Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 30, 2015

နိုင်ငံခြားသားတွေ မြန်မာ့မြေကို ငွေဖြင့်သိမ်းလို့ရပါသလား

ရေးသူ-လွင်ပြင်
မြန်မာပြည်က တောင်သူလယ်သမားများပိုင်ဆိုင်သော မြန်မာ့လယ် ယာမြေများကို တရုတ်နိုင်ငံသားတို့က ငွေအလုံးအရင်းဖြင့်ပုံပေး ကာ သိမ်းယူနေကြပါပြီ။ အချို့ကတိုက်ရိုက်ဝယ်သည်။ အချို့က မြန်မာပြည်ဖွားတရုတ်လူမျိုးတွေအမည်ခံကာဝယ်သည်ဟု မန္တလေး မြို့အခြေပြုပြီး ပတ်ဝန်းကျင်ရှိအရပ်ဒေသများမှ တောင်သူလယ် သမားများ၏အရေးဒုက္ခများကို မခမဲ့ရှေ့နေလိုက်ပေးနေသူ တရား လွှတ်တော်ရှေ့နေဦးမြင့်သွင်ကပြောသည်။

“မန္တလေး၊ ပြင်ဦးလွင်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ကြောလုံးကုန်ပြီ” ဟု ၎င်းင်းကဆိုသည်။ ၁၉၈၇ ခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်းအက်ဥပဒေအရ နိုင်ငံခြားသားများ သည် လယ်ယာမြေကိုပိုင်ဆိုင်ခွင့်၊ ပေါင်နှံရောင်းချခွင့်အပြင် လုပ် ပိုင်ခွင့်တောင်ပေးမထားသော်လည်း နိုင်ငံခြားသားအထူးသဖြင့် တရုတ်နိုင်ငံသားများသည် ဥပဒေကိုလက်တစ်လုံးခြားပြုကာ စီးပွားရေးအရတွက်ခြေမကိုက်ဘဲဖြစ်နေသည့် တောင်သူလယ် သမားများပိုင်ဆိုင်သော လယ်ယာမြေများကို ငွေအလုံးအရင်း ဖြင့် မက်လုံးပေးကာ ၀ယ်ယူနေကြပြီဟု ဦးမြင့်သွင်ကဆိုပါသည်။
“အမည်ခံပြီးလုပ်နေကြတဲ့၊ သူတို့ (နိုင်ငံခြားသားနှင့် အမည်ခံဝယ်ယူပေးသူ) နှစ်ဦးအဝေမတည့်တဲ့အခါ အငြင်းပွား တဲ့အခါမှသာ ဒီအမှုကပေါ်လာမှာ။ ဒီအတိုင်း အချက်အလက်ကို ပြပါဆိုရင်တော့ ပြစရာမရှိဘူး။ မြင်တာပြောဆိုရင်တော့ အများကြီး ပဲ”။
လယ်ယာသိမ်းခံတောင်သူလယ်သမားအရေးကို လိုက်ပါ ဆောင်ရွက်နေသူ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကွန်ယက် (Peace and Justice Network) တာဝန်ခံ ကိုလွင်မောင်မောင်ကလည်း တရုတ်နိုင်ငံသားများ၏ သီးနှံ (အထူးသဖြင့်ဖရဲ၊ သခွား) စိုက်ပျိုးရန် အကြောင်းပြချက်ဖြင့် နိုင်ငံသားအမည်ခံပြီး လယ်ယာမြေများဝယ် ယူနေမှုများကို မကြာခဏကြုံတွေ့နေရသည်ဟု ဆိုပါသည်။
“နည်းမျိုးစုံနဲ့ ၀ယ်နေကြတာ၊ ကျောက်ဆည်နယ်တစ် ၀ိုက်လုံးတော်တော်ကိုကုန်နေပြီ။ သဲတော၊ ၀မ်းတွင်းနဲ့သာစည် (မြို့နယ်) ဘက်တွေအထိရောက်လာနေပြီ” ဟု ကိုလွင်မောင်မောင် ကပြောပါသည်။ ပုံမှန်ဈေးကွက် ပေါက်ဈေးထက်သိန်းပေါင်းများ စွာပိုပေးပြီးဝယ်ယူမှုကြောင့် လတ်တစ်လောသီးနှံဖြစ်ထွန်းမှုဖြင့် စီးပွားရေးအခြေမခိုင်ဘဲယိုင်နဲ့နဲ့ဖြစ်နေသည့် တောင်သူလယ်သမား များက သူတို့ပိုင်ဆိုင်သည့် လယ်ယာမြေတစ်ပိုင်းတစ်ဆကို ရောင်း လိုက်ရသည့်အတွက် ရေတိုရပ်တည်ရေးအတွက် ကောက်ရိုး တစ်မျှင်ဖြစ်နေသည်ဟု ၎င်းင်းကရှုမြင်သည်။
“တောင်သူလယ်သမားတွေအတွက် တကယ့်ခြိမ်းခြောက် မှုကြီးပဲ။ ရတဲ့ပိုက်ဆံလေးကုန်သွားရင် ဘာဆက်လုပ်မလဲ။ ရေရှည် ကိုမကြည့်နိုင်ကြတော့ဘူး။ တောင်သူလယ်သမားတွေ ကိုယ့်မြေကို တန်ဖိုးထားတတ်ဖို့လိုနေပြီ” ဟု ကိုလွင်မောင်မောင်ကနှိုးဆော် သည်။
မန္တလေးတိုင်း၊ သာစည်မြို့နယ်အစွန်၊ သာဂရကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုနေ၀င်းထွန်း၏အဆိုအရ သူတို့ရွာထဲ တွင် တရုတ်နိုင်ငံသားအတွက်အမည်ခံပြီး လယ်ယာမြေအပါအ၀င် အိမ်ခြံမြေ၀ယ်ယူပေးသည့်မြေပွဲစားရှိနေပြီဟုသိရသည်။ ထိုကိစ္စကို ဖြေရှင်းနိုင်မည့်နည်းလမ်းများရှိလျှင် ကူညီပေးကြဖို့လည်း ၎င်းင်းက တောင်းဆိုပါသေးသည်။ သူနေထိုင်သည့်ရွာအနီးရှိ ကျေးလက် ဘောလုံးကွင်းကျယ်ကြီးဆိုလျှင် ကျပ်သိန်း ၈၀ ကျော်အထိဈေးရ သွားသည်ဟုပြောပါသည်။
“ဒီမှာတော့ ရောင်းမယ့်သူတွေရော၊ ငှားမယ့်သူတွေရော အများကြီးပဲ။ တစ်ရာသီငှားရင် သိန်းချီရတယ်လေ။ သီးနှံက အဲဒီလောက်မှမရတာ။ ကိုယ့်မြေကြီးကိုယ်တန်ဖိုးမထားနိုင်ကြ တော့ဘူးလေ” ဟု ကိုနေ၀င်းထွန်းကပြောသည်။ ထိုအချက်ကို မန္တလေးမြို့၏နှစ် ၂၀ ကျော်အတွေ့အကြုံရှိသော အိမ်ခြံမြေရောင်း ၀ယ်ရေးဦးတင်မောင်အေးကထောက်ခံသည်။ လတ်တစ်လောတွင် အိမ်ခြံမြေဈေးတွေအပြင် လယ်ယာမြေဈေးနှုန်းတွေပါ ခေါင်ခိုက် နေရသည်အထိဖြစ်နေသည်ဟု ၎င်းင်းကဆိုသည်။
“ခုဆိုရင် လယ်ယာမြေဈေးက (သိန်း) တစ်ရာ၊ နှစ်ရာ ကနေတစ်ထောင်၊ နှစ်ထောင်အထိဖြစ်နေတာ။ တစ်သက်မှာဖြစ်မှ မဖြစ်ဖူးပဲ။ ထွက်နိုင်တဲ့သီးနှံကအဲဒီလောက်မှမထွက်ပဲ၊ တစ်သက် လုံးရမှမရဖူးဘဲ ရောင်းမှာပေါ့” ဟု ဦးတင်မောင်က လယ်ယာမြေ ရောင်းချနေကြသောတောင်သူလယ်သမားများဘက်မှ ဖြည့်တွေး ပေးသည်။ ဦးတင်မောင်၏သုံးသပ်ချက်အရဆိုလျှင် မြန်မာပြည် အလယ်ပိုင်း မန္တလေးတိုင်းအပြင် အောက်ပိုင်းဒေသဖြစ်သော ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင်ပင် တရုတ်အပါအ၀င်နိုင်ငံခြား သားများက မြန်မာပြည်ဖွားတရုတ်တို့အမည်ခံပြီး ဥဒေကိုလက် တစ်လုံးခြားပြုကာ ၀ယ်နေကြပြီဟုဆိုပါသည်။
လယ်ယာမြေတစ်ကွက်ကို သိန်းလေးငါးရာရဖို့ဆိုသည် က လွယ်ကူသည့်ကိစ္စမဟုတ်သည့်အတွက် လယ်ယာမြေများကို ရောင်းချနေကြသည်မှန်သော်လည်း တောင်သူလယ်သမားအပါ အ၀င် မြန်မာပြည်သူပြည်သားများအိမ်ခြေမဲ့၊ မြေယာမဲ့မဖြစ် စေရေးအတွက် နိုင်ငံတော်အစိုးရက အရေးတယူစဉ်းစားဖို့လို သည်ဟု လယ်ယာမြေစောင့်ကြည့်လေ့လာသူများကဆိုသည်။
လက်ရှိပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေတို့၊ မြေ လွတ်မြေရိုင်းစီမံခန့်ခွဲဥပဒေတို့၊ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေတို့ဆိုသည်က လက်ရှိကြုံတွေ့နေရသည့်အခြေ အနေတွေအပြင် လယ်ယာသိမ်းဆည်းခံထားရမှုများကိုပင်ဖြေရှင်း ပေးနိုင်ရန်ခက်ခဲနေသည်ဟု ကိုလွင်မောင်မောင်က ထောက်ပြ သည်။ “အခုချိန်ထိ ဥပဒေတွေဟာ တောင်သူတွေကိုအကာကွယ် ပေးနိုင်မှုလုံးဝမရှိဘူး။ အစိုးရအနေနဲ့ ၇၀ ရာခိုင်နှုန်းသော တောင် သူလယ်သမားတွေအရေးကို ဘာကြောင့်ထည့်မစဉ်းစားလဲဆိုတာ တွေးလို့ကိုမရဘူး” ဟု ၎င်းင်းက အစိုးရကိုအပြစ်တင်သည်။
မြန်မာနိုင်ငံသည် ပထ၀ီဝင်အနေအထားအရ ကမ္ဘာ့လူဦး ရေအများဆုံးသော နိုင်ငံကြီးနှစ်နိုင်ငံကြားတွင်ရှိနေသည်။ တရုတ် နိုင်ငံ၏လူဦးရေသည် သန်းပေါင်း ၁,၃၀၀ ကျော်ရှိသည်။ သူ့ (တရုတ်ပြည်) ပိုင်နက်အကျယ်အ၀န်းဖြင့် သူ့ (တရုတ်ပြည်) လူဦး ရေသည်မျှတမှုမရှိသလို စိုက်ပျိုးစားသောက်စရာမြေကြီးလည်း ရှားပါးနေသည့်အတွက် အိမ်နီးချင်းဖြစ်သည့် မြန်မာ့မြေကြီးကို မျက်စောင်းထိုးထားခြင်းသည် သူတို့ (တရုတ်နိုင်ငံသား) ၏အပြစ် ဟုမဆိုနိုင်သော်လည်း မြန်မာအစိုးရအနေဖြင့်တော့ မြန်မာနိုင်ငံ သားတောင်သူလယ်သမားများအတွက် အကာအကွယ်ပေးမည့် ဥပဒေတွေ၊ မူဝါဒတွေကို အကောင်အထည်ဖော်ထားသင့်သည်ဟု ကိုလွင်မောင်မောင်ကဆိုပါသည်။
“တရုတ်ကတော့ အထူးအကျိုးအမြတ်ထုတ်မယ့်နိုင်ငံပဲ။ တခြားနိုင်ငံတွေလည်း လာကြမှာပဲလေ။ ကိုယ့်နိုင်ငံဥပဒေအရကို ကုမ္ပဏီလုပ်ငန်းရှင်တွေကိုဦးစားပေးထားတယ်လေ။ ဒါကြောင့် တောင်သူလယ်သမားတွေအတွက်စိုးရိမ်တာ” ဟု၎င်းင်းကပြောသည်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် မြေလွတ်မြေရိုင်းစီမံ ခန့်ခွဲမှုဥပဒေအရ တောင်သူလယ်သမားတစ်ဦးသည် မြေလွတ်မြေ ရိုင်းမြေကို ငါးဧကမှ ဧက ၅၀ အထိသာလျှောက်ထားနိုင်ပြီး စီးပွား ရေးလုပ်ငန်းရှင်ကုမ္ပဏီများကျတော့ ဧက ၅၀ မှ ဧကငါးသောင်း အထိ လျှောက်ထားခွင့်ပြုထားခြင်းကို ထောက်ကြည့်လျှင် အစိုးရ သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူလယ်သမား များထက် ကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များကို ပိုမိုအားကိုးနေ သည်မှာထင်ရှားသည်ဟု ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကွန်ရက် တာဝန်ခံကိုလွင်မောင်မောင်ကသုံးသပ်သည်။
ပိုဆိုးသည်က မြေလွတ်မြေရိုင်းမြေအဖြစ် တောင်သူလယ် သမားကလျှောက်ထားသည့်အခါ ပိုင်ဆိုင်ခွင့်ချပေးခြင်းမရှိဘဲ ကုမ္ပဏီလုပ်ငန်းရှင်များအတွက်ဆိုလျှင်တော့ ပိုင်ဆိုင်ခွင့်မြန်မြန် ဆန်ဆန်ချပေးနေသည်ကို စိတ်မကောင်းစွာတွေ့နေရသည်ဟု ၎င်းင်း ကဆိုပါသည်။ “တောင်သူတွေလျှောက်တဲ့အခါ မြေလွတ်မြေရိုင်း ကမရှိဘူး။ ကုမ္ပဏီတွေလျှောက်မှ ရသလိုဖြစ်နေတယ်။ ကျွန်တော် တို့သွားတဲ့နေရာတိုင်းမှာ ဒီအတိုင်းကြုံနေရတာ” ဟုလယ်ယာမြေ ဥပဒေပိုင်ဆိုင်ရာတွေကို မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ရှမ်းစသော ပြည်နယ်နှင့်တိုင်းများသို့သွားရောက်ပညာပေးနေသူ ကိုမောင် မောင်လွင်ကပြောပါသည်။ သူကယခုလိုလည်းသက်သေပြပါသည်။
“မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်ထဲမှာ မြေလွတ်မြေရိုင်း ဧက ၅၀ လောက်ရှိတယ်။ ကုမ္ပဏီတစ်ခုက ဆယ်ဧက၊ ဆယ်ဧက ခွဲပြီးလျှောက်တော့ ပိုင်ဆိုင်ခွင့်ချပေးတယ်။ တောင်သူတွေက လျှောက်တော့မရဘူးလေ။ ဒီအတိုင်းဆက်သွားနေရင် တောင်သူ တွေရဲ့လယ်ယာမဲ့အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်။
၁၉၆၀ ပြည့်နှစ်မှ ၂၀၀၀ ပြည်နှစ်အတွင်း နိုင်ငံပေါင်း ၇၃ နိုင်ငံတွင်ပြုလုပ်ခဲ့သောစစ်တမ်းအရ မြေယာခွဲဝေမှုတန်းတူ ညီမျှမှုရှိသောနိုင်ငံများ၏ဖွံ့ဖြိုးမှုနှုန်းသည် လယ်ယာမြေအမြောက် အများကို လူနည်းစုကသာထိန်းချုပ်ထားသော မြေယာခွဲဝေမှုမညီ မျှသည့်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုနှစ်ဆအထိ မြေယာခွဲ ဝေမှုညီမျှသောနိုင်ငံများကပိုသာကြောင်း စားနပ်ရိက္ခာဖူလုံမှု၊ ပူး ပေါင်းဆောင်ရွက်မှုအဖွဲ့ (FSWG) ၏စာတမ်းအရသိရသည်။အဆိုပါစာတမ်းပါအချက်အလက်အရ ယခုဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်များက မြေ လွတ်ဟုသတ်မှတ်သဖြင့် လယ်သမားငယ်များ စိုက်ပျိုးစားသောက် နေသောလယ်ယာမြေအမြောက်အများကို လွှဲပြောင်းရယူလျက်ရှိ ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက် ပျိုးရေးစီမံကိန်းဦးစီးဌာန၏စာရင်းအရ ၂၀၁၁ ခုနှစ်တွင် ကုမ္ပဏီ ၂၀၄ ခုအား လယ်ယာမြေဧကပေါင်း ၁.၉ သန်းခန့်အထိလွှဲ ပြောင်းပေးခဲ့သည်ဟုသိရသည်။ ထိုမြေများ၏ ထက်ဝက်ခန့်သည် တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်အတွင်းတွင်ဖြစ်ပြီး ယင်းမြေ များမှာ ဒေသခံလူထုက မိရိုးဖလာမြေယာစီမံအုပ်ချုပ်သည့် ဥပဒေ ဖြင့်စိုက်ပျိုးနေသောမြေယာများဖြစ်သည်ဟုသိရသည်။ အဆိုပါ ဒေသခံများ၏မြေယာပိုင်ဆိုင်လုပ်ကိုင်ပိုင်ခွင့်ကို အကာအကွယ် ပေးမည့်မူဝါဒများကလည်း ယနေ့ပြဋ္ဌာန်းထားသည့်အစိုးရ၏မြေယာဥပဒေသစ်တွင် မတွေ့ရှိရဟုဆိုပါသည်။
ယင်းသို့သော အစိုးရက မြေလွတ်မြေရိုင်းအဖြစ်သိမ်းယူ ပြီး ကုမ္ပဏီများထံလွှဲအပ်ပေးထားသည့်မြေများတွင် ၃၅.၆ ရာခိုင် နှုန်းသာ ကုမ္ပဏီများကစိုက်ပျိုးထွန်ယက်ကြပြီး အမှန်တကယ် အစိုးရကသိမ်းယူထားသောမြေဧကနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင် နှုန်းသာရှိသည်ဟု (FSWG)၏မြေယာအရေးပူးပေါင်းဆောင်ရွက် မှုအဖွဲ့၏စာတမ်းကဆိုပါသည်။
စားနပ်ရိက္ခာအဖွဲ့ (FSWG) ၏ ၂၀၁၁ ခုနှစ်အစီရင်ခံ စာအရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြေယာမဲ့တောင်သူဦးရေသည် ၇၀ ရာခိုင်နှုန်းသောတောင်သူလယ်သမားများ၏ ၅၃ ရာခိုင်နှုန်း အထိရှိနေသည်။ ယခုလိုအခြေအနေများသည် တောင်သူလယ် သမားများကိုပေါင်နှံရောင်းချခွင့်ပေးလိုက်သော လွှတ်တော်နှင့် အစိုးရ၏မဟာအမှားကြီးဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ဝေဖန်ပါသည်။ “ပေါင်နှံရောင်းချခွင့်တော့ပေးတယ်။ တခြားဘာအကာကွယ်မှပေးမထားတော့ မြေယာလက်မဲ့ဖြစ်မယ့် တောင်သူတွေက အခုထက်ကိုပိုဆိုးလာလိမ့်မယ်” ဟု ၎င်းင်းကဆို သည်။ လက်ရှိပြဋ္ဌာန်းထားသောဥပဒေများအရလည်း တောင်သူလယ်သမားတွေဘ၀ မြေယာမဲ့ ဖြစ်မည့်အရေးကိုမကယ်နိုင်ဘဲဖြစ် နေသည်ဟု ဦးမြင့်သွင်ကညည်းတွားသည်။ ယခုလို တရုတ်နိုင်ငံ သားတွေအပါဝင် နိုင်ငံခြားသားများက နိုင်ငံသားအမည်ခံပြီး ဥပဒေကိုလက်တစ်လုံးခြားပြုကာ ငွေအလုံးအရင်းဖြင့် မြေအ၀ယ် ထွက်နေကြသည့်အချိန်အခါမျိုးတွင် အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် မြေယာမဲ့နေသော၊ မကြာမီမြေယာမဲ့တော့ မည့်တောင်သူလယ်သမားများ၏အရေးကို ထည့်သွင်းစဉ်းစားဖို့ အချိန်တန်ပြီဟု ၎င်းင်းကဆိုပါသည်။
“ဥပဒေတွေက ခပ်ညံ့ညံ့လွှတ်တော်ကိုယ်စားလှယ်တွေ ကြားက ထွက်လာတာပဲလေ။ ဘာမူဝါဒမှမပါဘူး။ ဖြေရှင်းဖို့သိပ် ခက်တယ်” ဟု ဦးမြင့်သွင်ကပြောသည်။


Credit...http://myanmarb2bmagazine.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။