Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 26, 2017

ဈေးအနည်းဆုံးနဲ့ အစွမ်းထက်ဆုံး Journal

#ဈေးအနည်းဆုံးနဲ့ အစွမ်းထက်ဆုံး Journal
လူတစ်ယောက်ဟာ အလုပ်ထဲက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တနေ့လုံး ခေါင်းပူအောင် စဉ်းစားတယ်။ နေကုန်သွားပေမယ့် အဖြေမရပါဘူး။ နောက်နေ့မှ ဆက်အဖြေရှာမယ်ဆိုပြီး ရုံးဆင်း အိမ်ပြန်လာတယ်။ အိမ်ရောက်လို့ စောစောက ပြဿနာကို မေ့ပစ်လိုက်ပြီး ရေချိုးခန်းထဲမှာ စိမ်ပြေနပြေ ရေချိုးနေတယ်။ ဒီအချိန်မှာ တနေ့လုံး ရုံးမှာ ရှာနေတဲ့အဖြေဟာ ရုတ်တရက် သူ့ခေါင်းထဲ ပေါ်လာလို့ သူ အရမ်းပျော်သွားတယ်။

သင်လည်း ဒီလို အဖြစ်မျိုး ကြုံဖူးမှာပါ။ ရေချိုးနေတုန်းမဟုတ်ရင်လည်း အေးအေးဆေးဆေး ကားစီးနေတုန်း၊ ညနေခင်း အညောင်းပြေ လမ်းလျှောက်နေတုန်းတွေမှာ ပေါ်လာတတ်ပါတယ်။ ဒါဟာ စိတ်ကို အတင်းအလုပ်လုပ်ခိုင်းရင် မလုပ်ဘူး။ အလုပ်မခိုင်းတော့ရင် သူအလုပ်လုပ်တယ်ဆိုတဲ့ စိတ်ရဲ့ ထူးခြားဆန်းကြယ်မှုတစ်မျိုးပါ။ စောစောက လူဟာ တနေ့လုံး စိတ်ကို အနားမပေးဘဲ အဖြေရှာတယ်။ အဖြေမရဘူး။ အိမ်ပြန်ရေချိုးစဉ်မှာ စိတ်ကို အလုပ်မခိုင်းဘဲ အနားပေးလိုက်လို့ စိတ်က အဖြေကို ထုတ်ပေးလိုက်တယ်။
အခုပြောပြချင်တာက စောစောက ပြောသလို စိတ်ဆိုတာ သင် စိတ်အေးအေးဖြစ်နေချိန် မထင်မှတ်ဘဲ ပြဿနာရဲ့ အဖြေတွေ၊ အကြံဉာဏ်ကောင်းတွေ၊ စိတ်ကူးစိတ်ကူးစိတ်သန်းကောင်းတွေကို ထုတ်ပေးတတ်တယ်။ အဲဒါတွေဟာ ရုတ်တရက် ပေါ်လာတတ်သလို ခဏနေမေ့သွားပြီး နောင်ပြန်ပေါ်လာချင် ပေါ်လာမယ်။ လုံးဝပေါ်မလာတော့တာလဲရှိတယ်။ အဲဒီအခါမှာ သင်ဟာ စောစောက ပေါ်လာတဲ့ အကြံကို ငါ မှတ်မထားလိုက်ရဘူးဆိုပြီး နောင်တရနေလိမ့်မယ်။
အဲဒီအဖြစ်မျိုးကို ကာကွယ်ဖို့ Journal ထားသင့်ပါတယ်။ Journal ဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်လိုက်ပါနဲ့။ Journal ထားဖို့ ဗလာစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းပဲ လိုပါတယ်။ Journal ဆိုတာ သင်လုပ်စရာတွေ၊ သင်ဖတ်တဲ့ စာအုပ်ထဲက ကြိုက်တဲ့စာသားလေးတွေ၊ သင့်ခေါင်းထဲမှာ ပေါ်လာတဲ့ အကြံ အတွေးတွေကို စာအုပ်မှာ ရေးမှတ်လိုက်ခြင်းပါ။ ခုလို ပြောလိုက်လို့ သင့်စိတ်ထဲမှာ Journal ဆိုတာ အပေါစားလို့ ထင်သွားပါလိမ့်မယ်။
မှန်ပါတယ်။ ဗလာစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းရဲ့ တန်ဖိုးဟာ မဖြစ်စလောက်လေးပါ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားဟာ ကြီးမားလွန်းလှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပေါ်ခဲ့တဲ့ ပန်းချီပန်းပုပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီကနေ တီထွင်ပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်၊ အခုခေတ်မှာ အောင်မြင်ကျော်ကြားနေတဲ့ ရစ်ချတ်ဘရင်ဆန်၊ အော်ပရာဝင်းဖရေး၊ နဲလ်ဆင်မန်ဒဲလား (ကွယ်လွန်)စသူတို့ဟာ Journal စာအုပ်ကို သူတို့ကိုယ်နဲ့မကွာထားပြီး သူတို့ အကြံ စိတ်ကူးစိတ်သန်းတွေကို မှတ်သားထားကြတယ်လို့ သူတို့အကြောင်း ရေးထားတဲ့ စာအုပ်တွေမှာ ရေးပြထားပါတယ်။
ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်က "ကျွန်တော့်ရဲ့ Virgin Group ထဲက အောင်မြင်နေကြတဲ့ ကုမ္ပဏီတွေဟာ ကျွန်တော် Journal မှတ်ထားတဲ့ အကြံအတိုင်း လုပ်ရင်း ပေါ်လာတာပါ" လို့ ပြောပါတယ်။
Oprah Winfrey Show ဆိုတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ မီလျံနာဖြစ်လာတဲ့ လူမည်းအမျိုးသမီး အော်ပရာဝင်းဖရေးက "Journal စာအုပ်ရေးမှတ်တဲ့ အကျင့်ကြောင့် ကျွန်မ ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံက ပထမဆုံး မီလျံနာသူဌေးကြီး ဂျွန်ဒီရော့ဖဲလားဟာ သူ့စက်ရုံ အလုပ်ရုံတွေကို လိုက်လံကြည့်ရှုတဲ့အခါ သူတွေ့သမျှ မြင်သမျှကို သူ့ Journal စာအုပ်အနီလေးထဲမှာ ရေးမှတ်လေ့ရှိတယ်လို့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြတယ်။
သင့်စိတ်ထဲမှာ မေးချင်တာလေးတစ်ခုရှိနေပါလိမ့်မယ်။ အခုလို နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ Journal အဖြစ် စာအုပ်မှာ ရေးမှတ်နေမယ့်အစား ကွန်ပျူတာ၊ tablet, မိုဘိုင်းဖုန်းတွေ သုံးလို့ မရဘူးလားလို့ မေးချင်ပါလိမ့်မယ်။ သုံးလို့ရပေမယ့် စာအုပ်မှာ မှတ်တာလောက် အကျိုးမရှိဘူးဆိုတာကို ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ ပြောပြပါမယ်။
စာရေးချင်တဲ့ ကျွန်တော်ဟာ ပေါ်လာတဲ့ အတွေးတွေကို အရင်တုန်းက ကွန်ပျူတာပေါ် Microsoft Note မှာ ရေးမှတ်တဲ့ အကျင့်လုပ်တယ်။ တစ်ခါတလေ လမ်းပေါ်မှာ ကားစီးရင်း ပေါ်လာတဲ့ အတွေးကို မှတ်ချင်ပေမယ့် အနားမှာ ကွန်ပျူတာ မရှိလို့ မမှတ်ဖြစ်တော့ဘူး။ အိမ်မှာ အတွေးပေါ်လာရင် ကွန်ပျူတာကို ဖွင့်နေရတာကြာလို့ မမှတ်ဖြစ်တော့ဘူး။ ကွန်ပျူတာနဲ့ အလုပ်မဖြစ်လို့ နောက်တော့ ipad မှာ မှတ်တဲ့ အကျင့်လုပ်တယ်။ iPad ကို သွားလေရာ မသယ်နိုင်လို့ ဒါလည်း အလုပ်မဖြစ်ဘူး။ နောက်တော့ iPhone နဲ့ မှတ်တဲ့ အကျင့်လုပ်ပြန်တယ်။ ဒါလည်း အလုပ်မဖြစ်ဘူး။ အလုပ်မဖြစ်ဘူးဆိုတာက iPhone ကို သွားလေရာ သယ်နိုင်ပြီး ရေးမှတ်လို့ ရပေမယ့် ရေးထားတာတွေကို ပြန်မဖတ်ဖြစ်ဘူး။
Journal ဆိုတာ ပေါ်လာတဲ့ အကြံတွေ အတွေးတွေကို ရေးမှတ်ရုံအတွက် မဟုတ်ပဲ မကြာခဏ ပြန်ဖတ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားနေသူတွေဟာ Journal ကို စာအုပ်အဖြစ် ရေးမှတ်နေကြဆဲပါ။ အခုရေးတဲ့ ပို့စ်ဟာလည်း တချိန်က ကျွန်တော့် Journal မှာ ရေးမှတ်ခဲ့တဲ့ အတွေးတစ်ခုပါ။
ဒီစာကို အော်ပရာဝင်းဖရေးပြောခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်ပါမယ်။
- "Journal စာအုပ်ရေးမှတ်တဲ့ အကျင့်ကြောင့် ကျွန်မ ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်"
သင့်ဘဝကို တိုးတက်ပြောင်းလဲချင်ရင် Journal စာအုပ်မှာ ရေးမှတ်တဲ့ အကျင့်လုပ်ပါ။ ဘယ်တော့လုပ်ရမှာလဲ။ ခက်ခဲတဲ့ အလုပ်မဟုတ်လို့ အခုပဲ စလုပ်ပါ။ သင့်ဘဝ တိုးတက်ပြောင်းလဲဖို့ တစ်ရက်လေးတောင် နောက်ကျမခံပါနဲ့။
မှတ်ချက်။ smartcompany.com.au ဝက်ဆိုက်က Jack Delosa ရဲ့ "The ritual used by some of world leaders including Oprah and Richard Branson" ဆောင်းပါးလေးကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၆-၁၀-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။