ေျခစြယ္ငုပ္ ၿပီဆုိတာနဲ႔ ေျခေခ်ာင္း တစ္ခုလံုး နာက်င္ၿပီး ေယာင္ရမ္း ကာ အေနရခက္ေစပါတယ္။ ဒီလိုမ်ိဳးမျဖစ္ရေလေအာင္ အေကာင္းဆံုး ဘယ္လိုကာကြယ္ႏုိင္သလဲဆုိတာ သိထားရေအာင္ ေဖာ္ျပေပး လိုက္ပါတယ္။
အခံရခက္တဲ့နာက်င္မႈ ခံစားရတဲ့ ေျခစြယ္ငုပ္ တာဟာ ရွည္ထြက္လာတဲ့ ေျခသည္း ခြၽန္ခြၽန္က ေျခေခ်ာင္းအသားထဲကို ထိုးဝင္တာေၾကာင့္ ျဖစ္ပါတယ္။ နာက်င္မႈ အေသးစားလို႔ ထင္ရေပမယ့္ ေသခ်ာမကုဘူးဆုိရင္ ေျခေခ်ာင္းထဲ ေရာဂါပိုးဝင္တဲ့အထိ ျဖစ္ႏုိင္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။
အရမ္းက်ပ္လြန္းတဲ့ဖိနပ္ေတြ၊ ေျခစြပ္ေတြသံုးလို႔ပဲျဖစ္ျဖစ္၊ ေျခသည္း ေတြကို ေသခ်ာမညႇပ္လုိ႔ပဲျဖစ္ျဖစ္၊ ေျခေထာက္သန္႔ရွင္း ေရးအားနည္းလို႔ပဲျဖစ္ျဖစ္၊ ေျခသည္း ပိုးဝင္လုိ႔ပဲျဖစ္ျဖစ္၊ ေျခ ေခ်ာင္းထိခိုက္မိလို႔ပဲျဖစ္ျဖစ္၊ မ်ိဳး႐ိုးလိုက္လို႔ပဲျဖစ္ျဖစ္ ေျခစြယ္ငုပ္တာျဖစ္တတ္ပါတယ္။
ေျခစြယ္ငုပ္ တာမျဖစ္ရေလ ေအာင္ ေျခေခ်ာင္း ေတြကို ဆြဲညႇစ္ ထားသလိုျဖစ္ၿပီး သက္ေသာင့္ သင့္သာမရွိေစတဲ့ ဖိနပ္ေတြစီး တာမ်ိဳးေရွာင္ရပါမယ္။ ေျခသည္း ညႇပ္တဲ့အခါမွာလည္း ခြၽန္ထြက္ လာတတ္တဲ့ ေထာင့္နားေလးေတြ ကို သိမ္းညႇပ္ၿပီး တစဥ္းေလးနဲ႔ အ စြန္းထြက္မရွိေအာင္ တိုက္ထားရ ပါမယ္။ ေျခစြယ္ငုပ္ ေနၿပီဆုိရင္ ေတာ့ နာေနေပမယ့္လည္း အသား ထဲကို ထိုးဝင္ေနတဲ့ ေျခသည္းခြၽန္ ကို နည္းနည္းျဖစ္ျဖစ္ ရသေလာက္ အရင္ဆံုးေကာ္ထုတ္ညႇပ္ပစ္ဖို႔လို ပါတယ္။ အဲဒီလိုလုပ္ၿပီးတာ ေတာင္မွ အရမ္းနာေနၿပီး ေရာင္ ေနတုန္းပဲဆုိရင္ေတာ့ ေရာဂါပိုး မဝင္ရေလေအာင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။
Credit to MyawadyHealth
Unicode
ခြေစွယ်ငုပ် ပြီဆိုတာနဲ့ ခြေချောင်း တစ်ခုလုံး နာကျင်ပြီး ယောင်ရမ်း ကာ အနေရခက်စေပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် အကောင်းဆုံး ဘယ်လိုကာကွယ်နိုင်သလဲဆိုတာ သိထားရအောင် ဖော်ပြပေး လိုက်ပါတယ်။
အခံရခက်တဲ့နာကျင်မှု ခံစားရတဲ့ ခြေစွယ်ငုပ် တာဟာ ရှည်ထွက်လာတဲ့ ခြေသည်း ချွန်ချွန်က ခြေချောင်းအသားထဲကို ထိုးဝင်တာကြောင့် ဖြစ်ပါတယ်။ နာကျင်မှု အသေးစားလို့ ထင်ရပေမယ့် သေချာမကုဘူးဆိုရင် ခြေချောင်းထဲ ရောဂါပိုးဝင်တဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
အရမ်းကျပ်လွန်းတဲ့ဖိနပ်တွေ၊ ခြေစွပ်တွေသုံးလို့ပဲဖြစ်ဖြစ်၊ ခြေသည်း တွေကို သေချာမညှပ်လို့ပဲဖြစ်ဖြစ်၊ ခြေထောက်သန့်ရှင်း ရေးအားနည်းလို့ပဲဖြစ်ဖြစ်၊ ခြေသည်း ပိုးဝင်လို့ပဲဖြစ်ဖြစ်၊ ခြေ ချောင်းထိခိုက်မိလို့ပဲဖြစ်ဖြစ်၊ မျိုးရိုးလိုက်လို့ပဲဖြစ်ဖြစ် ခြေစွယ်ငုပ်တာဖြစ်တတ်ပါတယ်။
ခြေစွယ်ငုပ် တာမဖြစ်ရလေ အောင် ခြေချောင်း တွေကို ဆွဲညှစ် ထားသလိုဖြစ်ပြီး သက်သောင့် သင့်သာမရှိစေတဲ့ ဖိနပ်တွေစီး တာမျိုးရှောင်ရပါမယ်။ ခြေသည်း ညှပ်တဲ့အခါမှာလည်း ချွန်ထွက် လာတတ်တဲ့ ထောင့်နားလေးတွေ ကို သိမ်းညှပ်ပြီး တစဉ်းလေးနဲ့ အ စွန်းထွက်မရှိအောင် တိုက်ထားရ ပါမယ်။ ခြေစွယ်ငုပ် နေပြီဆိုရင် တော့ နာနေပေမယ့်လည်း အသား ထဲကို ထိုးဝင်နေတဲ့ ခြေသည်းချွန် ကို နည်းနည်းဖြစ်ဖြစ် ရသလောက် အရင်ဆုံးကော်ထုတ်ညှပ်ပစ်ဖို့လို ပါတယ်။ အဲဒီလိုလုပ်ပြီးတာ တောင်မှ အရမ်းနာနေပြီး ရောင် နေတုန်းပဲဆိုရင်တော့ ရောဂါပိုး မဝင်ရလေအောင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
Credit: Myawady Health
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။