"အောင်မြင်သူရဲ့ ငွေ စီမံနိုင်စွမ်း"
အောင်မြင်တဲ့ အခြေအနေကို ရောက်သွားတဲ့ သူများဟာ ငွေကို ကောင်းကောင်း စီမံ ကိုင်တွယ်နိုင်လို့ပါ။
ချမ်းသာတဲ့သူတိုင်းဟာ ငွေ ကိုင်တွယ်တဲ့အခါ အလွန် စည်းကမ်း ရှိပါတယ်။
အခွင့်အလမ်းတွေ ပေါ်ပေါက်လာတိုင်း ပါးနပ်စွာ ရင်းနှီးမြုပ်နှံရဲကြပါတယ်။
ချမ်းသာအောင်မြင်ဖို့ လိုအပ်နေတဲ့သူကို အချိန်မရွေး ကူညီနိုင်ရမယ်လို့ သူတို့ လက်ခံကြပါတယ်။
ကံကောင်းပြီး အခွင့်အလမ်းပေါ်လာချိန် တစ်ရှိန်ထိုး အောင်မြင်သွားကြသူများဟာ ငွေကို အမြဲတမ်း ကြိုတင်ပြင်ဆင် စုဆောင်းထားခဲ့လို့ပါ။
ငွေကို စီမံနိုင်ခြင်းဟာ အောင်မြင်ချမ်းသာခြင်းမို့ ထွက်ငွေ ၁ စ ဆိုရင်တောင် ထုတ်သင့်မှ ထုတ်သုံးပါ။
စည်းကမ်းရှိတာနဲ့ ကပ်စေးနည်းတာတော့ ခွဲခြားနိုင်ရပါမယ်။ စည်းကမ်းရှိတာ အောင်မြင်ပေမယ့် ကပ်စေးနည်းရင် မွဲတတ်ပါတယ်။
Yangonlife
Contributed by LILLY
Credit : SearchMyanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။