပါတာကတော့ ဘယ်လိုလူတွေမှာ ဒီရောဂါဖြစ်တတ် တာလဲ၊ ဘယ်လိုကနေ ကူးစက်တတ်သလဲဆိုတဲ့မေးခွန်း တွေပါပဲ။
ဒါကြောင့် ခေတ်ဟောင်းဖြစ်စေ၊ ခေတ်သစ် ဖြစ်စေ နမိုးနီးယားရောဂါဖြစ်နိုင်ခြေရှိသူတွေကို ခြုံ ကြည့်လိုက်မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် အသက် ငယ်လွန်းခြင်း၊ အသက်ကြီးလွန်းခြင်း၊ နှလုံးနဲ့အဆုတ် ရောဂါစတဲ့ကျန်းမာရေးပြဿနာတစ်ခုခုရှိနေခြင်း၊ ဆီး ချို(သို့) ကင်ဆာရောဂါရှိနေခြင်း၊ ဆေးလိပ်သောက်ခြင်း နဲ့ အရက်သေစာသောက်စားခြင်း၊ ခုခံအားကျဆင်းရော ဂါဖြစ်တဲ့ HIV/AID ရောဂါရှိနေခြင်း၊ နေထိုင်ရာ အိမ်တွင် လေညစ်ညမ်းမှုရှိခြင်း၊ လူနေထူထပ်ခြင်းစတဲ့ အကြောင်းအရာတွေကို တွေ့ရတတ်ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးနမိုးနီးယားဖြစ်တတ်သူတွေ ကိုသိထားရုံမကဘဲ ကူးစက်ပုံကူးစက်နည်းကိုသိထား ဖို့ဟာလည်း နမိုးနီးယားရောဂါကိုကာကွယ်ဖို့အတွက် အရေးပါပါတယ်။ စာရေးသူတို့တွေ တစ်နိုင်တစ်ပိုင် လုပ်ခဲ့ဖူးတဲ့ ပညာပေးဟောပြောပွဲလေးတွေမှာ လက် ကိုဘယ်လိုပြောင်အောင်ဆေးကြောရမယ်၊ နှာချေရင်၊ ချောင်းဆိုးရင် ဘယ်လိုဆိုးရမယ်ဆိုတာကို မကြာခဏ ထည့်ပြောလေ့ရှိကြပါတယ်။ သိပြီးသားတွေပါပဲဆိုပြီး မသိချင်ယောင် ဆောင်နေသူတွေရှိသလို၊ ခေါင်းတ ညိတ်ညိတ်နဲ့ တကယ်တမ်းဘာမှလိုက်မလုပ်ဖြစ်တဲ့သူ တွေက ဟောပြောပွဲနားထောင်သူတွေရဲ့ တစ်ဝက်ကျော် လောက် ပါတတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေဟာ နမိုးနီးယားရောဂါမဖြစ်အောင်၊ မကူးစက်အောင် တ ကယ်အသုံးချနိုင်တယ်လို့ ကူးစက်ပုံနဲ့ပတ်သက်ပြီး စာ ရေးသူ အတန်ငယ်ပြောပါရစေ။
နမိုးနီးယားကိုဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ ဟာ အဓိကအားဖြင့် လေထုကနေ ကူးစက်တာဖြစ်တဲ့ အတွက် နမိုးနီးယားပိုးဟုတ်မဟုတ်ဆိုတာကိုမသိခင် ကာလ သာမန်ဖျားနာနေစဉ်မှာကတည်းက အနေအ ထိုင်ကိုဆင်ခြင်ပေးသင့်ပါတယ်။ ချောင်းဆိုးရင် သူတစ် ပါးမျက်နှာနားမှာ တဟွတ်ဟွတ်နဲ့ဆိုးတာ၊ နှာချေရင် လည်း ဘာနဲ့မှမအုပ်ဘဲနဲ့ ဒီတိုင်းချေလိုက်တာစတာတွေ ဟာ လူတစ်ယောက်နဲ့တစ်ယောက် အဓိကကူးစက်ရခြင်း အကြောင်းတွေပါပဲ။ လက်နဲ့အုပ်ပြီး ချောင်းဆိုး၊ နှာ ချေတာမျိုးလုပ်မယ်ဆိုရင်တော့ တစ်ပါးသူကို မိမိလက် ကနေတစ်ဆင့် မကူးစေဖို့ လက်ကိုသေချာဆေးကြော သန့်စင်ပေးရပါမယ်။ တစ်ဖန် ဖုန်တွေတက်နေပြီး ရော ဂါပိုးတွေခိုအောင်းနေတဲ့ လေအေးပေးစက်တွေနဲ့ သန့် ရှင်းရေးမလုပ်တဲ့ရေနွေးကန်တွေကနေတစ်ဆင့်လည်း နမိုးနီးယားရောဂါရတတ်ပါသေးတယ်။ ဒါပေမဲ့ နမိုး နီးယားရောဂါပိုးဖြစ်တတ်တဲ့ ရောဂါပိုးမြောက်မြားစွာ ရှိတဲ့အတွက် ကူးစက်နည်းတွေလည်း အနည်းနဲ့အများ ကွာခြားပြီးရှိနေတတ်တဲ့အတွက် အသေးစိတ်ကိုတော့ စာရေးသူအနေနဲ့ ချန်လှပ်သွားရပါဦးမယ်။ (ယခုနှစ် ပိုင်းမှာ နံမည်ကြီးလာတဲ့ SARS ရောဂါ၊ MERS ရောဂါ စတာတွေဟာလည်း နမိုးနီးယားဖြစ်စေတဲ့ ရောဂါ တွေဖြစ်ပါတယ်။)
နောက်ဆုံးအနေနဲ့ကတော့ နမိုးနီးယားရော ဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲဆိုတာ ကို အနည်းငယ်မျှဝေချင်တာဖြစ်ပါတယ်။ နမိုးနီးယား ရဲ့လက္ခဏာတွေမှာ သာမန်တုပ်ကွေးဖြစ်သလိုလက္ခဏာ တွေပါဝင်ပါတယ်။ ဒါကြောင့် ဖျားတာ၊ ချမ်းတုန်တာ၊ နုံးတာ၊ အစားအသောက်ပျက်တာနဲ့ ချောင်းဆိုးတာ တွေကို နမိုးနီးယားမှာလည်းတွေ့ရမှာပါပဲ။ ဒါတွေအ ပြင် နောက်ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ချောင်း ဆိုးတဲ့အခါ ချွဲပျစ်ပျစ်ကြီးတွေပါတာ (တချို့တွေဆိုရင် သံချေးရောင်ရှိတဲ့ချွဲတွေတောင် ပါတတ်ပါတယ်)၊ ချောင်း ဆိုးသွေးပါတာ၊ ရင်ဘတ်အောင့်တာ စတာတွေကိုတွေ့ ရ တတ်ပါတယ်။ သတိလွတ်ပြီး ကယောင်ကတမ်းဖြစ် တာဟာလည်း နမိုးနီးယားရဲ့ အရေးကြီးတဲ့လက္ခဏာ တစ်ခုဖြစ်ပါတယ်။
လူကြီးတွေလို ချွဲခပ်မထုတ်တတ်၊ ရင်ဘတ် အောင့်တယ်မပြောတတ်တဲ့ကလေးငယ်လေးတွေဆို ရင်တော့ ဖျားတာ၊ ချောင်းဆိုးတာအပြင် အသက်ရှူပုံ မှန်မဟုတ်တာကို တွေ့ရတတ်ပါတယ်။ အင်္ကျီလေးကို လှန်ပြီး ကလေးရဲ့ရင်ဘတ်ကိုကြည့်လိုက်မယ်ဆိုရင် အသက်ရှူနှုန်း ပုံမှန်ထက်ပိုမြန်နေတာ၊ ရှူလိုက်တိုင်း လည်း ရင်ဘတ်နံရိုးကြား၊ ညှပ်ရိုးစတာတွေ ချိုင့်ခွက် ပြီး ဝင်လောက်အောင်ကို အားစိုက်ထုတ်ရှူနေရတာ စတာအပြင် နှုတ်ခမ်းလေးတွေပြာနှမ်းလာတာ၊ အရင် လို အစားမစားတော့တာ၊ ညည်းညူသံထွက်တာ၊ အ သက်ရှူရင် ရွှီရွှီမြည်တာ၊ တက်တာ၊ ပုံမှန်လိုမလန်းဆန်း ဘဲ မှိန်းလွန်းနေတာ စတဲ့အချက်တွေကို သေချာဂရု စိုက် စောင့်ကြည့်ပေးရပါမယ်။ ဒီလိုအချက်တွေ မိမိ ကလေးမှာရှိတယ်ဆိုရင်တော့ လျင်မြန်စွာဆေးကုသ မှုခံယူဖို့ လိုအပ်ပါကြောင်း နမိုးနီးယားရောဂါနဲ့ ပတ် သက်လို့ ဗဟုသုတမျှဝေရင်း စာရေးသူရဲ့တစ်မျက်နှာ ဆောင်းပါးလည်း တော်သင့်ပြီဖြစ်တာမို့ သည်နေရာမှာ ပဲ နိဂုံးချုပ်လိုက်ပါတော့မယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။