ကျွန်တော် နှစ်သက်သော ပညာရေး အယူအဆ အချို့
xxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxx
ပညာရေး နဲ့ “ ကလေး ”
-------------------
ပညာရေးဆိုတာ “ ကလေး ” အကြောင်းကို ကောင်းစွာသိဖို့ လိုပါတယ်။
ကလေးဆိုတာ “ လူကြီးအငယ်စား” မဟုတ်ပါ။ ကလေးမှာ ကလေးအမြင်၊
ကလေးအကြိုက်၊ ကလေးအတွေး၊ ကလေးအိမ်မက်၊
စသည်ဖြင့် ကလေးဘာသာရပ် သပ်သပ်ရှိပါတယ်။
ဒါကြောင့် သင်ကြားရေး အပိုင်းမှာ ကလေးကို ကလေးအမြင် ကလေးအတွေး နဲ့
ဆီလျှော်အောင် သူ့အရွယ်နဲ့သူ ကိုက်ညီအောင် သင်ပြခြင်းဟာ အလွန်အရေးကြီးပါတယ်။
ကလေးကို လူကြီးအငယ်စားလို သဘောထားပြီး
အသက်ငယ်ရင် နည်းနည်းလွယ်တဲ့ သင်ခန်းစာသင်ပေးမယ်။
အသက်နည်းနည်းကြီးရင် နည်းနည်းခက်တဲ့ သင်ခန်းစာသင်ပေးမယ်
ဆိုတဲ့ အယူအဆများဟာ ကလေးငယ်များရဲ့ ဖန်တီးမူစွမ်းရည်ကို
အလွန်ထိခိုက်တယ်လို့ ဆိုပါတယ်။
ကလေးကို ကလေးသဘောသဘာဝအတိုင်း ပညာဆည်းပူးစေခြင်းကို ဆိုလိုပါတယ်။
ငါးချကြွေးခြင်းနှင့် ငါးဖမ်းတတ်ခြင်း
-------------------------- --
အသင့်ချက်ပြီးသားငါးကို စားတတ်ခြင်းထက်
ငါးဖမ်းအတတ်ကို တတ်မြောက်ခြင်းကသာ ဦးတည်ချက် ဖြစ်သင့်ပါတယ်။
ပညာရေးလည်း အတူတူပါ။
ဆရာများသင်ပေးသော ပညာကို အလွတ်ကျက်မှတ်ခြင်းထက်
မိမိကိုယ်တိုင် လိုအပ်သောပညာရပ်ကို ရှာဖွေအသုံးပြုတတ်ခြင်းက ပိုမို အဓိက ကျပါတယ်။
“ပညာရှာဖွေတတ်သောအတတ်” ကို လေ့လာဆည်းပူးခြင်းဟာ
ပညာသင်ကြားခြင်းရဲ့ အဓိက ဦးတည်ချက် ဖြစ်သင့်ပါတယ်။
အုပ်ချုပ်မူ နဲ့ ဦးဆောင်မူ
--------------------
ကျောင်းကောင်းတစ်ကောင်းဖြစ် ဖို့ဆိုတာ အုပ်ချုပ်မူ့ ကောင်းခြင်းထက်
ဦးဆောင်မူ့ ကောင်းခြင်းက ပိုမို အရေးကြီးပါတယ်။
အုပ်ချုပ်မူ ဟာ စည်းမျဉ်းစည်းကမ်း ကောင်းခြင်း၊ စီမံခန့်ခွဲမူ ပိုင်နိုင်ခြင်းတို့
နှင့်သက်ဆိုင်ပြီး ကျောင်းတိုးတက်ဖွံ့ဖြိုးမူ့ အတွက် အရေးပါပါတယ်။
ဒါပေမဲ့၊ အမျှော်အမြင်ရှိခြင်း၊
ဆရာဆရာမများအားလုံးနဲ့ ကျောင်းဝန်ထမ်း များကို စိတ်ဓါတ် အားကောင်းစေပြီး
အစွမ်းကုန် ကြိုးစားစေခြင်းတို့ဟာ ကျောင်းသားများကို ပိုမို တိုးတက်စေနိုင်ပါတယ်။
အဲဒီအချက်တွေဟာ ဦးဆောင်မူနဲ့ ပိုမိုသက်ဆိုင်ပါတယ်။
စည်းကမ်းနဲ့ ယဉ်ကျေးမူ
-------------------
ကျောင်းဝင်းအတွင်း အမိုက်တွေ့လို့ မကောက်မနေရ အမိန့်ထုပ်ပြီး
ကျောင်းသားများကို အမိုက်ကောက်ခိုင်းတာ “ ကျောင်းစည်းကမ်း” လို့ ခေါ်ပါတယ်။
အဲ..ဘာစည်းကမ်းမှ ထုတ်မထားပဲ အမိုက်တွေ့ရင်
ကိုယ့်အသိစိတ်နဲ့ကိုယ်ကော က်တတ်ခြင်းဟာ “ ကျောင်းယဉ်ကျေးမူ့” လို့ခေါ် ပါတယ်။
ပညာရေး ပြုပြင်ပြောင်းလဲခြင်း
-------------------------
ပညာရေး စနစ်ပြုပြင်ပြောင်းလဲဖို့ စဉ်းစားကြပြီဆိုရင်
အခန်းကဏ္ဍပေါင်းစုံ၊ ရူ့ တောင့်ပေါင်းစုံကနေ ထည့်သွင်းစဉ်းစားကြရမယ်ဆို တာကို
သပေါပေါက်ပါတယ်။
ဒါပေမဲ့ ဘယ်ပညာရေးစနစ်ပဲ သွားသွား၊ ဆရာများရဲ့ အခန်းကဏ္ဍဟာ
အရေးကြီးဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
ဆရာဆရာမများ ကောင်းမွန်စွာနားမလည်တဲ့၊
ဆရာဆရာမများ တက်ကြွစွာ မပါဝင်တဲ့ ဘယ်ပညာရေး ပြောင်းလဲမူ ဖြစ်ဖြစ်၊
ထိရောက် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ပညာရေးဘတ်ဂျက်ကို ခွဲဝေသုံးစွဲတဲ့ နေရာမှာ
ပေါ်လစီတွေ၊ သင်ရိုးညွန်းတမ်းတွေဟာ အရေးကြီးသလို
ဆရာဆရာမများကို ပြုစုပျိုးထောင်ဖို့ ပိုမိုအရေးကြီးပါကြောင်း၊
Ref: we chat
xxxxxxxxxxxxxxxxxxxxxxxxxx
ပညာရေး နဲ့ “ ကလေး ”
-------------------
ပညာရေးဆိုတာ “ ကလေး ” အကြောင်းကို ကောင်းစွာသိဖို့ လိုပါတယ်။
ကလေးဆိုတာ “ လူကြီးအငယ်စား” မဟုတ်ပါ။ ကလေးမှာ ကလေးအမြင်၊
ကလေးအကြိုက်၊ ကလေးအတွေး၊ ကလေးအိမ်မက်၊
စသည်ဖြင့် ကလေးဘာသာရပ် သပ်သပ်ရှိပါတယ်။
ဒါကြောင့် သင်ကြားရေး အပိုင်းမှာ ကလေးကို ကလေးအမြင် ကလေးအတွေး နဲ့
ဆီလျှော်အောင် သူ့အရွယ်နဲ့သူ ကိုက်ညီအောင် သင်ပြခြင်းဟာ အလွန်အရေးကြီးပါတယ်။
ကလေးကို လူကြီးအငယ်စားလို သဘောထားပြီး
အသက်ငယ်ရင် နည်းနည်းလွယ်တဲ့ သင်ခန်းစာသင်ပေးမယ်။
အသက်နည်းနည်းကြီးရင် နည်းနည်းခက်တဲ့ သင်ခန်းစာသင်ပေးမယ်
ဆိုတဲ့ အယူအဆများဟာ ကလေးငယ်များရဲ့ ဖန်တီးမူစွမ်းရည်ကို
အလွန်ထိခိုက်တယ်လို့ ဆိုပါတယ်။
ကလေးကို ကလေးသဘောသဘာဝအတိုင်း ပညာဆည်းပူးစေခြင်းကို ဆိုလိုပါတယ်။
ငါးချကြွေးခြင်းနှင့် ငါးဖမ်းတတ်ခြင်း
--------------------------
အသင့်ချက်ပြီးသားငါးကို စားတတ်ခြင်းထက်
ငါးဖမ်းအတတ်ကို တတ်မြောက်ခြင်းကသာ ဦးတည်ချက် ဖြစ်သင့်ပါတယ်။
ပညာရေးလည်း အတူတူပါ။
ဆရာများသင်ပေးသော ပညာကို အလွတ်ကျက်မှတ်ခြင်းထက်
မိမိကိုယ်တိုင် လိုအပ်သောပညာရပ်ကို ရှာဖွေအသုံးပြုတတ်ခြင်းက ပိုမို အဓိက ကျပါတယ်။
“ပညာရှာဖွေတတ်သောအတတ်” ကို လေ့လာဆည်းပူးခြင်းဟာ
ပညာသင်ကြားခြင်းရဲ့ အဓိက ဦးတည်ချက် ဖြစ်သင့်ပါတယ်။
အုပ်ချုပ်မူ နဲ့ ဦးဆောင်မူ
--------------------
ကျောင်းကောင်းတစ်ကောင်းဖြစ်
ဦးဆောင်မူ့ ကောင်းခြင်းက ပိုမို အရေးကြီးပါတယ်။
အုပ်ချုပ်မူ ဟာ စည်းမျဉ်းစည်းကမ်း ကောင်းခြင်း၊ စီမံခန့်ခွဲမူ ပိုင်နိုင်ခြင်းတို့
နှင့်သက်ဆိုင်ပြီး ကျောင်းတိုးတက်ဖွံ့ဖြိုးမူ
ဒါပေမဲ့၊ အမျှော်အမြင်ရှိခြင်း၊
ဆရာဆရာမများအားလုံးနဲ့ ကျောင်းဝန်ထမ်း များကို စိတ်ဓါတ် အားကောင်းစေပြီး
အစွမ်းကုန် ကြိုးစားစေခြင်းတို့ဟာ ကျောင်းသားများကို ပိုမို တိုးတက်စေနိုင်ပါတယ်။
အဲဒီအချက်တွေဟာ ဦးဆောင်မူနဲ့ ပိုမိုသက်ဆိုင်ပါတယ်။
စည်းကမ်းနဲ့ ယဉ်ကျေးမူ
-------------------
ကျောင်းဝင်းအတွင်း အမိုက်တွေ့လို့ မကောက်မနေရ အမိန့်ထုပ်ပြီး
ကျောင်းသားများကို အမိုက်ကောက်ခိုင်းတာ “ ကျောင်းစည်းကမ်း” လို့ ခေါ်ပါတယ်။
အဲ..ဘာစည်းကမ်းမှ ထုတ်မထားပဲ အမိုက်တွေ့ရင်
ကိုယ့်အသိစိတ်နဲ့ကိုယ်ကော
ပညာရေး ပြုပြင်ပြောင်းလဲခြင်း
-------------------------
ပညာရေး စနစ်ပြုပြင်ပြောင်းလဲဖို့ စဉ်းစားကြပြီဆိုရင်
အခန်းကဏ္ဍပေါင်းစုံ၊ ရူ့ တောင့်ပေါင်းစုံကနေ ထည့်သွင်းစဉ်းစားကြရမယ်ဆို
သပေါပေါက်ပါတယ်။
ဒါပေမဲ့ ဘယ်ပညာရေးစနစ်ပဲ သွားသွား၊ ဆရာများရဲ့ အခန်းကဏ္ဍဟာ
အရေးကြီးဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
ဆရာဆရာမများ ကောင်းမွန်စွာနားမလည်တဲ့၊
ဆရာဆရာမများ တက်ကြွစွာ မပါဝင်တဲ့ ဘယ်ပညာရေး ပြောင်းလဲမူ ဖြစ်ဖြစ်၊
ထိရောက် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ပညာရေးဘတ်ဂျက်ကို ခွဲဝေသုံးစွဲတဲ့ နေရာမှာ
ပေါ်လစီတွေ၊ သင်ရိုးညွန်းတမ်းတွေဟာ အရေးကြီးသလို
ဆရာဆရာမများကို ပြုစုပျိုးထောင်ဖို့ ပိုမိုအရေးကြီးပါကြောင်း၊
Ref: we chat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။