သန်းရွှေရဲ့  သားကြီး ထွန်းနိုင်ရွှေ
သူဟာ စီးပွားရေးသက်သက်သာလုပ်ပေမယ့် သန်းရွှေရဲ့ သားသမီးများထဲမှာ အဆင်းရဲဆုံးပါတဲ့ဗျာ။ သူဆင်းရဲလွန်းပြီး ပိုင်ဆိုင်မှုတွေကတော့ အိမ်ကြီး (၁၂) လုံးရှိပါသတဲ့။ ပြီးတော့ ဂျေဒိုးနပ် (J Donuts) ဆိုင်များ၊ မိုင်မေးက် (My Milk)၊ စားသောက်ဆိုင်များနဲ့  အခြားသော သွင်းကုန်ပို့ ကုန် ကန်ထရိုက်တွေ ပိုင်ဆိုင်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေထဲက ရှယ်ယာ ၃၅% ဟာ သူ လုံးလုံးပိုင်တာဖြစ်ပြီး ကျန်တဲ့အစုရှယ်ယာတွေကတော့ မြန်မာပြည်ဖွား တရုတ်စီးပွားရေးသမားတွေ ပိုင်ဆိုင်တာလို့  သိရပါတယ်။ သူနဲ့  အတူတူ စီးပွားရေးလုပ်ဘက်တွေပါ။
သန်းရွှေ သားအကြီး ထွန်းနိုင်ရွှေ (ခ) ထွန်းထွန်းနိုင် ဖြစ်ပါတယ်။
- ဒီ့အပြင် သူ ပိုင်ဆိုင်တာတွေကတော့-
--- ဒင်ဆမ် (Dim Sum) ဆိုင်များ၊
--- ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ (Queen Orange Juice Concentrates)၊
--- နိုက်ကလပ်များ(Dream JellyJ-J Night Club)၊
--- ကာရာအိုကေပါရှိသော ထိုင်းစားသောက်ဆိုင်တို့ အပြင် အခြားသော လုပ်ငန်းပေါင်း မြောက်မြားစွာရှိပါတယ်။
မြန်မာနိုင်ငံမှာတင်မက တရုတ်၊ ထိုင်းနိုင်ငံနဲ့  အင်ဒိုနီးရှားတို့ မှာလည်း သူပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့  သိရှိရပါတယ်။
နောက် ထွန်းနိုင်ရွှေဟာ သူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ (ဦးအောင်သိန်းရဲ့ သား) ဂျိုးဆက်ခင်မောင်သိန်းနဲ့  စီးပွားရေးအတူတူလုပ်ကြပြီး နှစ်ဦးအတူပိုင်တာကတော့ J & J company ဖြစ်ပါတယ်။
ထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းများကို ဂျိုးဆက်က တာဝန်ယူ ကြီးကြပ်ပေးပြီး၊ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေကိုတော့ ဂျိုးဆက်ရဲ့ ညီမ ကာရိုလ်က တာဝန်ယူ ကြီးကြပ်လုပ်ကိုင်ပေးနေပါတယ်။
ထွန်းနိုင်ရွှေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာ တကယ်တော့ သူ့ အဖေ သန်းရွှေ အာဏာကြောင့်ပါ။
ပြီးတော့ တိုင်းပြည်ပိုင် သယံဇာတတွေကို မောင်ပိုင်စီးထားကြတဲ့ သူတို့ မိသားစုတစ်စုလုံး ဘုန်းထားကြတဲ့ ငွေတွေနဲ့  လုပ်ဆောင်နေကြတဲ့ စီးပွားရေးတွေပါ။
ကျွန်တော်တို့  ပြည်သူတွေအတွက် အကျိုးအမြတ်တစ်ခုမှ မရှိပါဖူး။ ပြည်သူတွေရဲ့  သွေးချွေးတွေနဲ့  ရလာတဲ့ငွေကြေးလေးတွေ အပေါ်မှာတောင် အမြတ်ထပ်ထုတ်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေပါ။
ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  သန်းရွှေ မိသားစုပိုင်၊ ထွန်းနိုင်ရွှေပိုင်၊ သူတို့ ရဲ့ အပေါင်းအပါပိုင် စီးပွားရေးလုပ်ငန်းတွေ (ဥပမာ - ဂျေဒိုးနပ်ဆိုင်က အစ) အခြားသောလုပ်ငန်းများနဲ့ ဆိုင်တာတွေကို လုံးဝမသုံးစွဲ မ၀ယ်ယူဘဲ တစ်ဦးချင်းစီက အသိစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက်ဖို့ သင့်ပါတယ်။
မူရင်း-- Posted by Niknayman
Via - Blue Peace
သူဟာ စီးပွားရေးသက်သက်သာလုပ်ပေမယ
သန်းရွှေ သားအကြီး ထွန်းနိုင်ရွှေ (ခ) ထွန်းထွန်းနိုင် ဖြစ်ပါတယ်။
- ဒီ့အပြင် သူ ပိုင်ဆိုင်တာတွေကတော့-
--- ဒင်ဆမ် (Dim Sum) ဆိုင်များ၊
--- ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ (Queen Orange Juice Concentrates)၊
--- နိုက်ကလပ်များ(Dream JellyJ-J Night Club)၊
--- ကာရာအိုကေပါရှိသော ထိုင်းစားသောက်ဆိုင်တို့ အပြင် အခြားသော လုပ်ငန်းပေါင်း မြောက်မြားစွာရှိပါတယ်။
မြန်မာနိုင်ငံမှာတင်မက တရုတ်၊ ထိုင်းနိုင်ငံနဲ့  အင်ဒိုနီးရှားတို့ မှာလည်း သူပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိတယ်လို့  သိရှိရပါတယ်။
နောက် ထွန်းနိုင်ရွှေဟာ သူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ (ဦးအောင်သိန်းရဲ့ သား) ဂျိုးဆက်ခင်မောင်သိန်းနဲ့  စီးပွားရေးအတူတူလုပ်ကြပြီး နှစ်ဦးအတူပိုင်တာကတော့ J & J company ဖြစ်ပါတယ်။
ထွန်းနိုင်ရွှေ ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းများကို ဂျိုးဆက်က တာဝန်ယူ ကြီးကြပ်ပေးပြီး၊ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေကိုတေ
ထွန်းနိုင်ရွှေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးဟာ တကယ်တော့ သူ့ အဖေ သန်းရွှေ အာဏာကြောင့်ပါ။
ပြီးတော့ တိုင်းပြည်ပိုင် သယံဇာတတွေကို မောင်ပိုင်စီးထားကြတဲ့ သူတို့ မိသားစုတစ်စုလုံး ဘုန်းထားကြတဲ့ ငွေတွေနဲ့  လုပ်ဆောင်နေကြတဲ့ စီးပွားရေးတွေပါ။
ကျွန်တော်တို့  ပြည်သူတွေအတွက် အကျိုးအမြတ်တစ်ခုမှ မရှိပါဖူး။ ပြည်သူတွေရဲ့  သွေးချွေးတွေနဲ့  ရလာတဲ့ငွေကြေးလေးတွေ အပေါ်မှာတောင် အမြတ်ထပ်ထုတ်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေပါ။
ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့  သန်းရွှေ မိသားစုပိုင်၊ ထွန်းနိုင်ရွှေပိုင်၊ သူတို့ ရဲ့ အပေါင်းအပါပိုင် စီးပွားရေးလုပ်ငန်းတွေ (ဥပမာ - ဂျေဒိုးနပ်ဆိုင်က အစ) အခြားသောလုပ်ငန်းများနဲ့ ဆိုင်တာတွေကို လုံးဝမသုံးစွဲ မ၀ယ်ယူဘဲ တစ်ဦးချင်းစီက အသိစိတ်ဓါတ်ရှိရှိနဲ့  သပိတ်မှောက်ဖို့ သင့်ပါတယ်။
မူရင်း-- Posted by Niknayman
Via - Blue Peace
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။