#ခဲတံအရည်အချင်း ၅ မျိုးကို ပိုင်ဆိုင်ပါ (အောင်မြင်စေဖို့)
#အရည်အချင်း(၁)
စာရေးဖို့ ခဲတံကို လက်နဲ့ ဆုပ်ကိုင်ရေးရတယ်။
သင့်ဘဝမှာ သင့်ကို နည်းပေးလမ်းပြတဲ့ ဆရာသမားကောင်း လိုတယ်။
#အရည်အချင်း(၂)
ခဲတံကို မကြာခဏ ချွန်ပေးရတယ်။ အဲဒီလို ချွန်ပေးရတဲ့အတွက် ခဲတံဟာ နာကျင်ပေမယ့် ခဲဆံချွန်လာတယ်။
သင့်ဘဝမှာ အနာခံ လေ့ကျင့်ပေးမှ အရည်အချင်းတက်လာမယ်။ လူတော်ဖြစ်လာမယ်။
#အရည်အချင်း(၃)
ခဲတံမှာ မှားတဲ့ စာကို ဖျက်ဖို့ ခဲဖျက်ပါတယ်။
အမှားလုပ်မိရင် ပြင်ပါ။ အမှားကနေ သင်ခန်းစာယူပြီး ဆက်ကြိုးစားပါ။ ဒါမှ သင်ဟာ တော်သထက် ပိုပြီး တော်လာမယ်။
#အရည်အချင်း(၄)
စာရေးဖို့ ခဲတံရဲ့ ပြင်ပက သစ်သားက အရေးမကြီးပါ။ အထဲက ခဲဆံချောင်းကသာ အဓိကကျပါတယ်။
သင့်ရဲ့ ပြင်ပပုံပန်း (ရုပ်ချောတယ်၊ ရုပ်ဆိုးတယ်) ဆိုတာ အရေးမကြီးပါ။ အတွင်းစိတ်က ဖြူစင်သန့်ပြီး စိတ်ဓါတ်ကြံ့ခိုင်ဖို့က ပိုအရေးကြီးပါတယ်။
#အရည်အချင်း(၅)
ခဲတံက စာရွက်ပေါ်မှာ အမှတ်အသား ဖြစ်စေတယ်။
လူဖြစ်လာတဲ့ ဘဝမှာ လူသားတွေအတွက် ကောင်းကျိုးဆောင်ရွက်ခဲ့တဲ့ အမှတ်ရစရာလေး တစ်ခုတော့ မသေခင် ချန်ထားခဲ့ပါ။
ဗန်းမော်သိန်းဖေ
၁၈-၁၀-၂၀၁၇
#အရည်အချင်း(၁)
စာရေးဖို့ ခဲတံကို လက်နဲ့ ဆုပ်ကိုင်ရေးရတယ်။
သင့်ဘဝမှာ သင့်ကို နည်းပေးလမ်းပြတဲ့ ဆရာသမားကောင်း လိုတယ်။
#အရည်အချင်း(၂)
ခဲတံကို မကြာခဏ ချွန်ပေးရတယ်။ အဲဒီလို ချွန်ပေးရတဲ့အတွက် ခဲတံဟာ နာကျင်ပေမယ့် ခဲဆံချွန်လာတယ်။
သင့်ဘဝမှာ အနာခံ လေ့ကျင့်ပေးမှ အရည်အချင်းတက်လာမယ်။ လူတော်ဖြစ်လာမယ်။
#အရည်အချင်း(၃)
ခဲတံမှာ မှားတဲ့ စာကို ဖျက်ဖို့ ခဲဖျက်ပါတယ်။
အမှားလုပ်မိရင် ပြင်ပါ။ အမှားကနေ သင်ခန်းစာယူပြီး ဆက်ကြိုးစားပါ။ ဒါမှ သင်ဟာ တော်သထက် ပိုပြီး တော်လာမယ်။
#အရည်အချင်း(၄)
စာရေးဖို့ ခဲတံရဲ့ ပြင်ပက သစ်သားက အရေးမကြီးပါ။ အထဲက ခဲဆံချောင်းကသာ အဓိကကျပါတယ်။
သင့်ရဲ့ ပြင်ပပုံပန်း (ရုပ်ချောတယ်၊ ရုပ်ဆိုးတယ်) ဆိုတာ အရေးမကြီးပါ။ အတွင်းစိတ်က ဖြူစင်သန့်ပြီး စိတ်ဓါတ်ကြံ့ခိုင်ဖို့က ပိုအရေးကြီးပါတယ်။
#အရည်အချင်း(၅)
ခဲတံက စာရွက်ပေါ်မှာ အမှတ်အသား ဖြစ်စေတယ်။
လူဖြစ်လာတဲ့ ဘဝမှာ လူသားတွေအတွက် ကောင်းကျိုးဆောင်ရွက်ခဲ့တဲ့
ဗန်းမော်သိန်းဖေ
၁၈-၁၀-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။