Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 24, 2017

ဘရုစ်လီရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်

#ဘရုစ်လီရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်
ကမ္ဘာကျော် ကွန်ဖူးသိုင်းသမားနဲ့ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား ဘရုစ်လီအကြောင်း ရေးထားတဲ့ စာအုပ်တွေမှာ သူဟာ Napoleon Hill ရေးခဲ့တဲ့ Think and Grow Rich စာအုပ်ကို ဖတ်ခဲ့တယ်လို့ ရေးပြထားကြတယ်။ သူဟာ သူများတကာလို စာအုပ်တွေ ဖတ်တယ်။ ပြီးရင် စာအုပ်ထဲက အကြောင်းအရာတွေကို မေ့သွားတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူ သဘောကျတဲ့ စာသားကို အသေမှတ်ထားပြီး လက်တွေ့ကျင့်သုံးလိုက်နာတတ်သူပါ။
သူဟာ Thank and Grow Rich စာအုပ်ထဲက တိကျသော ရည်မှန်းချက် (definiteness of purpose) ဆိုတဲ့ နည်းကို သဘောကျပြီး လက်တွေ့လိုက်နာကျင့်သုံးခဲ့တယ်။
အဲဒီနည်းက ရိုးရိုးရှင်းရှင်းလေးပါ။

- ၁) သင် ဘာဖြစ်ချင်လဲ။ သင်ဘာလိုချင်သလဲ
- ၂) အဲဒါကို ဘယ်နေ့မှာ ရချင်သလဲ
- ၃) အဲဒါတွေရဖို့ ဘာတွေ ပေးဆပ်မလဲ
- အဲဒါတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပြီး မနက်အိပ်ယာထစ တစ်ကြိမ်နဲ့ ညမအိပ်ခင် တစ်ကြိမ် နေ့တိုင်း အသံထွက် မပျက်မကွက် ဖတ်ပါ။ စာရွက်ထဲက သင် ဖြစ်ချင်တာ တကယ်ဖြစ်လာပါလိမ့်မယ်တဲ့။
ဘရုစ်လီဟာ ၁၉၆၉ုနှစ်မှာ သူ့ရဲ့ တိကျတဲ့ ရည်မှန်းချက်ကို သူ့လက်ရေးနဲ့ခုလို ရေးခဲ့တယ်။
- "ငါ ဘရုစ်လီဟာ အမေရိကန်နိုင်ငံမှာ ဝင်ငွေအကောင်းဆုံး အရှေ့တိုင်းသား ရုပ်ရှင်မင်းသား ဖြစ်ရမယ်။ အဲဒီလို ဖြစ်ဖို့ ငါ့ရဲ့အကောင်းဆုံး သိုင်းပြကွက်တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြမယ်။ ၁၉၇၀ ခုနှစ်ကစပြီး ငါ့နာမည် ကျော်ကြားလာရမယ်။ ၁၉၈၀ နှစ်ကုန်မှာ ငါဟာ ဒေါ်လာ ၁၀ သန်းကို ပိုင်ဆိုင်နေရမယ်။ ငါလိုချင်တဲ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမယ်"
- ဘရုစ်လီ (၁၉၆၉ ခုနှစ် ဇန်နဝါရီလ)
သူရေးထားတဲ့ တိကျတဲ့ ရည်မှန်းချက်စာရွက်လေးကို သူ ကွယ်လွန်သွားပြီးမှ တွေ့ရတာပါ။
ဒီမှာ စိတ်ဝင်စားစရာတစ်ခုကို တွေ့ရပါတယ်။
သူအဲဒီစာကို ရေးခဲ့တဲ့ ၁၉၆၉ ခုနှစ်မှာ ဘရုစ်လီဟာ ဟောလီးဝုဒ်ရုပ်ရှင်မင်းသားအဖြစ် နာမည်ကြီးဖို့နေနေသာသာ ရုပ်ရှင်ကားတစ်ကားတောင်မှ မရိုက်ဖူးသေးဘူး။ နောက်ပြီး သူဟာ ဒုက္ခသုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေချိန်ပါ။ သူ့ရဲ့ ခါရိုးအကြော ဒဏ်ရာရလို့ တစ်ကိုယ်လုံး မလှုပ်ရှားနိုင်ဘဲ အမေရိကန်ဆေးရုံတစ်ခုရဲ့ ကုတင်ပေါ် လဲလျောင်းနေရတယ်။ ကွန်ဖူးသိုင်းလေ့ကျင့်ခန်း မလုပ်နိုင်ဘူး။ သူ့မိသားစုကို မထောက်ပံ့ပေးနိင်ဘူး။ အိမ်ခန်းငှားခ ပေးစရာမရှိဘူး။ သူငယ်ချင်းတွေဆီက ချေးထားတဲ့ ပိုက်ဆံတွေ မဆပ်နိုင်ဘူး။
ဒါပေမဲ့ သူဟာ ဝင်ငွေကောင်းတဲ့ ဟောလီးဝုဒ်ရုပ်ရှင်မင်းသားဖြစ်ဖို့နဲ့ ၁၀ နှစ်အကြာ ၁၉၈၀ မှာ ဒေါ်လာ ၁၀ သန်းပိုင်ဖို့ သူ့ရည်မှန်းချက်ကို လက်မလျှော့ဘူး။
၁၉၈၁ ခုနှစ်မှာ ဟောင်ကောင်က Golden Harvest ရုပ်ရှင်ကုမ္ပဏီကရိုက်ကူးတဲ့ The Big Boss ကွန်ဖူးသိုင်းကားနဲ့ စတင်နာမည်ကြီးသွားတယ်။ နောက်ပိုင်းမှာ ဟောလီးဝုဒ်က Warner Brothers ရုပ်ရှင်ကုမ္ပဏီက သူ့ကို မင်းသားတင်ရိုက်လို့ ကွန်ဖူးမင်းသားအဖြစ် ကမ္ဘာကျော်သွားခဲ့တယ်။ သူဟာ အသက် ၃၂ နှစ်အရွယ် ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူ မကွယ်လွန်ခင်မှာပဲ ၁၉၈၀ ခုနှစ်မှာ ရဖို့ မျှော်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းထက် ငွေကြေးအဆပေါင်းများစွာကို ပိုင်ဆိုင်နေခဲ့ပြီးပါပြီ။
Think and Grow Rich စာအုပ်ရေးသားတဲ့ Napoleon Hill က ဟောပြောပွဲမှာ ပြောပြခဲ့ဖူးတယ်။ လူတွေဟာ စာအုပ်တွေတော့ ဖတ်ကြပါရဲ့။ ဒါပေမဲ့ စာအုပ်ထဲက နည်းနာတွေကို လက်တွေ့ကျင့်သုံးကြသူတွေဟာ ၂ ရာခိုင်နူန်းပဲ ရှိကြတယ်တဲ့။ ဒါကြောင့်လည်း ကမ္ဘာကြီးရဲ့ လူဦးရေ ၂ ရာခိုင်နူန်းသာ အောင်မြင်သူတွေ ဖြစ်နေကြတာပါတဲ့။

မှတ်ချက်။
(၁) motivationalmemo.com ဝက်ဆိုက်မှာ Joe Barnes ရေးထားတဲ့ "Want Success? Get a Definite Chief Aim" ဆောင်းပါးကို မီုငြမ်းထားတာပါ။
(၂) Think and Grow Rich စာအုပ်ဟာ ၁၉၃၇ ခုနှစ်ကတဲက ထုတ်ဝေခဲ့ပြီး ယနေ့အထိ အုပ်ရေသန်းပေါင်းများစွ ရောင်းနေရတဲ့ ကြီးပွားအောင်မြင်ရေး self-help တက်ကျမ်းစာအုပ်ပါ။ ဆရာကြီး ရွှေဥဒေါင်းက အဲဒီစာအုပ်ကို "အကြံဉာဏ်ဖြင့် ကြီးပွားရေး" လို့ မြန်မာလို ရေးထားပါတယ်။
ဗန်းမော်သိန်းဖေ
၂၅-၁၀-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။