Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 30, 2015

အချစ်စစ်ဆိုတာ


အချစ်စစ်ဆိုတာ
------
အချိန်က မနက် ၈ နာရီခွဲလောက်…. နည်းနည်းအလုပ်ရှုပ်နေတဲ့ မနက်ခင်းတစ်ခုမှာပေါ့ဗျာ.. အသက်ရှစ်ဆယ်လောက်ရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ သူ့လက်က ဒဏ်ရာကို ချုပ်ရိုးဖြေဖို့ရောက်လာပါတယ်…

ရောက်ရောက်ချင်းပဲ သူ ၉ နာရီမှာ ချိန်းထားတာလေးရှိလို့ မြန်မြန်သွားချင်တဲ့အကြောင်းပြောပါတယ်… သူ့ကို သဘောပေါက်ကြောင်းမျက်ရိပ်ပြပြီး ထိုင်ခုံမှာထိုင်ခိုင်းလိုက်ပါတယ်… တစ်ယောက်ယောက်လာမကြည့်ပေးနိုင်သေးသ၍ သူတစ်နာရီတော့စောင့်ရဦးမယ်လို့ ကျွန်တော်တွက်လိုက်ပါတယ်… သူ့နာရီကိုကြည်လိုက် ဒဏ်ရာကိုကြည့်လိုက်နဲ့ သောကများနေတဲ့ပုံကို ကျွန်တော်သတိထားမိလိုက်တယ်… တခြားလူနာတစ်ယောက်မှလည်း ကြည့်စရာမရှိတဲ့အတွက် သူ့အနာကို ကြည့်ပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်….



အနာကိုကြည့်လိုက်တော့ ကောင်းကောင်းကျက်နေပါပြီ… ဒါနဲ့ သူ့ချုပ်ရိုးဖြေပြီး ပတ်တီးပြန်စီးပေးဖို့ လိုတဲ့ပစ္စည်းတွေ အကူတစ်ယောက်ကိုယူခိုင်းလိုက်တယ်… သူ့အနာကို ကျွန်တော်ကုသပေးနေတုန်း သူနဲ့စကားစပြောဖြစ်ပါတယ်.. ဒီလောက်အလျင်လိုနေတာ တခြားဆရာဝန်တစ်ယောက်ယောက်နဲ့များ ချိန်းထားလားလို့ သူ့ကိုကျွန်တော်မေးကြည့်တယ်

ဦးလေးကြီးက မဟုတ်ပါဘူးလို့ဆိုပြီး သူ့ဇနီးနဲ့တူတူ မနက်စာစားဖို့ ဘိုးဘွားရိပ်သာကိုသွားရမှာလို့ ပြောပြပါတယ်… သူမရဲ့ ကျန်းမာရေးအခြေအနေကို ကျွန်တော်မေးကြည့်တယ်… သူက သူ့ဇနီးဟာ အယ်လ်ဇိုင်းမားရောဂါခံစားနေရကတည်းက ဘိုးဘွားရိပ်သာကို ပို့ထားရတာလို့ ပြောပြပါတယ်…

ကျွန်တော်လည်း သိချင်စိတ်ဖြစ်လာတာနဲ့ သူနည်းနည်းနောက်ကျရုံနဲ့ သူ့ဇနီးက ဝမ်းနည်းနေမှာမို့ အလျင်လိုနေတာလားလို့ မေးကြည့်လိုက်တယ်…သူ့ဇနီးက သူဘယ်သူလဲဆိုတာတောင်မသိတော့ဘူးဆိုတာရယ် ဒီလို သူ့ကိုမမှတ်မိတော့တာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းကဆိုတာရယ်ကို ဦးလေးကြီးကပြန်ပြောပြတယ်…

ကျွန်တော်လည်း အံ့သြတကြီးနဲ့ သူ့ကိုမေးလိုက်တယ်…
“ဦးလေးဘယ်သူလဲဆိုတာကို သူမသိတော့တာတောင် ဦးလေးက မနက်တိုင်းသွားနေတုန်းပဲလား…”

သူကပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာပုတ်ပြီး ပြောတယ်…
“ငါ့ကိုသူမသိပါဘူး… ဒါပေမဲ့ ငါကတော့ သူ့ကိုသိနေတုန်းပဲလေ…”

ကျွန်တော်သူနဲ့အတူမျက်ရည်မကျမိအောင် ချုပ်ထိန်းထားခဲ့ရပါတယ်… ကျွန်တော့်လက်မောင်းမှာ ကြက်သီးတွေတောင်ထလို့… ပြီးတော့ ကျွန်တော်တွေးမိတယ်….
“လူတွေလိုချင်နေကြတဲ့ အချစ်စစ်ဆိုတာ ဒါမျိုးပေါ့….”

တကယ့်အချစ်စစ်တွေဟာ လက်တွေ့မကျသလို စိတ်ကူးယဉ်လည်းမဆန်ပါဘူး… အချစ်စစ်ဆိုတာဟာ ဖြစ်တည်မှုအားလုံး… ဖြစ်ပျက်ခဲ့တာတွေအားလုံး… ဖြစ်လာနိုင်စရာအားလုံးနဲ့ မဖြစ်လာနိုင်တဲ့အရာအားလုံးအပေါ်မှာ နားလည်လက်ခံချက်တစ်ခုသာ ဖြစ်ပါတယ်…

နှိုင်းရင့်နွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။