Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 29, 2017

ပုရွက်ဆိတ်ဒဿန

#ပုရွက်ဆိတ်ဒဿန

ကမ္ဘာ့ အံ့ဖွယ် သတ္တဝါ တစ်မျိုးအကြောင်းပြောပါ ဆိုရင် ပုရွက်ဆိတ်တွေ အကြောင်းပြောရမှာပါ…ပဲ.။

သူတို့ဟာ ကမ္ဘာပေါ်မှာ ရှိနေခဲ့ကြတာ နှစ်ပေါင်း ၉၂သန်း တောင်ရှိကြပြီ ..တဲ့..။

သူတို့မှာ အုပ်ချုပ်ရေး စနစ်ရှိတယ် (Administration System).. တည်ဆောက်ရေးစနစ် (Construction System) ရှိတယ်.. ရိက္ခာစုဆောင်းရေး နဲ့ သယ်ယူပို့ဆောာင်ရေး စနစ်ရှိတယ် (Logistics System). ကာကွယ်ရေး စနစ်ရှိတယ် (Defence System)..မျိုးဆက်ပြန့်ပွားရေး စံနစ် (Breading System)ရှိတယ် ။

သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဘုရင်မ (Queen) ကဦးဆောင်တယ်..။ မျိုးဆက်ပြန့်ပွားရေးကို Drone လို့ခေါ်တဲ့ ပုရွက်ထီးတွေက တာဝန်ယူတယ်..။
လုပ်သားပုရွက်ဆိတ်တွေက တည်ဆောက်ရေးတို့ သယ်ယူရေးတို့ လုပ်ရတယ်..။ ထောက်လှမ်းရေး နဲ့ ကာကွယ်ရေးကို စစ်သားပုရွက်ဆိတ် (Soldier Ants) တွေက လုပ်ရတယ်..။

ဘယ်နားမှာ ရိက္ခာရှိတယ် သယ်ယူဖို့ အင်အားဘယ်လောက်လိုမယ် ဆိုတာကို ထောက်လှမ်းရေး ပုရွက်တွေက ရှာဖွေထောက်လှမ်းပြီး နောက်ကြောင်းဋ္ဌာနချုပ်ကို ပြန်သတင်းပို့ရတယ်..။ သတင်းပို့ချက်ကို ရတာနဲ့ လုပ်သား ပုရွက်တွေက ချက်ချင်းပဲ တန်းစီပြီး ရိက္ခာရှိရာကို သွားကြတယ်..။

ထောက်လှမ်းရေးပုရွက်ဆိတ် သယ်လာတဲ့ သတင်းအချက်အလက်အပေါ်မှာ စစ်ဆင်ရေး ပုရွက်ဆိတ်တွေက တုံ့ဆိုင်းမနေပဲ ချက်ချင်း အကောင်အထည် ဖေါ်ကြတာပါ..။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် မရှိတဲ့ နေရာရယ်လို့ မရှိဘူး..။ ကမ္ဘာရဲ့ ဘယ်အစိတ်အပိုင်းမှာပဲ နေနေ ပုရွက်ဆိတ်ကို သိကြတယ်..။

ပင်ဂွင်း တွေကို လူတိုင်းမမြင်ဖူးဘူး..။ ရေခဲဝက်ဝံတွေကို လူတိုင်းမမြင်ဖူးဘူး..။ နှင်းကျားသစ်ကို လူတိုင်းမမြင်ဖူးဘူး..။
သားမင်းကို လူတိုင်းမမြင်ဖူးဘူး..။ ငါးလိပ်ကျောက်တွေ ကို လူတိုင်းမမြင်ဖူးဘူး..။ ဝေလငါးကို လူတိုင်းမမြင်ဖူးဘူး..။

ဒါပေမယ့် ပုရွက်ဆိတ်ကိုတော့ လူတိုင်းသိတယ် မြင်ဖူးတယ်..။

ကောင်းပြီ ဒါဆိုရင် ပုရွက်ဆိတ်တွေဟာ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ရှင်သန် နေထိုင်နိုင်ကြတာ ဘာကြောင့်များပါလိမ့်..။ ရှိပါတယ်..။

သူတို့ရှင်သန်ရခြင်းရဲ့ အကြောင်းရင်းက သူတို့မှာ အတွေးအခေါ်ရှိလို့ပါ..။

ဘယ်လို အတွေးအခေါ်တွေများပါလိမ့်..။

၁။ ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ နောက်ဆုတ်ထွက်ခွာမသွားပါဘူး.။
(Ants Never Quit)
သူတို့ဟာ တစ်နေရာရာကို ဦးတည်ပြီးသွားနေကြချိန်မှာ ဟန့်တားဖို့ ကြိုးစားကြည့်လိုက်ပါ..။ အဲဒီအဟန့်အတားကို သူတို့ ကွင်းရှောင် ကျော်လွှားပြီး ဆက်သွားကြပါလိမ့်မယ်.။

သူတို့ဟာ သူတို့ရဲ့ ခရီးပန်းတိုင်ကို ရောက်ဖို့အတွက် ကျော်လွှားခြင်း.. ငုံ့လျှိုးခြင်း.. ကွင်းရှောင်ခြင်း ဆိုတဲ့ နည်းဗျူဟာတွေကို သုံးပြီး ဆက်သွားကြပါတယ်..။

ဒါကြောင့် ပုရွက်ဆိတ်ရဲ့ အတွေးအခေါ် နံပါတ်၁ က ရတဲ့ သင်ခန်းစာက “ကိုယ်သွားလိုရာကို ရောက်အောင်သွားဖို့ အရေးမှာ နည်းလမ်း တစ်ခုထဲ ရှိနေတာမဟုတ်ပါဘူး..။ တခြားနည်းလမ်းကို ရှာပါ..။ မရှောင်လွှဲလိုက်ပါနဲ့” …………..။

၂။ ပုရွက်ဆိတ်တွေဟာ နွေရာသီတစ်လျှောက်လုံးမှာ ဆောင်းတွင်းအတွက် စဉ်းစားနေကြပါတယ်..။
(Ants think winter all summer)
သူတို့ဟာ သူတို့အတွက်နွေရာသီဟာထာဝရ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားကြပါဘူး..။

ဒါကြောင့်မို့ သူတို့ဟာ နွေရာသီ အလွန်မှာ ရောက်လာမယ့် ချမ်းအေးတဲ့ ကာလအတွက် ရိက္ခာကို နွေကာလရဲ့ အလယ်မှာပဲ စတင်စုဆောင်းကြပါတယ်..။
“သဲသောင်ပြင်မှာ နေရောင်ခြည်နဲ့ နွေးထွေးသာယာနေချိန်မှာ အေးစိမ့် လာတော့မယ့် ကျောက်စိုင်ကျောက်ခဲတွေ ကိုသတိရပါ”

၃။ ပုရွက်ဆိတ်တွေဟာ ဆောင်းရာသီတစ်လျှောက်လုံး နွေရာသီအကြောင်းစဉ်းစားနေကြပါတယ်..။
(Ants think summer all winter)
ပုရွက်ဆိတ်တွေဟာ သိပ်အေးတဲ့ ဆောင်းရာသီအခါမှာ တစ်ကောင်နဲ့ တစ်ကောင်ပူးကပ်နေထိုင်ကြရင်း သူတို့ကိုယ်သူတို့ သတိပေးနေကြတာက “ဆောင်းတွင်းဟာ ထာဝရ မဖြစ်နိုင်ဘူး.. မကြာခင်မှာ နွေရာသီ ရောက်လာပြီးတို့တတွေ ဒီနေရာက ထွက်ခွာနိုင်ကြလိမ့်မယ်” လို့ ဖြစ်ပါတယ်..။

ဆောင်းတွင်းဟာ သူတို့အတွက် ပြင်းထန် လှပါတယ်..။ သူတို့ဟာ သူတို့ စောင့်စားနေခဲ့တဲ့ ပူနွေးတဲ့ နွေရာသီရဲ့ ပထမဆုံးနေ့မှာပဲ သူတို့ရဲ့ ခိုအောာင်းရာ အသိုက်အမြုံ ကနေ ထွက်လာခဲ့ကြပါတယ်…။ တကယ်လို့များ မိုးလေဝသ အခြေအနေဟာ သူတို့ ထင်သလို မနွေးထွေးပဲ စွတ်စိုလာတယ် ဆိုရင်လဲ သူတို့ရဲ့ အသိုက်အမြုံ ရှိရာကို ပြန်ဝင်ပြီး နေကြတာပါပဲ..။ ပူနွေးလာမှသာ ပြန်ထွက်လာကြပါတယ်.။

ဒါကြောင့် ပုရွက်ဆိတ်တွေရဲ့ သုံးခုမြောက် ဒဿနက “ မမြဲခြင်းသဘောကို ဆင်ခြင်ပြီး အမြဲတန်း အကောင်းမြင်စွာနေထိုင်ခြင်း” ပဲ ဖြစ်ပါတယ်..။

၎။ ပုရွက်ဆိတ်တွေဟာ ဖြစ်နိုင်သမျှကို အကုန်လုပ်ကြပါတယ်..။
(All that you possibly can)
ပုရွက်ဆိတ်တွေဟာ နွေရာသီမှာ ဆောင်းတွင်းအတွက် ရိက္ခာစုဆောင်းကြရာမှာ ဘယ်လောက်များ သယ်ယူစုဆောင်းလေ့ရှိကြပါသလဲ..။

သူတို့ဟာ သူတို့ တတ်နိုင်သလောက် မခိုမကပ်ပဲ အင်အား အကုန်သုံးပြီး စုဆောင်းကြပါတယ်..။

ဒါကြောင့် သူတို့ရဲ့ ဒဿနက “လုပ်နိုင်သလောက် အကုန်လုပ်ပါ.. ပြီးတော့ နဲနဲ ပိုလုပ်ပါ” လို့ ဖြစ်ပါတယ်..။

ဒါကြောင့်မို့ ဘဝမှာ အောင်မြင်ချင်ရင် အတိတ်ဖြစ်စဉ်တွေမှာပဲ နစ်မြုပ်မနေပဲ

ပုရွက်ဆိတ်တွေရဲ့ ဒဿန လေးခုဖြစ်တဲ့

1) Never Give Up
2) Look Ahead
3) Stay Positive
4) Do All You Can ဆိုတာကို ခါးဝတ်ပုဆိုးလို စွဲစွဲမြဲမြဲ လိုက်နာကျင့်ကြံမယ် ဆိုရင် အောင်မြင်ဖို့ရာ သေချာပါတယ်..။

ချစ်ခင်စွာဖြင့်
ကောင်းလွန်း

Credit: Koung Loon
# Min Min Soe

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။