ပြတ်သားပါ
✿✿✿✿✿
ပြတ်သားဖို့ လိုအပ်လာရင် ရဲရဲဝံ့ဝံ့ ပြတ်သားပါ..
ဒါပေမဲ့ ဆုံးဖြတ်ချက် မချခင် အချိန်အတိုင်းအတာ တစ်ခုထိတော့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်...
တစ်ချို့ ပြဿနာတွေက အချိန်တော်တော်များများ ပေးလိုက်မှ အဖြစ်မှန်ကို သိလိုက်ရတာတွေ ရှိပါတယ်...
အချိန်မတိုင်ခင် ပြတ်သားစွာ ဆုံးဖြတ်လိုက်လို့ ထင်မထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာခဲ့ရင် ပြန်ဆယ်ယူဖို့ဆိုတာ မလွယ်ပါဘူး..
တွေဝေတယ်ဆိုတာ တကယ်အရေးကြုံလာရင် အခွင့်အရေးမှန်သမျှ လက်လွတ်ဆုံးရတတ်သလို၊ ဆုံးဖြတ်ချက်မြန်ခြင်းဆိုတာလည်း ကောင်းတယ်လို့ ထင်ရပေမယ့် ပြန်ပြင်မရတဲ့ အရာတွေအတွက်တော့ ဆုံးရှုံးနစ်နာမှုကြီးရင်ကြီးသလောက် ပိုပြီး ခံစားရပါလိမ့်မယ်..
အချိန်ယူလို့ စဉ်းစားဆင်ခြင် သုံးသက်ပြီးမှ ပြတ်သားပါ..ပြတ်သားပြီးရင်လည်း နောက်ပြန်လှည့် ကြည့်စရာမလိုအောင် ဆုံးဖြတ်ချက် ခိုင်မာပါစေ..
တွေဝေတွန့်ဆုတ် နေတာထက်စာရင် ဆုံးဖြတ်ချက် ပြတ်သားခြင်းက ကောင်းတဲ့ အရွေ့ကို လျှင်လျှင်မြန်မြန်နဲ့ ရောက်စေနိုင်တာ အသေအချာမို့လေ...
ကိုကိုရဲ(တန့်ဆည်)
Photo>>credit to original uploader
✿✿✿✿✿
ပြတ်သားဖို့ လိုအပ်လာရင် ရဲရဲဝံ့ဝံ့ ပြတ်သားပါ..
ဒါပေမဲ့ ဆုံးဖြတ်ချက် မချခင် အချိန်အတိုင်းအတာ တစ်ခုထိတော့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်...
တစ်ချို့ ပြဿနာတွေက အချိန်တော်တော်များမျာ
အချိန်မတိုင်ခင် ပြတ်သားစွာ ဆုံးဖြတ်လိုက်လို့ ထင်မထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာခဲ့ရင် ပြန်ဆယ်ယူဖို့ဆိုတာ မလွယ်ပါဘူး..
တွေဝေတယ်ဆိုတာ တကယ်အရေးကြုံလာရင် အခွင့်အရေးမှန်သမျှ လက်လွတ်ဆုံးရတတ်သလို၊ ဆုံးဖြတ်ချက်မြန်ခြင်းဆ
အချိန်ယူလို့ စဉ်းစားဆင်ခြင် သုံးသက်ပြီးမှ ပြတ်သားပါ..ပြတ်သားပြီးရင
တွေဝေတွန့်ဆုတ် နေတာထက်စာရင် ဆုံးဖြတ်ချက် ပြတ်သားခြင်းက ကောင်းတဲ့ အရွေ့ကို လျှင်လျှင်မြန်မြန်နဲ့ ရောက်စေနိုင်တာ အသေအချာမို့လေ...
ကိုကိုရဲ(တန့်ဆည်)
Photo>>credit to original uploader
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။