Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 26, 2017

ဘဝအတွက် အားဆေးတစ်ခွက်

ဘဝအတွက် အားဆေးတစ်ခွက်
*********************
( အချိန်ရလျှ င်- ၃ မိနှစ်ခန့် ဖတ်ကြည့်ပါ )

လူတိုင်းရဲ့ စိတ်ဟာ ဖြစ်ချင်တာနဲ့ဖြစ်နေတာ အမြဲတမ်းတော့ ထပ်တူမကျနိုင်ပါဘူး။ အရေးကြီးဆုံးကတော့ အဆင်ပြေအောင် ကြိုးစားအားထုတ် နေထိုင်ခြင်းသည်သာ သင့်လျော်ဆုံးပါ။

တစ်ခဏသာ ချမ်းသာမှုမျိုးရနိုင်ဖို့အတွက် သံသရာတစ်ခုလုံး ဝဋ်ကြွေးခံစားရမည့် အလုပ်ကိုတော့ မလုပ်မိပါစေနဲ့။

လူသားတွေရဲ့ ဆက်သွယ်ချက်က တစ်ဦးပေါ်တစ်ဦး ယုံကြည်ကိုးစားမှုပါ။ လူတစ်ယောက်ရဲ့ အပေါ်ယံကိုကြည့်ပြီး ကိုယ့်ရဲ့ ထင်မြင်ချက်များဖြင့် ဘယ်တော့မှ ဆုံးဖြတ်ချက်မချမိပါစေနဲ့။

လူ့ဘဝဆိုတာ ကြိုးစားရုန်းကန်ရင်း အသက်ရှင်ရပ်တည်ဖို့ပါ။ ထိုသို့ အသက်ရှင် ရပ်တည်ရန် ရဲရင့်တဲ့သတ္တိ လိုအပ်ပါတယ်။

ကြောက်ရွံ့ခြင်းက လာဘ်လွဲခြင်းပါပဲ။ ဘဝတစ်ခုကို ဖျက်စီးခြင်းထဲမှာ ကြောက်ရွံ့ခြင်းစိတ်ကလည်း တည်မီနေပါတယ်။ အောင်မြင်မှုလာဘ်ကောင်ကိုဖျက်စီးမယ့် နတ်ဆိုးတစ်ပါးဆိုလည်း မမှားနိုင်ပါဘူး။

စိတ်ထောင်းလျှင် ကိုယ်ကျေတဲ့။ တစ်ခါတလေ မမျှော်လင့်တဲ့ အမှားတစ်ခုအတွက် ကိုယ့်စိတ်ကို မချေဖျက်မိပါစေနဲ့။ စိတ်ဓာတ်ကျရင် ဘဝနိမ့်ကျသွားတတ်ပါတယ်။ ဖြစ်ပျက်သမျှကို အပြုသဘောဖြင့်သာ အတွေးဆောင်ပါ။ အဆိုးမြင်စိတ်၏ တစေတသိပ်သည် ခန္ဓာကို ဖျက်စီးစေနိုင်သည့် ဗိုင်းရပ်ပိုးတစ်ခုလည်း ဖြစ်လာနိုင်ပေသည်။

လူဆိုတာ လောဘသားကောင်တွေပါပဲ။
ကိုယ်လိုချင်တာတွေက တန်ဖိုးကြီးနေရင်တော့ ကိုယ်က ပြန်ပေးဆပ်ရမှာ များနေလေပါ။ကိုယ်နဲ့ထိုက်တန်သလောက်ရတဲ့ လူ့လောကကြီးထဲမှာ ဘာကြောင့် လောဘတွေ ရှေ့တန်းတင်နေကြဦးမလဲ။ လူနေမှုအထက်တန်းစားဖြစ်နေဖို့ထက် ကောင်းမွန်တဲ့ စိတ်ဓာတ်အထက်တန်းစားဖြစ်ရင်တော့ နှလုံးသားဟာ လှနေမှာပါပဲ။

အရာရာကို တန်ဖိုးထားတတ်ပါစေ။ ဘယ်အရာမှ တန်ဖိုးမထားတတ်ရင်တော့ ဘာမျှလည်း တန်ဖိုးရှိမှာ မဟုတ်ပါဘူး။

ကိစ္စရပ်တစ်ခုကို ဖြေရှင်းရန် မကျရောက်ခင်မှာ အချိန်တစ်ခုက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်လို့ လွယ်လွယ်မပြောမိပါစေနဲ့။ တချို့က အချိန်ကို အလဟသစောင့်ပြီး ဖြုန်းတီးတတ်ကြတယ်။ အချိန်ကို ကိုယ်က စီမံပါ။ အချိန်က ကိုယ့်ကို စီမံခြင်း မခံပါနဲ့။

လသာတဲ့ညတွေမှာ ဖိုးရွှေလမင်းဟာ သူတပါးအလင်းရောင်းနဲ့ ထွန်းတောက်နေရပေမယ့် လရောင်နဲ့ဝေးတဲ့အခါ မှောင်မိုက်ခြင်းဖြစ်သွားသလို အသိပညာမရှိရင်လည်း စိတ်အမှောင်ကျ ပြီး အမှားများစွာ တွေ့ကြုံရတတ်ပါတယ်။ဒါ့ကြောင့် သူတပါးအလင်းရောင်နဲ့ မှီခိုခြင်းမပြု ဘဲ ကိုယ်ပိုင်အလင်းရောင်ရှိဖို့ ကြိုးစားလိုက်ပါ။

ပတ္တမြားမှန်ရင် နွံမနစ်နိုင်ပါဘူး။ ဓားဟာ မသွေးဘဲ ပစ်ထားရင် သံချေးတက်နိုင်ပါတယ်။ လူတွေရဲ့ဦးနှောက်ဟာလည်း မတွေးဘဲ ပစ်ထားရင် ဉာဏ်ထက်မလာနိုင်ပါဘူး။ စာပေဗဟုသုတဖတ်ခြင်းကို ဘယ်တော့မှ ဥပေက္ခာမပြုမိပါစေနဲ့။ စာပေထဲမှာ သင်မသိသေးတဲ့ တန်ဖိုးမဖြတ်နိုင်သော ရတနာတွေရှိနေပါတယ်။

စိတ်ဆန္ဒပြင်းပြမှုကို ဘယ်အရာမှ မတားဆီးနိုင်ပါဘူး။ အားလျော့ခြင်းမရှိတဲ့ ကြိုးစားခြင်းတွေက ကိုယ်သွားချင်တဲ့ အောင်မြင်မှုပန်းတိုင်ဆီ ခေါ်ဆောင်သွားမှာပါ။

ကြိုးစားပြီး ရိုးသားတဲ့လူတိုင်းကို လူသားတိုင်းက ချစ်ခင်ကြပါတယ်။ ဒါပေမယ့် မအ,ဖို့တော့ လိုပါတယ်။ မရိုးသားခြင်းသည် ဘဝ၏ အရိပ်မည်းတစ်ခုဖြစ်လာပေလိမ့်မည်။

ဘဝတစ်ခုတည်ဆောက်တဲ့နေရာမှာ သင်ပြောလာတဲ့ စကားတိုင်းက သင့်ဘဝရဲ့ အခြေခံကျောက်သားတွေပါပဲ။ စကားလုံးတိုင်းကို သတိထားပါ။ တခါတရံ အဲ့ဒီစကားလုံးတွေက ကိုယ့်ကိုယ်ကို ပြန်ခံစားရတတ်တယ်။

ကိုယ့်အတွေးတွေကို အကောင်းမြင်ဝါဒီ စွဲတွေးပါ။ မှန်ကန်တဲ့ အတွေးလမ်းကြောင်းပေါ် ရပ်တည်ပါ။ ကိုယ့်အတွေးတွေကို ဖြန့်ဝေပါ။ စိတ်ကိုတော့ ရွှက်လွှင့်လိုက်ပါ။ ဒါပေမယ့် ဘဝကိုတော့ ရွှက်မလွှင့်မိပါစေနဲ့။

ပင်လယ်ပြင်မှာ မျောလွှင့်နေတဲ့ လှေတစ်စင်းလို ရေလှိုင်းရဲ့စေညွန်ချက်အရ ရေစုန်မှာ နစ်မျောပြီး လိုက်မသွားပါနဲ့။ ရေဆန်ကို လှော်ခတ်နိုင်ဖို့လည်း ကြိုးစားထားဖို့လိုပါတယ်။ ရေစုန်မှာ မျောပါတတ်တဲ့ ဗေဒါပင်လေးတွေလို လှိုင်းယက်မှာ ကမ်းခတ်သွားစေမည့်အစား သူရိန်နေမင်းကို အန်တုမယ့် နေကြာပန်းလို ဘဝမျိုးက ပို၍ အဓိပ္ပာယ်ရှိပါတယ်။ အခက်အခဲတွေကြားက ရရှိလာတဲ့ ပျော်ရွှင်မှုဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

အောင်မြင်မှုရည်မှန်းချက်ကို ချမှတ်ပါ။ ချမှတ်ပြီးရင် ကြိုးစားအားထုတ်ပါ။ လူသားတိုင်းကတော့ ဟန်သမားထက် အမှန်သမားကို ပိုလေးစားကြတယ်။ နှုတ်ချို တိုင်းလည်း ရင်ထဲက သံပုရာတွေရှိတတ်ပါတယ်။ စေတနာတွေပါလာမယ်လို့ မထင်မိပါစေနဲ့။ ပြောခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်းကို နှစ်သက်ကြပါတယ်။ ရေသာခိုအချောင်လိုက်နေသူရဲ့ ဘဝဟာ အောင်မြင်မှုဆုလာဘ်ကို ရယူရန် မဖြစ်နိုင်ပါဘူး။

ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုကို ကိုယ်အမှန်တကယ်မြတ်နိုးရင် တန်ဖိုးထားပြီး ကြိုးစားလုပ်ကိုင်ပါ။ စံပြုထိုက်တဲ့ခေါင်းဆောင်ဖြစ်ဖို့ စံနမူနာထိုက်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်နိုင်ရန်အရေးကြီးပါတယ်။

ကျေးဇူးတင်စွာဖြင့်

Aung Ko Latt

ရာမညမြေ

#ဘဝဒဿန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။