Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 18, 2017

Facebook ရဲ့ ( hiddenfeature ) (23) မျိုး


Facebook ကိုသူများတွေထက် ဆရာကျကျသုံးနိုင်အောင်လို့ ဒီ post ထဲကအချက်အလက်တွေကို သေချာဖတ်ကြည့်ပြီး အသုံးချနိုင်ပါတယ်။
“နောင်အခါပြန်လည်ရှာဖွေရ လွယ်ကူအောင် ဒီ post ကို သင့် wall ပေါ်မှာ share လုပ်ပြီး သိမ်းထားလိုက်ပါ ´´
Facebook ဟာ အကျိုးအရှိဆုံး public-facing website တွေထဲကတစ်ခုဖြစ်လာဖို့ standalone software application ပေါင်းများစွာနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါ့အပြင် လူတွေ သိပ်မသိသေးတဲ့ Facebook ကို အသုံးချနည်းတွေလည်း အများအပြားရှိနေပါသေးတယ်။
(1) ရှိလို့ရှိမှန်းတောင် သတိမထားမိတတ်တဲ့ inbox

Message box ထဲက ‘Message Requests’ folder ပါ။ ဒီနေရာမှာ သင်နဲ့ Facebook friend မဟုတ်သူတွေက ပို့တဲ့ message တွေရှိပါတယ်။ ဒီ Message တွေကို ဖတ်ချင်ရင် home screen ရဲ့ ထိပ်ဆုံးက ‘messages’ icon ကို ရွေးပါ။ ပထမဦးဆုံး မကြာသေးခင်က ပြောထားတဲ့ သင့်ရဲ့ conversation တွေကို မြင်ရမှာပါ။ အဲဒါရဲ့ ညာဖက်မှာ ‘Message Requests’ ကို တွေ့မြင်ရမှာပါ။
ဒါကို နှိပ်လိုက်ရင်တော့ ‘see filtered requests’ ဆိုတဲ့ link ပေါ်လာပြီး အဲဒီ link ကနေတဆင့် သူစိမ်းတွေက သင့်ကိုပို့ထားတဲ့ message တွေကို မြင်ရမှာပါ။
________________________________
(2) သင်ရဲ့ account ကို ဘယ်သူသုံးနေလဲဆိုတာ သိနိုင်ပါတယ်
သင်မသိဘဲ သင့် account ကို တစ်စုံတစ်ယောက်က သုံးနေသလားဆိုတာ သိချင်ပါသလား?
Setting page ကိုသွားပါ။ Security folder ရဲ့အောက်မှာ “Where You’re Logged in” ဆိုတဲ့ link ကိုတွေ့နိုင်ပါတယ်။ အဲဒီမှာ desktop ဒါမှမဟုတ် mobie ကနေတဆင့် သင့် account ကို log in ဝင်ထားတဲ့ မှတ်တမ်းတွေကို မြင်ရမှာပါ။ log in ဝင်တဲ့ တည်နေရာ device အမျိုးအစား browser အမျိုးအစားတွေပါပါတယ်။ မသင်္ကာစရာရှိတယ်လို့ ခံစားရရင် တခြားသူတွေ device တွေက log in ဝင်လို့မရအောင် “end activity” ကို ရွေးထားလိုက်ပါ။
________________________________
(3) လျှို့ဝှက် Emoji လေးတွေလည်း ရှိပါသေးတယ်
ဒါကတော့ လူတော်တော်များများ သိကြမှာပါ။
Facebook မှာ (y) ဆိုတဲ့ symbol ကိုရိုက်လိုက်ရင် လက်မထောင်တဲ့ symbol ပေါ်လာတာမျိုး :|] symbol ကို ရိုက်လိုက်ရင် robot ပုံပေါ်လာတာမျိုး စတဲ့ Emoji တွေဖန်တီးလို့ရပါတယ်။
ဒါပေမယ့် တချို့ symbol တွေကို mobile phone သုံးရင် မြင်ရမှာမဟုတ်ပါဘူး။
________________________________
(4) Messenger ကနေတဆင့် file တွေ ပို့လို့ရပါတယ်
Facebook messenger ကိုဖွင့်လိုက်ရင် အောက်ခြေမှာ paper clip ပုံ icon လေးကို မြင်ရမှာပါ။ ဒီ icon ကို click နှိပ်ပြီး သင့်ရဲ့ computer ကနေတဆင့် file တွေ share လို့ရပါတယ်။ တဖက်လူကလည်း သင်ပို့ထားတာကို download ဆွဲပြီး ကြည့်ရုံပါပဲ။
________________________________
(5) ကိုယ်တင်မယ့် Post ရဲ့ ဆိုဒ်ကို ဖန်တီးပါ
တခါတလေမှာ သင်ဟာ image တစ်ခုထက်ပိုတာမျိုး စာကြောင်းရေ ခပ်များများ ရေးထားတာမျိုးတွေကို share ချင်ရင် Facebook မှာပါတဲ့ ‘note’ ကို အသုံးချလို့ရပါတယ်။ ဒီနေရာမှာ သင်ဟာ စာပိုဒ်ရေအမြောက်အများနဲ့ ဓာတ်ပုံအများအပြားကို share လို့ရမှာပါ။ Facebook.com/notes ကိုသွားရင် သင် follow လုပ်ထားတဲ့သူတွေရဲ့ note တွေကိုမြင်ရမှာပါ။ Note တစ်ခုဖန်တီးချင်ရင် “+Write a Note” ကိုရွေးရမှာဖြစ်ပြီး သင့်ရဲ့ note ကို တစ်ခါတည်းနဲ့ရေးလို့မပြီးရင် save ထားလို့ရပါတယ်။
________________________________
(6) သင့်ရဲ့ အချစ်ရေးအကြောင်း အသေးစိတ်ပြန်ကြည့်ပါသလား?
သင့်ရဲ့ အချစ်ရေးသမိုင်းစဉ် တစ်လျှောက်လုံးကို ပြန်ကြည်နူးချင်ရင် www.Facebook.com/us ကို သွားကြည့်ပါ။ ဒီနေရာမှာ သင် relationship တင်ခဲ့တဲ့ ဘယ်သူမဆိုနဲ့ ပတ်သက်ခဲ့တဲ့ မှတ်တမ်းတွေရှိနေပါတယ်။
သင်ဟာ Facebook သုံးတဲ့ သက်တမ်းတစ်လျှောက် single ဆိုရင်တော့ ဒီ link ကိုနှိပ်ရင် သင့်ရဲ့ မူလ page ကိုပဲ ပြန်ရောက်မှာပါ။ ဘာလို့လဲဆိုတော့ သင်ဟာ သင့်ကိုယ်သင်ပဲချစ်မြတ်နိုးတယ်လို့ Facebook က ယူဆလိုက်လို့ပါ။
________________________________
(7) Post တွေကို သိမ်းထားလို့ရပါတယ်
ကိုယ်နောက်မှ ဖတ်ချင်တဲ့ post တစ်ခုခုကို သိမ်းထားချင်တာမျိုးဆိုရင် အဲဒီ post ရဲ့ ညာဖက်ထိပ်က မြှားလေးကို နှိပ်ပြီး ကျလာတဲ့အထဲက Save link ကို နှိပ်ပါ။ ဒါဆိုရင် saved folder ထဲမှာ သင်သိမ်းထားတဲ့ post ရောက်သွားပါပြီ။ Facebook screen ရဲ့ ညာဖက် favorites bar မှာ saved folder ကိုတွေ့နိုင်ပါတယ်။ သင့်မှာ save ထားတာ ဘာမှမရှိဘူးဆိုရင် ဒီ folder ကိုလည်း မြင်ရမှာမဟုတ်ပါဘူး။
________________________________
(8) Facebook မှာ သင် share ထားသမျှ အရာအားလုံးကို copy ထားလို့ ရပါတယ် Setting> General ကိုသွားပြီး အောက်ခြေမှာရှိတဲ့ “Download a copy of your Facebook data” ကို သွားပါ။ ပြီးရင် အဲဒီမှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လုပ်ပါ။ သင့်ရဲ့ Facebook account ကို ဖျက်လိုက်ရင်တောင် ဒီ data တွေက ပျောက်မှာမဟုတ်ပါဘူး။
________________________________
(9) သင် Facebook ကို လုံးဝမသုံးနိုင်တော့တဲ့ အခြေအနေနဲ့ ကြုံရရင်…
သင်ဟာ ဆုံးပါးသွားတာဖြစ်ဖြစ် Facebook မသုံးဖြစ်တော့တဲ့ အခြေအနေမျိုးနဲ့ ကြုံရတာဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် သင့်ရဲ့ account ကို ဘယ်သူက manage လုပ်ပေးနိုင်မလဲဆိုတဲ့ “legacy contact” တစ်ခုကို Facebook က ဖန်တီးပေးထားပါတယ်။သင်ရဲ့ legacy contact ဖြစ်သူဟာ သင်ရဲ့ account တစ်ခုလုံးကို access လုပ်နိုင်မှာဖြစ်ပေမယ့် message တွေကိုတော့ သင်ခွင့်ပြုထားခဲ့မှသာ access လုပ်ခွင့်ရှိမှာပါ။
Settings>General>Manage Account>Legacy Contact မှာ သင့်ရဲ့ account ကို manage လုပ်စေချင်တဲ့ Facebook friend တစ်ယောက်ကို ရွေးရမှာပါ။ သင်ဆုံးပါးပြီးနောက်ပိုင်းမှာ သင့်ရဲ့ account ကို ဖျက်လိုက်ဖို့လည်း ရွေးချယ်ဆုံးဖြတ်လို့ရပါတယ်။
________________________________
(10) Security အပြည့်အဝယူပါ
သင်ရဲ့ account ပိုမို လုံခြုံမှုရစေဖို့ နည်း 3 နည်းရှိပါတယ်။
Settings>Security and Login>Setting up Extra Security မှာ တွေ့နိုင်ပါတယ်။
1- two factor authentication ကို ဖွင့်ထားပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ account ကို device အသစ်တစ်ခုနဲ့ log in ဝင်ချင်ရင် သင့်ရဲ့ phone no. ကိုပါ access လုပ်ရမှာပါ။
2- unrecognize login တွေအတွက် အချက်ပြစနစ်ဖွင့်ထားပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ account ကို သင်နဲ့ မရင်းနှီးတဲ့ device ဒါမှမဟုတ် browser ကနေ log in ဝင်ဖို့ကြိုးစားရင် Facebook က အသိပေးမှာပါ။
3- သင့် account lock ကျတာမျိုးနဲ့ကြုံရင် ဖြေရှင်းရလွယ်အောင် trusted contact တွေထားပါ။ Trusted contact တွေဟာ သင့်ရဲ့ account ပြန်ရအောင် ကူညီပေးမယ့် Facebook friend တွေဖြစ်သင့်ပါတယ်။ ဒီ contact တွေ change လို့လည်း ရပါတယ်။
________________________________
(11) Facebook mobile browser tracking ကို ပိတ်ထားလို့ရပါတယ်
Facebook မှာ business သမားတွေဟာ ads တွေသုံးလာတာနဲ့ အမျှ Facebook ဟာ သင့်ရဲ့ application သုံးစွဲမှု history နဲ့ web-browsing history ပေါ်မှာ အခြေခံပြီး သင်စိတ်ဝင်စားမယ်ထင်တဲ့ ads တွေပို့လေ့ရှိပါတယ်။ ဒီလို tracking လိုက်တာကို ပိတ်ထားချင်ရင်တော့ third party application တွေကို သုံးရမှာပါ။
________________________________
(12) သင့်ရဲ့ News Feed ကို ရှင်းလင်းလို့ရပါတယ်
တခါတလေ news feed မှာ ကိုယ်နဲ့မရင်းနှီးတဲ့သူတွေရဲ့ post တွေများတတ်ပါတယ်။
ဒါကို ဖြေရှင်းချင်ရင် news feed ရဲ့ ဘေးက အစက်သုံးစက်ကိုနှိပ်ပြီး “Edit preferences” ကို ရွေးပါ။”Prioritize who to see first” ကို နှိပ်ပြီး သင့်ရဲ့ news feed မှာ ပိုမြင်ချင်တဲ့ သူတွေ brand တွေ page တွေကို ရွေးလို့ရသလို သင်မမြင်ချင်တဲ့ အရာတွေကိုလည်း ရွေးလို့ရမှာပါ။
________________________________
(13) တခြား friend တွေရဲ့ relationship ကို စပ်စုလို့ရပါတယ်
သင်ရဲ့ friend တစ်ယောက်က တခြား friend တစ်ယောက်ရဲ့ wall ပေါ်မှာ post တစ်ခုခုတင်တဲ့အခါမျိုးမှာ သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှုကို သိချင်ရင် အဲဒီ post ရဲ့ ညာဖက်ထိပ်က မြှားလေးကိုနှိပ်လိုက်ပါ။ More Options ကို ရွေးပြီး see friendship ကနေတဆင့် စပ်စုလို့ရပါတယ်။
နောက်တစ်နည်းကတော့ www.facebook.com/သင့်ရဲ့ friend နာမည် ?and= နောက်တစ်ယောက်နာမည်
ဒီအတိုင်း browser မှာ ရိုက်ကြည့်ရင်လည်း သူတို့နှစ်ယောက်ရဲ့ friendship ကိုတွေ့ရမှာပါ။
________________________________
(14) Public content ကို ထည့်ထားပါ
တခြား social media site တွေလိုပဲ Facebook ဟာလည်း သင့်ရဲ့ webpage မှာ public content ကို embed လုပ်ထားလို့ရပါတယ်။ File ရဲ့ ညာဖက်ထိပ်က pull-down menu ကိုနှိပ်ပြီး embed ကိုရွေးပါ။
________________________________
(15) Ad Preferences တွေကို edit လုပ်လို့ရပါတယ်
သင့်အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ads တွေကိုပဲ မြင်အောင် ချိန်ညှိထားလို့ရပါတယ်။
Settings>Ads ကိုသွားပြီး “Your Interests” ကို ရွေးပါ။ ပြီးရင် သင်စိတ်မဝင်စားတာတွေကို ဖျက်လို့ရပါတယ်။ “Advertisers you’ve interacted with” ရဲ့ အောက်မှာ သင့်ရဲ့ information တွေကို ပေးခဲ့တဲ့ ဒါမှမဟုတ် သင် click လုပ်ခဲ့တဲ့ ads တွေရဲ့ ပိုင်ရှင် advertisers တွေကို မြင်ရမှာပါ။ အဲဒီကနေမှ သင်မကြိုက်တဲ့ advertiser ဆီက ads တွေမရတော့အောင်လုပ်လို့ရပါတယ်။
________________________________
(16) Facebook ကနေတဆင့် ငွေလွှဲ လို့ရပါတယ်
ငွေပို့သူနဲ့ လက်ခံသူနှစ်ယောက်လုံးမှာ debit card ရှိဖို့တော့ လိုပါတယ်။
Settings>Payments ကိုသွားပြီး debit card no. ရိုက်ထည့်ပါ။ accepted ဖြစ်ပြီဆိုတာနဲ့ တခြား user နဲ့ messenger ကနေတဆင့် ငွေလွှဲ/လက်ခံ လို့ရပါပြီ။ Facebook.com မှာဆိုရင်တော့ chat window ရဲ့အောက်ခြေက dollar sign လေးကို နှိပ်လိုက်ရုံပါ။
________________________________
(17) 360-degree နဲ့ ဓာတ်ပုံတွေ video တွေ တင်လို့ရပါပြီ
နောက်ပိုင်း Facebook မှာခေတ်စားလာတာကတော့ 360 degree မြင်နိုင်တဲ့ photo တွေ video တွေပါ။ desktop သုံးတဲ့ user တွေဟာ mouse ဒါမှမဟုတ် keyboard သုံးပြီး 360-degree ကြည့်ရှုခံစားလို့ရမှာဖြစ်သလို mobile မှာလည်း ကိုယ့်ရဲ့ device ကို လှည့်ပြီး ကြည့်လို့ရမှာပါ။
________________________________
(18) ကမ္ဘာအနှံ့မှာ ဘာတွေဖြစ်နေသလဲ ဆိုတာ သိချင်ပါသလား?
Facebook live platform ရဲ့ အလန်းဆုံး feature တစ်ခုကတော့ live map ရရှိခြင်းပါ။
Facebook.com/livemap ကနေ ဝင်ရောက်နိုင်ပါတယ်။ (ဒါက desktop မှာပဲ ရပါတယ်)
ဒီနေရာမှာ ကမ္ဘာ့မြေပုံကို zoom ဆွဲ ကြည့်ပြီး အပြာရောင် အစက်အမှတ်အသားတွေပြထားတဲ့ live stream တွေနဲ့တကွ သူတို့ကို ဘယ်လောက် လူကြည့်များနေလဲဆိုတာပါ တွေ့ရမှာပါ။ (အစက်ပိုကြီးလေလေ လူကြည့်များလေပါ)
တစ်စက်ခြင်းစီပေါ်မှာ click ထောက်ပြီးတော့လည်း preview ကြည့်နိုင်ပါတယ်။
________________________________
(19) Facebook ကနေ အစားအသောက် တွေမှာမယ်
တချို့စားသောက်ဆိုင် တွေရဲ့ page မှာဆိုရင် တိုက်ရိုက်မှာလို့ရတဲ့ link တွေ phone no.တွေ ထည့်ပေးထားပါတယ်။ တချို့ page တွေမှာတော့ “Order Food” icon ကို ထည့်ပေးထားတတ်ပါတယ်။
________________________________
(20) ရန်ပုံငွေ ရှာလို့ရပါတယ်
သင့်အနေနဲ့ တစုံတယောက်ကို ကူညီဖို့ ရန်ပုံငွေ ရှာနေပါသလား?
web မှာဆိုရင် “Fundraiser” icon ကိုနှိပ်လိုက်ရုံပါ။ ဒီ feature ဟာ organization တစ်ခုအတွက် ဒါမှမဟုတ် လူတစ်ယောက်အတွက် ရန်ပုံငွေရှာပေးလို့ရအောင် ကူညီပေးပါတယ်။
________________________________
(21) Frame တစ်ခု ဖန်တီးပါ
Facebook ဟာ third-party developer တွေအတွက် photo / video overlays တွေ ဖန်တီးလို့ရအောင် ‘Camera Effects’ platform တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Screen ရဲ့ ဘယ်ဖက်က “Create a Frame” ကို နှိပ်ပါ။ ပြီးရင် “Create a Frame” button ကို နှိပ်ပြီး photo overlay တစ်ခုဖန်တီးလိုက်ပါ။
________________________________
(22) Facebook မှာ ဂိမ်း ဆော့လို့ရပါတယ်
Facebook user တွေဟာ messenger ကနေတဆင့် သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ဂိမ်း တွေဆော့လို့ရပါတယ်။ user တွေဟာ ဘယ် platform ကနေမဆို သူငယ်ချင်း တွေကို challenge ခေါ်လို့လည်း ရပါသေးတယ်။
________________________________
(23) Town Hall ဒေသအုပ်ချုပ်ရေး
ဒီ စကားဟာ နည်းနည်းတော့ ဆန်းနေပါလိမ့်မယ်။ Facebook town hall ဟာ သင့်ရဲ့ address ပေါ်မူတည်ပြီး အုပ်ချုပ်ရေး အရာရှိ တာဝန်ခံတွေကို ဖော်ပြပေးရုံတင်မကပါဘူး၊ politician pages တွေကို follow လုပ်လို့ရအောင်လည်း one-click access ပေးပါတယ်။ သင်ရဲ့ ဒေသမှာ ရွေးကောက်ပွဲရှိရင်အချက်ပေးမယ့် voting reminder ကိုတောင် ဖွင့်ထားလို့ရပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာဖတ်ရှုပြီး Facebook ကိုဆရာကျကျ အဆင့်မြင့်မြင့် အသုံးပြုနိုင်ကြပါစေ …
Reload by James Rodriguez
Credit : original uploder 
 http://www.lwinpyin.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။