Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Tuesday, October 24, 2017

ပုိက္ဆံ ဘယ္လုိစုပါ့မယ္ ဗ်ဴဟာလုိပါတယ္


ပုိက္ဆံ ဘယ္လုိစုပါ့မယ္ ဗ်ဴဟာလုိပါတယ္

ပုိက္ဆံစုတယ္ဆုိတာ ရည္မွန္းခ်က္တစ္ခုထားၿပီး ေရရွည္တည္ေဆာက္ထားသင့္တဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။
ေငြေၾကးေအာင္ျမင္မႈမွာ ပုိက္ဆံဘယ္ေလာက္ဝင္တယ္ဆုိတာထက္ ဘယ္ေလာက္စုႏုိင္တယ္ဆုိတာက ပုိအေရးႀကီးပါတယ္။
လူေတြက မဝင္ေသးတဲ့ပုိက္ဆံကုိ ေမ်ွာ္ကုိးၿပီး အေၾကြးယူတတ္ၾကတယ္။ ဒါက အဓိက မွားယြင္းေနတဲ့အခ်က္ပဲ။
ကြ်န္ေတာ္တုိ႔ေတြ ပုိက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လုိဗ်ဴဟာေတြ သုံးရမလဲဆုိတာ အခ်က္က်က်တင္ျပခ်င္ပါတယ္။

၁။ သုံးၿပီးမွ မစုေလနဲ႔။
လစာထုတ္တာနဲ႔ လုိခ်င္တဲ့ပစၥည္းေတြကုိ ဝယ္ၿပီးမွ ပုိက္ဆံစုတတ္ၾကတယ္။
တကယ္တမ္းေတာ့ လစဥ္စုေဆာင္းမယ့္ ပုိက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လုိအပ္တဲ့အရာေတြကုိ ဝယ္သင့္ပါတယ္။
လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ပုိက္ဆံကုိ သီးသန္႔ခ်န္ထားသင့္ပါတယ္။
၂။ တံဆိပ္စြဲ မထားေလနဲ႔။
ဆယ္သိန္းေလာက္ရွိတဲ့ iPhone ဝယ္မယ့္အစား အတန္အသင့္သုံးလုိ႔ေကာင္းတဲ့ ႏွစ္သိန္းတန္စမတ္ဖုန္းတစ္လုံးကုိ ဝယ္ၿပီး
က်န္တဲ့ရွစ္သိန္းကုိ စုေဆာင္းလုိက္တာက ပုိအဓိပၸာယ္ရွိပါတယ္။
နာမည္ႀကီးတံဆိပ္ရဲ႕ေနာက္မွာ လုိက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ပစၥည္းကုိ သုံးသင့္တဲ့သေဘာပါ။
ဆုိင္ထုိင္မယ္ဆုိရင္ နာမည္ႀကီးဆုိင္မွာထုိင္တာထက္ အစားအေသာက္ေကာင္းတဲ့ဆုိင္မွာ ထုိင္တာက ပုိအရသာရွိသလုိ ေငြကုန္လည္း သက္သာေစပါတယ္။
၃။ အေသးအဖြဲေလးေတြကုိ ဂရုစုိက္ပါ။
အေအးဘူးဝယ္ေသာက္လုိက္လုိ႔ ငါးရာပဲကုန္တာ
တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ဆိတ္ဖန္မ်ား အနာျဖစ္” တတ္ပါတယ္။
ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ၾကြတ္အိတ္ေတြကို လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့အိတ္လုပ္မယ္ဆုိရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ။
၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ။
ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆုိရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး။ ႏွစ္ပတ္ေလာက္ ေစာင့္လုိက္ပါ။
ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ကုိယ္ကလည္း တကယ္လုိခ်င္တယ္ေနတယ္၊ ပစၥည္းကလည္း လုိအပ္ေနတယ္ဆုိေတာ့မွ ဝယ္လုိက္ပါ။
ေစာင့္ေနတဲ့အေတာအတြင္းမွာ တျခားလူဝယ္လုိ႔ ကုန္သြားမွာစိတ္မပူပါနဲ႔။ ပိုေကာင္းပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာေရာက္ေနပါၿပီ။
၅။ အင္တာနက္ ေလ်ာ့သုံးပါ။
ကုိယ့္အလုပ္ဟာ အင္တာနက္နဲ႔မသက္ဆုိင္ဘူးဆုိရင္ တစ္ေန႔မွာ တစ္နာရီထက္ ပုိမသုံးပါနဲ႔။

၆။ လုိအပ္တာလား လုိခ်င္တာလား။
လူေတြဟာ ကုိယ့္အတြက္ တကယ္မလုိအပ္တဲ့ပစၥည္းေတြကုိမွ လုိခ်င္ေနမိတတ္တယ္။
“မလုိအပ္တဲ့အရာေတြကုိ ဝယ္မိရင္ လုိအပ္တာေတြ ထုတ္ေရာင္းရမယ္” ဆုိတဲ့ ဝါရင့္ဘန္႔ဖတ္ရဲ႕စကားအတုိင္းပဲ ဆႏၵေနာက္ မလုိက္မိပါေစနဲ႔။
ေနာက္ဆုံးအေရးႀကီးတာက ပုိက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖုိ႔ပဲ။
ရည္မွန္းခ်က္ထားၿပီး ပုိက္ဆံစုတာက ပုိအဓိပၸာယ္ရွိသလုိ ပန္းတုိင္သတ္မွတ္ၿပီး ေလ်ွာက္လွမ္းတဲ့ဘဝဟာ အႏွစ္သာရျပည့္ဝေနတာေပါ့။
ကဲ . . သူငယ္ခ်င္းေတြ သိရေအာင္လည္း ေဝငွေပးလုိက္ဦးေနာ္။
ေက်ာ္စုိးေအာင္ (အခရာ)
Unicode >>>
ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်

ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။
လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။
ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။
၁။ သုံးပြီးမှ မစုလေနဲ့။
လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။
တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။
လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။
၂။ တံဆိပ်စွဲ မထားလေနဲ့။
ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး
ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။
နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။
ဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။
၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။
အအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ
တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။
ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။
၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။
ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။
နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။
စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။
၅။ အင်တာနက် လျော့သုံးပါ။
ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။

၆။ လိုအပ်တာလား လိုချင်တာလား။
လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။
“မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။
နောက်ဆုံးအရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။
ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ဘဝဟာ အနှစ်သာရပြည့်ဝနေတာပေါ့။
ကဲ . . သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးလိုက်ဦးနော်။
ကျော်စိုးအောင် (အခရာ)

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။