ရှာရွတ်ခန်းလို တစ်ရက်လောက်ပဲ နေကြည့်ချင်တာပါ။
တပတ်ကုန်ခါနီး သောကြာနေ့ရောက်တိုင်း လက်ထဲမှာ ဘာမှလောက်လောက်လားလားပြစရာမ ရှိသေးပါဘူး။
တရက်ကို ဒေါ်လာကိုးသောင်းကျော် ဝင်ငွေရှိနေတဲ့ မင်းသားကြီး ရှာရွတ်ခန်းလို ဖြစ်ရင် ကောင်းမှာပဲနော်။
ဘုရင်ကြီးခန်းရဲ့ နေ့ရက်တွေက ဘယ်လိုများလဲဆိုတာ ဖတ်ကြည့်လိုက်တော့……
အသက်ငါးဆယ်ရှိပြီဖြစ်တဲ့ ခန်းဟာ ဘောလီးဝုဒ်ရဲ့ အအောင်မြင်ဆုံးမင်းသားကြီးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
မနှစ်က တနှစ်တည်းတင် ဒေါ်လာ (၃၃)သန်းကျော် ဝင်ငွေရှိခဲ့ပါတယ်။
ဒါကြောင့်လည်း သူ့ကို ဘုရင်ကြီး ခန်းလို့ တင်စားပြီး ခေါ်ကြရတာပါ။
ဒါပေမယ့် သူ့ရဲ့နေ့ရက်တွေတိုင်းကတော့ ခုလို ချိုမြိန်ခဲ့တာ မဟုတ်ပါဘူး။
ခန်းကို သာမန်မိသားစုမှာ ပေါက်ဖွားခဲ့ပြီး ဒေလီမြို့က အငှားတိုက်ခန်းလေးတစ်ခုမှာ တမိသားစုလုံး နေခဲ့ရပါတယ်။
ကျောင်းနေကတည်းက သူဟာ ကျောင်းစာတော်ရုံတင်မကပါဘူး ။ အားကစားလည်း ထူးချွန်ခဲ့ပါတယ်။
ဒါပေမယ့် အနုပညာပိုး ဝင်သွားတဲ့အချိန်မှာတော့ မဟာဘွဲ့သင်တန်းကို တဝက်တပျက်နဲ့ ဆက်မတက်တော့ဘဲ အနုပညာလောကထဲ ခြေစုံပစ်ဝင်လိုက်ပါတော့တယ် ။
သူ့ရဲ့ ဘဝအချိုးအကွေ့က မသာယာခဲ့ပါဘူး။
ဖခင်ဖြစ်သူက ကင်ဆာရောဂါနဲ့ ဆုံးသွားပြီး နှစ်အနည်းငယ်အတွင်းမှာပဲ မိခင်လည်း ကွယ်လွန်သွားပြန်ပါတယ်။
ဘာဝင်ငွေမှ မရှိတဲ့သူဟာ ပြဇာတ်ရုံတွေမှာ ထိုင်ခုံနေရာလိုက်ပြရတဲ့ အလုပ်ကို လုပ်ခဲ့ရပြီး ရသမျှ ဇာတ်လမ်းအတိုအထွာလေးတွေမှာ ဖြတ်လျှောက်အဖြစ် ဝင်ပါပြီး အသက်ဆက်ခဲ့ပါတယ်။
ပေးသမျှကို အတွန့်မတက်ရဲဘဲ လက်ခံပြီးတော့ ဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီထဲက တချို့ဇာတ်ကားတွေအတွက် ကိုယ်တိုင် လက်မှတ်လိုက်ရောင်းရပါသေးတယ်။
“ကျနော်ဟာ အနုပညာကို ဖော်ပြဖို့ထက် ထမင်းမငတ်ဖို့ သရုပ်ဆောင်ခဲ့ရပါတယ်။” လို့ သူကိုယ်တိုင် ဝန်ခံဖူးပါတယ်။
ငါးနှစ်ကျော်လောက် အငတ်ငတ်အပြတ်ပြတ်နဲ့ ကြိုးစားခဲ့ပြီး (၁၉၉၃)ခုနှစ်မှာ သူ စတင်ပြီး နံမည်ရလာခဲ့ပါတယ်။
ဒါပေမယ့် အောင်မြင်တာတော့ မဟုတ်သေးပါဘူး။
တခြားမင်းသားတွေ မလုပ်ချင်လို့ ပယ်ချခဲ့တဲ့ ဇာတ်ရုပ်တွေကို သူက လက်ခံခဲ့ရပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် သရုပ်ဆောင်ရပါတယ်။
အဲဒီလို သူများတွေ မလိုချင်တဲ့ အခက်အခဲတွေကို သူက အခွင့်အရေးတွေလို သတ်မှတ်ခဲ့ပြီး ကြိုးစားခဲ့လို့ တစထက်တစ အောင်မြင်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ကို ဘောလီးဝုဒ်ရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်အြ ဖစ် သတ်မှတ်ခဲ့ကြရသလို ကမ္ဘာ့တဝှမ်းလုံးက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိထားပါတယ်။
လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားပြီး အဆင်ပြေနေသူတွေအားလုံးဟာ တချိန်က အခက်အခဲတွေပြည့်နေတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြသူတွေချည်းပါ ပဲ။
ရက်ရာဇာဖြစ်ပါစေ၊ ပြသဒါးဖြစ်ပါစေ နေ့တိုင်းမှာ (၂၄)နာရီပဲ ရှိပါတယ်။
ဒါကို သည်းခံပြီး အကောင်းဆုံးကျော်ဖြတ်သွားမယ်ဆိုရင် တနေ့မှာ အောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေ ရောက်လာပါလိမ့်မယ်။
မင်းသားကြီး ရှာရွတ်ခန်းလို တရက်လောက် နေကြည့်ချင်လို့တော့ မရပါဘူး။
ဆင်းရဲဒုက္ခတွေပြည့်နေတဲ့ ရက်တွေကို သူ ဖြတ်သန်းခဲ့ရသလို ကိုယ်လည်း အကောင်းဆုံးဖြတ်သန်းမှသာ ကိုယ့်လက်ထဲမှာ တခုခု ဆုပ်ကိုင်ထားနိုင်တဲ့နေ့တနေ့  ရောက်လာမှာ ဖြစ်ပါတော့တယ်။
Luke Kyaw
စိတ်ခွန်အားပေးတဲ့ ဖြစ်ရပ်မှန်တွေ ဖတ်ပြီး တနေ့တာကို ဖြတ်သန်းချင်ရင် Coffeetimeကို Like လုပ်ထားပေးပါနော်။
တပတ်ကုန်ခါနီး သောကြာနေ့ရောက်တိုင်း လက်ထဲမှာ ဘာမှလောက်လောက်လားလားပြစရာမ
တရက်ကို ဒေါ်လာကိုးသောင်းကျော် ဝင်ငွေရှိနေတဲ့ မင်းသားကြီး ရှာရွတ်ခန်းလို ဖြစ်ရင် ကောင်းမှာပဲနော်။
ဘုရင်ကြီးခန်းရဲ့ နေ့ရက်တွေက ဘယ်လိုများလဲဆိုတာ ဖတ်ကြည့်လိုက်တော့……
အသက်ငါးဆယ်ရှိပြီဖြစ်တဲ့ ခန်းဟာ ဘောလီးဝုဒ်ရဲ့ အအောင်မြင်ဆုံးမင်းသားကြီးဆ
မနှစ်က တနှစ်တည်းတင် ဒေါ်လာ (၃၃)သန်းကျော် ဝင်ငွေရှိခဲ့ပါတယ်။
ဒါကြောင့်လည်း သူ့ကို ဘုရင်ကြီး ခန်းလို့ တင်စားပြီး ခေါ်ကြရတာပါ။
ဒါပေမယ့် သူ့ရဲ့နေ့ရက်တွေတိုင်းကတော့
ခန်းကို သာမန်မိသားစုမှာ ပေါက်ဖွားခဲ့ပြီး ဒေလီမြို့က အငှားတိုက်ခန်းလေးတစ်ခုမှာ တမိသားစုလုံး နေခဲ့ရပါတယ်။
ကျောင်းနေကတည်းက သူဟာ ကျောင်းစာတော်ရုံတင်မကပါဘူး
ဒါပေမယ့် အနုပညာပိုး ဝင်သွားတဲ့အချိန်မှာတော့ မဟာဘွဲ့သင်တန်းကို တဝက်တပျက်နဲ့ ဆက်မတက်တော့ဘဲ အနုပညာလောကထဲ ခြေစုံပစ်ဝင်လိုက်ပါတော့တယ်
သူ့ရဲ့ ဘဝအချိုးအကွေ့က မသာယာခဲ့ပါဘူး။
ဖခင်ဖြစ်သူက ကင်ဆာရောဂါနဲ့ ဆုံးသွားပြီး နှစ်အနည်းငယ်အတွင်းမှာပဲ မိခင်လည်း ကွယ်လွန်သွားပြန်ပါတယ်။
ဘာဝင်ငွေမှ မရှိတဲ့သူဟာ ပြဇာတ်ရုံတွေမှာ ထိုင်ခုံနေရာလိုက်ပြရတဲ့ အလုပ်ကို လုပ်ခဲ့ရပြီး ရသမျှ ဇာတ်လမ်းအတိုအထွာလေးတွေမှာ ဖြတ်လျှောက်အဖြစ် ဝင်ပါပြီး အသက်ဆက်ခဲ့ပါတယ်။
ပေးသမျှကို အတွန့်မတက်ရဲဘဲ လက်ခံပြီးတော့ ဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီထဲက တချို့ဇာတ်ကားတွေအတွက် ကိုယ်တိုင် လက်မှတ်လိုက်ရောင်းရပါသေးတယ
“ကျနော်ဟာ အနုပညာကို ဖော်ပြဖို့ထက် ထမင်းမငတ်ဖို့ သရုပ်ဆောင်ခဲ့ရပါတယ်။” လို့ သူကိုယ်တိုင် ဝန်ခံဖူးပါတယ်။
ငါးနှစ်ကျော်လောက် အငတ်ငတ်အပြတ်ပြတ်နဲ့ ကြိုးစားခဲ့ပြီး (၁၉၉၃)ခုနှစ်မှာ သူ စတင်ပြီး နံမည်ရလာခဲ့ပါတယ်။
ဒါပေမယ့် အောင်မြင်တာတော့ မဟုတ်သေးပါဘူး။
တခြားမင်းသားတွေ မလုပ်ချင်လို့ ပယ်ချခဲ့တဲ့ ဇာတ်ရုပ်တွေကို သူက လက်ခံခဲ့ရပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် သရုပ်ဆောင်ရပါတယ်။
အဲဒီလို သူများတွေ မလိုချင်တဲ့ အခက်အခဲတွေကို သူက အခွင့်အရေးတွေလို သတ်မှတ်ခဲ့ပြီး ကြိုးစားခဲ့လို့ တစထက်တစ အောင်မြင်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ကို ဘောလီးဝုဒ်ရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်အြ
လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားပြီး အဆင်ပြေနေသူတွေအားလုံးဟာ တချိန်က အခက်အခဲတွေပြည့်နေတဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြသူတွေချည်းပါ
ရက်ရာဇာဖြစ်ပါစေ၊ ပြသဒါးဖြစ်ပါစေ နေ့တိုင်းမှာ (၂၄)နာရီပဲ ရှိပါတယ်။
ဒါကို သည်းခံပြီး အကောင်းဆုံးကျော်ဖြတ်သွားမယ
မင်းသားကြီး ရှာရွတ်ခန်းလို တရက်လောက် နေကြည့်ချင်လို့တော့ မရပါဘူး။
ဆင်းရဲဒုက္ခတွေပြည့်နေတဲ့ ရက်တွေကို သူ ဖြတ်သန်းခဲ့ရသလို ကိုယ်လည်း အကောင်းဆုံးဖြတ်သန်းမှသာ ကိုယ့်လက်ထဲမှာ တခုခု ဆုပ်ကိုင်ထားနိုင်တဲ့နေ့တနေ
Luke Kyaw
စိတ်ခွန်အားပေးတဲ့ ဖြစ်ရပ်မှန်တွေ ဖတ်ပြီး တနေ့တာကို ဖြတ်သန်းချင်ရင် Coffeetimeကို Like လုပ်ထားပေးပါနော်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။