Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 18, 2017

အလယ်လူ

အလယ်လူ
=======

ရေးသူ - ကောင်းလွန်း

ကိစ္စရပ်တော်တော် များများကို လွယ်ကူချော မွေ့စေဖို့ အလယ်လူဆိုတာ လိုအပ် ပါတယ်။ အလယ်လူတွေဟာ တာဝန်ကြီးမားတဲ့ အကျိုးဆောင် သူတွေဖြစ်ကြ ပါတယ်။ တချို့ အကျိုး ဆောင်က စေ့စပ်ညှိနှိုင်းသူဆိုပြီး နာမည်အမျိုးမျိုးနဲ့ ခေါ်တွင် ကြပေမဲ့ သူတို့ရဲ့ အဓိက အလုပ်ဟာ အလယ်ထဲမှာ မျှမျှတတ နေထိုင်ပြီး တစ်ဖက်နဲ့ တစ်ဖက် အဆင်ပြေ စေရေး အတွက် ဆောင်ရွက် ကြိုးပမ်းပေးကြ ရတာပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း ကြီးတွေ၊ အဖွဲ့အစည်းကြီးတွေ၊ ကုန် ထုတ် လုပ်ငန်းကြီးတွေမှာ အလယ်လူ တော်တော် များများ လိုအပ်ပါတယ်။ အဲဒီ လုပ်ငန်းတွေက အလယ်လူကိုတော့ ကြီးကြပ်ရေးမှူး (Supervisor) လို့ ခေါ်ကြပါတယ်။ Supervisor ၊ Foreman၊ Overseer၊ Honcho စတဲ့ အခေါ်အဝေါ် တွေ အများကြီး ရှိပေမဲ့ လုပ်ငန်းဆောင်တာ ကတော့ အတူတူပါပဲ။ သူတို့ဟာ အင်အား အများစုဖြစ်တဲ့ အခြေခံ လုပ်သားတွေနဲ့ အနည်းစု ဖြစ်တဲ့ အထက်ပိုင်း က စီမံခန့်ခွဲ သူတွေ၊ ဦးဆောင်သူတွေ၊ လုပ်ငန်းရှင်တွေရဲ့ကြားမှာ ပြေလည် အောင် ညှိနှိုင်းကွပ်ကဲ ကြီးကြပ်ရသူ တွေဖြစ်ပါတယ်။


အဲဒီလို ကြီးကြပ်ရာမှာ ပြေပြေလည်လည် ချောချောမွေ့မွေ့ လည်ပတ်စေရေးကို ဦးတည် ကြရပါတယ်။ အလယ်လူ ကောင်းတဲ့ အဖွဲ့အစည်းတွေဟာ ပျော်စရာ ကောင်းပြီး ညံ့ဖျင်းတဲ့ အလယ်လူတွေရှိတဲ့ အဖွဲ့အစည်းဟာ ရေရှည်မှာ ပြဿနာ တက်တတ်ပါတယ်။ ဒါကြောင့် Supervisor ဆိုတဲ့ အလယ်လူတွေဟာ အဖွဲ့ အစည်းတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါ တယ်။ သူတို့ဟာ အောက်ခြေက တက် လာကြသူတွေ ဖြစ်ကြလို့ အောက်ခြေ လူတန်းစား ဘဝကိုလည်း ကောင်း ကောင်း နားလည် ကြသူတွေ ဖြစ်ကြပါတယ်။ အဲဒီကြီးကြပ်သူ တွေ ဟာ အောက် ခြေဘဝမှာ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြ သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ဘဝ တစ်ဆင့် မြင့်လာဖို့အတွက် သူတို့ဟာ Supervisory Skills သင်တန်းကို တက် ရောက်ခဲ့ကြရပါတယ်။ အဲဒီသင်တန်းမှာ သူတို့ဟာ သူတို့အလုပ်ကို အကောင်း ဆုံး လုပ်နေရုံနဲ့ မပြီးတော့ဘဲ သူတို့လိုပဲ အကောင်းဆုံး လုပ်နိုင်သူတွေကို မွေးထုတ် ပေးကြရ မယ်ဆိုတာ သိလာကြသလို ဘယ်လိုမွေးထုတ်ကြမလဲ ဆိုတာကိုလည်း သင်ယူ ကြရပါ တယ်။

အဲဒီအဆင့်မှာ သင်ယူကြရတာ တွေကတော့- ဦးတည်ရာ ပန်းတိုင် သတ်မှတ် နည်း (Goal Setting) ၊ ပြဿနာ ဖြေရှင်းနည်း (Problem Solving Skills)၊ ဆုံး ဖြတ်ချက်ချနည်း (Decision Making)၊ ပဋိပက္ခ အဖြေရှာနည်း (Conflict Resolution)၊ ဆက်သွယ် ဆက် ဆံ ပြောဆိုနည်း (Communication Skills)၊ သင်းဖွဲ့ ငယ်တွေ ဖွဲ့စည်းခြင်း (Team Building) ၊ အချိန်ကို ကျွမ်းကျွမ်းကျင်ကျင် စီမံခြင်း (Time Management Skills)၊ လက် အောက်ငယ်သားတွေ လုပ်ချင် ကိုင်ချင်စိတ်ကို မြှင့်တင်ပေးခြင်း (Motivation)၊ အပြောင်း အလဲကို စီမံခြင်း (Managing Change) စတာတွေ ဖြစ်ပါတယ်။ အလယ်လူတွေဟာ အဖွဲ့ အစည်းတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ သူတို့ဟာ သူတို့အလုပ်ကို ကောင်းကောင်း သိသူတတ်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့အရည်အချင်းမျိုးကို နောက်လူ တွေ ပြည့်မီအောင် လက်ဆင့်ကမ်း သင်ကြားပေးကြရ ပါတယ်။ သူတို့ရဲ့ဘဝဟာ မန်နေဂျာတွေ လောက် မချောမွေ့ပါဘူး။ သူတို့ဟာ လက်အောက် ငယ်သားမျိုးစုံနဲ့ ထိတွေ့ ဆက်ဆံရ သူတွေဖြစ်ပြီး ကျောက်ခဲ ဆီ ကြိတ်ရသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အဖွဲ့အစည်းရဲ့ အကြီးအကဲတွေ ဆုံး ဖြတ်ချမှတ်တဲ့ ရလဒ်ကို ပြည့်မီအောင် ကြိုးပမ်းကြရသူတွေ ဖြစ်ကြ ပါတယ်။ သူတို့ရဲ့ လက်အောက်မှာ လုပ်ငန်းကို အမှန်တကယ် အကောင်အထည်ဖော် မယ့်သူတွေ ရှိပြီးတော့ သူတို့ရဲ့ အထက်မှာတော့ သူတို့ကို တာဝန်ယူမယ့် မန်နေဂျာတွေ ရှိကြပါတယ်။ သူတို့ဟာ လုပ်ငန်းအတတ်ပညာကို ကောင်းစွာ ကျွမ်းကျင် တတ်မြောက် ကြလို့ အလယ်လူ (Supervisor) အဖြစ် ချီးမြှောက်ခံကြ ရတာဖြစ်သလို သူတို့အလုပ်ကို သူတို့ သေသေချာချာ နားလည် ကျွမ်းကျင် ကြပါ တယ်။ သူတို့ဟာ ငယ်သားဘဝမှာ အလုပ် ကြိုးစားခဲ့သူတွေ၊ သေသေချာချာ သင် ယူခဲ့ပြီး အမှားအယွင်း နည်းခဲ့သူတွေ၊ အလုပ်ခွင် ကနေ ရလဒ်ကောင်းတွေ၊ ထုတ် ပေးနိုင်ခဲ့သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီလို ကျွမ်းကျွမ်း ကျင်ကျင်ရှိမှလည်း သူတို့ရဲ့ လက်ရှိရာထူးမှာ တာဝန် ထမ်းဆောင်ကြတဲ့အခါ ငယ်သားတွေ လုပ်မိနိုင်တဲ့၊ လုပ်မိ တတ်တဲ့ အမှားတွေကို ကြိုတင်သိရှိထားပြီး ကာကွယ် နိုင်ကြမှာဖြစ် ပါတယ်။ ဒီနေ့ အဲဒီလို ကျွမ်းကျွမ်းကျင်ကျင် တာဝန်ယူနိုင်တဲ့ အလယ်လူ (Supervisor) တွေ ရှားပါးနေပါတယ်။ ရာထူး တိုးပေးလိုက်တာနဲ့ တာဝန်ခံလို စိတ် (Accountability) လျော့သွားကြတာကို တွေ့နေရ ပါတယ်။ အဲဒါ ဘာကြောင့်များ ပါလိမ့်လို့ သေသေချာချာ ဆန်းစစ်ကြည့်တဲ့အခါမှာ သူတို့မှာ သင် ပေးမယ့်သူ မရှိတာကိုတွေ့ရပါတယ်။


ကြီးကြပ်သူ (Supervisor) အများစုဟာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာပဲ ရာထူး တိုးလာ ကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဦးဆောင်သူတွေက သူတို့ကို ရာထူးတိုးပေး လိုက် တာနဲ့တင် ပြီးသွားပြီလို့ ထင်တတ်ကြပါတယ်။ ဒီလိုမဟုတ် ပါဘူး။ သူတို့ဟာ လုပ်ငန်း ကျွမ်းကျင် သူတွေ ဖြစ်ကြတာမှန်ပေမဲ့ Supervisory Skill ဆိုတဲ့ ကြီးကြပ်သူတို့ လိုက်နာ ဆောင်ရွက်ရန်တွေကို သိဖို့လိုအပ်ပါ သေးတယ်။ အဲဒီလိုသင် ပေးသင်ယူမှု မရှိရင် သူတို့ဟာ သူတို့ရဲ့ရာထူးမှာ ဘာလုပ်ရမှန်း မသိကြတဲ့ အတွက် အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်တွေကိုပဲ လက်အောက် ငယ်သားတွေနဲ့ အတူတူရော ပြီးလုပ်နေတတ်ကြတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းခွင်ထဲက တစ်ယောက်ယောက်ကို Supervisor ရာထူးတိုး ပေး တော့မယ်ဆိုရင် Supervisory Skills Training တက် ခိုင်းပြီးမှ တိုးပေးသင့် ပါတယ်။ သူတို့ဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့အတွက် လက်အောက် ငယ်သားတွေဆီက အကောင်းဆုံး စွမ်းဆောင်ရည် တွေ ထုတ်ယူနိုင်ကြဖို့ လိုပါတယ်။ စွမ်းဆောင်ရည် အားနည်းနေသူ တွေကို အားကောင်းလာအောင် လုပ်ပေး နိုင်တာ သူတို့ပဲဖြစ်ပါတယ်။ လုပ်ငန်း လိုအပ်ချက်အရ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်း ပြည့်မီရေးဟာ အလယ်လူတွေ အပေါ်မှာ အများကြီး မူတည် ပါတယ်။ သူတို့ရဲ့သင်ပြမှု၊ သူတို့ရဲ့ လမ်းညွှန် ထိန်းကျောင်း မှုကောင်းရင် ကောင်း သလို အမှားအယွင်း အပျက်အစီး နည်းပြီး ရလဒ်ကောင်းနိုင်သလို သူတို့ ကိုယ်တိုင်အား နည်းရင် လုပ်ငန်းတစ်ခုလုံးရဲ့ ထုတ်လုပ်နိုင်စွမ်း ကျဆင်း သွားတတ် ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတိုင်း လုပ်ငန်းတိုင်းမှာ ဦးဆောင်သူ လုပ်ငန်းရှင်နဲ့ လုပ်ငန်း ကို အမှန်တကယ် ကြိုးပမ်းဆောင် ရွက်ပေးကြတဲ့ လုပ်အားရှင်တို့ကြားမှာ အငယ်တန်း စီမံခန့်ခွဲရေး သမားတွေဖြစ်ကြတဲ့ အလယ်လူ Supervisor တွေဟာ မရှိမဖြစ်လိုအပ်လှ ပါတယ်။

သူတို့ဟာ သူတို့လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပြီး ဖြစ်နေတဲ့အတွက် လုပ်ငန်း အတတ်ကို သင်ပေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ သူတို့လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်း မျဉ်းစည်းကမ်းတွေနဲ့ နေထိုင်ပြုမူပြောဆိုပုံတွေပြင်ရတော့ မှာဖြစ်ပါတယ်။ အဲဒါတွေကို သင်ယူရမှာပါ။ အထူးသဖြင့် ငယ်သားဘဝမှာ အကြီးအကဲက ခိုင်းသမျှ လုပ်ခဲ့ရသူတွေ ဖြစ်ကြလို့ ကိုယ်ခိုင်းရမယ့်အလှည့်မှာ စနစ်တကျ မခိုင်းတတ်မှာ စိုးရိမ်ရပါတယ်။ အဲဒီလို စနစ်တကျ မခိုင်းတတ်ရင် သူတို့ဟာ သူတို့ကိုယ်တိုင် ဝင်လုပ်တတ်ကြပါတယ်။ မခိုင်း တတ်သူ တွေရဲ့ လက်သုံးစကားက (အားမရဘူး) လို့ ဖြစ်ပါတယ်။ သူတို့ရဲ့အားမရ တာတွေကို ဖြေရှင်းတဲ့ နည်းလမ်းကတော့ သူတို့ကို သင်ပေးဖို့ပါပဲ။

Supervisor တွေဟာ လက်အောက်ငယ်သားကို ထိန်းသိမ်းရုံ၊ ကြီးကြပ်ရုံ၊ အလုပ် ပြီးမြောက် စေရုံတို့အပြင် အဲဒီလုပ်ငန်းစဉ်တွေကို ချောချောမွေ့မွေ့ လုပ်နိုင် အောင်လည်း သင်ပေးရပါတယ်။ အလယ်လူတွေရဲ့ သင်ပေးပုံ သင်ပေး နည်း အမျိုးမျိုးရှိကြပါတယ်။ ဒါကို သုတေသန လုပ်ကြည့်ကြတဲ့အခါ ဒီလိုတွေ့ရပါ တယ်။

၁။ သူတို့ဟာ သူတို့လက်အောက် ငယ်သားတွေကို အတွေ့အကြုံ ရှိပြီးသား ကျွမ်းကျင် ဝန်ထမ်း တွေနဲ့ အတူတူရောနှောပြီး လုပ်ကိုင်လေ့ကျင့်စေတဲ့နည်း ၉၀ ရာခိုင်နှုန်း။
၂။ သင်ယူစရာရှိတာတွေကို ကိုယ်တိုင် သီးခြားလေ့ကျင့်ပေးတဲ့နည်း ၅၇ ရာခိုင်နှုန်း။
၃။ ကုမ္ပဏီရဲ့သင်တန်းဌာနမှာ တက် ရောက်သင်ယူစေတဲ့နည်း ၄၂ ရာခိုင် နှုန်း။
၎။ ကုမ္ပဏီရဲ့ပြင်ပကသင်တန်းတွေမှာ အပ်နှံသင်ကြားစေတဲ့နည်း ၂၇ ရာခိုင် နှုန်း။
၅။ ဘာကိုမှ သီးခြားသင်မပေးပါဘူး (ကြည့်ရင်းလိုက်လုပ်ရင်း တတ်ရတာ) ၅ ရာခိုင်နှုန်း။

Supervisor တွေက လုပ်ငန်း အတတ်ပညာကို လက်အောက်ငယ်သား တွေ တတ်မြောက် အောင် သေသေချာချာ မသင်ပေးဘဲ သူများလုပ်တာကြည့်ရင်းလိုက် လုပ်ရင်းနဲ့ တတ်လာ တာမျိုးကို Monkey See ၊ Monkey Do လို့ပြောလေ့ ရှိပါ တယ်။ မျောက်တွေဟာ အတု ခိုးမြန်ပါတယ်။ တစ်ကောင် လုပ်နေတာကိုကြည့်ပြီး နောက်တစ်ကောင်က အတုယူပြီးလိုက် လုပ်တာမျိုးပါ။


အလယ်လူ Supervisor တွေဟာ စွန့်စားလိုစိတ် ရှိသူတွေ ဖြစ်တတ်ကြပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေအတွက် သူတို့ ကိုယ်တိုင် ဦးဆောင် ပါဝင်ကြလေ့ ရှိပါ တယ်။ သူတို့မှာရှိရမယ့် ကျွမ်းကျင်မှုတွေထဲက တချို့ကတော့ Adaptability ၊ Positive Attitude၊ Supportive ၊ Planning၊ Team Development ဆိုတာ တွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ စိတ်ရှည် သီးခံ တတ်သူတွေ ဖြစ်ဖို့လည်း လိုသလို ကိုယ်ချင်း စာတတ်သူတွေလည်း ဖြစ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက် တစ်ခုရပြီးရင် မတွေဝေဖို့နဲ့ မြန်မြန်ဆန်ဆန် လုပ်တတ်ဖို့လိုပါတယ်။ Supervisor တွေဟာ အောက်ခြေ လုပ်သားတွေနဲ့ အများဆုံး ထိတွေ့ ကြရသူတွေဖြစ်လို့ ဘက်လိုက်မှု ကင်းဖို့ သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်လက်အောက် ငယ်သားတွေရဲ့ အောင်မြင်မှုကို ကိုယ်တိုင် ပါဝင်ခံစားပြီး ချီးကျူးပြောဆို တတ်ဖို့လည်း လိုအပ်ပါတယ်။ အလုပ်ခွင်မှာ ပြဿနာတစ်ခုခု ဖြစ်လာရင် အရင်ဆုံး သိနိုင်တာကလည်း အဲဒီ Supervisor တွေပဲဖြစ်လို့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ Supervisor ကောင်းတွေ ဟာ အလုပ်လုပ်ရာမှာ စေ့စပ်လွန်းလို့ အပြစ်ရှာသူတွေအဖြစ် အမြင်ခံရတတ်ပါတယ်။ ဒါကြောင့် ဦး ဆောင်သူတွေ၊ ခေါင်းဆောင် တွေ က သူတို့ ကို Accuracy အတွက် လေ့ကျင့်ပေးရမှာ ဖြစ်ပြီး Nitpicking ဆိုတဲ့ အရာရာလိုက်ကြည့်ပြီး အပြစ်တင်နေတာမျိုး မဖြစ်အောင် ထိန်းကျောင်း ပေးဖို့လည်း လိုပါတယ်။

#MyanmarB2BManagementMagazine,September2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။