" …… ပုံပြင် ……"
(၁) အတွေ့အကြုံကရသော အသိ
ခြင်္သေ့ရယ်၊ မြည်းရယ် ၊မြေခွေးရယ် မိတ်ဆွေတွေဖြစ်ကြပြီး အစာရှာထွက်ခဲ့ကြသတဲ့ အမဲတစ်ကောင်ကို ရတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ပြောတယ်။ မြည်းဟာ အမဲကောင်ကို သုံးပုံအညီအမျှ ခွဲလိုက်တယ်။ ပြီးတော့ ခြင်္သေ့ကို တစ်ပုံယူစေလိုက်တယ်။ ခြင်္သေ့ဟာ မြည်းကို စိတ်ဆိုးသွားပြီး ကိုက်စားပစ်လိုက်ပါရော။ နောက် မြေခွေးကို ခွဲခိုင်းပြန်တယ်။ မြေခွေးဟာ ဝေစုအားလုံးကို တစ်ပုံထဲပုံလိုက်တယ်။ သူ့အတွက် အကြွင်းးအကျန်နည်းနည်းပဲ ချန်ထားတာပေါ့။ ပြီးတော့ ခြင်္သေ့ကို ယူစေလိုက်တယ်။ ခြသေ့င်္က သဘောကျသွားတာပေါ့။ ခြင်္သေ့က ဒီလိုဝေစုခွဲပုံကို ဘယ်သူ သင်ပေးတာလဲလို့ မြေခွေးကို မေးလိုက်တာပေါ့ " မြည်းရဲ့အဖြစ်ကို ကြည့်ပြီးသိတာပါ " လို့ မြေခွေးက ပြောလိုက်တယ်။

( အခြားသူတွေ ဘေးဒုက္ခတွေ့ပုံကို ကြည့်ပြီး သင်ခန်းစာယူတတ်ရတယ် )
(၂) ခြင်္သေ့ရဲ့ ပြောဆိုချက်
တစ်ခါတုန်းက ခြင်္သေ့တစ်ကောင်နဲ့ လူတစ်ယောက် ခရီးအတူထွက်လာကြတယ်။ နှစ်ယောက်စလုံးဟာ တစ်ဦးကိုတစ်ဦး ကြွားဝါပြောဆိုရင် လာခဲ့ကြတာပေါ့။ ခြင်္သေ့ကို လူက ဓါးနဲ့ ထိုးသတ်နေတဲ့ပုံကို ထုထားတဲ့ ကျောက်ရုပ်ထုကို လမ်းမှာတွေ့တယ်။ ဒီအခါမှာ လူက ကျောက်ရုပ်ဆီ လက်ညှိုးထိုးပြရင်း " တွေ့တယ်မလား လူတွေက မင်းတို့ခြသေ့င်္တွေထက် သန်စွမ်းတယ် " လို့ ပြောလိုက်တယ်။ ခြသေ့င်္က ပြုံးလိုက်တာပေါ့ကွယ်။ ပြီးတော့………" ခြသေ့င်္တွေသာ ပန်းပုပညာကို တတ်မယ်ဆိုရင် လူကိုခြင်္သေ့က ကိုက်စားနေပုံလည်း ခင်ဗျားတွေ့ရလိမ့်မယ် " လို့ ပြန်ပြောလိုက်တယ်။
( လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ )
(၃) ပိရိအောင် မညာတတ်သူ
လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာ ခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ်။ ကြာရှည်လှတဲ့ ရေလမ်းခရီး တစလျှောက်မှာ အပျင်းပြေအချိန်ကုန်စေဖို့တဲ့။ ခရီးသွားတစ်ယောက်ကတော့ ပျောက်ကိုခေါ်ခဲ့တယ်။ အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။ မုန်တိုင်းဒဏ်ကြောင့် လှေသည်မှောက်သွားတယ်။ ဒီတော့ လူတွေ ရေထဲကျကုန်တယ်။ ခုနက မျောက်လည်းကျသွားတာပေါ့။ သူတို့ ဟာ တွယ်စရာတစ်ခုကို ဖက်ပြီး ပင်လယ်ထဲမျော နေတာပေါ့။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။ အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စ်ကိုလည်း ရောက်ရော လင်းပိုင်ငါးက " ခင်ဗျားက အေသင်ပြည်သားလား" လို့ မေးပါတယ်။ မျောက်ကလည်း ဟုတ်ပါတယ်လို့ ပြန်ဖြေလိုက်တယ်။ ဒါတင်မကဘူး ကျွန်တော်မိဘတွေဟာ အေသင်ပြည်မှာ အလွန်ထင်းရှာတဲ့ ပုဂ္ဂိုလ်တွေပါလို့ ထပ်ပြောလိုက်သေးတယ်။ " ပိုင်ရီအပ်စ်ကို သိပါသလား " လို့ မေးတယ်။ မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး။ ဒါကြောင့် ပိုင်ရီအပ်စ်ကို ကောင်းကောင်းသတဲ့အကြောင်း ။ ပိုင်ရီအပ်စ်ဟာ သူ့မိတ်ဆွေ ဖြစ်တဲ့အကြောင်း ပြောဆိုတာပေါ့။ သူညာနေမှန်း လင်းပိုင်က သိသွားပြီး စိတ်အတော်ဆိုးသွားတယ်။ သူ့ကိုလည်း ကျောပေါ်က ခါချပစ်လိုက်တာပေါ့။ ဒီလိုနဲ့မျောက် ဟာ ရေနစ်သေဆုံးသွားပါတယ်။

(လူတွေဟာ မိမိကိုယ်တိုင် မသိမကျွမ်းတဲ့ ကိစ္စကို အခြားသူတွေ ယုံကြည်မယ်ထင်ပြီး ပုံပြင်ထဲက မျောက်လိုပဲ ဖြီးတတ်သူတွေ အများကြီးပါ )
ဦးခင်မောင်ကြီး( ရန်ကုန်တက္ကသိုလ် ) အီစွတ် ပုံပြင်ပေါင်းချုပ်မှ ပြန်လည်မျှဝေ တင်ပြပါသည်။
Myomyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။